< ဟောရှေ 10 >
1 ၁ ဣသရေလပြည်သားတို့သည်အသီးများ စွာသီးသောစပျစ်နွယ်ပင်နှင့်တူ၏။ သူတို့ သည်စီးပွားတိုးတက်လာသည်နှင့်အမျှ ယဇ်ပလ္လင်များစွာကိုတည်ဆောက်ကြ၏။ အသီးအနှံပေါများလာသည်နှင့်အမျှ သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ပို၍လှပစွာတန်ဆာဆင်ကြ၏။-
이스라엘은 열매 맺는 무성한 포도 나무라 그 열매가 많을수록 제단을 많게 하며 그 땅이 아름다울수록 주상을 아름답게 하도다
2 ၂ သူတို့၏စိတ်နှလုံးသည်မစစ်မှန်သဖြင့် ယခုပင်အပြစ်ဒဏ်ခံရကြလိမ့်မည်။ ဘုရားသခင်သည်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ၍သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ဖျက်ဆီးတော်မူမည်။
저희가 두 마음을 품었으니 이제 죄를 받을 것이라 하나님이 그 제단을 쳐서 깨치시며 그 주상을 헐으시리라
3 ၃ မကြာမီ၌ပင်ဤသူတို့က``ငါတို့သည် ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့် ငါတို့၌ဘုရင်မရှိ၊ ဘုရင်ရှိသည့်တိုင် အောင်သူသည်ငါတို့အတွက်မည်သို့ဆောင် ရွက်ပေးနိုင်မည်နည်း'' ဟုဆိုကြလိမ့်မည်။-
저희가 이제 이르기를 우리가 여호와를 두려워 아니하므로 우리에게 왕이 없거니와 왕이 우리를 위하여 무엇을 하리요 하리로다
4 ၄ ရှင်ဘုရင်တို့သည်အကျိုးမဲ့စကားကိုပြော ၍မမှန်သောကတိကိုပေးကာ၊ အသုံးမကျ သောသဘောတူညီချက်များရယူကြ၏။ ကတိသစ္စာမတည်ကြ၊ ထွန်ယက်ထားသော လယ်တွင်အဆိပ်ပင်ပေါက်ပွားသကဲ့သို့ တိုင်း ပြည်တွင်တရားမျှတမှုအစားမတရား မှုကြီးစိုးလျက်ရှိ၏။
저희가 헛된 말을 내며 거짓 맹세를 발하여 언약을 세우니 그 재판이 밭이랑에 돋는 독한 인진같으리로다
5 ၅ ရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။-
사마리아 거민이 벧아웬의 송아지를 인하여 두려워할것이라 그 백성이 슬퍼하며 그것을 기뻐하던 제사장들도 슬퍼하리니 이는 그 영광이 떠나감이며
6 ၆ ထိုရုပ်တုကိုအာရှုရိဧကရာဇ်ဘုရင်ကြီး အားဆက်သရန်ထိုပြည်သို့ယူဆောင်သွား ကြလိမ့်မည်။ ဣသရေလပြည်သားတို့သည် ဤရုပ်တုကိုယုံကြည်ကိုးစားမိသဖြင့် အရှက်ကွဲရလိမ့်မည်။-
그 송아지는 앗수르로 옮겨다가 예물로 야렙 왕에게 드리리니 에브라임은 수치를 받을 것이요 이스라엘은 자기들의 계의를 부끄러워할 것이며
7 ၇ သူတို့၏ဘုရင်သည် ရေထဲတွင်မျောပါသွား သောသစ်စကဲ့သို့ဖမ်းဆီးသွားခြင်းခံရ မည်။-
사마리아 왕은 물 위에 거품 같이 멸망할 것이며
8 ၈ အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
이스라엘의 죄 된 아웬의 산당은 패괴되어 가시와 찔레가 그 단위에 날것이니 그 때에 저희가 산더러 우리를 가리우라 할 것이요 작은 산더러 우리 위에 무너지라 하리라
9 ၉ ထာဝရဘုရားက``ဣသရေလအမျိုးသား တို့သည်ဂိဗာမြို့တွင်ကူးလွန်လျက်ရှိသော ဒုစရိုက်ကိုဆက်လက်ကူးလွန်လျက်ရှိကြ ၏။ သို့ဖြစ်၍ဂိဗာမြို့တွင်စစ်ဘေးသည်သူ တို့ကိုမီလာလိမ့်မည်။-
이스라엘아 네가 기브아에 서서 흉악한 족속을 치는 전쟁을 거기서 면하였도다
10 ၁၀ အပြစ်ကူးလွန်သောဤသူတို့ကို တိုက်ခိုက် ၍ဆုံးမမည်။ အခြားနိုင်ငံများသည်စုပေါင်း ၍သူတို့ကိုတိုက်ခိုက်သဖြင့် သူတို့သည်မိမိ တို့၏များပြားသောအပြစ်များအတွက် ဒဏ်ခတ်ခြင်းခံကြရတော့မည်။
내가 원하는 때에 저희를 징계하리니 저희가 두 가지 죄에 걸릴때에 만민이 모여서 저희를 치리라
11 ၁၁ ``ယခင်ကဣသရေလအမျိုးသားတို့သည် ကျင့်သားရပြီး၍ စပါးနယ်ရန်အသင့်ရှိနေ သောနွားမတမ်းနှင့်တူ၏။ သို့ရာတွင်ငါသည် သူ၏လှပသောလည်ကုပ်တွင် ထမ်းပိုးတင်၍ အလုပ်ကြမ်းကိုလုပ်စေမည်။ ငါသည်ယုဒ အမျိုးသားတို့ကိုထွန်ယက်စေ၍ဣသ ရေလအမျိုးသားတို့ကိုထယ်ထိုးစေမည်။-
에브라임은 마치 길들인 암소같아서 곡식 밟기를 좋아하나 내가 그 아름다운 목에 멍에를 메우고 그의 위에 사람을 태우리니 유다가 밭을 갈고 야곱이 흙덩이를 깨뜨리리라
12 ၁၂ ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
너희가 자기를 위하여 의를 심고 긍휼을 거두라 지금이 곧 여호와를 찾을 때니 너희 묵은 땅을 기경하라 마침내 여호와께서 임하사 의를 비처럼 너희에게 내리시리라
13 ၁၃ သို့ရာတွင်သင်တို့သည်ဒုစရိုက်မျိုးစေ့ကို စိုက်ပျိုး၍ဒုစရိုက်အသီးအနှံကိုရိတ် သိမ်းကြ၏။ သင်တို့သည်မုသား၏ဒုစရိုက် အသီးအနှံကိုစားကြပြီ။ ``သင်တို့သည်သင်တို့၏စစ်ရထားများနှင့် စစ်သည်အင်အားကြီးမားခြင်းကိုအားကိုး ကြခြင်းကြောင့်၊-
너희는 악을 밭갈아 죄를 거두고 거짓 열매를 먹었나니 이는 네가 네 길과 네 용사의 많음을 의뢰하였음이라
14 ၁၄ စစ်ပွဲတွင်သင်တို့အားရန်သူများတိုက်ခိုက် ၍သင်တို့၏ခံတပ်များပြိုပျက်ကုန်ကြလိမ့် မည်။ ရှာလမန်ဘုရင်စစ်ချီ၍ဗေသာဗေလ မြို့ကိုတိုက်ခိုက်ဖျက်ဆီးသောအခါ မိခင် နှင့်ကလေးများသတ်ဖြတ်သုတ်သင်ခြင်း ခံရကြ၏။-
그러므로 너희 백성 중에 요란함이 일어나며 네 산성들이 다 훼파되되 살만이 전쟁의 날에 벧아벨을 훼파한 것같이 될 것이라 그 때에 어미와 자식이 함께 부숴졌도다
15 ၁၅ ဗေသလမြို့သားတို့၊ သင်တို့သည်ကြီးလေး သောဒုစရိုက်ကိုကူးလွန်ခဲ့သဖြင့် ထိုကဲ့ သို့သောအဖြစ်အပျက်မျိုးနှင့်ကြုံရလိမ့် မည်။ စစ်ပွဲစလျှင်စခြင်းဣသရေလဘုရင် ကျဆုံးရလိမ့်မည်'' ဟုမိန့်တော်မူ၏။
너희의 큰 악을 인하여 벧엘이 이같이 너희에게 행하리니 이스라엘 왕이 새벽에 멸절하리로다