< ဟေဗြဲ 11 >

1 ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။-
अब विश्‍वासचाहिँ आशा गरिएका कुराहरूको बारेमा भएको निश्‍चयता हो; अहिलेसम्म नदेखेका घटनाहरूको बारेमा भएको प्रमाण हो ।
2 ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။
किनकि हाम्रा पुर्खाहरू तिनीहरूको विश्‍वासका निम्ति यसरी नै प्रमाणित भएका थिए ।
3 မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။ (aiōn g165)
विश्‍वासद्वारा हामी बुझ्न सक्छौँ, कि सारा विश्‍व परमेश्‍वरको आज्ञाद्वारा सृष्‍टि भएको थियो । त्यसकारण, जे देखिन्छन् ती देखिने कुराहरूबाट बनाइएका होइनन् । (aiōn g165)
4 အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။
विश्‍वासद्वारा नै हाबिलले कयिनले भन्दा उत्तम बलिदान चढाए । यसकारण, तिनी धर्मी हुन पुगे । यसरी, परमेश्‍वरप्रति तिनको भेटीको कारणले गर्दा तिनले सर्मथन पाए । त्यसैकारण, हाबिल मरे तापनि तिनी अझ बोलिरहेका छन् ।
5 ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။-
विश्‍वासद्वारा नै हनोक माथि उठाई लगिए र तिनले मृत्यु देखेनन् । “तिनी भेटिएनन्, किनकि परमेश्‍वरले तिनलाई उठाउनुभयो ।” कारण तिनी उठाइनुभन्दाअघि तिनले परमेश्‍वरलाई प्रसन्‍न पारेको प्रमाणित भएको थियो ।
6 ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။
विनाविश्‍वास परमेश्‍वरलाई प्रसन्‍न पार्न असम्भव छ । किनकि जो परमेश्‍वरकहाँ आउँछ उसले परमेश्‍वर अस्तित्वमा हुनुहुन्छ भन्‍ने कुरामा विश्‍वास गर्नैपर्छ र उहाँलाई जसले खोज्छ त्यसले इनाम पाउनेछ भनी विश्‍वास गर्नुपर्छ ।
7 ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။
विश्‍वासद्वारा नै नोआलाई अहिलेसम्म नदेखेका कुराहरूका बारेमा ईश्‍वरीय सन्देश दिइएको थियो । तिनले भक्तिमय सम्मानसाथ एउटा पानी जहाज बनाए र आफ्नो घरानालाई बचाए । यसो गरेर तिनले संसारलाई दोषी ठहराए र विश्‍वासअनुसार तिनी धार्मिकताका उत्तराधिकारी भए ।
8 အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-
अब्राहामलाई बोलाइँदा विश्‍वासद्वारा नै तिनले आज्ञापालन गरे र तिनी उत्तराधिकारको रूपमा पाउनुपर्ने ठाउँतिर गए । आफू कहाँ जाँदै छु भन्‍ने कुरा थाहै नपाए तापनि तिनी गए ।
9 ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။-
तिनी विश्‍वासद्वारा नै प्रतिज्ञाको देशमा एक परदेशीको रूपमा बसे । तिनी पालहरूमा इसहाक र याकूबसँगै उही प्रतिज्ञाको सङ्गी उत्तराधिकारीको रूपमा बसे ।
10 ၁၀ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။
किनकि तिनले जगहरू भएको सहरलाई हेरिरहेका थिए, जुन सहरको रचनाकार र निर्माणकर्ता परमेश्‍वर स्वयम्‌ हुनुहुन्छ ।
11 ၁၁ အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။-
सारा बाँझी भए तापनि अब्राहामले गर्भधारण गराउने शक्‍ति विश्‍वासद्वारा नै प्राप्‍त गरे । तिनी एकदमै वृद्ध भइसक्दा यसो भएको थियो । तिनीहरूलाई प्रतिज्ञा दिनुहुनेप्रति तिनीहरू विश्‍वासयोग्य भइरहे ।
12 ၁၂ အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။
त्यसैकारण, मरेतुल्य यिनै एक जना मानिसबाट आकाशका असङ्ख्य तारा र समुद्री किनारका असङ्ख्य बालुवासरह सन्तानहरू जन्मिए, जसलाई गन्‍नै सकिँदैन ।
13 ၁၃ ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-
यी सबै प्रतिज्ञालाई प्राप्‍त नगरिकनै यिनीहरू सबैले टाढैबाट स्वागत गरे । पृथ्वीमा परदेशी र निर्वासितहरू मात्र हौँ भन्‍ने कुरा स्वीकार गर्दै तिनीहरू विश्‍वासमा नै मरे ।
14 ၁၄ ယင်း​သို့​ဝန်​ခံ​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ပိုင် နိုင်​ငံ​တစ်​ခု​ကို​ရှာ​လျက်​နေ​ကြ​ကြောင်း အ​တိ​အ​လင်း​ပြော​ဆို​ကြ​၏။-
किनकि जसले यस्ता कुराहरू भन्दछन् तिनीहरूले एउटा स्वदेश खोजिरहेका छन् भन्‍ने कुरा स्पष्‍ट हुन्छ ।
15 ၁၅ သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။-
साँच्‍चै नै तिनीहरूले आफू निस्केर गएको देशका लागि सोचिरहेका भए, तिनीहरूले फर्केर जाने मौका पाउने थिए ।
16 ၁၆ သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
तर तिनीहरू अझ उत्तम देश अर्थात् स्वर्गीय देशको चाहना गर्दछन् । त्यसकारण, परमेश्‍वर तिनीहरूका परमेश्‍वर हुन लजाउनुहुन्‍न, किनकि उहाँले तिनीहरूका लागि एउटा सहर तयार पार्नुभएको छ ।
17 ၁၇ အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-
आफ्नो जाँच हुँदा विश्‍वासद्वारा नै अब्राहामले इसहाकलाई बलि चढाए, जो उनको एक मात्र छोरा थिए जसलाई उनले बलिदान चढाए । उनले नै प्रतिज्ञाहरू प्राप्‍त गरेका थिए ।
18 ၁၈
यिनी तिनै अब्राहाम थिए जसलाई यसो भनिएको थियो, “इसहाकद्वारा नै तेरो सन्तानको नाउँ रहनेछ ।”
19 ၁၉ ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။
परमेश्‍वरले इसहाकलाई मृत्युबाट जीवित पार्न सक्‍नुहुने थियो भन्‍ने कुरा अब्राहामलाई थाहा थियो, र साङ्केतिक अर्थमा भन्‍नुपर्दा उनले तिनिहरूबाट आफ्ना छोरालाई फिर्ता पाएका थिए ।
20 ၂၀ ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။
आउन लागेका थोकहरूको बारेमा इसहाकले विश्‍वासद्वारा नै याकूब र एसावलाई आशिष्‌ दिए ।
21 ၂၁ ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။
याकूब मर्नै लागेका बेलामा विश्‍वासद्वारा नै उनले योसेफका हरेक छोरालाई आशिष्‌‌ दिए । लौरोको टुप्पोमा अडेस लागेर याकूबले आराधना गरे ।
22 ၂၂ ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။
योसेफको अन्त्य नजिकिँदा विश्‍वासद्वारा नै तिनले मिश्रबाट इस्राएलीहरू प्रस्थान हुने विषयमा बोलेका थिए र तिनका अस्थिहरूको बारेमा तिनीहरूलाई आदेश दिएका थिए ।
23 ၂၃ မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။
मोशा जन्मँदा तिनी सुन्दर भएको कारणले गर्दा उनका आमाबुबाले विश्‍वासद्वारा नै तिनलाई तिन महिनासम्म लुकाएर राखे र तिनीहरू राजाको आदेशसित डराएनन् ।
24 ၂၄ မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။-
मोशा हुर्केपछि विश्‍वासद्वारा नै तिनले फारोकी छोरीको छोरा कहलाइनलाई इन्कार गरे ।
25 ၂၅ သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။-
त्यसको सट्टामा, तिनले पापको क्षणिक सुख भोग्‍नुभन्दा बरु परमेश्‍वरका मानिसहरूसँगै दुःख भोग्‍ने कुरालाई छाने ।
26 ၂၆ မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။
मिश्रको सम्‍पत्तिमा भन्दा ख्रीष्‍टलाई पछ्याउँदा सहनुपर्ने अपमानलाई नै उनले बहुमूल्यको ठाने । कारण उनले आफ्ना आँखालाई इनाममाथि केन्द्रित गराएका थिए ।
27 ၂၇ မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-
विश्‍वासद्वारा नै मोशाले मिश्रदेश छोडे । उनी राजाको क्रोधदेखि डराएनन्, किनकि एक जो अदृश्यलाई देखेजस्तै गरी उनले सही रहे ।
28 ၂၈ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။
त्यसकारण, नाश गर्नेले इस्राएलीहरूका पहिले जन्मिएका जेठा छोराहरूलाई छुन नसकोस् भनी विश्‍वासद्वारा नै उनले निस्तार-चाड र रगतको छिट्काउको पालन गरे ।
29 ၂၉ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။
विश्‍वासद्वारा नै उनले सुख्खा जमिनमा हिँडेजस्तै गरी लाल समुद्र पार गरे । जब मिश्रीहरूले पनि यसै गर्न खोजे, तब तिनीहरू डुबे ।
30 ၃၀ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-
तिनीहरूले सात दिनसम्म यरीहो पर्खालको वरिपरि घुमेपछि विश्‍वासद्वारा नै यो ढल्यो ।
31 ၃၁ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။
राहाब वेश्याले विश्‍वासद्वारा नै जासुसहरूलाई शान्तिसाथ सत्कार गरेकीले हुनाले तिनी अनाज्ञाकारीहरूसँगै नष्‍ट भइनन् ।
32 ၃၂ ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-
अनि योभन्दा बढी म के भनौँ? यदि मैले गिदोन, बाराक, शिमशोन, यिप्‍ता, दाऊद, शमूएल र अगमवक्‍ताहरूको बारेमा भनेँ भने, मलाई समय नै पुग्दैन ।
33 ၃၃ ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-
विश्‍वासद्वारा नै तिनीहरूले राज्यहरूलाई जिते; न्यायपूर्ण काम गरे; र प्रतिज्ञाहरू प्राप्‍त गरे । तिनीहरूले सिंहहरूको मुखलाई बन्द गरिदिए ।
34 ၃၄ ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။-
तिनीहरूले आगोको ज्वालालाई निभाए; तरवारको धारबाट भागे; रोगहरूबाट निको पारिए; युद्धमा शक्‍तिशाली भए; र विदेशी सेनाहरूलाई भगाए ।
35 ၃၅ အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။-
स्‍त्रीहरूले आफ्ना मरेकाहरूलाई पुनरुत्थानद्वारा प्राप्‍त गरे । अरूले अझ उत्तम पुनरुत्थान प्राप्‍त गर्नलाई तिनीहरूले छुटकारालाई स्वीकार गरेनन् । त्यसैले, तिनीहरूले दण्ड भोगे ।
36 ၃၆ အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
अरूहरूले निन्दा, कोर्रा, साङ्‌ला र कैदजस्ता आदि कुराहरू सहे ।
37 ၃၇ သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-
तिनीहरूलाई ढुङ्गाले हानियो । तिनीहरूलाई दुई भाग हुने गरी चिरियो । तिनीहरूलाई तरवारले मारियो । तिनीहरूले भेडा र बाख्राको छाला लगाएर हिँड्डुल गर्नुपर्‍यो र विभिन्‍न किसिमका दुःख, निर्दयता र अमानवीय कुराहरू सहनुपर्‍यो ।
38 ၃၈ ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။
यो संसार तिनीहरूका लागि योग्य थिएन । तिनीहरू मरुभूमि, पहाड, गुफा र जमिनका ओडारहरूतिर तितर-बितर हुनुपर्‍यो ।
39 ၃၉ ဤ​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကြောင့်​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ကို​မ​ခံ​စား​ကြ​ရ။-
यहाँसम्म यी सबै मानिसहरू तिनीहरूका विश्‍वासको कारण परमेश्‍वरद्वारा प्रमाणित भए, तापनि तिनीहरूले प्रतिज्ञा गरिएका कुराहरू प्राप्‍त गर्न सकेनन् ।
40 ၄၀ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက်​ပို​မို​ကောင်း​မြတ်​သည့်​အ​ကြံ အ​စည်​တော်​ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ယင်း​အ​ကြံ​အ​စည်​တော်​မှာ​ထို​သူ​တို့​သည် ငါ​တို့​ပါ​ရှိ​မှ​သာ​လျှင်​ပြည့်​ဝ​စုံ​လင်​သူ များ​ဖြစ်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။
हामीविना तिनीहरू सिद्ध नहोऊन् भनी परमेश्‍वरले हाम्रा लागि अझ उत्तम कुरा अघिबाटै योजना गरिदिनुभएको थियो ।

< ဟေဗြဲ 11 >