< ဟေဗြဲ 7 >

1 ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-
For this Melchizedek, king of Salem, priest of God Most High, who met Abraham returning from the slaughter of the kings and blessed him,
2 သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့ သည့်​ဥစ္စာ​ပစ္စည်း​များ​၏​ဆယ်​ပုံ​တစ်​ပုံ​ကို​သူ့​အား ပေး​လှူ​၏။ (မေ​လ​ခိ​ဇေ​ဒက်​ဟူ​သော​နာ​မည်​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ``တ​ရား​မင်း'' ဟူ​၍​ဖြစ်​၏။ သူ​သည်​ရှာ​လင်​မြို့​၏​မင်း​လည်း​ဖြစ်​သ​ဖြင့် သူ​၏​နာ​မည်​သည်``ငြိမ်း​ချမ်း​ရေး​ဘု​ရင်'' ဟု လည်း​အ​နက်​အ​ဋ္ဌိပ္ပါယ်​ရ​လေ​သည်။-)
to whom also Abraham divided "a tenth part of everything" (being first, by interpretation, king of righteousness, and then also king of Salem, which is king of peace;
3 သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။
without father, without mother, without genealogy, having neither beginning of days nor end of life, but made like the Son of God), remains a priest continually.
4 ငါ​တို့​လူ​မျိုး​တို့​၏​အ​ဖ​အာ​ဗြ​ဟံ​သည်​စစ် ပွဲ​မှ မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့​သည့်​ဥစ္စာ​ပစ္စည်း​များ ၏​ဆယ်​ပုံ​တစ်​ပုံ​ကို မေ​လ​ခိ​ဇေ​ဒက်​အား​ပေး လှူ​ခဲ့​သည်​ဖြစ်​ရာ​ယင်း​သို့​ပေး​လှူ​ခြင်း​ခံ​ရ သူ​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​မည်​ကို​ဆင် ခြင်​ကြ​လော့။-
Now consider how great this man was, to whom even Abraham, the patriarch, gave a tenth out of the most valuable plunder.
5 လေ​ဝိ​အ​နွယ်​ဝင်​အ​နက်​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​ကြ​သော​သူ​တို့​သည် အာ​ဗြ​ဟံ မှ​ဆင်း​သက်​လာ​သူ မိ​မိ​တို့​၏​သား​ချင်း​များ ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​မှ ဆယ်​ဖို့ တစ်​ဖို့​သော​အ​လှူ​ကို ပ​ညတ်​တ​ရား​အ​ရ ကောက်​ယူ​ခွင့်​ရှိ​ကြ​ပေ​သည်။-
They indeed of the sons of Levi who receive the priest's office have a commandment to take tithes of the people according to the Law, that is, of their brothers, though these have come out of the body of Abraham,
6 မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-
but he whose genealogy is not counted from them has accepted tithes from Abraham, and has blessed him who has the promises.
7 သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-
But without any dispute the lesser is blessed by the greater.
8 ထို​မှ​တစ်​ပါး​လည်း​ယဇ်​ပု​ရော​ဟိတ်​များ အ​နေ​ဖြင့် ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​ခြင်း သည်​သေ​မျိုး​ဖြစ်​သော​လူ​သား​တို့​က​ခံ​ယူ ကြ​ခြင်း​ဖြစ်​၏။ မေ​လ​ခိ​ဇေ​ဒက်​မူ​ကား​ကျမ်း စာ​တော်​တွင်​ဖော်​ပြ​သည်​နှင့်​အ​ညီ အ​သက် ရှင်​သူ​အ​နေ​ဖြင့်​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို ခံ​ယူ​ခြင်း​ဖြစ်​ပေ​သည်။-
Here people who die receive tithes, but there one receives tithes of whom it is testified that he lives.
9 ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ကို​ခံ​ယူ​သူ​လေ​ဝိ​သည် အာ​ဗြ​ဟံ​မှ​တစ်​ဆင့် မေ​လ​ခိ​ဇေ​ဒက်​အား ဆယ်​ဖို့​တစ်​ဖို့​ပေး​လှူ​သည်​ဟု​ပင်​ဆို​နိုင်​၏။-
We can say that through Abraham even Levi, who receives tithes, has paid tithes,
10 ၁၀ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။
for he was yet in the body of his father when Melchizedek met him.
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-
Now if there was perfection through the Levitical priesthood (for under it the people have received the law), what further need was there for another priest to arise after the order of Melchizedek, and not be called after the order of Aaron?
12 ၁၂ အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။-
For the priesthood being changed, there is of necessity a change made also in the law.
13 ၁၃ ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။-
For he of whom these things are said belongs to another tribe, from which no one has officiated at the altar.
14 ၁၄ ကိုယ်​တော်​သည်​ယု​ဒ​အ​မျိုး​အ​နွယ်​မှ​ဆင်း​သက် တော်​မူ​သည်​မှာ​သိ​သာ​ထင်​ရှား​၏။ ယဇ်​ပု​ရော ဟိတ်​အ​ရာ​သည် ယု​ဒ​အ​မျိုး​အ​နွယ်​နှင့်​ပတ် သက်​ကြောင်း​ကို​မော​ရှေ​သည်​တစ်​ခွန်း​မျှ​မ​ပြော ပေ။
For it is evident that our Lord has sprung out of Judah, about which tribe Moses spoke nothing concerning priests.
15 ၁၅ မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။-
This is yet more abundantly evident, if after the likeness of Melchizedek there arises another priest,
16 ၁၆ ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။-
who has been made, not after the law of a fleshly commandment, but after the power of an endless life:
17 ၁၇ အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။- (aiōn g165)
for it is testified, "You are a priest forever, according to the order of Melchizedek." (aiōn g165)
18 ၁၈ ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။-
For there is an annulling of a foregoing commandment because of its weakness and uselessness
19 ၁၉ မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။
(for the law made nothing perfect), and a bringing in of a better hope, through which we draw near to God.
20 ၂၀ ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။-
Inasmuch as he was not made priest without the taking of an oath,
21 ၂၁ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။- (aiōn g165)
for they indeed have been made priests without an oath, but he with an oath by him that says of him, "The Lord swore and will not change his mind, 'You are a priest forever, according to the order of Melchizedek.'" (aiōn g165)
22 ၂၂ ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။
Accordingly Jesus has become the guarantor of a better covenant.
23 ၂၃ ထို့​ပြင်​အ​ခြား​ကွာ​ခြား​မှု​ရှိ​သေး​၏။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​သေ​ရ​သော​ကြောင့် သူ​တို့ သည်​အ​ရေ​အ​တွက်​များ​ကြ​၏။-
Many, indeed, have been made priests, because they are hindered from continuing by death.
24 ၂၄ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​မူ​ကား​နိစ္စ​ထာ​ဝ​ရ အ​သက်​ရှင်​တော်​မူ​သ​ဖြင့် သူ​၏​ယဇ်​ပု​ရော ဟိတ်​ရာ​ထူး​သည်​လည်း​အ​ခြား​လက်​သို့ မ​ကူး​ပြောင်း​နိုင်​တော့​ပေ။- (aiōn g165)
But he, because he lives forever, has his priesthood unchangeable. (aiōn g165)
25 ၂၅ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။
Therefore he is also able to save completely those who draw near to God through him, seeing that he lives forever to make intercession for them.
26 ၂၆ သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​သည်​ငါ​တို့​နှင့်​သင့် လျော်​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​၏။ ကိုယ် တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​အ​ပြစ်​ကင်း လွတ်​တော်​မူ​၏။ အ​ပြစ်​ကူး​သူ​တို့​နှင့်​ခွဲ​ခြား လျက်​ကောင်း​ကင်​ဘ​ဝဂ်​တိုင်​အောင်​ချီး​မြှောက် ခြင်း​ကို​ခံ​တော်​မူ​၏။-
For such a high priest was indeed fitting for us: holy, guiltless, undefiled, separated from sinners, and made higher than the heavens;
27 ၂၇ ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-
who does not need, like those high priests, to offer up sacrifices daily, first for his own sins, and then for those of the people. For he did this once for all, when he offered up himself.
28 ၂၈ မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အား​နည်း​၍​မ​စုံ လင်​သော​လူ​သား​တို့​ကို ယဇ်​ပု​ရော​ဟိတ်​မင်း များ​အ​ဖြစ်​ခန့်​ထား​လေ​သည်။ သို့​ရာ​တွင် ပ​ညတ်​တ​ရား​ပေါ်​ပေါက်​ပြီး​သည့်​နောက်​ပိုင်း ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​စုံ​လင်​တော်​မူ​သော သား​တော်​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ် ကျိန်​ဆို​တော်​မူ​ချက်​ဖြင့်​ခန့်​ထား​တော်​မူ​၏။ (aiōn g165)
For the Law appoints men as high priests who have weakness, but the word of the oath which came after the Law appoints a Son forever who has been perfected. (aiōn g165)

< ဟေဗြဲ 7 >