< ဟောရှေ 7 >

1 ငါ​၏​လူ​တို့​အား​တစ်​ဖန်​ကြီး​ပွား​လာ​စေ​၍ ``ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​ရော​ဂါ​ကို​ပျောက် ကင်း​စေ​လို​သည့်​အ​ခါ​တိုင်း ငါ​သည်​သူ​တို့​၏ ဆိုး​ယုတ်​မှု​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​ကို​သာ​တွေ့ နေ​ရ​၏။ သူ​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် လှည့်​ဖြား​ကြ​၏။ အိမ်​များ​ထဲ​သို့​ဖောက်​ထွင်း ဝင်​ရောက်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​ကို​လု​ယက်​ကြ​၏။-
ನಾನು ನನ್ನ ಜನರ ದುರವಸ್ಥೆಯನ್ನು ತಪ್ಪಿಸಿ, ಇಸ್ರಾಯೇಲನ್ನು ಸ್ವಸ್ಥ ಮಾಡಬೇಕೆಂದಿರುವಾಗ ಎಫ್ರಾಯೀಮಿನ ಅಧರ್ಮವೂ, ಸಮಾರ್ಯದ ದುಷ್ಟತನವೂ ವ್ಯಕ್ತವಾಗುತ್ತವೆ. ಎಲ್ಲರೂ ಮೋಸಮಾಡುತ್ತಾರೆ, ಒಳಗೆ ಕಳ್ಳರು ನುಗ್ಗುತ್ತಾರೆ, ಹೊರಗೆ ಡಕಾಯಿತಿಯವರು ಸುಲಿಯುತ್ತಾರೆ.
2 ငါ​သည်​သူ​တို့​ပြု​သော​ဒု​စ​ရိုက်​များ​ကို မှတ်​သား​ထား​ကြောင်း​သူ​တို့​မ​ရိပ်​မိ​ကြ။ သူ​တို့​၏​အ​ပြစ်​များ​သည်​သူ​တို့​ကို​ဝိုင်း ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ့​ရှေ့​မှောက်​တွင် ထို​အ​ပြစ်​များ​သည်​ပေါ်​လွင်​ထင်​ရှား လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
ತಮ್ಮ ದುರ್ಮಾರ್ಗವೆಲ್ಲಾ ಯೆಹೋವನ ಜ್ಞಾಪಕದಲ್ಲಿರುತ್ತದೆ ಎಂದು ಅವರು ಮನದಟ್ಟು ಮಾಡಿಕೊಳ್ಳುವುದಿಲ್ಲ; ಅವರ ದುಷ್ಕೃತ್ಯಗಳು ಈಗ ಅವರನ್ನು ಮುತ್ತಿಕೊಂಡಿವೆ, ನನ್ನ ಕಣ್ಣೆದುರಿಗಿವೆ.
3 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​မိ​မိ​တို့ ၏​မ​ကောင်း​သော​ကြံ​စည်​မှု​များ​အား​ဖြင့် ဘု​ရင်​နှင့်​မင်း​မှု​ထမ်း​တို့​အား​လှည့်​စား ကြ​၏။-
ತಮ್ಮ ಕೆಟ್ಟತನದಿಂದ ರಾಜನನ್ನು ಆನಂದಗೊಳಿಸುತ್ತಾರೆ, ಸುಳ್ಳುಗಳಿಂದ ಮುಖಂಡರನ್ನು ಸಂತೋಷಪಡಿಸುತ್ತಾರೆ.
4 သူ​တို့​အား​လုံး​သည်​သစ္စာ​ဖောက်​များ​ဖြစ် ကြ​၏။ မုန့်​ဖုတ်​သူ​သည်​မုန့်​ညက်​စိမ်း​အ​ဆင် သင့်​မ​ဖြစ်​မီ​မီး​ကို​မ​ဆွ​သ​ကဲ့​သို့ ထို​သူ တို့​၏​မုန်း​တီး​စိတ်​သည်​မုန့်​ဖို​ထဲ​ရှိ​ထို​မီး ကဲ့​သို့​တစ်​အုံ​နွေး​နွေး​ဖြစ်​၏။-
ಅವರೆಲ್ಲರೂ ವ್ಯಭಿಚಾರಿಗಳು; ರೊಟ್ಟಿಸುಡುವವನು ಬೆಂಕಿಹೊತ್ತಿಸಿ, ಉರಿಸಿ, ಕಣಕವನ್ನು ನಾದಿದಾಗಿನಿಂದ ಹುಳಿಬರುವ ತನಕ ಮತ್ತಷ್ಟು ಉರಿಸದೆ ಹಾಗೆಯೇ ಬಿಟ್ಟಿರುವ ಒಲೆಗೆ ಸಮಾನರಾಗಿದ್ದಾರೆ.
5 ဘု​ရင်​ပွဲ​ခံ​သော​နေ့​တွင်​ဘု​ရင်​နှင့်​မင်း​မှု ထမ်း​တို့​ကို​စ​ပျစ်​ရည်​တိုက်​၍​ယစ်​မူး​၍ ရူး​သွပ်​စေ​ကြ​၏။-
ನಮ್ಮ ರಾಜನ ದಿನದಲ್ಲಿ ದ್ರಾಕ್ಷಾರಸದ ಉಷ್ಣವು ದೇಶಾಧಿಪತಿಗಳ ತಲೆಗೇರಲು ಆರಂಭವಾಯಿತು; ರಾಜನು ಆ ತುಂಟರ ಕೈಯ ಮೇಲೆ ಕೈ ಹಾಕಿದನು.
6 သူ​တို့​သည်​မုန့်​ဖို​မီး​ကဲ့​သို့​ပုန်​ကန်​လို​သော စိတ်၊ တောက်​လောင်​လျက်​ရှိ​ကြ​၏။ တစ်​ည​လုံး သူ​တို့​၏​အ​မျက်​ဒေါ​သ​စိတ်​သည်​တ​ငွေ့ ငွေ့​လောင်​လျက်​ရှိ​၏။ နံ​နက်​သို့​ရောက်​လျှင် မီး​ထ​တောက်​လေ​၏။
ಅವರು ಹೊಂಚಿಕೊಂಡಿರುವಾಗ ಆಹಾ, ತಮ್ಮ ಹೃದಯವನ್ನು ಒಲೆಯಂತೆ ಸಿದ್ಧಮಾಡಿ ಉರಿಯುತ್ತಿದ್ದಾರೆ; ಅವರ ರೋಷಾಗ್ನಿಯು ರಾತ್ರಿಯೆಲ್ಲಾ ಹೊತ್ತಿಕೊಂಡೇ ಇರುತ್ತದೆ; ಬೆಳಿಗ್ಗೆ ಧಗಧಗನೆ ಉರಿಯುತ್ತದೆ.
7 ``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။
ಎಲ್ಲರೂ ಒಲೆಯಂತೆ ಝಳವೇರಿ ತಮ್ಮ ನ್ಯಾಯಾಧೀಶ್ವರರನ್ನು ನುಂಗಿಬಿಡುತ್ತಾರೆ; ಅವರ ಸಕಲ ರಾಜರು ಬಿದ್ದಿರುತ್ತಾರೆ, ಅವರೊಳಗೆ ನನ್ನನ್ನು ಪ್ರಾರ್ಥಿಸುವವರೇ ಇಲ್ಲ.
8 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ဝက်​သာ​ကျက်​သော​မုန့်​နှင့်​တူ​၏။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​နိုင်​ငံ​များ ကို​အား​ကိုး​ကြ​၏။-
ಎಫ್ರಾಯೀಮು ಜನಾಂಗಗಳಲ್ಲಿ ಸೇರಿಕೊಳ್ಳುತ್ತದೆ; ಎಫ್ರಾಯೀಮು ತಿರುವಿಹಾಕದ ರೊಟ್ಟಿಯಂತಿದೆ.
9 အ​ခြား​နိုင်​ငံ​များ​ကို​အား​ကိုး​ခြင်း​ကြောင့် ထို​နိုင်​ငံ​တို့​၏​သွေး​စုတ်​ခြင်း​ကို​ခံ​ရ​ကြောင်း သူ​တို့​မ​သိ။ သူ​တို့​၏​နိုင်​ငံ​သည်​ပျက်​သုဉ်း ချိန်​နီး​သော်​လည်း​သူ​တို့​မ​သိ​ကြ။-
ಅನ್ಯರು ಅದರ ಶಕ್ತಿಯನ್ನು ಹೀರಿಬಿಟ್ಟಿದ್ದರೂ ಅದಕ್ಕೆ ತಿಳಿಯದು; ಅದರ ತಲೆಯ ಮೇಲೆ ಅಲ್ಲಲ್ಲಿ ನೆರೆಯು ಕಾಣಿಸಿದರೂ ಅದಕ್ಕೆ ಗೊತ್ತಿಲ್ಲ.
10 ၁၀ ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-
೧೦ಇಸ್ರಾಯೇಲಿಗೆ ಅದರ ಹೆಮ್ಮೆಯೇ ವಿರುದ್ಧ ಸಾಕ್ಷಿಯಾಗಿದೆ; ಇದೆಲ್ಲಾ ಸಂಭವಿಸಿದರೂ ಅದು ತನ್ನ ದೇವರಾದ ಯೆಹೋವನ ಕಡೆಗೆ ತಿರುಗಿಕೊಳ್ಳಲಿಲ್ಲ; ಆತನನ್ನು ಆಶ್ರಯಿಸಲಿಲ್ಲ.
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟို​ပျံ သည်​ပျံ​နှင့်​ဉာဏ်​ကင်း​မဲ့​သည့် အ​လွယ်​တ​ကူ လှည့်​ဖြား​၍​ရ​သော​ချိုး​ငှက်​ကဲ့​သို့​ဖြစ်​၏။ ပ​ထ​မ​ဦး​စွာ​သူ​တို့​သည်​အီ​ဂျစ်​ပြည် မှ​အ​ကူ​အ​ညီ​တောင်း​ခံ​၏။ ထို့​နောက် အာ​ရှု​ရိ​သို့​ပြေး​၍​အ​ကူ​အ​ညီ တောင်း​၏။-
೧೧ಎಫ್ರಾಯೀಮು ಬುದ್ಧಿ ವಿವೇಕಗಳಿಲ್ಲದ ಪಾರಿವಾಳದಂತಿದೆ; ಅದರ ಜನರು ಐಗುಪ್ತವನ್ನು ಕೂಗುತ್ತಾರೆ, ಅಶ್ಶೂರಕ್ಕೆ ಹೊರಡುತ್ತಾರೆ.
12 ၁၂ သို့​ရာ​တွင်​အ​ကူ​အ​ညီ​တောင်း​ရန်​သွား​နေ စဉ်​ငှက်​များ​ကို​ပိုက်​အုပ်​၍​ဖမ်း​သ​ကဲ့​သို့ ငါ​သည်​သူ​တို့​ကို​ဖမ်း​မည်။ သူ​တို့​၏​အ​ပြစ် ဒု​စ​ရိုက်​အ​တွက်​ငါ​သည်​သူ​တို့​အား​ဒဏ် ခတ်​မည်။
೧೨ಹೊರಟ ಕೂಡಲೆ ಅವರ ಮೇಲೆ ನನ್ನ ಬಲೆಯನ್ನು ಬೀಸಿ, ಆಕಾಶದ ಪಕ್ಷಿಗಳ ಹಾಗೆ ಅವರನ್ನು ಕೆಳಕ್ಕೆ ಎಳೆಯುವೆನು. ಅವರೆಲ್ಲರ ಕಿವಿಗೆ ಬಿದ್ದ ಮಾತಿಗನುಸಾರವಾಗಿ ಅವರನ್ನು ಶಿಕ್ಷಿಸುವೆನು.
13 ၁၃ ``သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ ရ​ပြီ။ ငါ့​ကို​စွန့်​ခွာ​၍​ပုန်​ကန်​ကြ​ပြီ။ သို့ ဖြစ်​၍​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​လိမ့် မည်။ ငါ​သည်​သူ​တို့​ကို​ကယ်​တင်​လို​သော် လည်း​သူ​တို့​သည်​ငါ့​အား​မှန်​သော​ကိုး ကွယ်​မှု​မ​ပြု​ကြ၊ လိမ်​လည်​လှည့်​ဖြား ကြ​၏။-
೧೩ಅವರು ನನ್ನಿಂದ ಅಗಲಿ ಹೋಗಿದ್ದಾರೆ, ಹಾಳಾಗಲಿ! ನನಗೆ ದ್ರೋಹಮಾಡಿದ್ದಾರೆ, ನಾಶವಾಗಲಿ! ನಾನು ಅವರನ್ನು ಉದ್ಧರಿಸಬೇಕೆಂದು ಇರುವಾಗಲೂ ನನ್ನ ವಿಷಯವಾಗಿ ಸುಳ್ಳಾಡಿದ್ದಾರೆ, ಅವರನ್ನು ಹೇಗೆ ಉದ್ಧರಿಸಲಿ!
14 ၁၄ သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-
೧೪ಅವರು ಹಾಸಿಗೆಯ ಮೇಲೆ ಬಿದ್ದುಕೊಂಡು ಧಾನ್ಯ ದ್ರಾಕ್ಷಾರಸಗಳಿಗೆ ಅರಚಿಕೊಳ್ಳುತ್ತಾರೆಯೇ ಹೊರತು, ನನ್ನನ್ನು ಮನಃಪೂರ್ವಕವಾಗಿ ಎಂದೂ ಪ್ರಾರ್ಥಿಸಲಿಲ್ಲ; ನನ್ನನ್ನು ತೊರೆದುಬಿಟ್ಟು ತಮ್ಮ ದೇಹಗಳನ್ನು ಗಾಯಮಾಡಿಕೊಳ್ಳುತ್ತಾರೆ.
15 ၁၅ ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-
೧೫ಅವರಿಗೆ ಯುದ್ಧವನ್ನು ಕಲಿಸಿ, ತೋಳುಗಳನ್ನು ಬಲಪಡಿಸಿದ ನನಗೂ ವಿರುದ್ಧವಾಗಿ ಕೇಡನ್ನು ಕಲ್ಪಿಸುತ್ತಾರೆ.
16 ၁၆ သူ​တို့​သည်​ငါ့​ကို​စွန့်​၍ တန်​ခိုး​မ​ရှိ​သော ဘု​ရား​ကို​ဆည်း​ကပ်​ကြ​၏။ သူ​တို့​သည် ကောက်​လိမ်​သော​လေး​ကဲ့​သို့​စိတ်​မ​ချ​ရ။ သူ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မောက်​မာ စွာ​ပြော​ဆို​သော​ကြောင့် သေ​ခြင်း​ဆိုး​ဖြင့် သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​အ​မျိုး သား​တို့​က​သူ​တို့​ကို​ပြက်​ရယ်​ပြု​ကြ လိမ့်​မည်။
೧೬ಅತ್ತಿತ್ತ ತಿರುಗಿಕೊಳ್ಳುತ್ತಾರೆ, ದೇವರ ಕಡೆಗೆ ತಿರುಗಿಕೊಳ್ಳುವುದಿಲ್ಲ; ಮೋಸದ ಬಿಲ್ಲಿಗೆ ಸಮಾನರಾಗಿದ್ದಾರೆ. ಅವರ ಮುಖಂಡರು ತಮ್ಮ ನಾಲಿಗೆಯ ಸೊಕ್ಕಿನ ನಿಮಿತ್ತ ಖಡ್ಗದಿಂದ ಹತರಾಗಿ ಬೀಳುವರು; ಅವರ ಸೋಲು ಐಗುಪ್ತದೇಶದ ಹಾಸ್ಯಕ್ಕೆ ಆಸ್ಪದವಾಗುವುದು.

< ဟောရှေ 7 >