< ဟောရှေ 9 >
1 ၁ ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
NO te alegres, oh Israel, hasta saltar de gozo como los pueblos, pues has fornicado [apartándote] de tu Dios: amaste salario por todas las eras de trigo.
2 ၂ သို့ရာတွင်မကြာမီသင်တို့တွင်ဆန်စပါး၊ သံလွင်ဆီနှင့်စပျစ်ရည်တို့ကိုစားသုံး ခွင့်ရတော့မည်မဟုတ်။-
La era y el lagar no los mantendrán; les fallará el mosto.
3 ၃ ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။-
No quedarán en la tierra de Jehová, sino que volverá Ephraim á Egipto, y á Asiria, donde comerán vianda inmunda.
4 ၄ ထိုနိုင်ငံများတွင်သူတို့သည်ထာဝရ ဘုရားအားစပျစ်ရည်ပူဇော်သကာကိုလည်း ကောင်း၊ ယဇ်ကောင်ကိုလည်းကောင်းပူဇော်နိုင် လိမ့်မည်မဟုတ်။ သူတို့စားသောအစားအစာ သည်အသုဘအိမ်မှကျွေးသောအစားအစာ ကဲ့သို့စားသူတိုင်းအားညစ်ညမ်းစေမည်။ သူ တို့သည်အဆာပြေရန်ထိုအစားအစာကို စားရမည်။ ထိုအစားအစာကိုပူဇော်သကာ အဖြစ်ဖြင့်ထာဝရဘုရား၏ဗိမာန်တော် သို့မယူဆောင်သွားရ။-
No derramarán vino á Jehová, ni él tomará contento en sus sacrificios; como pan de enlutados les serán á ellos: todos los que comieren de él, serán inmundos. Será pues el pan de ellos para sí mismos; no entrará en la casa de Jehová.
5 ၅ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရန်သတ်မှတ်ထားသည့်ပွဲတော်နေ့ ကြီးများကျရောက်သည့်အခါမည်ကဲ့သို့ ဆင်ယင်ကျင်းပကြမည်နည်း။-
¿Qué haréis el día de la solemnidad, y el día de la fiesta de Jehová?
6 ၆ ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။
Porque, he aquí se fueron ellos á causa de la destrucción: Egipto los recogerá, Memphis los enterrará: espino poseerá por heredad lo deseable de su plata, ortiga crecerá en sus moradas.
7 ၇ ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
Vinieron los días de la visitación, vinieron los días de la paga; conocerálo Israel: necio el profeta, insensato el varón de espíritu, á causa de la multitud de tu maldad, y grande odio.
8 ၈ ဘုရားသခင်သည်မိမိလူတို့ကိုသတိ ပေးရန် ငါ့အားပရောဖက်အဖြစ်စေလွှတ် တော်မူ၏။ သို့ရာတွင်သင်တို့သည်ငါသွား လေရာအရပ်၌ငှက်ကိုကျော့ကွင်းထောင် ဖမ်းသကဲ့သို့ငါ့ကိုဖမ်းကြ၏။ ဘုရားသခင်၏ပြည်တော်၌ပင်လူတို့သည် ပရောဖက်များ၏ရန်သူများဖြစ်ကြ၏။-
Atalaya [es] Ephraim para con mi Dios: el profeta [es] lazo de cazador en todos sus caminos, odio en la casa de su Dios.
9 ၉ သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
Llegaron al profundo, corrompiéronse, como en los días de Gabaa: ahora se acordará de su iniquidad; visitará su pecado.
10 ၁၀ ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
Como uvas en el desierto hallé á Israel: como la fruta temprana de la higuera en su principio vi á vuestros padres. Ellos entraron á Baal-peor, y se apartaron para vergüenza, é hiciéronse abominables como aquello que amaron.
11 ၁၁ ဣသရေလတို့၏ဘုန်းတန်ခိုးသည်ငှက် ပျံသကဲ့သို့ကွယ်ပျောက်သွားလိမ့်မည်။ သူ တို့တွင်သမီးများမထွန်းကားရ။ ကိုယ် ဝန်ဆောင်သောမိန်းမ မရှိရ။ သန္ဓေတည် ခြင်းမရှိစေရ။-
Ephraim, cual ave volará su gloria desde el nacimiento, aun desde el vientre y desde la concepción.
12 ၁၂ အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
Y si llegaren á grandes sus hijos, quitarélos de entre los hombres, porque ¡ay de ellos también, cuando de ellos me apartare!
13 ၁၃ အရှင်ထာဝရဘုရား၊ သူတို့၏သား သမီးများအားရန်သူများလိုက်လံ၍ သတ်ဖြတ်နေသည်ကိုအကျွန်ုပ်မြင် ယောင်ပါ၏။-
Ephraim, según veo, es semejante á Tiro, asentada en lugar delicioso: mas Ephraim sacará sus hijos al matador.
14 ၁၄ ဤသူတို့အတွက်ကိုယ်တော်ရှင်ထံအကျွန်ုပ် မည်သည့်အရာကိုတောင်းလျှောက်ရပါမည် နည်း။ သူတို့၏အမျိုးသမီးများကိုမြုံစေ ၍သူတို့ကလေးငယ်များကိုပြုစုခွင့် မရကြပါစေနှင့်။
Dales, oh Jehová, lo que les has de dar: dales matriz expeliente, y enjutos pechos.
15 ၁၅ ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-
Toda la maldad de ellos [fué] en Gilgal; allí, pues, les tomé aversión: por la malicia de sus obras echarélos de mi casa; no los amaré más; todos sus príncipes son desleales.
16 ၁၆ ဣသရေလပြည်သားတို့သည်အမြစ် များသွေ့ခြောက်သဖြင့် အသီးမသီးနိုင် သောအပင်နှင့်တူ၏။ သူတို့တွင်သားသမီး များမထွန်းကားစေရ။ အကယ်၍သား သမီးများထွန်းကားခဲ့သည်ရှိသော်သူ တို့၏ရင်သွေးများကိုငါသတ်ပစ်မည်'' ဟုမိန့်တော်မူ၏။
Ephraim fué herido, secóse su cepa, no hará más fruto: aunque engendren, yo mataré lo deseable de su vientre.
17 ၁၇ သူတို့သည်ငါကိုးကွယ်သောဘုရားသခင် ၏စကားကိုနားမထောင်သောကြောင့် ကိုယ် တော်သည်သူတို့ကိုပစ်ပယ်တော်မူမည်။ သူ တို့သည်အခြားနိုင်ငံများတွင်လှည့်လည် နေထိုင်ရလိမ့်မည်။
Mi Dios los desechará, porque ellos no le oyeron; y andarán errantes entre las gentes.