< ဟောရှေ 4 >
1 ၁ ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-
၁အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
2 ၂ သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
၂ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
3 ၃ သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၃ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။
4 ၄ ထာဝရဘုရားက``မည်သူမျှပြည်သား တို့အားမစွပ်စွဲမဆုံးမစေနှင့်၊ ငါ၌ယဇ် ပုရောဟိတ်တို့အားစွပ်စွဲရန်အချက်ရှိသည်။-
၄သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ၏။
5 ၅ သင်တို့သည်နေ့ရောညပါချွတ်ချော်လွဲ မှားကြ၏။ ပရောဖက်တို့သည်လည်းထို နည်းဖြစ်ကြ၏။ ငါသည်သင်တို့၏မိခင် ဖြစ်သောဣသရေလနိုင်ငံကိုဖျက်ဆီး မည်။-
၅ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညဉ့်အချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
6 ၆ ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
၆ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့်၊ သင်၏ သားသမီးတို့ကို ငါ့မေ့လျော့မည်။
7 ၇ အသင်ယဇ်ပုရောဟိတ်တို့၏ဦးရေများ လာသည်နှင့်အမျှငါ့ကိုသင်တို့ပြစ်မှား ကူးလွန်မှုများလာ၏။ ထို့ကြောင့်ငါသည် သင်တို့ဂုဏ်သိက္ခာကိုရှုတ်ချမည်။-
၇သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ ဘုန်းကို ငါအရှက်ကွဲ စေမည်။
8 ၈ သင်တို့သည်ငါ၏လူမျိုးတော်အပြစ်ကူး လွန်ခြင်းကိုအကြောင်းပြု၍ကြွယ်ဝချမ်း သာလာကြ၏။ ထို့ကြောင့်သင်တို့သည်သူတို့ အပြစ်တိုး၍ကူးလွန်စေရန်အားပေးကြ သည်။-
၈ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။
9 ၉ သင်တို့သည်ပြည်သားများနည်းတူအပြစ် ဒဏ်ခံရမည်။ ငါသည်သင်တို့ကိုဒဏ်ခတ် မည်။ သင်တို့၏ဒုစရိုက်အကျိုးဆက်ကို ခံစေမည်။-
၉ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။
10 ၁၀ သင်တို့သည်ပူဇော်သကာဝေစုကိုစား ရသော်လည်းအဆာပြေလိမ့်မည်မဟုတ်၊ သင်တို့သည်သားသမီးဖြစ်ထွန်းစေတတ် သောနတ်ဘုရားများကိုကိုးကွယ်သော် လည်းသားသမီးမထွန်းကား၊ အဘယ် ကြောင့်ဆိုသော်သင်တို့သည်၊ ငါထာဝရ ဘုရားကိုစွန့်၍အခြားသောဘုရား ကိုကိုးကွယ်ကြပြီ။-
၁၀သူတို့သည် စား၍မဝရကြ။ မတရားသော မေထုန်ကိုပြု၍ သားသမီးကို မဘွားမြင်ရကြ။
11 ၁၁ ထာဝရဘုရားက``ငါ၏လူစုသည်စပျစ် ရည်သစ်၊ စပျစ်ရည်ဟောင်းတို့ကိုသောက်စား ယစ်မူးသဖြင့်အသိဉာဏ်ကင်းမဲ့လျက် ရှိ၏။-
၁၁အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး၊ စေတတ် သော ကာမဂုဏ်၌ ပျောမွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ။
12 ၁၂ သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
၁၂ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။
13 ၁၃ သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။-
၁၃တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ၎င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနော ပင် အောက်မှာ၎င်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
14 ၁၄ သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
၁၄သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ၏။ သို့ဖြစ်၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
15 ၁၅ ``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
၁၅အိုဣသရေလအမျိုး၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့်။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
16 ၁၆ ဣသရေလပြည်သားတို့သည်ထိန်း ကျောင်းရခက်သောနွားမတမ်းကဲ့သို့ပေ ကပ်ကပ်နိုင်လှ၏။ ငါသည်သူတို့အား သိုးကလေးများသဖွယ်စားကျက်တွင် မည်ကဲ့သို့ထိန်းကျောင်းနိုင်ပါအံ့နည်း။-
၁၆ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
17 ၁၇ ဣသရေလပြည်သားတို့သည်ရုပ်တုကို ကိုးကွယ်ခြင်း၌စွဲလန်းကြ၏။ ရှိစေ တော့။-
၁၇ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
18 ၁၈ သူတို့သည်စပျစ်ရည်သောက်ကြူး၍ပြည့် တန်ဆာအလုပ်ဖြင့်ပျော်ပါးကြ၏။ သူတို့ သည်ဂုဏ်ရှိစေမည့်အမှုထက်အရှက်ကွဲ စေမည့်အမှုကိုနှစ်သက်ကြ၏။-
၁၈သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ။
19 ၁၉ သူတို့သည်လေတိုက်ရာပါသွားသကဲ့သို့ လွင့်စင်သွားကြလိမ့်မည်။ နတ်ဘုရားများ ကိုပူဇော်ပသခဲ့ခြင်းကြောင့်ရှက်ကြလိမ့် မည်။
၁၉လေသည် မိမိ အတောင်တို့နှင့်တိုက်၍ ပါသွားမည်။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည်။