< ဟဂ္ဂဲ 1 >
1 ၁ ပေရသိပြည်ဧကရာဇ်ဒါရိမင်းနန်းစံ ဒုတိယနှစ်ဆဋ္ဌမလတစ်ရက်နေ့၌ ထာဝရ ဘုရားသည်ပရောဖက်ဟ္ဂဲအားဗျာဒိတ် ပေးတော်မူပါ၏။ ထိုဗျာဒိတ်တော်သည်ယုဒ ဘုရင်ခံရှာလသေလ၏သားဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏သား ယောရှုတို့အတွက်ဖြစ်၏။
No segundo ano segundo do rei Dario, no sexto mês, no primeiro dia do mês, veio a palavra do SENHOR, por meio do profeta Ageu, a Zorobabel filho de Sealtiel, governador de Judá, e a Josué filho de Jeozadaque, sumo sacerdote, dizendo:
2 ၂ အနန္တတန်ခိုးရှင်ထာဝရဘုရားကဟ္ဂဲအား``ဤ အချိန်အခါသည် ဗိမာန်တော်ကိုပြန်လည် တည်ဆောက်သင့်သည့်အချိန်အခါမဟုတ် ဟု ဤသူတို့ပြောဆိုကြပေသည်။-''
Assim fala o SENHOR dos exércitos: Este povo diz: O tempo não chegou, o tempo da casa do SENHOR ser reconstruída.
3 ၃ ဟုမိန့်တော်မူပြီးနောက်ပရောဖက်ဟ္ဂဲမှ တစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော် ကပြည်သူတို့အား၊-
Veio, pois, a palavra do SENHOR por meio do profeta Ageu, dizendo:
4 ၄ ``ငါ၏လူမျိုးတော်၊ သင်တို့သည်အိမ်ရာ ကောင်းကောင်းများတွင်နေထိုင်နေကြသော် လည်း ငါ၏ဗိမာန်တော်သည်ယိုယွင်းပျက် စီးလျက်နေပါသည်တကား။-''
Por acaso é para vós tempo de morar em vossas casas com telhado, e esta casa ficar deserta?
5 ၅ အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
Pois assim diz o SENHOR dos exércitos: Considerai vossos caminhos.
6 ၆ သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
Semeais muito, mas colheis pouco; comeis, mas não vos fartais; bebeis, mas não vos satisfazeis; vós vos vestis, mas não vos aqueceis; e o assalariado recebe seu salário em bolsa furada.
7 ၇ အဘယ်ကြောင့်ဤသို့ဖြစ်ပျက်ရသည်ကို သင်တို့မသိမမြင်နိုင်ကြပါသလော။-''
Assim diz o SENHOR dos exércitos: Considerai vossos caminhos.
8 ၈ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယခု ပင်တောင်ကုန်းများပေါ်သို့တက်၍သစ်များ ကိုယူဆောင်လာကာ ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ကြလော့၊ ထိုအခါငါသည်နှစ် သက်အားရလာလိမ့်မည်။ ပြီးလျှင်ငါ့အား ထိုက်သင့်သည့်အတိုင်းဝတ်ပြုကိုးကွယ် နိုင်ကြလိမ့်မည်ဟုအနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။''
Subi vós à montanha, trazei madeira, e reconstruí a casa; e dela me agradarei, e serei glorificado, diz o SENHOR.
9 ၉ ``သင်တို့သည်အသီးအနှံအမြောက်အမြား ကို ရိတ်သိမ်းရလိမ့်မည်ဟုမျှော်လင့်ခဲ့သော် လည်း အနည်းငယ်မျှသာရကြ၏။ အိမ်သို့ ယူဆောင်လာကြသောအခါ၌လည်း ငါ သည်ယင်းတို့ကိုလေတွင်လွင့်စင်သွား စေခဲ့၏။ အဘယ်ကြောင့်ဤသို့ငါပြုရ သနည်းဆိုသော်သင်တို့အားလုံးပင် မိမိ တို့နေအိမ်များကိုတည်ဆောက်မှုဖြင့်အလုပ် ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူယိုယွင်းပျက် စီးလျက်သာရှိနေစေကြသောကြောင့်ဖြစ် ၏ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။-''
Esperastes por muito, e alcançastes pouco; e quando o trouxestes para casa, eu soprei nisso. Por que isto?, diz o SENHOR dos exércitos. Porque minha casa está deserta, e cada um de vós corre para sua própria casa.
10 ၁၀ ဤအကြောင်းကြောင့်ပင်လျှင်မိုးသည်ခေါင် လျက် အဘယ်အသီးအနှံကိုမျှသင်တို့ သည်စိုက်ပျိုး၍မရကြ။-
Por isso que os céus detêm o orvalho de vós, e a terra detém seus frutos.
11 ၁၁ ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။
E chamei a seca sobre a terra, sobre os montes, sobre o trigo, sobre o suco de uva, sobre o azeite, e sobre tudo o que a terra produz, e sobre os homens sobre e os animais, e sobre todo trabalho manual.
12 ၁၂ ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
Então Zorobabel filho de Sealtiel, Josué filho de Jeozadaque, sumo sacerdote, e todo o resto do povo, ouviram a voz do SENHOR seu Deus, e as palavras do profeta Ageu, como o SENHOR Deus deles havia o enviado; e o povo temeu diante do SENHOR.
13 ၁၃ ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။-
Então Ageu, mensageiro do SENHOR, falou mensagem do SENHOR ao povo, dizendo: Eu estou convosco, diz o SENHOR.
14 ၁၄ ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-
E o SENHOR despertou o espírito de Zorobabel, filho de Sealtiel, governador de Judá, e o espírito de Josué filho de Jeozadaque, sumo sacerdote, e o espírito de todo o resto do povo; e vieram e começaram a obra na casa do SENHOR dos exércitos, Deus deles,
15 ၁၅ ဧကရာဇ်မင်းဒါရိနန်းစံဒုတိယနှစ်၊ ဆဋ္ဌမလ၊ နှစ်ဆယ့်လေးရက်နေ့၌ စတင်ဆောင်ရွက်ကြလေသည်။
No vigésimo quarto dia do sexto mês, no segundo ano do rei Dario.