< ဟေဗြဲ 8 >
1 ၁ ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
我們所論述的要點即是:我們有這樣一位大司祭,衪已在天上「尊威」的寶座上右邊,
2 ၂ ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် တည်းဟူသောတဲတော်စစ်၌ အမှုတော်ဆောင် လျက်နေတော်မူ၏။ ထိုတဲတော်စစ်ကားလူတို့ တည်ဆောက်သောတဲတော်မဟုတ်၊ ဘုရားရှင် တည်ဆောက်တော်မူသောတဲတော်ဖြစ်သတည်း။
在聖所,即真會幕裏作臣僕;這會幕是上主而是人手所支搭的。
3 ၃ ယဇ်ပုရောဟိတ်မင်းမည်သည်ပူဇော်သကာ ဆက်သရန်နှင့်ယဇ်ပူဇော်ရန်ခန့်ထားခြင်းခံ ရသူဖြစ်၏။ သို့ဖြစ်၍ငါတို့၏ယဇ်ပုရော ဟိတ်မင်းမှာလည်းဆက်သပူဇော်ရန် ပူဇော် သကာတစ်စုံတစ်ရာရှိရပေမည်။-
凡大司祭都是為奉獻供物和犧牲所立的,因此一切也必須有所奉獻。
4 ၄ ကိုယ်တော်သည်လောကတွင်ရှိနေတော်မူမည် ဆိုပါလျှင် ယဇ်ပုရောဟိတ်လုံးဝဖြစ်နိုင်လိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ပညတ်တရား အရပူဇော်သကာများကိုဆက်သသူယဇ် ပုရောဟိတ်များရှိသောကြောင့်ပင်ဖြစ်၏။-
假使衪在地上,衪就不必當司祭,因為已有了按法律奉獻供物的司祭。
5 ၅ ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
這些人所行的敬禮,只是天上事物的模與影子,就如梅瑟要製造會幕時,曾獲得神示說:『要留心──上主說──應一一照在在山上指示你的式樣去作。』
6 ၆ သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
現今尸已得了一個更卓絕的職分,因為衪作了一個更好的,並建立在更好的恩許之上的盟約的中保,
7 ၇ အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။-
如果那第一個盟約是沒有缺點的,那麼,為第二個就沒有餘地了。
8 ၈ သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊ ``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်း ပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။
其實天主卻指責依民說:『看,時日將到──上主說──我必要與以色列家和猶大家訂立新約,
9 ၉ ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍ အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါက သူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို သူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။
不像我昔日握住他們的手,領他們出離埃及時,與他們的祖先所訂立的一樣,因為他們沒有痕恆心守我的盟約,我也就不照管他們了──上主說。
10 ၁၀ နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။
這是我在那些時日後,與以色列家訂立的盟約──上主說──我要將我的法律放在他們的明悟中,寫在他們的心頭上 ;我要做他們的天主,他們要做我的人民。
11 ၁၁ အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊ မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်း ထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
那時,誰也不再教訓自己的同鄉,誰也不再教訓自己的弟兄說:「你要認識上主。」因為不論大小,人人都必須認識我。
12 ၁၂ ငါသည်သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ကူးလွန်မှုများကို သိမှတ်တော်မူမည်မဟုတ်'' ဟုမိန့်တော်မူ၏။-
因為我要寬赦他們的過犯,不再記憶他們的罪惡。』
13 ၁၃ ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။
一說「新的,」就把先前的,宣希為舊的了;但凡是舊的和老的,都已臨近了滅亡。