< ဟောရှေ 12 >

1 ဣ​သ​ရေ​လ​ပြည်​သား​တို့​မိုး​လင်း​မှ​မိုး​ချုပ် အ​ထိ ပြု​လုပ်​ကျင့်​ကြံ​နေ​သ​မျှ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး​သက်​သက်​ဖြစ်​၏။ သူ​တို့​တွင်​သစ္စာ​ဖောက်​မှု၊ အ​ကြမ်း​ဖက်​မှု များ​တိုး​ပွား​များ​ပြား​လျက်​ရှိ​၏။ သူ​တို့ သည်​အာ​ရှု​ရိ​ပြည်​နှင့်​မ​ဟာ​မိတ်​ဖွဲ့​လျက် ပင် အီ​ဂျစ်​ပြည်​နှင့်​ကုန်​သွယ်​ကြ​၏'' ဟု မိန့်​တော်​မူ​၏။
Efraim yana kiwo a kan iska; yana fafarar iskar gabas dukan yini yana riɓaɓɓanya ƙarairayi da rikici. Ya yi yarjejjeniya da Assuriya ya kuma aika wa Masar man zaitun.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ပြည်​သား​တို့ ကို​စွဲ​ချက်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ​ကို လည်း​သူ​တို့​၏​အ​ကျင့်​ကြောင့်​ဒဏ်​ခတ် တော်​မူ​မည်။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ပြု အ​မူ​အ​တိုင်း​အ​ကျိုး​အ​ပြစ်​ကို​ဆပ်​ပေး မည်။-
Ubangiji yana da ƙarar da zai kawo a kan Yahuda; zai hukunta Yaƙub bisa ga hanyoyinsa zai sāka masa bisa ga ayyukansa.
3 သူ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အ​မိ​ဝမ်း​တွင်း​၌​ရှိ​စဉ်​က​ပင် အ​မြွှာ​အစ်​ကို ဧ​သော​နှင့်​ရန်​ဘက်​ပြု​ခဲ့​၏။ ယာ​ကုပ်​သည် ကြီး​ပြင်း​လာ​သော​အ​ခါ ဘု​ရား​သ​ခင်​ကို ဆန့်​ကျင်​၍​ရန်​ဘက်​ပြု​ခဲ့​၏။-
A cikin mahaifa ya cafke ɗiɗɗigen ɗan’uwansa; a matsayin mutum ya yi kokawa da Allah.
4 သူ​သည်​ကောင်း​ကင်​တ​မန်​နှင့်​ရန်​ဘက်​ပြု ၍​အ​နိုင်​ယူ​ခဲ့​သည်။ သူ​သည်​ငို​၍​ကောင်း​ချီး မင်္ဂ​လာ​ကို​တောင်း​ခံ​၏။ ဗေ​သ​လ​မြို့​တွင် ဘု​ရား​သ​ခင်​သည်​ယာ​ကုပ်​ထံ​သို့​ကြွ လာ​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
Ya yi kokawa da mala’ika ya kuma rinjaye shi; ya yi kuka ya kuma yi roƙo don tagomashi. Ya same shi a Betel ya kuma yi magana da shi a can,
5 ထို​ဘု​ရား​သည်​အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘွဲ့ နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား​ဖြစ် သ​တည်း။-
Ubangiji Allah Maɗaukaki, Ubangiji ne sunansa sananne!
6 ထို့​ကြောင့်​ယာ​ကုပ်​အ​နွယ်​ဝင်​တို့၊ သင်​တို့ ၏​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၍​အ​ထံ တော်​သို့​ပြန်​ကြ​လော့၊ သစ္စာ​စောင့်​လော့၊ ဖြောင့် မတ်​စွာ​ကျင့်​လော့၊ သင်​တို့​၏​ဘု​ရား​သ​ခင် ကို​စိတ်​ရှည်​စွာ​စောင့်​စား​လျက်​နေ​ကြ​လော့။
Amma dole ku koma ga Allahnku; ku ci gaba da ƙauna da yin gaskiya, ku kuma saurari Allahnku kullum.
7 ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​ကဲ့​သို့​ပင် မ​ရိုး​သား​ကြ​ချေ။ သူ​တို့​သည်​မ​မှန်​သော အ​လေး​ချိန်​ခွင်​ဖြင့်​ဝယ်​သူ​တို့​အား​ရောင်း ချ​တတ်​၏။-
Ɗan kasuwa yana amfani da mudu marar gaskiya; yana jin daɗin cuta.
8 သူ​တို့​က`ငါ​တို့​သည်​ကြွယ်​ဝ​ချမ်း​သာ​ကြ​၏။ ငွေ​ကြေး​အ​မြောက်​အ​မြား​စု​ဆောင်း​မိ​ပြီ။ မည်​သူ​က​မျှ​ငါ​တို့​အား​မ​တ​ရား​ရ​သော ငွေ​ဖြင့်​ကြွယ်​ဝ​ချမ်း​သာ​သည်​ဟု​မ​စွပ်​စွဲ နိုင်' ဟု​ဆို​ကြ​၏။-
Efraim yana fariya yana cewa, “Ni mai arziki ne ƙwarai; na azurta. Da dukan wadatata ba za a sami wani laifi ko zunubi a gare ni ba.”
9 သို့​ရာ​တွင်​သင်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည် သဲ​က​န္တာ​ရ​၌​သင် တို့​တဲ​များ​နှင့်​နေ​ထိုင်​သည်​နည်း​တူ ယ​ခု တစ်​ဖန်​တဲ​များ​၌​နေ​ထိုင်​စေ​ဦး​မည်။
“Ni ne Ubangiji Allahnku, wanda ya fitar da ku daga Masar; zan sa ku sāke zauna a tentuna, kamar a kwanakin ƙayyadaddun bukukkuwanku.
10 ၁၀ ``ငါ​သည်​ပ​ရော​ဖက်​တို့​အား​ဗျာ​ဒိတ်​ပေး ၍ ရူ​ပါ​ရုံ​များ​စွာ​ကို​မြင်​စေ​ခဲ့​ပြီ။ သူ​တို့ အား​ဖြင့်​ငါ​၏​လူ​မျိုး​တော်​ကို​သ​တိ​ပေး ခဲ့​ပြီ။-
Na yi magana da annabawa, na ba su wahayi da yawa na kuma ba da misalai ta wurinsu.”
11 ၁၁ သို့​သော်​လည်း​သူ​တို့​သည်​ဂိ​လဒ်​ပြည်​တွင် ရုပ်​တု​များ​ကို​ကိုး​ကွယ်​ကြ​၏။ ထို​သို့​ကိုး ကွယ်​သူ​တို့​သည်​သေ​ရ​မည်။ ဂိ​လ​ဂါ​လ မြို့​တွင်​နွား​များ​ကို​ယဇ်​ပူ​ဇော်​ကြ​၍​ထို အ​ရပ်​၌​ရှိ​သော​ယဇ်​ပလ္လင်​တို့​သည်​ကွင်း ပြင်​များ​ထဲ​တွင်​ကျောက်​ပုံ​များ​အ​ဖြစ် ကျန်​ရစ်​လိမ့်​မည်။''
Gileyad mugu ne? Mutanensa mutanen banza ne! Suna miƙa bijimai a Gilgal? Bagadansu za su zama tsibin duwatsu. A gonar da aka nome.
12 ၁၂ ငါ​တို့​၏​ဘိုး​ဘေး​ဖြစ်​သော​ယာ​ကုပ်​သည် အာ​ရံ​ပြည်​သို့​ထွက်​ပြေး​၍ မ​ယား​ရ​ရန် လူ​တစ်​ဦး​ထံ​၌​သိုး​ကျောင်း​ရ​၏။-
Yaƙub ya gudu zuwa ƙasar Aram; Isra’ila ya yi bauta don yă sami mata, domin kuma yă biya, sai da ya yi kiwon tumaki.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည် သား​တို့​အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ရန်​နှင့်​စောင့်​ရှောက်​ရန်​ပ​ရော​ဖက် တစ်​ပါး​ကို​စေ​လွှတ်​တော်​မူ​၏။-
Ubangiji ya yi amfani da annabi don yă fitar da Isra’ila daga Masar ta wurin annabi ya lura da shi.
14 ၁၄ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ခါး​သီး​စွာ​အ​မျက်​ဒေါ​သ ထွက်​စေ​၏။ သူ​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​များ ကြောင့်​သေ​ဒဏ်​ခံ​သင့်​ကြ​၏။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​ကြောင့် ကိုယ်​တော်​သည်​သူ​တို့ ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။
Amma Efraim ya yi muguwar tsokana da ta sa ya yi fushi; shugabansa zai ɗora musu hakkin jini a kansa kuma zai sāka masa saboda wulaƙancinsa.

< ဟောရှေ 12 >