< ဟေဗြဲ 2 >
1 ၁ ထို့ကြောင့်လမ်းမှားတိမ်းချော်မှုမဖြစ်ကြစေ ရန် ငါတို့သည်ကြားနာခဲ့ရသည့်သမ္မာတရား ကိုပိုမို၍ပင်စွဲမြဲစွာဆုပ်ကိုင်ထားရမည်။-
Propterea abundantius oportet observare nos ea quæ audivimus, ne forte pereffluamus.
2 ၂ ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသောတရားတော်သည်မှန်ကန်သော တရားတော်ဖြစ်သဖြင့် ထိုတရားတော်ကို မလိုက်လျှောက်၊ မနာခံသူမှန်သမျှသည် ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းကို ခံကြရသည်မှန်ပါက၊-
Si enim qui per angelos dictus est sermo, factus est firmus, et omnis prævaricatio, et inobedientia accepit justam mercedis retributionem:
3 ၃ ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
quomodo nos effugiemus si tantam neglexerimus salutem? quæ cum initium accepisset enarrari per Dominum ab eis, qui audierunt, in nos confirmata est,
4 ၄ တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။
contestante Deo signis et portentis, et variis virtutibus, et Spiritus Sancti distributionibus secundum suam voluntatem.
5 ၅ ငါတို့ပြောဆိုသောနောင်အခါတည်ရှိမည့် ကမ္ဘာသစ်ကိုအုပ်စိုးရန်ကောင်းကင်တမန် များအားပေးအပ်တော်မမူ။-
Non enim angelis subjecit Deus orbem terræ futurum, de quo loquimur.
6 ၆ ကျမ်းစာတော်တစ်နေရာတွင်၊ ``လူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော် သည် သူ့အားသတိရတော်မူပါသနည်း။ သာမန်လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့အားဂရုပြုတော်မူရပါ သနည်း။
Testatus est autem in quodam loco quis, dicens: Quid est homo quod memor es ejus, aut filius hominis quoniam visitas eum?
7 ၇ ကိုယ်တော်သည်သူ့အားကာလအနည်းငယ်မျှ ကောင်းကင်တမန်တို့ထက်နိမ့်ကျစေတော်မူ၍ ဘုန်းအသရေ၊ဂုဏ်ကျက်သရေနှင့် ပြည့်ဝစေတော်မူပါ၏။
Minuisti eum paulo minus ab angelis: gloria et honore coronasti eum: et constituisti eum super opera manuum tuarum.
8 ၈ ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူပါ၏'' ဟုဖော်ပြထား၏။ ကျမ်းစာတော်က`ခပ် သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ပေးတော် မူ၏' ဟုဆိုရာ၌လူ၏စိုးမိုးခြင်းကို မခံရ သည့်အရာတစ်စုံတစ်ခုမျှမရှိဟူ၍ဆို လိုသတည်း။ သို့ရာတွင်ယခုအခါ၌ လူ သည်ခပ်သိမ်းသောအရာတို့ကိုစိုးမိုးခွင့်ရ ကြောင်း ငါတို့မတွေ့မမြင်ကြရပေ။-
Omnia subjecisti sub pedibus ejus. In eo enim quod omnia ei subjecit, nihil dimisit non subjectum ei. Nunc autem necdum videmus omnia subjecta ei.
9 ၉ သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
Eum autem, qui modico quam angeli minoratus est, videmus Jesum propter passionem mortis, gloria et honore coronatum: ut, gratia Dei, pro omnibus gustaret mortem.
10 ၁၀ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြုပြင် ထိန်းသိမ်းစောင့်ရှောက်တော်မူသောဘုရား သခင်သည် မိမိ၏သားအမြောက်အမြား တို့အားဘုန်းအသရေတော်ဝင်စားခွင့်ပေး တော်မူနိုင်ရန် ဆင်းရဲဒုက္ခကိုခံစေခြင်းအား ဖြင့် သခင်ယေရှုအားပြည့်ဝစုံလင်စေတော် မူ၏။ ဤသို့ဘုရားသခင်ပြုတော်မူသည်မှာ လျော်ကန်သင့်မြတ်လှပေသည်။ အဘယ် ကြောင့်ဆိုသော်ကယ်တင်ခြင်းရရှိကြစေ ရန် ထိုသူတို့အားပို့ဆောင်သူမှာသခင် ယေရှုပင်ဖြစ်သောကြောင့်တည်း။
Decebat enim eum, propter quem omnia, et per quem omnia, qui multos filios in gloriam adduxerat, auctorem salutis eorum per passionem consummare.
11 ၁၁ သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။-
Qui enim sanctificat, et qui sanctificantur, ex uno omnes. Propter quam causam non confunditur fratres eos vocare, dicens:
12 ၁၂ သခင်ယေရှုက၊ ``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကို အကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။ သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်'' ဟုဘုရားသခင်အားမိန့်တော်မူ၏။-
Nuntiabo nomen tuum fratribus meis: in medio ecclesiæ laudabo te.
13 ၁၃ တစ်ဖန်တုံကိုယ်တော်က``ငါသည်ဘုရားသခင် ကိုကိုးစားမည်'' ဟူ၍လည်းကောင်း၊ ထိုနောက် တစ်ဖန်``ငါသည်မိမိအား ဘုရားသခင်ပေး အပ်ထားသည့်သားသမီးများနှင့်အတူ ရှိ၏'' ဟူ၍လည်းကောင်းမိန့်တော်မူပေသည်။
Et iterum: Ego ero fidens in eum. Et iterum: Ecce ego, et pueri mei, quos dedit mihi Deus.
14 ၁၄ ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
Quia ergo pueri communicaverunt carni, et sanguini, et ipse similiter participavit eisdem: ut per mortem destrueret eum qui habebat mortis imperium, id est, diabolum:
15 ၁၅ ဤနည်းအားဖြင့်သေဘေးကိုကြောက်သဖြင့် တစ်သက်လုံးကျွန်ခံလျက်နေကြရသော သူတို့ကိုလွတ်မြောက်စေတော်မူပေသည်။-
et liberaret eos qui timore mortis per totam vitam obnoxii erant servituti.
16 ၁၆ ကိုယ်တော်သည်ကောင်းကင်တမန်များအား ကူညီမစတော်မူသည်မဟုတ်။ ကျမ်းစာ တော်တွင်ဖော်ပြထားသည်အတိုင်း အာဗြဟံ ၏သားမြေးတို့အားကူညီမစတော်မူ ကြောင်းကိုသိသာထင်ရှားပေသည်။-
Nusquam enim angelos apprehendit, sed semen Abrahæ apprehendit.
17 ၁၇ ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
Unde debuit per omnia fratribus similari, ut misericors fieret, et fidelis pontifex ad Deum, ut repropitiaret delicta populi.
18 ၁၈ ကိုယ်တော်သည်မိမိကိုယ်တိုင်ဆင်းရဲဒုက္ခနှင့် စုံစမ်းသွေးဆောင်ခြင်းကိုခံခဲ့ရသဖြင့် စုံ စမ်းသွေးဆောင်ခြင်းခံရသူတို့အားကူညီ မစခြင်းငှာတတ်နိုင်တော်မူသည်။
In eo enim, in quo passus est ipse et tentatus, potens est et eis, qui tentantur, auxiliari.