< ဟောရှေ 3 >

1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သွား ၍​လင်​ငယ်​နှင့်​ဖောက်​ပြန်​နေ​သော​မိန်း​မ​ကို​ချစ် လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​ခြား ဘု​ရား​များ​ကို​ကိုး​ကွယ်​၍ ရုပ်​ပွား​ဆင်း​တု​တို့ အား​စ​ပျစ်​သီး​ခြောက်​များ​ကို​ပူ​ဇော်​ဆက်​သ ကြ​သော်​လည်း၊ ငါ​သည်​သူ​တို့​ကို​ချစ်​တော်​မူ သည်​နည်း​တူ​သင်​သည်​ထို​မိန်း​မ​ကို​ချစ်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။
And the Lord said to me: Go yet again, and love a woman beloved of her friend, and an adulteress: as the Lord loveth the children of Israel, and they look to strange gods, and love the husks of the grapes.
2 ထို့​ကြောင့်​ငါ​သည်​ငွေ​သား​တစ်​ဆယ့်​ငါး​ပြား နှင့်​မု​ယော​ဆန်​ခု​နစ်​တင်း​ပေး​၍​သူ့​ကို​ရွေး ယူ​သည်။-
And I bought her to me for fifteen pieces of silver, and for a core of barley, and for half a core of barley.
3 ``သင်​သည်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​မ​လုပ်၊ အ​ခြား​သူ​နှင့်​မ​ဖောက်​ပြန်​ဘဲ​ငါ့​အား ကြာ​မြင့်​စွာ​စောင့်​ဆိုင်း​နေ​ရ​မည်။ ငါ​သည် လည်း​စောင့်​ဆိုင်း​နေ​မည်'' ဟု​သူ့​အား​ပြော​၏။-
And I said to her: Thou shalt wait for me many days: thou shalt not play the harlot, and thou shalt be no man’s, and I also will wait for thee.
4 ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-
For the children of Israel shall sit many days without king, and without prince, and without sacrifice, and without altar, and without ephod, and without theraphim.
5 သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လည်း​ကောင်း၊ သူ​တို့​၏​ဘု​ရင် ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ထံ​သို့​လည်း ကောင်း​ပြန်​လာ​မည့်​အ​ချိန်​ကျ​ရောက်​လိမ့် မည်။ ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ ကိုယ် တော်​သည်​လည်း​သူ​တို့​အား​ကောင်း​ချီး မင်္ဂ​လာ​ကို​ချ​ပေး​တော်​မူ​လိမ့်​မည်။
And after this the children of Israel shall return, and shall seek the Lord their God, and David their king: and they shall fear the Lord, and his goodness in the last days.

< ဟောရှေ 3 >