< ဟေဗြဲ 1 >
1 ၁ အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။-
At sundry times and in diuers maners God spake in the olde time to our fathers by the Prophetes:
2 ၂ သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။- (aiōn )
in these last dayes hee hath spoken vnto vs by his Sonne, Whom he hath made heire of al things, by whome also he made the worldes, (aiōn )
3 ၃ သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
Who being the brightnes of the glory, and the ingraued forme of his person, and bearing vp all things by his mightie worde, hath by himselfe purged our sinnes, and sitteth at the right hand of the Maiestie in the highest places,
4 ၄ သားတော်အားဘုရားသခင်ပေးအပ်တော်မူ သောဘွဲ့နာမတော်သည် ကောင်းကင်တမန်တို့၏ အမည်နာမထက်ကြီးမြတ်တော်မူသည်နည်းတူ သားတော်သည်ကောင်းကင်တမန်များထက်သာ လွန်ကြီးမြတ်တော်မူပေသည်။-
And is made so much more excellent then the Angels, in as much as hee hath obteined a more excellent Name then they.
5 ၅ ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊ အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်း မိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-
For vnto which of the Angels saide he at any time, Thou art my Sonne, this day begate I thee? and againe, I will be his Father, and he shalbe my Sonne?
6 ၆ သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်'' ဟုမိန့်တော်မူ၏။-
And againe, when he bringeth in his first begotten Sonne into the worlde, hee saith, And let all the Angels of God worship him.
7 ၇ ကောင်းကင်တမန်များအကြောင်းကိုဖော်ပြရာ၌ ``ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို လေကဲ့သို့ဖြစ်စေတော်မူ၏။ မိမိ၏အစေခံများကိုမီးလျှံကဲ့သို့ဖြစ်စေ တော်မူ၏'' ဟုမိန့်တော်မူ၏။-
And of the Angels he saith, He maketh the spirites his messengers, and his ministers a flame of fire.
8 ၈ သို့ရာတွင်သားတော်အားမိန့်တော်မူသော အခါ၌ကိုယ်တော်က၊ ``အို ဘုရားသခင်၊ကိုယ်တော်၏နိုင်ငံတော်သည် ကာလအစဉ်တည်လိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား တရားမျှတစွာအုပ်စိုးပါ၏။ (aiōn )
But vnto the Sonne he saith, O God, thy throne is for euer and euer: the scepter of thy kingdome is a scepter of righteousnes. (aiōn )
9 ၉ ကိုယ်တော်သည်အမှန်ကိုနှစ်သက်တော်မူ၍ အမှားကိုမုန်းတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်၏ဘုရားတည်းဟူသော ဘုရားသခင်သည် ကိုယ်တော်အားရွေးချယ်၍ကိုယ်တော်၏ အပေါင်းအဖော်တို့ထက်ပိုမိုချီးမြှင့်ကာ ရွှင်လန်းဝမ်းမြောက်ခွင့်ကိုပေးတော်မူပေသည်'' ဟုမိန့်တော်မူ၏။-
Thou hast loued righteousnes and hated iniquitie. Wherefore God, eue thy God, hath anointed thee with the oyle of gladnes aboue thy fellowes.
10 ၁၀ ထိုနောက်ကိုယ်တော်က၊ ``အို ထာဝရဘုရားရှင်၊ကိုယ်တော်သည်အစ မူလက ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်တိုင်လက်တော်ဖြင့်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူပါ၏။
And, Thou, Lord, in the beginning hast established the earth, and the heauens are the workes of thine handes.
11 ၁၁ ထိုအရာတို့သည်ယိုယွင်းပျက်စီးသွား ကြမည်ဖြစ်သော်လည်း၊ ကိုယ်တော်ရှင်မူကားအမြဲတည်တော်မူပါ၏။ ထိုအရာအားလုံးသည်အဝတ်အထည်များ ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။
They shall perish, but thou doest remaine: and they all shall waxe olde as doeth a garment.
12 ၁၂ ကိုယ်တော်ရှင်သည်ဝတ်လုံအင်္ကျီကိုလိပ်သကဲ့သို့ ထိုအရာများကိုလိပ်တော်မူလိမ့်မည်။ ထိုအရာများသည်အဝတ်အထည်များကဲ့သို့ ပြောင်းလဲလိမ့်မည်။ သို့ရာတွင်ကိုယ်တော်မူကားပြောင်းလဲတော် မမူပါ။ အသက်တော်သည်ကုန်ဆုံးလိမ့်မည်မဟုတ်ပါ'' ဟုမိန့်တော်မူ၏။
And as a vesture shalt thou folde them vp, and they shall be changed: but thou art the same, and thy yeeres shall not faile.
13 ၁၃ ဘုရားသခင်က၊ ``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
Vnto which also of the Angels saide he at any time, Sit at my right hand, til I make thine enemies thy footestoole?
14 ၁၄ ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
Are they not al ministring spirits, sent forth to minister, for their sakes which shalbe heires of saluation?