< ဟောရှေ 11 >
1 ၁ ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
၁ဣသရေလ သည် အသက် ငယ်သောအခါ ငါသည် ချစ် ၍ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ခေါ် ခဲ့ပြီ။
2 ၂ သို့သော်ငါသည်သူ့ကိုခေါ်လေလေသူသည် ငါ့ထံမှထွက်ခွာသွားလေလေပင်ဖြစ်သည်။ ငါ၏လူမျိုးတော်သည်ဗာလဘုရားထံ ယဇ်ပူဇော်၍ရုပ်တုများအားနံ့သာပေါင်း ကို မီးရှို့ပူဇော်ကြ၏။
၂သူ တို့ကို ခေါ် သောသူတို့ ထံမှ ထွက်သွား ကြ၏။ ဗာလ ဘုရားတို့အား ယဇ် ပူဇော်၍ ရုပ်တု ဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ ကြ၏။
3 ၃ သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကို လမ်းလျှောက်တတ်ရန်သင်ပေးခဲ့သူဖြစ်၍၊ ငါသည်သူတို့ကိုလက်ဖြင့်ပိုက်ထွေးခဲ့၏။ သို့သော်လည်းငါသည်သူတို့အားစောင့် ရှောက် ပြုစုခဲ့ကြောင်းကိုသူတို့မသိ။
၃ငါ သည် သွား တတ်သော အတတ်ကို ဧဖရိမ် အား လက် ဆွဲ ၍ သွန်သင်၏။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မ သိ ဘဲ နေ၏။
4 ၄ ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။
၄လူ ကို ဆွဲတတ်သော ကြိုး တည်းဟူသော မေတ္တာ ကြိုး နှင့် ငါဆွဲငင် ၏။ ပါးရိုး အနား သို့ ထမ်းဘိုး ကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏။
5 ၅ ``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-
၅အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။
6 ၆ သူတို့၏မြို့များသည်စစ်ဘေးစစ်ဒဏ်ကို ခံရ၍မြို့တံခါးတို့သည်ပြိုပျက်ကြလိမ့် မည်။ ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အတိုင်းကျင့်ကြံကြသဖြင့်သုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။-
၆ထား ဘေးသည် သူ့ နေရာမြို့ တို့ အပေါ် သို့ ရောက် ၍ မင်း တို့ကို ဖျက်ဆီး လိမ့်မည်။ သူ တို့ ကြံစည် ခြင်း အားဖြင့် ပင် သုတ်သင် ပယ်ရှင်းလိမ့်မည်။
7 ၇ သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။
၇ငါ ၏လူ တို့သည် ငါ့ ထံမှလွှဲမြဲ လွှဲကြ၏။ အမြင့်ဆုံး သော ဘုရားထံသို့ ခေါ် သော်လည်း ၊ ထို ဘုရားကို အဘယ်သူမျှမ ချီးမြှောက် လို။
8 ၈ ``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
၈အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။
9 ၉ ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
၉ပြင်းစွာ အမျက် ထွက်သည်အတိုင်း မ ပြု လို။ ဧဖရိမ် ကို အထပ်ထပ်မ ဖျက်ဆီး လို။ ငါ သည် လူ မ ဟုတ်၊ ဘုရား သခင်ဖြစ်၏။ မြို့ထဲမှာနေသောမြို့သားမဟုတ် သော်လည်း၊ သင် တို့တွင် နေ၍ သန့်ရှင်း သော ဘုရား ဖြစ်၏။
10 ၁၀ ``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
၁၀သူတို့သည် ထာဝရဘုရား ၏နောက် တော်သို့ လိုက် ကြလိမ့်မည်။ ခြင်္သေ့ ကဲ့သို့ ဟောက် တော်မူမည်။ ဟောက် တော်မူသောအခါ သားသမီး တို့သည် အနောက် မျက်နှာမှ အလျင် အမြန် ပြေးကြလိမ့်မည်။
11 ၁၁ ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။
၁၁စာငှက် ကဲ့သို့ အဲဂုတ္တု ပြည်မှ ၎င်း ၊ ချိုး ကဲ့သို့ အာရှုရိ ပြည် မှ ၎င်း အလျင် အမြန်ပြေးကြ၍၊ သူ တို့ကို နေရင်း အရပ်၌ ငါနေရာ ချမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
12 ၁၂ ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။
၁၂ဧဖရိမ် သည် မုသာ စကားနှင့် ၎င်း ၊ ဣသရေလ သည် လှည့်စား ခြင်းနှင့် ၎င်း ငါ့ ကို နှောင့်ရှက် တတ်၏။ ယုဒ သည်လည်း ဘုရား သခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာ စောင့်တော်မူသောဘုရားသခင့်ထံမှလွှဲ၍ လှည့်လည် တတ်၏။