< ဟဂ္ဂဲ 2 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နှစ်​သတ္တ​မ​လ​နှစ် ဆယ့်​တစ်​ရက်​နေ့​၌ ပ​ရော​ဖက်​ဟ္ဂဲ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​က၊-
In the seventh month, in the twenty-first day of the month, the LORD’s word came by Haggai the prophet, saying,
2 ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊-
“Speak now to Zerubbabel the son of Shealtiel, governor of Judah, and to Joshua the son of Jehozadak, the high priest, and to the remnant of the people, saying,
3 ``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''
‘Who is left among you who saw this house in its former glory? How do you see it now? Is not it in your eyes as nothing?
4 သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
Yet now be strong, Zerubbabel,’ says the LORD. ‘Be strong, Joshua son of Jehozadak, the high priest. Be strong, all you people of the land,’ says the LORD, ‘and work, for I am with you,’ says the LORD of Armies.
5 အီ​ဂျစ်​ပြည်​မှ​သင်​တို့​ပြန်​လာ​ကြ​စဉ် အ​ခါ​က ငါ​သည်​သင်​တို့​နှင့်​အ​စဉ်​အ​တူ ရှိ​မည်​ဟု​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ယ​ခု တိုင်​အောင်​ပင်​သင်​တို့​နှင့်​ငါ​အ​တူ​ရှိ​၏။ သို့​ဖြစ်​၍​မ​ကြောက်​ကြ​နှင့်။''
This is the word that I covenanted with you when you came out of Egypt, and my Spirit lived among you. ‘Do not be afraid.’
6 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​မ​ကြာ​မီ​ပင်​မိုး​ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​လည်း​ကောင်း၊ ကုန်း​နှင့်​ပင်​လယ် ကို​လည်း​ကောင်း​တုန်​လှုပ်​စေ​၍၊-
For this is what the LORD of Armies says: ‘Yet once more, it is a little while, and I will shake the heavens, the earth, the sea, and the dry land;
7 လူ​မျိုး​တ​ကာ​တို့​အား​ဖြို​ခွင်း​ပစ်​မည်။ ထို သူ​တို့​၏​ရွှေ​ငွေ​ဘဏ္ဍာ​များ​ကို ဤ​အ​ရပ်​သို့ လူ​တို့​အား​ယူ​ဆောင်​လာ​စေ​မည်။ ဗိ​မာန် တော်​သည်​လည်း​ရွှေ​ငွေ​ဘဏ္ဍာ​များ​ဖြင့် ပြည့်​နှက်​လျက်​နေ​လိမ့်​မည်​ဟု အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
and I will shake all nations. The treasure of all nations will come, and I will fill this house with glory, says the LORD of Armies.
8 ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​ရွှေ​ငွေ​တို့​ကို ငါ​ပိုင်​၏​ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
The silver is mine, and the gold is mine,’ says the LORD of Armies.
9 ဗိ​မာန်​တော်​သစ်​သည်​ဗိ​မာန်​တော်​ဟောင်း ထက်​ပို​၍​တင့်​တယ်​လှ​ပ​လိမ့်​မည်။ ထို​အ​ရပ် တွင်​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​စား​စေ​၍ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို ပေး​မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​၏။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
‘The latter glory of this house will be greater than the former,’ says the LORD of Armies; ‘and in this place I will give peace,’ says the LORD of Armies.”
10 ၁၀ ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​သည်​ပ​ရော​ဖက်​ဟ္ဂဲ​ထံ​ရောက်​လာ​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``အ​ကယ်​၍​လူ​တစ် ဦး​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​ထား​သည့်​အ​မဲ​သား​ကို မိ​မိ​၏ ဝတ်​လုံ​အ​မြိတ်​ဖြင့်​ထုပ်​၍​ယူ​ဆောင်​ခဲ့ ပြီး​နောက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​သို့​မ​ဟုတ် မည်​သည့်​အ​စား​အ​စာ​မျိုး​ကို​မ​ဆို​ဝတ် လုံ​နှင့်​ထိ​မိ​လျှင် ထို​အ​စား​အ​စာ​များ သည်​လည်း​ဆက်​ကပ်​ပူ​ဇော်​ရာ​အ​စား အ​စာ​များ​ဖြစ်​သွား​မည်​မ​သွား​မည် ကို ပ​ညတ်​တော်​အ​ရ​အ​ဆုံး​အ​ဖြတ် ပေး​ရန်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​မေး​မြန်း လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။ ထို​ပြ​ဿ​နာ​ကို​တင်​ပြ​သော​အ​ခါ​ယဇ် ပု​ရော​ဟိတ်​တို့​က``ထို​အ​စား​အ​စာ​များ သည်​သန့်​စင်​၍​မ​သွား​ပါ'' ဟု​ဖြေ​ကြား ကြ​၏။
In the twenty-fourth day of the ninth month, in the second year of Darius, the LORD’s word came by Haggai the prophet, saying,
11 ၁၁
“The LORD of Armies says: Ask now the priests concerning the law, saying,
12 ၁၂
‘If someone carries holy meat in the fold of his garment, and with his fold touches bread, stew, wine, oil, or any food, will it become holy?’” The priests answered, “No.”
13 ၁၃ ထို​အ​ခါ​ဟ္ဂဲ​က​လူ​တစ်​ဦး​တစ်​ယောက် သည် လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​ညစ်​ညမ်း ၍​သွား​သည်​ဆို​ငြား​အံ့။ ထို့​နောက်​အ​ကယ် ၍​သူ​သည်​အ​ထက်​ဖော်​ပြ​ပါ​အ​စား​အ​စာ များ​ကို​ထိ​မိ​ခဲ့​သော် ထို​အ​ရာ​တို့​သည် လည်း​ညစ်​ညမ်း​၍​သွား​ပါ​မည်​လော​ဟု မေး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က``ထို​အ​ရာ​တို့​သည် ညစ်​ညမ်း​၍​သွား​ပါ​မည်'' ဟု​ဆို​ကြ​၏။
Then Haggai said, “If one who is unclean by reason of a dead body touches any of these, will it be unclean?” The priests answered, “It will be unclean.”
14 ၁၄ ထို​အ​ခါ​ဟ္ဂဲ​က​ထို​နည်း​တူ​စွာ​ဤ​တိုင်း ပြည်​သား​များ​တို့​နှင့် သူ​တို့​လုပ်​ဆောင် သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ညစ်​ညမ်း သ​ဖြင့် ယဇ်​ပလ္လင်​ပေါ်​တွင်​သူ​တို့​တင်​လှူ​သည့် ပူ​ဇော်​သကာ​မှန်​သ​မျှ​သည်​လည်း ညစ်​ညမ်း ကြောင်း​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ ၏'' ဟု​ဆို​လေ​သည်။
Then Haggai answered, “‘So is this people, and so is this nation before me,’ says the LORD; ‘and so is every work of their hands. That which they offer there is unclean.
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊-
Now, please consider from this day and backward, before a stone was laid on a stone in the LORD’s temple.
16 ၁၆ သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-
Through all that time, when one came to a heap of twenty measures, there were only ten. When one came to the wine vat to draw out fifty, there were only twenty.
17 ၁၇ ငါ​သည်​သင်​တို့​ကြိုး​စား​၍​စိုက်​ပျိုး​သ​မျှ သော သီး​နှံ​ပင်​များ​ကို​လေ​ပူ​အား​ဖြင့်​လည်း ကောင်း၊ ပိုး​ထိ​၍​နွမ်း​ရိ​စေ​ခြင်း​ဖြင့်​လည်း ကောင်း၊ မိုး​သီး​များ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ခဲ့​၏။ သို့​နှင့်​လည်း​သင်​တို့ သည်​နောင်​တ​မ​ရ​ကြ။-
I struck you with blight, mildew, and hail in all the work of your hands; yet you did not turn to me,’ says the LORD.
18 ၁၈ ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-
‘Consider, please, from this day and backward, from the twenty-fourth day of the ninth month, since the day that the foundation of the LORD’s temple was laid, consider it.
19 ၁၉ သင်​တို့​တွင်​ဂျုံ​စ​ပါး​မ​ကျန်​မ​ရှိ​တော့​ဘဲ စ​ပျစ်​ပင်​များ၊ သ​ဖန်း​ပင်​များ​နှင့်​သံ​လွင် ပင်​များ​လည်း​အ​သီး​မ​သီး​ကြ​သေး။ သို့ ရာ​တွင်​ငါ​သည်​ယ​ခု​မှ​စ​၍​သင်​တို့​အား ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။
Is the seed yet in the barn? Yes, the vine, the fig tree, the pomegranate, and the olive tree have not produced. From today I will bless you.’”
20 ၂၀ ထို​လ​နှစ်​ဆယ့်​လေး​ရက်​နေ့​၌​ပင်​လျှင် ဒု​တိ​ယ​အ​ကြိမ်၊ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ဟ္ဂဲ​အား၊-
The LORD’s word came the second time to Haggai in the twenty-fourth day of the month, saying,
21 ၂၁ ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊-
“Speak to Zerubbabel, governor of Judah, saying, ‘I will shake the heavens and the earth.
22 ၂၂ တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-
I will overthrow the throne of kingdoms. I will destroy the strength of the kingdoms of the nations. I will overthrow the chariots and those who ride in them. The horses and their riders will come down, everyone by the sword of his brother.
23 ၂၃ ငါ​၏​ကျွန်​ရင်း​ဇေ​ရု​ဗ​ဗေ​လ၊ ထို​နေ့​၌ ငါ​သည်​သင့်​ကို​ခေါ်​ယူ​ကာ​ငါ့​ကိုယ်​စား အုပ်​ချုပ်​စေ​မည်။ သင်​ကား​ငါ​ရွေး​ချယ်​ထား သော​သူ​ပေ​တည်း'' ဟု​မိန့်​တော်​မူ​ပါ​၏။ ဤ ကား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​ဟ္ဂဲ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
In that day, says the LORD of Armies, I will take you, Zerubbabel my servant, the son of Shealtiel,’ says the LORD, ‘and will make you like a signet ring, for I have chosen you,’ says the LORD of Armies.”

< ဟဂ္ဂဲ 2 >