< ဟေဗြဲ 9 >
1 ၁ ပထမပဋိညာဉ်တရားအတွက်ဝတ်ပြု ခြင်းဆိုင်ရာထုံးနည်းများနှင့်လူတို့တည် ဆောက်သည့်ဝတ်ပြုရာဌာနတော်ရှိ၏။-
Then indeed the first tabernacle also, had ordinances of service, and a sanctuary for this world.
2 ၂ လူတို့သည်သန့်ရှင်းရာဌာနတော်ဟုခေါ်သော အပြင်တဲတော်အဆောင်ကိုတည်ဆောက်ကြ၏။ ထိုတဲတွင်မီးတင်ခုံကိုလည်းကောင်း၊ ဘုရား သခင်အားဆက်ကပ်သောမုန့်နှင့်စားပွဲကို လည်းကောင်းတွေ့ရ၏။-
For the first tabernacle was made; in which there were candlesticks, and the table, and shew-bread; which is called, Holy.
3 ၃ ဒုတိယကန့်လန့်ကာနောက်၌အလွန်သန့်ရှင်း ရာဌာနတော်ဟုခေါ်သောတဲတော်ရှိ၏။-
And after the second veil, was the tabernacle called Holy of holies;
4 ၄ ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-
having the golden altar, and the ark of the covenant overladen on all sides with gold, in which was the golden pot having the manna, and the rod of Aaron which budded, and the tables of the covenant;
5 ၅ သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။
and above this was the cherubim of glory overshadowing the mercy seat; concerning which things it is not pertinent to speak specifically.
6 ၆ ဤဝတ်ပြုခြင်းထုံးနည်းကိုဖော်ပြအံ့။ ယဇ် ပုရောဟိတ်တို့သည် မိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင်အပြင်တဲတော်သို့ နေ့စဉ်ဝင်ရကြ၏။-
And these having been thus adjusted, the priests come continually into the first tabernacle, performing the services:
7 ၇ သို့ရာတွင်ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်း သာလျှင် အတွင်းတဲတော်သို့ဝင်ရပေသည်။ သူ သည်ယင်းသို့ဝင်ရသည်မှာလည်းတစ်နှစ်လျှင် တစ်ကြိမ်သာဖြစ်ပြီးမိမိ၏အတွက်သော် လည်းကောင်း၊ လူတို့မသိဘဲကူးလွန်မိသည့် အပြစ်များအတွက်သော်လည်းကောင်း ပူဇော် ရန်သွေးကိုယူဆောင်၍ဝင်ရလေသည်။-
and into the second comes the high priest alone once a year, not without blood, which he offers for himself, and the errors of the people;
8 ၈ ဤထုံးနည်းအရအပြင်တဲတော်တည်ရှိနေ သမျှကာလပတ်လုံးအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရန် လမ်းသည်ပိတ်လျက်ပင်ရှိမည် ဖြစ်ကြောင်းသန့်ရှင်းသောဝိညာဉ်တော်ကရှင်း လင်းစွာသွန်သင်ပေသည်။-
the Holy Spirit showing this, the way of the holies has not yet been made manifest, the first tabernacle yet standing:
9 ၉ ဤအရာအပေါင်းတို့သည်မျက်မှောက်ခေတ်ကို ညွှန်ပြနေသည့်အမှတ်လက္ခဏာဖြစ်၏။ ပြဌာန်း ထားသည့်ပူဇော်သကာနှင့်ယဇ်များသည် ဝတ်ပြု သောသူ၏စိတ်နှလုံးကိုဖြူစင်သန့်ရှင်းအောင် ပြုပြင်၍မပေးနိုင်။-
which is a figure unto the present time, in which gifts and sacrifices are offered, not being able to make the worshiper perfect, as to his conscience;
10 ၁၀ ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
consisting only in meats and drinks, and divers baptisms, ordinances of the flesh, abiding until the time of restitution.
11 ၁၁ သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-
But Christ being a high priest of good things to come, through a greater and a more perfect tabernacle, not made with hands, that is, not of this world;
12 ၁၂ ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။- (aiōnios )
neither through the blood of goats and bullocks, but through his own blood, came once into the holies, having found eternal redemption. (aiōnios )
13 ၁၃ ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-
For if the blood of goats and bulls, and the ashes of a heifer sprinkling those who have been defiled, sanctifies unto the purification of the flesh;
14 ၁၄ ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။ (aiōnios )
how much more shall the blood of Christ, who through the eternal Spirit offered up himself without spot to God, purify our conscience from dead works to serve the living God? (aiōnios )
15 ၁၅ ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ (aiōnios )
And on this account he is mediator of the new covenant, since there being death, unto the redemption of the transgressions unto the first covenant, those having been called may receive the promise of eternal inheritance. (aiōnios )
16 ၁၆ သေတမ်းစာအတည်ဖြစ်နိုင်ရန်သေတမ်းစာကို ရေးသားခဲ့သူမှာ အမှန်ပင်သေပြီဖြစ်ကြောင်း အထောက်အထားပြရပေသည်။-
For where there is a covenant, it is necessary to bear the death of the covenanter;
17 ၁၇ သေတမ်းစာရေးသူအသက်ရှင်နေစဉ်သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူသေ လွန်ပြီးမှသာလျှင်အတည်ဖြစ်၏။-
for a covenant is valid in case of the dead: since it has no force while the covenanter lives.
18 ၁၈ ထိုကြောင့်ပထမပဋိညာဉ်ပင်လျှင်သွေး ဖြင့်အတည်ဖြစ်၏။-
Neither was the first covenant therefore dedicated without blood.
19 ၁၉ မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-
For every commandment having been spoken by Moses to all the people according to law, having taken the blood of bullocks and goats, with water, and scarlet wool, and hyssop, he sprinkled both the book itself and all the people,
20 ၂၀ ထိုနောက်မောရှေက``ဤသွေးသည်သင်တို့လိုက် နာရန်ဘုရားသခင်ပေးအပ်တော်မူသော ပဋိညာဉ်ကိုအတည်ဖြစ်စေ၏'' ဟုဆို၏။-
saying, This is the blood of the covenant which God established unto you.
21 ၂၁ ထိုနည်းတူစွာမောရှေသည်ပဋိညာဉ်တဲတော် နှင့်တကွဝတ်ပြုကိုးကွယ်ရာတွင်အသုံးပြု သည့်တန်ဆာရှိသမျှကိုလည်းသွေးဖြင့်ပက် ဖျန်းလေသည်။-
And he likewise also sprinkled the tabernacle, and all the vessels of the ministry, with blood.
22 ၂၂ ပညတ်တရားအရအရာခပ်သိမ်းလိုလိုပင် သွေးအားဖြင့်သန့်စင်မှုကိုရရှိကြ၏။ သွေး သွန်းမှုရှိမှသာအပြစ်ပြေနိုင်၏။
And according to the law, almost all things are purified by blood; and without the shedding of blood there is no remission.
23 ၂၃ အဆိုပါနည်းအားဖြင့်ကောင်းကင်ဘုံတွင် ရှိသည့်အရာတို့၏ပုံတူများကိုသန့်စင် စေရ၏။ ကောင်းကင်ဘုံတွင်ရှိသည့်အရာ တို့ကိုသန့်စင်စေရန်မှာမူသာလွန်မွန်မြတ် သောယဇ်ကိုပူဇော်ရန်လို၏။-
Therefore it is necessary that the pattern of the things in these heavens be purified; and the heavenly things themselves with greater sacrifices than these.
24 ၂၄ စစ်မှန်သောသန့်ရှင်းရာဌာနတော်၏ပုံတူဖြစ် သောလူတို့လက်ဖြင့်တည်ဆောက်သည့်သန့်ရှင်း ရာဌာနတော်သို့ ခရစ်တော်သည်ဝင်တော်မူ သည်မဟုတ်ဘဲကောင်းကင်ဘုံသို့ဝင်တော်မူ၍ ငါတို့ကိုယ်စားဘုရားသခင်၏ရှေ့တော် မှောက်သို့ရောက်ရှိတော်မူ၏။-
For Christ did not come into the sanctuaries made with hands, the pattern of the true; but into heaven itself, now to be made manifest unto the face of God in our behalf:
25 ၂၅ ယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ၏ သွေးကို ယူ၍နှစ်စဉ်နှစ်တိုင်းအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်လေ့ရှိ၏။ ခရစ်တော်မူကားယင်းသို့ ကြိမ်ဖန်များစွာမိမိကိုယ်ကိုပူဇော်ရန်ဝင် တော်မမူ။-
neither in order that he may frequently offer up himself, as the high priest goes into the holies once a year with the blood of another;
26 ၂၆ အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။- (aiōn )
since it behooved him frequently to suffer from the foundation of the world: but now in the end of the ages he has been made manifest unto the removal of sin through the sacrifice of himself. (aiōn )
27 ၂၇ လူသည်တစ်ကြိမ်တည်းသာသေရ၍ထို့နောက် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံရ၏။-
And inasmuch as it is appointed unto men once to die, and after this is the judgment:
28 ၂၈ ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
so also Christ, having once been offered up to bear away the sins of many, will appear the second time apart from sin unto salvation to those expecting him.