< ဟောရှေ 13 >
1 ၁ ယခင်အခါကဧဖရိမ်အနွယ်ဝင်တို့ပြော သောစကားကိုအခြားဣသရေလအနွယ် ဝင်တို့သည်ကြောက်ရွံ့တုန်လှုပ်ကြ၏။ အခြား သောဣသရေလအနွယ်ဝင်တို့သည်ဧဖရိမ် အနွယ်ဝင်တို့ကိုရိုသေလေးစားကြ၏။ သို့ ရာတွင်သူတို့သည်ဗာလဘုရားကိုကိုး ကွယ်သောအပြစ်ကြောင့်သေကြေပျက်စီး ရမည်။-
၁ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့် မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ၏။
2 ၂ သူတို့သည်အတတ်ပညာရှင်တို့၏အကူ အညီနှင့်ငွေရုပ်တုများကိုသွန်းလုပ်ခြင်း အားဖြင့်အပြစ်ပြုမြဲပြုကြလျက်ရှိ၏။ ထိုနောက်သူတို့က``ဤရုပ်တုများကိုယဇ် ပူဇော်ကြ'' ဟုဆို၏။ လူသည်ထိုနွားရုပ် တုများကိုနမ်းသင့်ပါသလော။-
၂ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
3 ၃ သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
၃ထိုကြောင့်၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့၎င်း ဖြစ်ရကြလိမ့် မည်။
4 ၄ ထာဝရဘုရားက``ငါသည်သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့တွင်ငါမှတစ်ပါးအခြားသော ဘုရားမရှိ၊ ငါတစ်ပါးတည်းသာသင် တို့၏ကယ်တင်ရှင်ဖြစ်၏။-
၄သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ။
5 ၅ ငါသည်ခြောက်သွေ့ပူပြင်းသောသဲကန္တာ ရအရပ်တွင်သင်တို့ကိုစောင့်ရှောက်ခဲ့၏။-
၅အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 ၆ သို့ရာတွင်သင်တို့တွင်သာယာစိုပြေ သောပြည်သို့ဝင်ရောက်၍အစားအစာ ဝစွာစားရသဖြင့် ကျေနပ်နှစ်သိမ့်လာ သောအခါမာနကြီး၍ငါ့ကိုမေ့လျော့ ကြ၏။-
၆ဝသောအခါ ဝါကြွားသော စိတ်ရှိ၍ ငါ့ကို မေ့ လျော့ကြ၏။
7 ၇ သို့ဖြစ်၍ငါသည်ခြင်္သေ့ကဲ့သို့သင်တို့ ကိုရန်မူမည်။ သင်တို့သွားရာလမ်းတစ် လျှောက်တွင်ကျားသစ်ကဲ့သို့ချောင်းမြောင်း မည်။-
၇ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
8 ၈ သားပျောက်သောဝက်ဝံကဲ့သို့သင်တို့ ကိုကိုက်ဖြတ်ဆုတ်ဖြဲမည်။ ခြင်္သေ့ကဲ့သို့ တွေ့ရာအရပ်၌ကိုက်စား၍တောသားရဲ ကဲ့သို့အပိုင်းပိုင်းဆုတ်ဖြဲမည်။
၈သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။
9 ၉ ``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
၉အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
10 ၁၀ သင်တို့သည်ရှင်ဘုရင်နှင့်ခေါင်းဆောင်များ ကိုကျွန်တော်မျိုးတို့အားပေးပါဟုတောင်း ခံကြ၏။ သို့ရာတွင်ဤသူတို့သည်တိုင်းပြည် ကိုကယ်နိုင်မည်လော။-
၁၀သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11 ၁၁ ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။
၁၁ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
12 ၁၂ ``ဣသရေလအမျိုးသားတို့၏အပြစ် ဒုစရိုက်ကိုမှတ်တမ်းတင်၍ထိုမှတ်တမ်း များကိုသိမ်းဆည်းထား၏။-
၁၂ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
13 ၁၃ ဣသရေလအမျိုးသားတို့သည်အသက် ရှင်ခွင့်ကိုရလျက်နှင့်မယူတတ်သဖြင့် လွန်စွာမိုက်မဲ၏။ သူတို့သည်ဖွားချိန်တန် သော်လည်းမဖွားလိုသောကလေးနှင့် တူ၏။-
၁၃သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
14 ၁၄ ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။- (Sheol )
၁၄သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။ (Sheol )
15 ၁၅ ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
၁၅မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏ လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည်။
16 ၁၆ ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''
၁၆ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။