< ဟေဗြဲ 10 >
1 ၁ ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
Nítorí tí òfin jẹ́ òjìji àwọn ohun rere ti ń bọ̀ tí kì í ṣe àwòrán tòótọ́ fún àwọn òtítọ́ náà, wọn kò lè fi ẹbọ kan náà tí wọn ń rú nígbà gbogbo lọ́dọọdún mu àwọn tí ń wá jọ́sìn di pípé.
2 ၂ အကယ်၍သာယင်းသို့ဖြစ်လာစေနိုင်မည်ဆို ပါက၊ ကိုးကွယ်ဝတ်ပြုသူတို့သည်တစ်ခါတည်း သန့်စင်၍သွားကြမည်ဖြစ်ရာ မိမိတို့တွင် အပြစ်ရှိနေသေးသည်ဟူ၍မထင်မှတ်ကြ တော့ဘဲယဇ်များကိုပူဇော်ကြတော့မည် မဟုတ်ပေ။-
Bí kò ṣe bẹ́ẹ̀, a kì ìbá tí dẹ́kun àti máa rú wọn, nítorí àwọn ti ń sìn ki ìbá tí ní ìmọ̀ ẹ̀ṣẹ̀, nígbà tí a bá ti wẹ̀ wọ́n mọ́ lẹ́ẹ̀kan ṣoṣo.
3 ၃ ယခုမှာနွားသွေး၊ ဆိတ်သွေးတို့သည်အဘယ် အခါ၌မျှ အပြစ်ဒုစရိုက်များကိုဖယ်ရှား ၍မပေးနိုင်သဖြင့် ယင်းသို့ယဇ်ပူဇော်ခြင်း သည်လူတို့အားနှစ်စဉ်နှစ်တိုင်း မိမိတို့၏ အပြစ်များကိုသာလျှင်သတိရစေသည်။
Ṣùgbọ́n nínú ẹbọ wọ̀nyí ni a ń ṣe ìrántí ẹ̀ṣẹ̀ lọ́dọọdún.
Nítorí ko ṣe é ṣe fún ẹ̀jẹ̀ akọ màlúù àti ti ewúrẹ́ láti mú ẹ̀ṣẹ̀ kúrò.
5 ၅ ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊ ``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။ သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။
Nítorí náà nígbà tí Kristi wá sí ayé, ó wí pé, “Ìwọ kò fẹ́ ẹbọ àti ọrẹ, ṣùgbọ́n ara ni ìwọ ti pèsè fún mi,
6 ၆ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။
ẹbọ sísun àti ẹbọ fún ẹ̀ṣẹ̀ ni ìwọ kò ní inú dídùn sí.
7 ၇ သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊ `အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကို ဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏'' ဟုလျှောက်ထားတော်မူလေသည်။-
Nígbà náà ni mo wí pé, ‘Kíyèsi i (nínú ìwé kíká ni a gbé kọ ọ́ nípa ti èmi) mo dé láti ṣe ìfẹ́ rẹ, Ọlọ́run.’”
8 ၈ ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။-
Nígbà tí o wí ni ìṣáájú pé, “Ìwọ kò fẹ́ ẹbọ àti ọrẹ àti ẹbọ sísun, àti ẹbọ fún ẹ̀ṣẹ̀, bẹ́ẹ̀ ni ìwọ kò ni inú dídùn si wọn” (àwọn èyí tí a ń rú gẹ́gẹ́ bí òfin).
9 ၉ ထိုနောက်``အို ဘုရားသခင်၊ အကျွန်ုပ်သည်အလို တော်ကိုဆောင်ရွက်ရန်ရောက်ရှိလာပါပြီ'' ဟု လျှောက်ထား၏။ ထိုကြောင့်ဘုရားသခင်သည် ယခင်တင်လှူပူဇော်မှုအပေါင်းကိုပယ်ဖျက်၍ ခရစ်တော်၏တင်လှူပူဇော်မှုဖြင့်အစားထိုး တော်မူသည်။-
Nígbà náà ni ó wí pé, “Kíyèsi i, mo de láti ṣe ìfẹ́ rẹ Ọlọ́run.” Ó mú ti ìṣáájú kúrò, kí a lè fi ìdí èkejì múlẹ̀.
10 ၁၀ ယေရှုခရစ်သည်ဘုရားသခင်၏အလိုတော် ကိုလိုက်၍ မိမိကိုယ်ခန္ဓာကိုတစ်ခါတည်း အပြီးအပိုင်တင်လှူပူဇော်တော်မူသဖြင့် ငါတို့အပေါင်းသည်သန့်စင်မှုကိုရရှိကြ၏။
Nípa ìfẹ́ náà ni a ti sọ wá di mímọ́ nípa ẹbọ ti Jesu Kristi fi ara rẹ̀ rú lẹ́ẹ̀kan ṣoṣo.
11 ၁၁ ယုဒယဇ်ပုရောဟိတ်သည်နေ့စဉ်နေ့တိုင်း မိမိ ၏ဝတ္တရားကိုရပ်၍ ဆောင်ရွက်လျက်အဘယ် အခါ၌မျှ အပြစ်ဖြေနိုင်စွမ်းမရှိသည့်ယဇ် ကိုအဖန်တလဲလဲပူဇော်ရ၏။-
Àti olúkúlùkù àlùfáà sì ń dúró lójoojúmọ́ láti ṣiṣẹ́ ìsìn, ó sì ń ṣe ẹbọ kan náà nígbàkígbà, tí kò lè mú ẹ̀ṣẹ̀ kúrò láé.
12 ၁၂ သို့သော်ခရစ်တော်မူကားအပြစ်များကို ဖြေရန် အခါခပ်သိမ်းအတွက်ယဇ်တစ်ခု တည်းကိုပူဇော်တော်မူ၏။ ထို့နောက်ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်တော် မူပြီးလျှင်၊-
Ṣùgbọ́n òun, lẹ́yìn ìgbà tí o ti rú ẹbọ kan fún ẹ̀ṣẹ̀ títí láé, o jókòó lọ́wọ́ ọ̀tún Ọlọ́run;
13 ၁၃ ဘုရားသခင်သည်မိမိ၏ခြေဖဝါးတော် အောက်သို့ရန်သူများရောက်ရှိလာစေတော်မူ သည်တိုင်အောင်စောင့်ဆိုင်းလျက်နေတော်မူ၏။-
láti ìgbà náà, ó retí títí a o fi àwọn ọ̀tá rẹ̀ ṣe àpótí ìtìsẹ̀ rẹ̀.
14 ၁၄ ကိုယ်တော်သည်မိမိကိုယ်ကိုတစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်မှသန့်စင်လာ သူတို့အားထာဝစဉ်အပြစ်ဆိုဖွယ်မရှိ သူများဖြစ်လာစေတော်မူသတည်း။
Nítorí nípa ẹbọ kan a ti mú àwọn tí a sọ di mímọ́ pé títí láé.
15 ၁၅ သန့်ရှင်းသောဝိညာဉ်တော်ကလည်း၊ ``နောင်အခါသူတို့နှင့်ငါပြုမည့်ပဋိညာဉ် များမူကား၊ ငါသည်သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်ကိုထည့်သွားမည်။ သူတို့၏နှလုံးသားပေါ်တွင်ရေးထားမည်'' ဟုဦးစွာပထမသက်သေခံတော်မူ၏။-
Ẹ̀mí Mímọ́ sì ń jẹ́rìí fún wa pẹ̀lú, nítorí lẹ́yìn tí ó wí pé,
“Èyí ni májẹ̀mú ti èmi o ba wọn dá lẹ́hìn àwọn ọjọ́ wọ̀nyí, ni Olúwa wí. Èmi o fi òfin mi sí wọn ní ọkàn, inú wọn pẹ̀lú ni èmi o sì kọ wọn sí.”
17 ၁၇ ထိုနောက်သန့်ရှင်းသောဝိညာဉ်တော်က``သူတို့ ၏အပြစ်များနှင့်ဆိုးသွမ်းမှုများကို ငါသတိ ရတော့မည်မဟုတ်'' ဟုမိန့်တော်မူပေသည်။-
Ó tún sọ wí pé: “Ẹ̀ṣẹ̀ wọn àti àìṣedéédéé wọn lèmi kì yóò sì rántí mọ́.”
18 ၁၈ ဤသို့အပြစ်များဖြေလွှတ်ခွင့်ရရှိကြသော အခါ အပြစ်ဖြေရာပူဇော်သကာများကိုဆက် သရန်လိုတော့မည်မဟုတ်ပေ။
Ṣùgbọ́n níbi tí ìmúkúrò ìwọ̀nyí bá gbé wà, ìrúbọ fún ẹ̀ṣẹ̀ kò sí mọ́.
19 ၁၉ သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။-
Ará, ǹjẹ́ bí a ti ní ìgboyà láti wọ inú Ibi Mímọ́ Jùlọ nípasẹ̀ ẹ̀jẹ̀ Jesu,
20 ၂၀ ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။-
nípa ọ̀nà títún àti ààyè, tí o yà sí mímọ́ fún wa, àti láti kọjá aṣọ ìkélé èyí yìí ní, ara rẹ̀;
21 ၂၁ ငါတို့တွင်ဘုရားသခင်၏အိမ်ထောင်ကို အုပ်စိုးသည့်ယဇ်ပုရောဟိတ်ကြီးရှိ၏။-
àti bí a ti ni àlùfáà gíga lórí ilé Ọlọ́run;
22 ၂၂ သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ẹ jẹ́ kí a fi òtítọ́ ọkàn súnmọ́ tòsí ni ẹ̀kún ìgbàgbọ́, kí a sì wẹ ọkàn wa mọ́ kúrò nínú ẹ̀rí ọkàn búburú, kí a sì fi omi mímọ́ wẹ ara wa nù.
23 ၂၃ ငါတို့သည်ဘုရားသခင်၏ကတိတော်ကို စိတ်ချယုံကြည်နိုင်သည်ဖြစ်၍ မိမိတို့ဝန်ခံ သောမျှော်လင့်ခြင်းကိုစွဲမြဲစွာဆုပ်ကိုင်ထား ကြကုန်အံ့။-
Ẹ jẹ́ kí a di ìjẹ́wọ́ ìrètí wa mu ṣinṣin ni àìṣiyèméjì, nítorí pé olóòtítọ́ ní ẹni tí o ṣe ìlérí.
24 ၂၄ ငါတို့သည်တစ်ယောက်ကိုတစ်ယောက်အလေး ဂရုပြုလျက် ကူညီယိုင်းပင်းလျက်မေတ္တာထား လျက်ကျေးဇူးပြုလျက်နေကြကုန်အံ့။-
Ẹ jẹ́ kí a yẹ ara wa wò láti ru ara wa sí ìfẹ́ àti sí iṣẹ́ rere,
25 ၂၅ အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။
kí a ma máa kọ ìpéjọpọ̀ ara wa sílẹ̀, gẹ́gẹ́ bi àṣà àwọn ẹlòmíràn; ṣùgbọ́n kí a máa gba ara ẹni níyànjú pẹ̀lúpẹ̀lú bí ẹ̀yin ti rí i pé ọjọ́ náà ń súnmọ́ etílé.
26 ၂၆ ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-
Nítorí bí àwa ba mọ̀ ọ́n mọ̀ dẹ́ṣẹ̀ lẹ́yìn ìgbà tí àwa bá ti gba ìmọ̀ òtítọ́ kò tún sí ẹbọ fún ẹ̀ṣẹ̀ mọ́.
27 ၂၇ ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
Bí kò ṣe ìrètí ìdájọ́ tí ó ba ni lẹ́rù, àti ti ìbínú ti o múná, tí yóò pa àwọn ọ̀tá run.
28 ၂၈ မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။-
Ẹnikẹ́ni tí ó ba gan òfin Mose, ó kú láìsí àánú nípa ẹ̀rí ẹni méjì tàbí mẹ́ta.
29 ၂၉ ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
Mélòó mélòó ni ẹ rò pé a o jẹ ẹni náà ní ìyà kíkan, ẹni tí o tẹ Ọmọ Ọlọ́run mọ́lẹ̀ tí ó sì ti ka ẹ̀jẹ̀ májẹ̀mú ti a fi sọ ọ́ di mímọ́ si ohun àìmọ́, tí ó sì ti kẹ́gàn ẹ̀mí oore-ọ̀fẹ́.
30 ၃၀ ``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-
Nítorí àwa mọ ẹni tí o wí pé, Ẹ̀san ni ti èmi, Olúwa wí pé, “Èmi ó gbẹ̀san.” Àti pẹ̀lú, “Olúwa yóò ṣe ìdájọ́ àwọn ènìyàn rẹ̀.”
31 ၃၁ အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။
Ohun ẹ̀rù ni láti ṣubú sí ọwọ́ Ọlọ́run alààyè.
32 ၃၂ ယခင်နေ့ရက်များကိုသတိရကြလော့။ ထို စဉ်အခါကသင်တို့သည်ဘုရားသခင် ၏အလင်းတော်ကိုခံယူရရှိပြီးနောက် ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားကြ ရသော်လည်းခံနိုင်ရည်ရှိခဲ့ကြ၏။-
Ṣùgbọ́n ẹ rántí ọjọ́ ìṣáájú nínú èyí tí, nígbà tí a ti sí yin lójú, ẹ fi ara da wàhálà ńlá ti ìjìyà;
33 ၃၃ သင်တို့သည်တစ်ခါတစ်ရံလူတို့ရှေ့တွင် ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံကြရ၏။ တစ်ခါတစ်ရံ အခြားသူတို့ကဲ့ရဲ့ညှဉ်းဆဲခြင်းခံရသော အခါ၌ သင်တို့လည်းပါဝင်ကဲ့ရဲ့ညှဉ်းဆဲ ခြင်းခံရန်အသင့်ရှိကြသည်။-
lápákan, nígbà tí a sọ yín di ìran wíwò nípa ẹ̀gàn àti ìpọ́njú; àti lápákan, nígbà tí ẹ̀yin di ẹgbẹ́ àwọn tí a ṣe bẹ́ẹ̀ si.
34 ၃၄ သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
Nítorí ẹ̀yin bá àwọn tí ó wà nínú ìdè kẹ́dùn, ẹ sì fi ayọ̀ gba ìkólọ ẹrù yin, nítorí ẹ̀yin mọ nínú ara yin pé, ẹ ni ọrọ̀ tí ó wà títí, tí ó sì dára jù bẹ́ẹ̀ lọ.
35 ၃၅ သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-
Nítorí náà ẹ má ṣe gbé ìgboyà yín sọnù, èyí ti o ni èrè ńlá.
36 ၃၆ ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
Nítorí ẹ̀yin kò le ṣe aláìní sùúrù, nítorí ìgbà tí ẹ̀yin bá ti ṣe ìfẹ́ Ọlọ́run tan kí ẹ̀yin le gba ìlérí náà.
37 ၃၇ ``ကြွလာတော်မူမည့်အရှင်သည်အချိန် အနည်းငယ်အတွင်း၌ကြွလာတော်မူလိမ့် မည်။ နှောင့်နှေးလျက်နေတော်မူလိမ့်မည်မဟုတ်။
Nítorí, “Ni ìwọ̀n ìgbà díẹ̀ sí i, ẹni náà ti ń bọ̀ yóò dé, kí yóò sì jáfara.
38 ၃၈ ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။ သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်'' ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။-
Ṣùgbọ́n, “Olódodo ni yóò yè nípa ìgbàgbọ́. Ṣùgbọ́n bí o ba fàsẹ́yìn, ọkàn mi kò ní inú dídùn sí i.”
39 ၃၉ ငါတို့သည်တွန့်ဆုတ်သဖြင့်ဆုံးပါးပျက် စီးရသူများမဟုတ်ဘဲ ယုံကြည်သဖြင့် ကယ်တင်ခြင်းကိုခံရသူများဖြစ်ကြ၏။
Ṣùgbọ́n àwa kò sí nínú àwọn tí ń fàsẹ́yìn sínú ègbé; bí kò ṣe nínú àwọn tí o gbàgbọ́ sí ìgbàlà ọkàn.