< ဟေဗြဲ 13 >
1 ၁ သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။-
၁ညီအစ်ကို ချင်းချစ်ခြင်းမေတ္တာ၌တည် ကြလော့။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မ မေ့ မလျော့ကြနှင့်
2 ၂ ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။-
၂အချို့ သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန် တို့ကို အမှတ်တမဲ့ ဧည့်ခံ ကြပြီ
3 ၃ သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။
၃အကျဉ်း ခံရသော သူ တို့နှင့်အတူကိုယ်ခံရသကဲ့သို့ မှတ် ၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာ နှင့် မကင်းလွတ်သောသူဖြစ် ၍၊ ညှဉ်းဆဲ ခံရသောသူ တို့ကို အောက်မေ့ကြလော့
4 ၄ ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
၄ခပ်သိမ်း သော သူတို့၌ မင်္ဂလာဆောင် ခြင်းအမှုနှင့် သစ္စာ သံဝါသပြုခြင်းအမှုသည် အသရေ ရှိစေလော့။ မတရား သော မေထုန်ကိုပြုသောသူနှင့်သူ့ မယားကို ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြော စီရင်တော်မူလိမ့်မည်
5 ၅ သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
၅သင်တို့၏ကျင့်ကြံ ပြုမူခြင်းသည် ငွေ ကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိ သောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ငါသည် သင့် ကိုမ စွန့် ၊ သင့် ကိုအလျှင်း ပစ် ၍မ ထားဟု ဂတိတော်ရှိ ၏
6 ၆ ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
၆ထိုကြောင့် ထာဝရ ဘုရားသည် ငါ့ ကိုမစ တော်မူသည်ဖြစ်၍၊ လူ သည် ငါ ၌ပြု နိုင်သမျှ ကိုငါမ ကြောက် ဟု၊ ငါ တို့သည် ရဲရင့် သောစိတ်နှင့် ပြောဆို ရသောအခွင့် ရှိကြ၏
7 ၇ သင်တို့အားဘုရားသခင်၏တရားတော်ကို ဟောပြောခဲ့သောသင်တို့၏ခေါင်းဆောင်များ ကိုသတိရကြလော့။ သူတို့အဘယ်သို့ပြု မူနေထိုင်ခဲ့သည်၊ အဘယ်သို့သေလွန်သွား ကြသည်ကိုဆင်ခြင်စဉ်းစားကြပြီးနောက် သူတို့ယုံကြည်ခြင်းကိုအတုယူကြလော့။-
၇ဘုရားသခင် ၏နှုတ်ကပတ် တရားတော်ကို သင် တို့အား ဟောပြော ၍၊ သင် တို့ကိုအုပ် သောသူ တို့ကို အောက်မေ့ ကြလော့။ သူ တို့သည် အဘယ်သို့ကျင့်ကြံ ပြုမူ ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင် လျက်၊ သူ တို့၏ယုံကြည် ခြင်းကို မှီအောင် လိုက်ကြလော့
8 ၈ ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။- (aiōn )
၈ယေရှု ခရစ် သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏ (aiōn )
9 ၉ သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။
၉အထူးထူး အပြားပြားသော အယူဝါဒ သစ် ကို လိုက်၍ မ ဖောက်ပြန် ကြနှင့်။ အစာ များအားဖြင့်စိတ် ခိုင်ခံ့မြဲမြံခြင်းမ ရှိဘဲ၊ ကျေးဇူး တော်အားဖြင့်ခိုင်ခံ့ မြဲမြံလျှင် အကျိုး ရှိ၏။ အစာ များကို အမှု ထားသော သူ တို့သည် အကျိုး ကိုရကြပြီမ ဟုတ်
10 ၁၀ ယုဒတဲတော်အတွင်း၌တာဝန်ထမ်းဆောင် ရသူယဇ်ပုရောဟိတ်တို့သည် ငါတို့၏ယဇ် ပလ္လင်မှအဘယ်ပူဇော်သကာကိုမျှစား ပိုင်ခွင့်မရှိ။-
၁၀တဲ တော်၌ ဝတ်ပြု သောသူ တို့စား ရသောအခွင့် မ ရှိ သောယဇ်ပလ္လင် သည် ငါတို့၌ရှိ ၏
11 ၁၁ ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။-
၁၁အကြောင်းမူကား ၊ ယဇ်ပုရောဟိတ် မင်းသည် အပြစ် ဖြေသောယဇ်ကောင် ၏ အသွေး ကို သန့်ရှင်း ရာ ဌာနထဲသို့ သွင်း ပြီးမှ၊ ယဇ်အသေ ကောင်တို့ကို တပ် ပြင် ၌ မီးရှို့ ရ၏
12 ၁၂ ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။-
၁၂ထိုသို့ နှင့်အညီ၊ ယေရှု သည်မိမိ အသွေး အားဖြင့် လူ များကို စင်ကြယ် စေခြင်းငှာ ၊ မြို့တံခါး အပြင် ၌ အသေခံ တော်မူ၏
13 ၁၃ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ရှိရာစခန်း အပြင်သို့သွား၍ ကိုယ်တော်နှင့်အတူကဲ့ရဲ့ ရှုတ်ချခြင်းကိုခံကြကုန်အံ့။-
၁၃သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင် နှင့်အတူကဲ့ရဲ့ ခြင်းကိုခံ ၍၊ တပ် ပြင် ၊ အထံ တော်သို့ ထွက်သွား ကြ ကုန်အံ့
14 ၁၄ အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
၁၄အကြောင်းမူကား ၊ ငါ တို့သည် ဤ ဘဝ၌ အမြဲ တည်သော မြို့ မ ရှိ၊ နောက်ဖြစ် လတံ့သော မြို့ကိုရှာ ကြ၏
15 ၁၅ သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
၁၅ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ဝန်ခံ လျက်၊ နှုတ်ခမ်း အသီး တည်းဟူသောချီးမွမ်း ခြင်းယဇ် ကို သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ် ပူဇော် ကြကုန်အံ့
16 ၁၆ သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
၁၆ကျေးဇူး ပြုခြင်း၊ ဥစ္စာဝေမျှ ခြင်းအမှုတို့ကို မ မေ့ မလျော့ကြနှင့်။ ထိုသို့သော ယဇ် ကို ဘုရားသခင် သည် အားရ နှစ်သက်တော်မူ၏
17 ၁၇ သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။
၁၇သင် တို့ကို အုပ် သောသူ တို့၏ စကားကို နားထောင် ၍ နှိမ့်ချ လျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင် တို့ စိတ် ဝိညာဉ်၏ အကျိုး အလိုငှာစောင့် နေကြကုန်၏။ သင် တို့ အကျိုး ကို မဖြစ်စေတတ်သော ဝမ်းနည်း ခြင်းမ ရှိ၊ ဝမ်းမြောက် ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့
18 ၁၈ ငါတို့အတွက်ဆက်လက်ဆုတောင်းနေကြ လော့။ ငါတို့သည်မိမိတို့၏သြတ္တပ္ပစိတ် ကြည်လင်သည်ကိုအသေအချာသိ၏။ အဘယ်ကြောင့်ဆိုသော်ငါတို့သည်အခါ ခပ်သိမ်းမှန်ရာကိုသာပြုလုပ်ရန်ဆန္ဒရှိ ကြသောကြောင့်ဖြစ်၏။-
၁၈ငါ တို့အဘို့ ဆုတောင်း ကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင် လျက်၊ အရာရာ တို့၌ ကောင်းမွန် စွာကျင့် နေခြင်းငှာအလိုရှိ သောသူဖြစ်သည်ဟု စိတ်စွဲလမ်း ခြင်းရှိကြ၏
19 ၁၉ ဘုရားသခင်သည်မကြာမီငါ့အားသင် တို့ထံသို့ပြန်လည်ပို့ဆောင်ပေးတော်မူစေ ရန်ဆုတောင်းကြပါလော့ဟုသင်တို့အား အထူးမေတ္တာရပ်ခံပါ၏။
၁၉ငါသည် သင် တို့ရှိရာသို့ အလျင်အမြန် ပြန် ရသောအခွင့်ရှိစေခြင်းငှာ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ၍ နှိုးဆော် တောင်းပန်၏
20 ၂၀ အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ (aiōnios )
၂၀ထာဝရ ပဋိညာဉ် တရား၏ အသွေး တော်အားဖြင့် ၊ သိုး များကိုထိန်းသော သိုးထိန်း ကြီး ဖြစ်သော ငါ တို့သခင် ယေရှု ကိုသေ ခြင်းမှ နှုတ်ဆောင် တော်မူသော၊ ငြိမ်သက် ခြင်း၏အရှင်ဘုရားသခင် သည်၊ (aiōnios )
21 ၂၁ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။ (aiōn )
၂၁မိမိ နှစ်သက် တော်မူသော အမှုအရာ ကို ယေရှု ခရစ် အားဖြင့် သင် တို့၌ ပြု တော်မူ၍၊ သင်တို့သည် အလို တော်သို့ လိုက် မည်အကြောင်း ၊ ကောင်း သောအကျင့်အမျိုးမျိုး ၌ သင် တို့ကိုပြုပြင် တော်မူပါစေသော။ ထို သခင် ယေရှုခရစ်သည် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn )
22 ၂၂ ညီအစ်ကိုတို့၊ ဤအားပေးတိုက်တွန်းချက် ကိုသည်းခံလျက်နာယူကြရန်သင်တို့ အားငါတောင်းပန်၏။ ယခုသင်တို့ထံသို့ ငါရေးလိုက်သောစာသည်များစွာမရှည် ပါ။-
၂၂ညီအစ်ကို တို့၊ ငါသည် အကျဉ်း အားဖြင့် ရေးထား၍ ကြား လိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံ မည်အကြောင်း၊ ငါသည် သင် တို့ကို နှိုးဆော် တောင်းပန်၏
23 ၂၃ ငါတို့၏ညီတိမောသေသည် အကျဉ်းထောင်မှ လွတ်၍လာပြီဖြစ်ကြောင်းသင်တို့အားသိစေ လို၏။ အကယ်၍သူသည်ငါ့ထံသို့အချိန်မီ ရောက်ရှိလာပါက သင်တို့နှင့်တွေ့ဆုံရန်ငါ လာသောအခါသူ့ကိုခေါ်ခဲ့ပါမည်။
၂၃ငါ တို့ညီ တိမောသေ ကို အခြားသို့ လွှတ် လိုက်သည်အရာကို သိမှတ် ကြလော့။ သူသည် မ ကြာမမြင့်မှီ ရောက် လျှင် ၊ ငါသည်သူ နှင့်အတူ လာ၍ သင် တို့ကို တွေ့မြင် လိမ့်မည်
24 ၂၄ သင်တို့၏ခေါင်းဆောင်အပေါင်းနှင့်ဘုရား သခင်၏လူစုတော်ဝင်ရှိသမျှတို့အား နှုတ်ဆက်လိုက်ကြောင်းပြောပြပါလော့။ အီတလီပြည်မှညီအစ်ကိုတို့ကလည်း သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
၂၄သင် တို့ကို အုပ် သောသူ အပေါင်း တို့ကို၎င်း ၊ သန့်ရှင်း သူအပေါင်း တို့ကို၎င်း၊ နှုတ်ဆက် ကြလော့။ ဣတလိ ပြည်သူပြည်သားတို့သည် သင် တို့ကို နှုတ်ဆက် ကြ၏
25 ၂၅ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသတည်း။ ဟေဗြဲသြဝါဒစာပြီး၏။
၂၅သင် တို့အပေါင်း ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။