< ဟောရှေ 6 >

1 လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-
“Come! Let’s return to the LORD; for he has torn us to pieces, and he will heal us; he has injured us, and he will bind up our wounds.
2 ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-
After two days he will revive us. On the third day he will raise us up, and we will live before him.
3 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။
Let’s acknowledge the LORD. Let’s press on to know the LORD. As surely as the sun rises, the LORD will appear. He will come to us like the rain, like the spring rain that waters the earth.”
4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-
“Ephraim, what shall I do to you? Judah, what shall I do to you? For your love is like a morning cloud, and like the dew that disappears early.
5 ထို့​ကြောင့်​ငါ​သည်​ပ​ရော​ဖက်​များ​ကို​စေ လွှတ်​၍ သင်​တို့​ကို​တ​ရား​စီ​ရင်​မည့်​အ​ကြောင်း နှင့်​ပျက်​စီး​ဆုံး​ပါး​စေ​မည့်​အ​ကြောင်း​ကြား ပြော​စေ​ခဲ့​၏။-
Therefore I have cut them to pieces with the prophets; I killed them with the words of my mouth. Your judgements are like a flash of lightning.
6 ငါ​သည်​သင်​တို့​၏​ယဇ်​ကောင်​ပူ​ဇော်​ခြင်း​ကို အ​လို​မ​ရှိ၊ သင်​တို့​၏​မေတ္တာ​ကို​သာ​အ​လို​ရှိ ၏။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား​မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​ထက်​ငါ့​အား​သိ​ကျွမ်း​ခြင်း ကို​သာ​အ​လို​ရှိ​၏။''
For I desire mercy, and not sacrifice; and the knowledge of God more than burnt offerings.
7 ``သို့​ရာ​တွင်​သူ​တို့​သည်​ပြည်​တော်​ထဲ​သို့ ဝင်​ရောက်​လျှင်​ဝင်​ရောက်​ခြင်း ငါ​နှင့်​ပြု​လုပ် ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​၏။-
But they, like Adam, have broken the covenant. They were unfaithful to me there.
8 ဂိ​လဒ်​မြို့​သည်​လူ​ဆိုး​များ​လူ​သတ် သ​မား​များ​မင်း​မူ​ရာ​အ​ရပ်​ဖြစ်​သည်။-
Gilead is a city of those who work iniquity; it is stained with blood.
9 ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-
As gangs of robbers wait to ambush a man, so the company of priests murder on the path towards Shechem, committing shameful crimes.
10 ၁၀ ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​စက်​ဆုပ်​ဖွယ် ကောင်း​သော​အ​မှု​ကို​ငါ​မြင်​ရ​ပြီ။ ငါ​၏ လူ​မျိုး​တော်​သည်​ရုပ်​တု​များ​ကို​ကိုး​ကွယ် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​ပြီ။''
In the house of Israel I have seen a horrible thing. There is prostitution in Ephraim. Israel is defiled.
11 ၁၁ ``ယု​ဒ​ပြည်​သား​တို့​သင်​တို့​ကူး​လွန်​သည့် အ​ပြစ်​အ​တွက် သင်​တို့​အား​လည်း​ငါ​ပြစ် ဒဏ်​စီ​ရင်​မည့်​နေ့​ရက်​ကို​သတ်​မှတ်​ထား ပြီး​ဖြစ်​သည်။''
“Also, Judah, there is a harvest appointed for you, when I restore the fortunes of my people.

< ဟောရှေ 6 >