< ဟောရှေ 7 >
1 ၁ ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
Should I desire to heal Israel, then would the iniquity of Ephraim and the wickedness of Samaria be laid open; for they commit falsehood; and the thief entereth [secretly], and the troop of robbers is spread abroad without.
2 ၂ ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
And they never think in their own heart that I remember all their wickedness: though now their own doings are all round about them; before my face are they present.
3 ၃ ထာဝရဘုရားက``လူတို့သည်မိမိတို့ ၏မကောင်းသောကြံစည်မှုများအားဖြင့် ဘုရင်နှင့်မင်းမှုထမ်းတို့အားလှည့်စား ကြ၏။-
With their wickedness they make the king glad, and with their lies the princes.
4 ၄ သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
They are all adulterers, as an oven well heated by the baker: [when] he that stirreth [the fire] resteth awhile from kneading the dough, until it be leavened.
5 ၅ ဘုရင်ပွဲခံသောနေ့တွင်ဘုရင်နှင့်မင်းမှု ထမ်းတို့ကိုစပျစ်ရည်တိုက်၍ယစ်မူး၍ ရူးသွပ်စေကြ၏။-
On the day of our king's [entering on his rule] the princes are made sick with the fumes of wine: [the king] joineth his hand with scorners.
6 ၆ သူတို့သည်မုန့်ဖိုမီးကဲ့သို့ပုန်ကန်လိုသော စိတ်၊ တောက်လောင်လျက်ရှိကြ၏။ တစ်ညလုံး သူတို့၏အမျက်ဒေါသစိတ်သည်တငွေ့ ငွေ့လောင်လျက်ရှိ၏။ နံနက်သို့ရောက်လျှင် မီးထတောက်လေ၏။
For they make ready their heart for their tricky deeds, like the oven, the baker whereof sleepeth all the night, while in the morning it gloweth as a flaming fire.
7 ၇ ``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
They are all hot as an oven, they devour their judges; all their kings are fallen: there is none among them that calleth unto me.
8 ၈ ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ဝက်သာကျက်သောမုန့်နှင့်တူ၏။ သူတို့သည်ပတ်ဝန်းကျင်ရှိနိုင်ငံများ ကိုအားကိုးကြ၏။-
Ephraim mixeth himself indeed among the nations: Ephraim is a cake not turned.
9 ၉ အခြားနိုင်ငံများကိုအားကိုးခြင်းကြောင့် ထိုနိုင်ငံတို့၏သွေးစုတ်ခြင်းကိုခံရကြောင်း သူတို့မသိ။ သူတို့၏နိုင်ငံသည်ပျက်သုဉ်း ချိန်နီးသော်လည်းသူတို့မသိကြ။-
Strangers devour his strength, and he knoweth it not: yea, gray hairs are sprinkled about on his [head], yet he knoweth not.
10 ၁၀ ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
And humbled was the pride of Israel before his own face; but they did not return to the Lord their God, and sought him not, notwithstanding all this.
11 ၁၁ ဣသရေလအမျိုးသားတို့သည်ဟိုပျံ သည်ပျံနှင့်ဉာဏ်ကင်းမဲ့သည့် အလွယ်တကူ လှည့်ဖြား၍ရသောချိုးငှက်ကဲ့သို့ဖြစ်၏။ ပထမဦးစွာသူတို့သည်အီဂျစ်ပြည် မှအကူအညီတောင်းခံ၏။ ထို့နောက် အာရှုရိသို့ပြေး၍အကူအညီ တောင်း၏။-
And Ephraim is become like a silly dove without understanding: Egypt did they call hither, to Assyria did they go.
12 ၁၂ သို့ရာတွင်အကူအညီတောင်းရန်သွားနေ စဉ်ငှက်များကိုပိုက်အုပ်၍ဖမ်းသကဲ့သို့ ငါသည်သူတို့ကိုဖမ်းမည်။ သူတို့၏အပြစ် ဒုစရိုက်အတွက်ငါသည်သူတို့အားဒဏ် ခတ်မည်။
As they go, so will I spread out my net over them; as the fowls of the heaven will I bring them down: I will chastise them, as it hath been announced to their congregation.
13 ၁၃ ``သူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံ ရပြီ။ ငါ့ကိုစွန့်ခွာ၍ပုန်ကန်ကြပြီ။ သို့ ဖြစ်၍သူတို့သည်ပျက်စီးဆုံးရှုံးရလိမ့် မည်။ ငါသည်သူတို့ကိုကယ်တင်လိုသော် လည်းသူတို့သည်ငါ့အားမှန်သောကိုး ကွယ်မှုမပြုကြ၊ လိမ်လည်လှည့်ဖြား ကြ၏။-
Woe unto them! for they have fled from me; destruction shall come unto them, because they have transgressed against me: though I desired to redeem them, they yet spoke lies against me.
14 ၁၄ သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
And they cried not unto me with their heart, when they howled upon their beds: for corn and new wine they assemble themselves, and they rebel against me.
15 ၁၅ ငါသည်သူတို့ကိုပြုစုစောင့်ရှောက်၍ခွန် အားကြီးလာစေသော်လည်းသူတို့သည် ငါ့အားတော်လှန်ပုန်ကန်ကြ၏။-
And I desired to instruct and to strengthen their arms; yet would they devise evil against me.
16 ၁၆ သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။
They never return upward: they are like a deceitful bow: by the sword shall their princes fall because of the rage of their tongue; this shall be their derision in the land of Egypt.