< ဟေဗြဲ 10 >

1 ယု​ဒ​ပ​ညတ်​တ​ရား​သည်​စစ်​မှန်​သည့်​အ​ရာ များ​၏ တိ​ကျ​မှန်​ကန်​သော​ပုံ​တူ​မ​ဟုတ်​ပေ။ သက်​ရောက်​လတ္တံ့​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ၏​အ​ရိပ်​အ​ရောင်​မျှ​ကို​သာ​ဖော်​ပြ​ပေ​သည်။ ပ​ညတ်​တ​ရား​အ​ရ​နှစ်​စဉ်​နှစ်​တိုင်း​ယဇ်​ကို ပူ​ဇော်​ကြ​ရ​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​သူ​တို့​အား အ​ဘယ်​သို့​လျှင်​ပြည့်​ဝ​စုံ​လင်​သူ​များ​ဖြစ် လာ​စေ​နိုင်​ပါ​မည်​နည်း။-
Since the law has only a shadow of the good things to come and not the true form of those things, the same sacrifices offered year after year can never perfect those who draw near to worship.
2 အ​ကယ်​၍​သာ​ယင်း​သို့​ဖြစ်​လာ​စေ​နိုင်​မည်​ဆို ပါ​က၊ ကိုး​ကွယ်​ဝတ်​ပြု​သူ​တို့​သည်​တစ်​ခါ​တည်း သန့်​စင်​၍​သွား​ကြ​မည်​ဖြစ်​ရာ မိ​မိ​တို့​တွင် အ​ပြစ်​ရှိ​နေ​သေး​သည်​ဟူ​၍​မ​ထင်​မှတ်​ကြ တော့​ဘဲ​ယဇ်​များ​ကို​ပူ​ဇော်​ကြ​တော့​မည် မ​ဟုတ်​ပေ။-
Otherwise, would they not have ceased to be offered, since the worshipers would have been purified once and for all, and would no longer have any consciousness of their sins?
3 ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။
But year after year they are reminded of their sins by these sacrifices.
4
For it is impossible for the blood of bulls and goats to take away sins.
5 ထို့​ကြောင့်​ခ​ရစ်​တော်​သည် ဤ​လော​က​သို့​ကြွ လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား​သ​ခင်​အား၊ ``ကိုယ်​တော်​သည်​ယဇ်​နှင့်​ပူ​ဇော်​သကာ​ကို အ​လို​ရှိ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အ​တွက်​ကိုယ်​ခန္ဓာ​ကို ပြင်​ဆင်​ထား​တော်​မူ​ပါ​ပြီ။
Therefore, when Christ came into the world, he said, “Sacrifice and offering yoʋ did not desire, but a body yoʋ prepared for me;
6 မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ တို့​ကို ကိုယ်​တော်​နှစ်​သက်​တော်​မ​မူ​ပါ။
in whole burnt offerings and sin offerings yoʋ took no pleasure.
7 သို့​ဖြစ်​၍​ပ​ညတ်​ကျမ်း​တွင်​အ​ကျွန်ုပ်​အ​ကြောင်း​ကို ရေး​သား​ဖော်​ပြ​ထား​သည်​နှင့်​အ​ညီ၊ `အို ဘု​ရား​သ​ခင်၊အ​ကျွန်ုပ်​သည်​အ​လို​တော်​ကို ဆောင်​ရွက်​ရန်​ရောက်​လာ​ပါ​ပြီ' ဟု​အ​ကျွန်ုပ်​ဝန်​ခံ ပါ​၏'' ဟု​လျှောက်​ထား​တော်​မူ​လေ​သည်။-
Then I said, ‘Behold, I have come to do yoʋr will, O God, as it is written about me in the scroll of the book.’”
8 ကိုယ်​တော်​က​မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့်​ပူ​ဇော်​သ​ကာ​များ​သည် ပ​ညတ်​တ​ရား​အ​ရ​ပြု​အပ်​သည့်​ဝတ်​များ​ပင် ဖြစ်​သော်​လည်း ထို​အ​ရာ​များ​ကို​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မ​မူ​ကြောင်း၊ အား​ရ​နှစ်​သက် တော်​မ​မူ​ကြောင်း​ဦး​စွာ​ပ​ထ​မ​ဖော်​ပြ​၏။-
In the passage above he says, “Sacrifice and offering, and whole burnt offerings and sin offerings you did not desire, nor did you take pleasure in them” (although they are offered according to the law),
9 ထို​နောက်``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​အ​လို တော်​ကို​ဆောင်​ရွက်​ရန်​ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု လျှောက်​ထား​၏။ ထို​ကြောင့်​ဘု​ရား​သ​ခင်​သည် ယ​ခင်​တင်​လှူ​ပူ​ဇော်​မှု​အ​ပေါင်း​ကို​ပယ်​ဖျက်​၍ ခ​ရစ်​တော်​၏​တင်​လှူ​ပူ​ဇော်​မှု​ဖြင့်​အ​စား​ထိုး တော်​မူ​သည်။-
Then he adds, “Behold, I have come to do yoʋr will, O God.” He takes away the first in order to establish the second.
10 ၁၀ ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍ မိ​မိ​ကိုယ်​ခန္ဓာ​ကို​တစ်​ခါ​တည်း အ​ပြီး​အ​ပိုင်​တင်​လှူ​ပူ​ဇော်​တော်​မူ​သ​ဖြင့် ငါ​တို့​အ​ပေါင်း​သည်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။
By God's will, we have been sanctified through the offering of the body of Jesus Christ once for all.
11 ၁၁ ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-
Now every priest stands daily at service, offering again and again the same sacrifices that can never take away sins.
12 ၁၂ သို့​သော်​ခ​ရစ်​တော်​မူ​ကား​အ​ပြစ်​များ​ကို ဖြေ​ရန် အ​ခါ​ခပ်​သိမ်း​အ​တွက်​ယဇ်​တစ်​ခု တည်း​ကို​ပူ​ဇော်​တော်​မူ​၏။ ထို့​နောက်​ဘု​ရား သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင်​ထိုင်​တော် မူ​ပြီး​လျှင်၊-
But when Christ had offered for all time one sacrifice for sins, he sat down at the right hand of God,
13 ၁၃ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ခြေ​ဖ​ဝါး​တော် အောက်​သို့​ရန်​သူ​များ​ရောက်​ရှိ​လာ​စေ​တော်​မူ သည်​တိုင်​အောင်​စောင့်​ဆိုင်း​လျက်​နေ​တော်​မူ​၏။-
where he is now waiting until his enemies are made a footstool for his feet.
14 ၁၄ ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​တစ်​ကြိမ်​တည်း ပူ​ဇော်​ခြင်း​အား​ဖြင့် အ​ပြစ်​မှ​သန့်​စင်​လာ သူ​တို့​အား​ထာ​ဝ​စဉ်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ သူ​များ​ဖြစ်​လာ​စေ​တော်​မူ​သ​တည်း။
For by one offering he has perfected for all time those who are being sanctified.
15 ၁၅ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​လည်း၊ ``နောင်​အ​ခါ​သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ် များ​မူ​ကား၊ ငါ​သည်​သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ ငါ​၏​ပ​ညတ်​ကို​ထည့်​သွား​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​ထား​မည်'' ဟု​ဦး​စွာ​ပ​ထ​မ​သက်​သေ​ခံ​တော်​မူ​၏။-
The Holy Spirit also testifies to us about this. First he says,
16 ၁၆
“This is the covenant I will make with them after those days, says the Lord: I will put my laws on their hearts and write them on their minds.”
17 ၁၇ ထို​နောက်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က``သူ​တို့ ၏​အ​ပြစ်​များ​နှင့်​ဆိုး​သွမ်း​မှု​များ​ကို ငါ​သ​တိ ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​ပေ​သည်။-
Then he adds, “Their sins and their lawless deeds I will remember no more.”
18 ၁၈ ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။
Now where there is remission of these, an offering for sin is no longer needed.
19 ၁၉ သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။-
Therefore, brothers, since we have confidence to enter the holy places by the blood of Jesus,
20 ၂၀ ကိုယ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း ဟူ​သော​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​ကို​ဖြတ်​၍ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရာ အ​သက်​လမ်း​သစ်​ကို​ဖွင့်​၍​ပေး​တော်​မူ​ပြီ။-
by the new and living way he opened for us through the veil (that is, through his flesh),
21 ၂၁ ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။-
and since we have a great priest over the house of God,
22 ၂၂ သို့​ဖြစ်​၍​ငါ​တို့​သည်​မိ​မိ​တို့​၏​သန့်​သော သြတ္တပ္ပ​စိတ်​စင်​ကြယ်​လျက် ငါ​တို့​၏​ကိုယ်​ခန္ဓာ များ​ကို​ရေ​စင်​ဖြင့်​ဆေး​ကြော​၍​ရိုး​သား​သော စိတ်၊ ခိုင်​မာ​သော​ယုံ​ကြည်​ခြင်း​တို့​ဖြင့်​ဘု​ရား သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-
let us draw near with true hearts, in full assurance of faith, with our hearts sprinkled clean from an evil conscience and our bodies washed with pure water.
23 ၂၃ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို စိတ်​ချ​ယုံ​ကြည်​နိုင်​သည်​ဖြစ်​၍ မိ​မိ​တို့​ဝန်​ခံ သော​မျှော်​လင့်​ခြင်း​ကို​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား ကြ​ကုန်​အံ့။-
Let us hold fast to the confession of our hope without wavering, for he who promised is faithful.
24 ၂၄ ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-
And let us consider how to spur one another on to love and good works,
25 ၂၅ အ​ချင်း​ချင်း​တွေ့​ဆုံ​ဝတ်​ပြု​သည့်​အ​လေ့​အ​ထ ကို လူ​အ​ချို့​တို့​စွန့်​လွှတ်​သ​ကဲ့​သို့​ငါ​တို့​သည် မ​ပြု​ဘဲ​နေ​ကြ​စို့။ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​နီး​ကပ်​လာ​သည်​ကို​ထောက်​သ​ဖြင့် ငါ​တို့​သည်​ပို​၍​တစ်​ယောက်​ကို​တစ်​ယောက် အား​ပေး​ကြ​ကုန်​အံ့။
not neglecting to meet together, as is the habit of some, but encouraging one another, and all the more as you see the Day drawing near.
26 ၂၆ ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-
For if we continue sinning deliberately after receiving the knowledge of the truth, there no longer remains a sacrifice for sins,
27 ၂၇ ငါ​တို့​သည်​တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း ကောင်း၊ ဘု​ရား​သ​ခင်​ကို​အ​တိုက်​အ​ခံ​ပြု​သူ တို့​အား​ကျွမ်း​လောင်​စေ​မည့်​အ​မျက်​တော်​မီး ကို​လည်း​ကောင်း​ကြောက်​ရွံ့​တုန်​လှုပ်​လျက်​စောင့် မျှော်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။-
but only a fearful expectation of judgment, and a fury of fire that will consume God's adversaries.
28 ၂၈ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-
Anyone who has rejected the law of Moses dies without mercy on the testimony of two or three witnesses.
29 ၂၉ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-
How much worse punishment do you think will be deserved by someone who has trampled the Son of God underfoot, who has profaned the blood of the covenant by which he was sanctified, and who has insulted the Spirit of grace?
30 ၃၀ ``ငါ​သည်​လက်​စား​ချေ​မည်၊ ငါ​သည်​ဆပ်​ပေး မည်'' ဟူ​၍​လည်း​ကောင်း``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ မည်'' ဟူ​၍​လည်း​ကောင်း မိန့်​တော်​မူ​သော​အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​ငါ​တို့​သိ​ကြ​၏။-
For we know him who said, “Vengeance is mine; I will repay, says the Lord.” And again, “The Lord will judge his people.”
31 ၃၁ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ လက်​တော်​သို့​ကျ​ရောက်​ရ​ခြင်း​သည် ကြောက် မက်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။
It is a fearful thing to fall into the hands of the living God.
32 ၃၂ ယ​ခင်​နေ့​ရက်​များ​ကို​သ​တိ​ရ​ကြ​လော့။ ထို စဉ်​အ​ခါ​က​သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​အ​လင်း​တော်​ကို​ခံ​ယူ​ရ​ရှိ​ပြီး​နောက် ဆင်း​ရဲ​ဒုက္ခ​ကို​ပြင်း​ထန်​စွာ​ခံ​စား​ကြ ရ​သော်​လည်း​ခံ​နိုင်​ရည်​ရှိ​ခဲ့​ကြ​၏။-
But remember the earlier days when, after you were enlightened, you endured a hard struggle in the face of suffering.
33 ၃၃ သင်​တို့​သည်​တစ်​ခါ​တစ်​ရံ​လူ​တို့​ရှေ့​တွင် ကဲ့​ရဲ့ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ကြ​ရ​၏။ တစ်​ခါ​တစ်​ရံ အ​ခြား​သူ​တို့​ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​၌ သင်​တို့​လည်း​ပါ​ဝင်​ကဲ့​ရဲ့​ညှဉ်း​ဆဲ ခြင်း​ခံ​ရန်​အ​သင့်​ရှိ​ကြ​သည်။-
At times you were publicly exposed to reproach and affliction, and at other times you were partners with those who were treated that way.
34 ၃၄ သင်​တို့​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​တို့​အ​တွက် ကြောင့် ကြင်​နာ​သော​စိတ်​ရှိ​ကြ​၏။ မိ​မိ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ သည်​ကို​လည်း​ဝမ်း​မြောက်​စွာ​ခံ​ကြ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​မိ​မိ​တို့​၌​ထို​အ​ရာ​များ ထက်​ပို​၍ ကောင်း​မြတ်​တည်​မြဲ​သည့်​အ​ရာ ရှိ​ကြောင်း​ကို​သိ​ကြ​သော​ကြောင့်​ပင်​ဖြစ် ပေ​သည်။-
For you sympathized with me when I was in prison, and you accepted the plundering of your possessions with joy, knowing that you have for yourselves a better and lasting possession in heaven.
35 ၃၅ သို့​ဖြစ်​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ရဲ​စွမ်း သတ္တိ​ရှိ​ခြင်း​သည်​ကြီး​မြတ်​သော​ဆု​လာဘ် ကို​ရ​ရှိ​စေ​လိမ့်​မည်။-
Therefore do not throw away your confidence, which has a great reward.
36 ၃၆ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​လိုက်​လျှောက် နိုင်​ရန်​နှင့် က​တိ​တော်​နှင့်​အ​ညီ​ခံ​စား​နိုင်​ရန် သင်​တို့​သည်​သည်း​ခံ​စိတ်​ရှိ​ရ​မည်။
For you have need of endurance, so that when you have done the will of God, you will receive what was promised.
37 ၃၇ ``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန် အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။ နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။
“For in just a little while, he who is coming will come and not delay.
38 ၃၈ ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-
But the righteous one will live by faith; and if he shrinks back, my soul will take no pleasure in him.”
39 ၃၉ ငါ​တို့​သည်​တွန့်​ဆုတ်​သ​ဖြင့်​ဆုံး​ပါး​ပျက် စီး​ရ​သူ​များ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သ​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​၏။
But we are not among those who shrink back and are destroyed, but among those who have faith and preserve their souls.

< ဟေဗြဲ 10 >