< ဟေဗြဲ 5 >
1 ၁ ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။-
PWE jamero lapalap karoj, me pilipildar jan ren aramaj akan, pan kajapwilada, pwen jauaj a aramaj akan ren Kot, pwen wiada kijakij o mairon pweki dip;
2 ၂ သူကိုယ်တိုင်၌ပင်လျှင်အားနည်းချက်အမျိုး မျိုးရှိသဖြင့် အသိပညာကင်းမဲ့၍မှားယွင်း သူတို့အားကိုယ်ချင်းစာတရားထားနိုင်၏။-
Me kak pamada duen me japun o jalonala kan, pwe i pil me lued.
3 ၃ သူကိုယ်တိုင်အားနည်းချက်ရှိသောကြောင့် အပြစ်ဖြေရာယဇ်ကိုလူတို့၏အတွက် သာမက မိမိ၏အတွက်လည်းဆက်သ ရပေသည်။-
I me a udan kida mairon pein dip a, dueta a kin tomeki dip en aramaj akan.
4 ၄ အဘယ်သူမျှမိမိကိုယ်ကို ယဇ်ပုရောဟိတ် မင်းအဖြစ်ဖြင့်မခန့်ထားနိုင်။ ဘုရားသခင် သည်အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားတော်မူသကဲ့သို့ ကိုယ်တော်၏ရွေး ကောက်ခန့်ထားခြင်းခံရမှသာလျှင် ယဇ် ပုရောဟိတ်မင်းဖြစ်နိုင်ပေသည်။
O jota amen, me kin kajapwilada pein i, pwe a pan kajapwilada jan ren Kot dueta Aron.
5 ၅ ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်လျှင် ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍လည်းကောင်း၊
Pil dueta Krijtuj, me jota kalinanada pein i, pwen wiala jamero lapalap, a i me wiadar me majani on i: Koe nai Ol, ran wet I kaipwi uk adar.
6 ၆ အခြားကျမ်းချက်တွင်လည်း ``သင်သည်မေလခိဇေဒက်၏အရိုက်အရာကို ဆက်ခံသူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။ (aiōn )
Duen a pil kotin majani ekij waja: Koe jamero duen al en Melkijedek kokolata. (aiōn )
7 ၇ ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
O ni ran akan, me a kotikot ni pali uduk, a kotin maironki laolao, o nidinid, o kaukauwet, o tontonir on i, me pan kak dorela i jan a pan matala, o pweki a wauneki Kot, a laolao pil pwaidar.
8 ၈ ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-
I me Japwilim a, ari jo, a kotin padakki peik ni a kalokolok.
9 ၉ ကိုယ်တော်သည်ပြီးပြည့်စုံလင်ခြင်းသို့ရောက် သောအခါ မိမိကိုနာခံသောသူအပေါင်း တို့၏ထာဝရကယ်တင်ခြင်းအရှင်ဖြစ် လာတော်မူ၍၊- (aiōnios )
O ni a unjokalar a kotin wnilar kamaur pan maur joutuk on irail karoj, me kin oke i. (aiōnios )
10 ၁၀ ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။
O Kot pil kotin kamare kin i jamoro lapalap duen al en Melkijedek.
11 ၁၁ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ပြော ဆိုစရာများစွာရှိ၏။ သို့ရာတွင်သင်တို့သည် ဉာဏ်လေးသူများဖြစ်သဖြင့် သင်တို့အား ရှင်းလင်းဖော်ပြရန်ခက်ပေသည်။-
Iran mepukat kajoi toto mi re at, a me apwal en kaweweda, aki omail jota dedeki.
12 ၁၂ သင်တို့သည်ယခုအချိန်အခါလောက်ဆိုလျှင် ဋ္ဌမ္မပညာပို့ချသူများဖြစ်သင့်ကြလေပြီ။ သို့ ရာတွင်သင်တို့အားဘုရားသခင်၏တရား တော်အခြေခံကို တစ်စုံတစ်ယောက်ကသင်ကြား ပေးရန်လိုနေသေးပါသည်တကား။ သင်တို့သည် မာသောအစားအစာကိုစားမည့်အစားနို့ ကိုသာလျှင်သောက်နေကြသေး၏။-
Nan a daulier anjau, me komail en wiala jaunpadak, ari jo, me pil mau on, amen en kawewe on komail tapin lamalam en majan en Kot, wialar jon dueta irail, me kin tunole pil en didi, e kaidin kijin mana.
13 ၁၃ နို့ကိုသောက်သုံး၍အသက်ရှင်သူသည်နို့စို့ သူငယ်ဖြစ်၍ အမှန်နှင့်အမှားကိုကိုယ်တွေ့ သိရှိနားလည်သူမဟုတ်။-
Pwe amen amen me kin tunole didi, me man jalon ni majan en pun, pwe a rajon jeri pwelel.
14 ၁၄ မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။
A me unjokalar akan me mau on kijin mana, pwe irail me anlar lamalam pweki ar laudelar, ap aja duen me mau o me jued.