< ဟောရှေ 14 >
1 ၁ ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
Israel, agsublika kenni Yahweh a Diosmo, ta natnagka gapu kadagiti basbasolmo.
2 ၂ ထာဝရဘုရားထံတော်သို့ပြန်လာ၍ ကိုယ် တော်ထံဤဆုတောင်းပတ္ထနာကိုဆက်သ လျှောက်ထားလော့``အကျွန်ုပ်တို့၏အပြစ်များ ကိုလွှတ်၍၊ ကျေးဇူးတော်အားဖြင့်အကျွန်ုပ် တို့အားလက်ခံတော်မူပါ။ အကျွန်ုပ်တို့ပြု ထားသောကတိအတိုင်း ကိုယ်တော်၏ဂုဏ် တော်ကိုချီးမွမ်းပါမည်။-
Iyebkasyo ti panagbabawiyo kadagiti basbasolyo ket agsublikayo kenni Yahweh. Ibagayo kenkuana, “Pakawanennakami kadagiti amin a basbasolmi ken awatennakami nga addaan ti pabor, tapno maidatonmi kenka ti pammadayawmi, dagiti sasao ken dagiti kantami a pagdayaw.
3 ၃ အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
Saannakaminto nga isalakan ti Asiria; saankaminto nga agsakay kadagiti kabalio tapno makigubat. Saanminton nga ibaga ti aramid dagiti imami, 'Dakayo dagiti diosmi,' ta sika ti pakasarakan dagiti ulila iti asi.”
4 ၄ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်ကိုငါ့ထံသို့ ပြန်လာစေမည်။ ငါသည်သူတို့အားအကြွင်းမဲ့ချစ်မည်။ သူတို့အပေါ်၌အမျက်တော်ပြေပြီ။
”Paimbagekto ida no agsublida kaniak kalpasan a tinallikodandak; ayatekto ida a siwayawaya, ta bimmaawen ti pungtotko iti Israel.
5 ၅ မိုးရေသည်ခြောက်သွေ့သောမြေကိုစိုပြေစေ သကဲ့သို့ ငါသည်ဣသရေလပြည်သားတို့အား စိုပြေပွင့်လန်းစေမည်။ သူတို့သည်ပန်းပင်ကဲ့သို့ဖူးပွင့်ကြလိမ့်မည်။ လေဗနုန်တောမှသစ်ပင်ကဲ့သို့အမြစ်စွဲလိမ့်မည်။
Maiyarigakto iti linnaaw iti Israel; agsabongto a kas iti lirio ken agramutto a kas iti kayo a sedro iti Libano.
6 ၆ သူတို့သည်အဖူးအညွှန့်တို့ဖြင့်ဝေဆာ၍၊ သံလွင်ပင်ကဲ့သို့လှပတင့်တယ်လိမ့်မည်။ လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ အနံ့သင်းကြိုင်လိမ့်မည်။
Rumangpayanto dagiti sangana; ti kinapintasna ket kaslanto kadagiti kayo ti olibo, ken ti banglona ket kas kadagiti sedro iti Libano.
7 ၇ တစ်ဖန်သူတို့သည်ငါ၏အရိပ်အာဝါသ အောက်တွင် နေထိုင်ရလိမ့်မည်။ သူတို့သည်စပါးများကိုစိုက်ပျိုး၍ စပျစ်ခြံကဲ့သို့အသီးလှိုင်လိမ့်မည်။ လေဗနုန်စပျစ်ရည်ကဲ့သို့ကျော်ကြားလိမ့်မည်။
Agsublinto dagiti tattao nga agnaed iti salinongna; lumangtodanto a kas iti trigo ken agsabongda a kas kadagiti pinuon ti ubas. Maiyarigto ti kinalatakna iti arak ti Libano.
8 ၈ ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။
Ibaganto ti Efraim, 'Ania pay la ti aramidek kadagiti didiosen?' Sungbatak ken aywanakto isuna. Maiyarigak iti saleng a kanayon a nalangto dagiti bulbulongna; siak ti pagtataudan dagiti bungayo.”
9 ၉ ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
Siasino ti masirib a makaawat kadagitoy a banbanag? Siasino ti makaaawat kadagitoy tapno maammoanna dagitoy? Ta nalinteg dagiti wagas ni Yahweh, dagitoy ket suroten dagiti nalinteg, ngem maitibkolto kadagitoy dagiti nasukir.