< ဟေဗြဲ 12 >

1 ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-
Nítorí náà bí a ti fi ìkùùkuu àwọsánmọ̀ tí o kún fún àwọn ẹlẹ́rìí tó báyìí yí wa ká, ẹ jẹ́ kí a pa ohun ìdíwọ́ gbogbo tì sí apá kan, àti ẹ̀ṣẹ̀ tí o rọrùn láti di mọ́ wa, kí a sì máa fi sùúrù súré ìje tí a gbé ka iwájú wa,
2 ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။
kí a máa wo Jesu Olùpilẹ̀ṣẹ̀ àti aláṣepé ìgbàgbọ́ wa; ẹni nítorí ayọ̀ tí a gbé ka iwájú rẹ, tí o faradà àgbélébùú láìka ìtìjú sí, tí ó sì jókòó lọ́wọ́ ọ̀tún ìtẹ́ Ọlọ́run.
3 အ​ပြစ်​သား​တို့​၏​ပြင်း​ထန်​စွာ​မုန်း​တီး​ခြင်း ကို​ကိုယ်​တော်​အ​ဘယ်​မျှ​ခံ​တော်​မူ​ကြောင်း သင်​တို့​ထောက်​ရှု​ဆင်​ခြင်​လျက်​စိတ်​ပျက် အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။-
Máa ro ti ẹni tí ó faradà irú ìsọ̀rọ̀-òdì yìí láti ọ̀dọ̀ àwọn ẹlẹ́ṣẹ̀ si ara rẹ̀, kí ẹ má ba á rẹ̀wẹ̀sì ni ọkàn yín, kí àárẹ̀ si mu yín.
4 သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-
Ẹ̀yin kò sá à tí ì kọ ojú ìjà si ẹ̀ṣẹ̀ títí dé títa ẹ̀jẹ̀ yín sílẹ̀ nínú ìjàkadì yín.
5 ကျမ်း​စာ​တော်​တွင်​ဘု​ရား​သ​ခင်​က၊ ``ငါ့​သား၊ထာ​ဝ​ရ​ဘု​ရား​ပဲ့​ပြင်​တော်​မူ​သည်​ကို ဂ​ရု​ပြု​လော့။ ဆုံး​မ​တော်​မူ​သော​အ​ခါ​စိတ် မ​ပျက်​နှင့်။
Ẹ̀yin sì ti gbàgbé ọ̀rọ̀ ìyànjú tí ó n ba yin sọ̀rọ̀ bí ọmọ pé, “Ọmọ mi, ma ṣe aláìnání ìbáwí Olúwa, kí o má sì ṣe rẹ̀wẹ̀sì nígbà tí a bá ń ti ọwọ́ rẹ̀ ba ọ wí,
6 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ ချစ်​တော်​မူ​သော​သူ​ကို​ဆုံး​မ​တော်​မူ​တတ်​၍ သား​အ​ဖြစ်​လက်​ခံ​တော်​မူ​သော​သူ​ကို ဒဏ်​ပေး​တော်​မူ​တတ်​သော​ကြောင့်​ဖြစ်​၏'' ဟု​သင်​တို့​အား​သား​များ​အ​နေ​ဖြင့်​အား ပေး​တိုက်​တွန်း​ထား​သည်​ကို​သင်​တို့​မေ့ လျော့​သွား​ကြ​လေ​ပြီ​လော။-
nítorí pé ẹni ti Olúwa fẹ́, òun ni i bá wí, a sì máa na olúkúlùkù ọmọ tí òun tẹ́wọ́gbà.”
7 သင်​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ခြင်း​သည်​ဖ​ခင်​၏ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သည်​ဟု​ခံ​ယူ​ရ​ကြ​မည်။ ယင်း​သို့​ခံ​ရ​ခြင်း​သည်​သင်​တို့​အား​သား​များ အ​နေ​ဖြင့် ဘု​ရား​သ​ခင်​ဆက်​ဆံ​လျက်​ရှိ​တော် မူ​ကြောင်း​ကို​ပြ​၏။ ဖ​ခင်​မ​ဆုံး​မ​သော​သား ဟူ​၍​အ​ဘယ်​မှာ​ရှိ​သ​နည်း။-
Ẹ máa ní sùúrù lábẹ́ ìbáwí, Ọlọ́run bá wa lò bí ọmọ ni; nítorí pé ọmọ wo ni ń bẹ ti baba kì í bá wí?
8 သင်​တို့​အား​ဒဏ်​ပေး​တော်​မ​မူ​လျှင်​သင်​တို့ သည်​သား​ရင်း​များ​မ​ဟုတ်​ဘဲ တ​ရား​မ​ဝင် သော​သား​များ​သာ​လျှင်​ဖြစ်​ကြ​၏။-
Ṣùgbọ́n bí ẹ̀yin ba wà láìsí ìbáwí, nínú èyí tí gbogbo ènìyàn ti jẹ alábápín, ǹjẹ́ ọmọ àlè ni yín, ẹ kì í sì ṣe ọmọ.
9 ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-
Pẹ̀lúpẹ̀lú àwa ni baba wa nípa ti ara tí o ń tọ́ wa, àwa sì ń bu ọlá fún wọn: kò ha yẹ kí a kúkú tẹríba fún Baba àwọn ẹ̀mí, kí a sì yè?
10 ၁၀ ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-
Nítorí wọ́n tọ́ wa fún ọjọ́ díẹ̀ bí o bá ti dára lójú wọn; ṣùgbọ́n Òun tọ́ wa fún èrè wa, kí àwa lè ṣe alábápín ìwà mímọ́ rẹ̀.
11 ၁၁ ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။
Gbogbo ìbáwí kò dàbí ohun ayọ̀ nísinsin yìí bí kò ṣe ìbànújẹ́; ṣùgbọ́n níkẹyìn yóò so èso àlàáfíà fún àwọn tí a tọ́ nípa rẹ̀, àní èso òdodo.
12 ၁၂ သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-
Nítorí náà, ẹ na ọwọ́ tí ó rọ, àti eékún àìlera,
13 ၁၃ လမ်း​ဖြောင့်​များ​တွင်​ဆက်​လက်​၍​လျှောက်​သွား ကြ​လော့။ သို့​မှ​သာ​လျှင်​မ​စွမ်း​မ​သန်​သော​ခြေ သည်​ချိ​နဲ့​၍​မ​နေ​ဘဲ​စွမ်း​သန်​၍​လာ​လိမ့်​မည်။
“Kí ẹ sì ṣe ipa ọ̀nà tí ó tọ́ fún ẹsẹ̀ yin,” kí èyí tí ó rọ má bá a kúrò lórí ike ṣùgbọ́n kí a kúkú wò ó sàn.
14 ၁၄ လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-
Ẹ máa lépa àlàáfíà pẹ̀lú ènìyàn gbogbo, àti ìwà mímọ́, láìsí èyí yìí kò sí ẹni tí yóò rí Olúwa.
15 ၁၅ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-
Ẹ máa kíyèsára kí ẹnikẹ́ni má ṣe kùnà Oore-ọ̀fẹ́ Ọlọ́run; kí gbòǹgbò ìkorò kan máa ba hù sókè kí ó sì yọ yín lẹ́nu, ọ̀pọ̀lọpọ̀ a sì ti ipa rẹ̀ di àìmọ́.
16 ၁၆ အ​ဘယ်​သူ​မျှ​ဧ​သော​ကဲ့​သို့​မ​သ​မာ​သူ၊ လော​ကီ​ဆန်​သူ​မ​ဖြစ်​စေ​နှင့်။ ဧ​သော​သည် သား​ဦး​အ​ရာ​ကို​ထ​မင်း​တစ်​နပ်​စာ​ဖြင့် ရောင်း​ခဲ့​ပေ​သည်။-
Kí o má bá à si àgbèrè kan tàbí aláìwà-bí-Ọlọ́run bi Esau, ẹni tí o tìtorí òkèlè oúnjẹ kan ta ogún ìbí rẹ̀.
17 ၁၇ သင်​တို့​သိ​သည့်​အ​တိုင်း သူ​သည်​နောင်​အ​ခါ​မှ ဖ​ခင်​၏​ကောင်း​ချီး​ကို​ခံ​ယူ​ရန်​အ​လို​ရှိ​၏။ သို့​ရာ​တွင်​မ​ရ​ရှိ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မိ​မိ​ပြု​ပြီး​သည့်​အ​မှု​ကို​ပြန်​လည် ပြင်​ဆင်​ရန် နည်း​လမ်း​ကို​မျက်​ရည်​ကျ​လျက် ရှာ​သော်​လည်း​မ​တွေ့​နိုင်​သော​ကြောင့်​ဖြစ်​၏။
Nítorí ẹ̀yin mọ pé lẹ́yìn náà, nígbà tí ó fẹ́ láti jogún ìbùkún náà, a kọ̀ ọ́, nítorí kò ri ààyè ìrònúpìwàdà, bí o tilẹ̀ jẹ́ pé ó fi omijé wa a gidigidi.
18 ၁၈ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-
Nítorí ẹ̀yin kò wá òkè tí a lè fi ọwọ́ kàn, àti ti iná ti ń jó, àti ti ìṣúdudu àti òkùnkùn, àti ìjì.
19 ၁၉
Àti ìró ìpè, àti ohùn ọ̀rọ̀, èyí tí àwọn tí o gbọ́ bẹ̀bẹ̀ pé, kí a má ṣe sọ ọ̀rọ̀ sí i fún wọn mọ́,
20 ၂၀ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်``တိရစ္ဆာန် ပင်​ဖြစ်​စေ​ကာ​မူ​ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​၍​သတ်​ရ​မည်'' ဟူ​သော​အ​မိန့် တော်​ကို​မ​ခံ​ယူ​ဝံ့​သော​ကြောင့်​ဖြစ်​၏။-
nítorí pé wọn kò lè gba ohun tí ó paláṣẹ, “Bí o tilẹ̀ jẹ ẹranko ni ó fi ara kan òkè náà, a ó sọ ọ́ ni òkúta.”
21 ၂၁ ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။
Ìran náà sì lẹ́rù to bẹ́ẹ̀ tí Mose wí pé, “Ẹ̀rù ba mi gidigidi mo sì wárìrì.”
22 ၂၂ သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-
Ṣùgbọ́n ẹ̀yin wá sí òkè Sioni, àti sí ìlú Ọlọ́run alààyè, ti Jerusalẹmu ti ọ̀run, àti si ẹgbẹ́ àwọn angẹli àìníye,
23 ၂၃ သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-
si àjọ ńlá tí ìjọ àkọ́bí tí a ti kọ orúkọ wọn ni ọ̀run, àti sọ́dọ̀ Ọlọ́run onídàájọ́ gbogbo ènìyàn, àti sọ́dọ̀ àwọn ẹ̀mí olóòtítọ́ ènìyàn tí a ṣe ni àṣepé,
24 ၂၄ သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။
àti sọ́dọ̀ Jesu alárinà májẹ̀mú tuntun, àti si ibi ẹ̀jẹ̀ ìbùwọ́n ni, ti ń sọ̀rọ̀ ohun tí ó dára ju ti Abeli lọ.
25 ၂၅ ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-
Kíyèsi i, kí ẹ má ṣe kọ̀ ẹni tí ń kìlọ̀. Nítorí bí àwọn wọ̀nyí kò bá bọ́ nígbà tí wọn kọ̀ ẹni ti ń kìlọ̀ ni ayé, mélòó mélòó ni àwa kì yóò bọ́, bí àwa ba pẹ̀yìndà sí ẹni tí ń kìlọ̀ láti ọ̀run wá,
26 ၂၆ ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-
ohùn ẹni tí ó mi ayé nígbà náà, ṣùgbọ́n nísinsin yìí o ti ṣe ìlérí, wí pé, “Lẹ́ẹ̀kan sí i èmi ki yóò mi kìkì ayé nìkan, ṣùgbọ́n ọ̀run pẹ̀lú.”
27 ၂၇ ``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။
Àti ọ̀rọ̀ yìí, “Lẹ́ẹ̀kan sí i,” ìtumọ̀ rẹ̀ ni, mímú àwọn ohun wọ̀nyí ti a ń mì kúrò, bí ohun tí a ti dá, kí àwọn ohun tí a kò lè mì lè wà síbẹ̀.
28 ၂၈ ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-
Nítorí náà bí àwa tí ń gbà ilẹ̀ ọba ti a kò lè mì, ẹ jẹ́ kí a dá ọpẹ́ nípa èyí ti a fi lè máa sin Ọlọ́run ni ìtẹ́wọ́gbà pẹ̀lú ọ̀wọ̀ àti ìbẹ̀rù rẹ̀.
29 ၂၉ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။
Nítorí pé, “Ọlọ́run wa, iná ti ń jó ni run ni.”

< ဟေဗြဲ 12 >