< ဟဗက္ကုတ် 2 >
1 ၁ ငါသည်လင့်စင်ပေါ်သို့တက်၍မြေကတုတ်ပေါ်မှစောင့်လျက် ထာဝရဘုရားငါပြောရမည့်စကားများကိုအဘယ်သို့မိန့်တော်မူ မည်၊ ငါ၏တိုင်တန်းချက်ကိုအဘယ်သို့ဖြေကြားတော်မူမည်ကိုစောင့်ဆိုင်း၍နေမည်။
Stal bom na svoji straži in se postavil na stolp in stražil bom, da vidim kaj mi bo rekel in kaj bom odgovoril, ko bom pograjan.
2 ၂ ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
Gospod mi je odgovoril in rekel: »Zapiši videnje in ga naredi razločnega na ploščah, da bo lahko tekel, kdor ga bo bral.
3 ၃ ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
Kajti še je videnje za določeni čas, toda ob koncu bo govorilo in ne bo lagalo. Čeprav odlaša, čakaj nanj, kajti zagotovo bo prišlo, ne bo odlašalo.
4 ၄ ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''
Glej, njegova duša, ki je povzdignjena, ni iskrena v njem, toda pravični bo živel po svoji veri.
5 ၅ ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ လောဘရမက်ကြီးသူတို့သည် မာန်မာန ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့ သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့ သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက် သိမ်းယူတတ်လေသည်။- (Sheol )
Da, prav tako, ker greši z vinom, je ponosen človek niti se ne drži doma, ki svojo željo povečuje kakor pekel in je kakor smrt in ne more biti nasičen, temveč k sebi zbira vse narode in k sebi kopiči vsa ljudstva. (Sheol )
6 ၆ စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ မခံသာပြောဆိုလျက်မထီလေးစားပြုကြ လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။
Mar ne bodo vsi ti vzdignili prispodobe zoper njega in zbadljiv pregovor zoper njega in rekli: »Gorje tistemu, ki povečuje to, kar ni njegovo!« Doklej? In tistemu, ki se oblaga z zastavljenimi dobrinami!
7 ၇ အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော သင်တို့သည်အကြွေးတင်နေလျက်အတိုး ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန် လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက် ခိုက်လုယက်ကြလိမ့်မည်။-
Mar se ne bodo nenadoma dvignili tisti, ki te bodo grizli in se prebudili tisti, ki te bodo mučili, ti pa jim boš v plen?
8 ၈ သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့ ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက် မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့ ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့ အားတိုက်ခိုက်လုယက်ကြလိမ့်မည်။
Ker si oplenil mnoge narode, bo ves preostanek ljudstva oplenil tebe zaradi človeške krvi in zaradi nasilja deželi, mestu in vsem, ki prebivajo v njem.
9 ၉ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည် မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့ အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင် ပြုခဲ့ကြပြီ။-
Gorje tistemu, ki hlepi s hudobno pohlepnostjo za svojo hišo, da bi lahko postavil svoje gnezdo na visoko, da bi bil lahko osvobojen pred močjo zla!
10 ၁၀ သို့ရာတွင်သင်တို့၏စီမံကိန်းများကပင် လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင် ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို ယွင်းပျက်စီးရလေပြီ။-
Svetoval si sramoto svoji hiši, s tem, da si uničil mnoga ljudstva in si grešil zoper svojo dušo.
11 ၁၁ အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့ တင်သံပေးကြလေကုန်ပြီ။
Kajti kamen bo vpil iz zidu in bruno iz lesa mu bo odgovarjalo.
12 ၁၂ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-
Gorje tistemu, ki gradi mesto s krvjo in mesto utrjuje s krivičnostjo!
13 ၁၃ သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည် အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့ သမျှသောအဆောက်အဦတို့သည်မီးလောင် ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။-
Glej, mar ni to od Gospoda nad bojevniki, da se bo ljudstvo trudilo v samem ognju in se bo ljudstvo izmučilo za samo ničnost?
14 ၁၄ ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့ သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏ ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့် လျက်နေလိမ့်မည်။
Kajti zemlja bo napolnjena s spoznanjem Gospodove slave, kakor vode pokrivajo morje.
15 ၁၅ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း ထိုး၍နေစေခဲ့၏။-
Gorje mu, ki daje svojemu bližnjemu piti, ki svoje mehove polaga k njemu in ga dela tudi pijanega, da bi lahko gledal na njihovo nagoto!
16 ၁၆ သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက် ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ် ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-
Napolnjen si s sramoto namesto s slavo. Pij tudi ti in naj bo tvoja prednja kožica odkrita. Čaša Gospodove desnice bo obrnjena k tebi in sramotno pljuvanje bo na tvoji slavi.
17 ၁၇ သင်တို့သည်လေဗနုန်သစ်တောများကိုခုတ် လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင် ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင် တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ် ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ ပေါ်ရှိလူများမြို့များကိုအကြမ်းဖက် ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု အရာများဖြစ်ပျက်လာလိမ့်မည်။
Kajti nasilje Libanona te bo pokrilo in plen živali, ki si jih prestrašil zaradi človeške krvi in zaradi nasilja dežele, mesta in vseh, ki prebivajo v njem.
18 ၁၈ ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင် ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့် အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား ရမည်နည်း။ ယင်းသည်စကားမပြောနိုင် သည့်ဘုရားဖြစ်ပါသည်တကား၊-
Kaj koristi rezana podoba, ki jo je njen izdelovalec izrezal; ulita podoba in učiteljica laži, da izdelovalec svojega dela zaupa vanjo, da izdeluje neme malike?
19 ၁၉ သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း မံထားကောင်းထားမည်ဖြစ်သော်လည်း ထိုရုပ်တုတွင်အသက်ကားမရှိ။
Gorje tistemu, ki govori lesu: »Zbudi se.« Nememu kamnu: »Vstani, ta bo učil!« Glej, ta je prevlečen z zlatom in srebrom in tam, v njegovi sredi, sploh ni nobenega diha.
20 ၂၀ ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌ ငြိမ်သက်စွာနေကြစေ။
Toda Gospod je v svojem svetem templju. Naj vsa zemlja ohrani molk pred njim.