< ဟဗက္ကုတ် 2 >
1 ၁ ငါသည်လင့်စင်ပေါ်သို့တက်၍မြေကတုတ်ပေါ်မှစောင့်လျက် ထာဝရဘုရားငါပြောရမည့်စကားများကိုအဘယ်သို့မိန့်တော်မူ မည်၊ ငါ၏တိုင်တန်းချက်ကိုအဘယ်သို့ဖြေကြားတော်မူမည်ကိုစောင့်ဆိုင်း၍နေမည်။
၁ငါသည် ငါ့ လင့်စင် ပေါ် မှာ ရပ် လျက် ၊ ရဲတိုက် ၌ အမြဲနေ လျက် ၊ ငါ့ အား အဘယ်သို့ မိန့် တော်မူမည်ကို၎င်း၊ အပြစ် တင်လျှင် အဘယ်သို့ ပြန် လျှောက်ရမည်ကို၎င်းငါစောင့် ၍ နေစဉ် တွင်၊
2 ၂ ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
၂ထာဝရဘုရား ကလည်း၊ ဘတ်သောသူသည် ပြေး လျက် ဘတ် နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ် မှာ အက္ခရာ တင်၍ ရေးမှတ် လော့။
3 ၃ ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
၃ထိုရူပါရုံ သည် ချိန်းချက် သော အချိန်နှင့်ဆိုင်၍ အမှုကုန် ရသောကာလကို ဆိုလို ၏။ မုသာ နှင့် ကင်းလွတ် ၏။ ဆိုင်း သော်လည်း မြော်လင့် လော့။ နောက် မ ကျဘဲ ဧကန်အမှန် ရောက် လိမ့်မည်။
4 ၄ ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''
၄စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
5 ၅ ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ လောဘရမက်ကြီးသူတို့သည် မာန်မာန ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့ သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့ သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက် သိမ်းယူတတ်လေသည်။- (Sheol )
၅ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ မ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် ၍ စုဝေး စေ၏။ (Sheol )
6 ၆ စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ မခံသာပြောဆိုလျက်မထီလေးစားပြုကြ လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။
၆ထို သူအပေါင်း တို့သည် သူ တဘက် ၌ ပုံ စကားနှင့် ကဲ့ရဲ့ သော နိမိတ် စကားကို သုံးဆောင် လျက် ၊ ကိုယ် မ ပိုင် သော ဥစ္စာကို ဆည်းဖူး သောသူသည် အ မင်္ဂလာရှိ၏။ အဘယ် မျှကာလ ပတ်လုံးကိုယ် အပေါ် မှာ ကြွေး များကို တင် စေပါလိမ့်မည်နည်းဟု မြွက်ဆို ကြမည်မဟုတ်လော။
7 ၇ အကျိုးသင့်အကြောင်းသင့်ကိုမျှမသိမီ သူတစ်ပါးတို့ကိုတိုက်ခိုက်အောင်မြင်ခဲ့သော သင်တို့သည်အကြွေးတင်နေလျက်အတိုး ကိုပေးဆပ်ရန်အတင်းအကြပ်စေခိုင်းခံရ မည်။ ရန်သူတို့သည်လာ၍သင်တို့အားတုန် လှုပ်ချောက်ချားစေလိမ့်မည်။ သင်တို့ကိုတိုက် ခိုက်လုယက်ကြလိမ့်မည်။-
၇သင့် ကို ကိုက် သောသူတို့ သည် ချက်ခြင်း ထ ကြ မည်မ ဟုတ်လော။ နှောင့်ရှက် သောသူတို့ သည် နိုး ကြမည် မဟုတ်လော။ သင်သည် သူ တို့လုယူ ရာဖြစ် လိမ့်မည်။
8 ၈ သင်တို့သည်နိုင်ငံအမြောက်အမြားမှလူတို့ ကိုတိုက်ခိုက်လုယက်ခဲ့လေပြီ။ ယခုအသက် မသေဘဲကျန်ရှိနေသောသူတို့သည် သင်တို့ ကူးလွန်ခဲ့သည့်လူသတ်မှုများကြောင့်လည်း ကောင်း၊ ကမ္ဘာပေါ်ရှိလူများ၊ မြို့များအားအ ကြမ်းဖက်ခဲ့မှုတို့ကြောင့်လည်းကောင်း သင်တို့ အားတိုက်ခိုက်လုယက်ကြလိမ့်မည်။
၈သင် သည် များ စွာသောလူမျိုး တို့ကို လု ယူသောကြောင့် ၊ ကျန် ကြွင်းသော လူမျိုး အပေါင်း တို့သည် သင့် ကို လု ယူကြလိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
9 ၉ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြမ်း ဖက်၍ရရှိသည့်ပစ္စည်းဥစ္စာဖြင့် သင်တို့သည် မိမိတို့မိသားစုကိုကြွယ်ဝချမ်းသာစေ ခဲ့ကြ၏။ ကြိုးစား၍မိမိတို့အသိုက်ကို အမြင့်တွင်ဆောက်သောငှက်ကဲ့သို့ မိမိတို့ အိမ်ကိုဘေးအန္တရာယ်ကင်းဝေးလုံခြုံအောင် ပြုခဲ့ကြပြီ။-
၉မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။
10 ၁၀ သို့ရာတွင်သင်တို့၏စီမံကိန်းများကပင် လျှင် သင်တို့လူမျိုးကိုအရှက်ရစေလေပြီ။ သင်တို့သည်လူမျိုးတကာတို့ကိုသုတ်သင် ဖျက်ဆီးခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်ယို ယွင်းပျက်စီးရလေပြီ။-
၁၀သင်သည် လူ များ တို့ကို လုပ်ကြံ သောအားဖြင့် ကိုယ် အမျိုး ကို အရှက်ကွဲ စေခြင်းငှါကြံစည် ၍၊ ကိုယ် အသက် ကို ပြစ်မှား ပြီ။
11 ၁၁ အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့ တင်သံပေးကြလေကုန်ပြီ။
၁၁အကယ် စင်စစ်ကျောက် တလုံးသည် ကျောက် ထရံ ထဲက ဟစ် ခေါ်၍ ၊ ထုပ် တချောင်းသည် သစ်သား စုထဲက ထူး လေ၏။
12 ၁၂ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ရာဇဝတ်မှုအပေါ်တွင် အုတ်မြစ်ချ၍လူ သတ်မှုဖြင့်မြို့ကိုတည်ထောင်ခဲ့ကြ၏။-
၁၂လူအသက်ကိုသတ် သောအပြစ် နှင့် ရွာ ကို တည် သောသူ၊ အဓမ္မ အမှုနှင့် မြို့ ကို ခိုင်ခံ့ စေသော သူသည် အ မင်္ဂလာ ရှိ၏။
13 ၁၃ သင်တို့နှိမ်နင်းအောင်မြင်သည့်လူမျိုးတို့သည် အချည်းနှီးအလုပ်ကြမ်းကိုလုပ်လျက်ပင်ပန်း နွမ်းနယ်ရကြပေသည်။ သူတို့တည်ဆောက်ခဲ့ သမျှသောအဆောက်အဦတို့သည်မီးလောင် ကျွမ်း၍သွားလေပြီ။ ဤအမှုကားအနန္တ တန်ခိုးရှင်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။-
၁၃လူ များတို့သည် မီး ထဲမှာ လုပ်ဆောင် ၍၊ အမျိုး မျိုး တို့သည် အချည်းနှီး သော အမှု၌ ပင်ပန်း စေခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား စီရင်တော်မူပြီ။
14 ၁၄ ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့ သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏ ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့် လျက်နေလိမ့်မည်။
၁၄အကြောင်း မူကား၊ ပင်လယ် ရေ သည် မိမိနေရာ ကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
15 ၁၅ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း ထိုး၍နေစေခဲ့၏။-
၁၅မိမိ အိမ်နီးချင်း ၌ အဝတ် အချည်းစည်းရှိခြင်းကို မြင် လို ၍၊ သူ့ကို ယစ်မူး စေခြင်းငှါသေရည် သေရက်ကို လောင်း ၍ သောက် စေသောသူသည် အ မင်္ဂလာရှိ၏။
16 ၁၆ သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက် ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ် ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-
၁၆သင် သည် အသရေ ပျက်၍ အရှက်ကွဲ ခြင်းနှင့် ဝ လိမ့်မည်။ ကိုယ်တိုင်သောက် ၍ အဝတ်ချွတ် ခြင်းကို ခံရလိမ့်မည်။ ထာဝရဘုရား ၏ လက်ျာ လက်တော်၌ရှိသောဖလား သည် သင့် ဆီသို့ ရောက် ၍ ၊ ရွံရှာ ဘွယ်သော အော့အန်ခြင်းသည် သင့် အသရေ ကို လွှမ်းမိုးလိမ့်မည်။
17 ၁၇ သင်တို့သည်လေဗနုန်သစ်တောများကိုခုတ် လှဲခဲ့ကြ၏။ ယခုအခါသင်တို့ကိုယ်တိုင် ပင်ခုတ်လှဲခြင်းကိုခံရကြလိမ့်မည်။ သင် တို့သည်ထိုတောမှတိရစ္ဆာန်များကိုသတ် ဖြတ်ခဲ့ကြ၏။ ယခုအခါတိရစ္ဆာန်များ သည်သင်တို့အားကြောက်လန့်တုန်လှုပ်စေ ကြလိမ့်မည်။ သင်တို့ကူးလွန်ခဲ့သည့်လူ သတ်မှုများကြောင့်သော်လည်းကောင်း၊ ကမ္ဘာ ပေါ်ရှိလူများမြို့များကိုအကြမ်းဖက် ခဲ့မှုများကြောင့်လည်းကောင်း ဤအမှု အရာများဖြစ်ပျက်လာလိမ့်မည်။
၁၇လေဗနုန် တောင်ကို အနိုင် အထက်ပြုသောအပြစ်၊ တိရစ္ဆာန် များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီး သော အပြစ်သည် သင့် ကို လွှမ်းမိုး လိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သော အပြစ်ရှိ၏။
18 ၁၈ ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင် ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့် အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား ရမည်နည်း။ ယင်းသည်စကားမပြောနိုင် သည့်ဘုရားဖြစ်ပါသည်တကား၊-
၁၈ထုလုပ်သော ရုပ်တု သည် အဘယ် အကျိုး ကိုပေး ၍၊ လက်သမားသည် ထုလုပ် ရသနည်း။ သွန်းသော ရုပ်တု နှင့်မိစ္ဆာ ဆရာသည် အဘယ်အကျိုးကိုပေး ၍၊ လုပ် သောသူသည် မိမိ အလုပ် ကို မှီခို လျက်၊ စကားအ သော ရုပ်တု တို့ကို လုပ် ရသနည်း။
19 ၁၉ သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း မံထားကောင်းထားမည်ဖြစ်သော်လည်း ထိုရုပ်တုတွင်အသက်ကားမရှိ။
၁၉သစ်သား အား ၊ နိုး တော်မူပါဟူ၍၎င်း ၊ စကား အ သောကျောက် အား ၊ ထ တော်မူပါဟူ၍၎င်း ဆို သောသူသည် အ မင်္ဂလာရှိ၏။ ထို အရာသည် သွန်သင် လိမ့်မည် လော။ ရွှေ ငွေ နှင့် မွမ်းမံ လျက် ရှိ၏။ အတွင်း ၌ အသက် အလျှင်း မ ရှိပါတကား။
20 ၂၀ ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သည့်ဗိမာန်တော်တွင်ရှိတော်မူ၏။ ကမ္ဘာ မြေပေါ်ရှိလူအပေါင်းတို့သည်ရှေ့တော်၌ ငြိမ်သက်စွာနေကြစေ။
၂၀ထာဝရဘုရား မူကား ၊ သန့်ရှင်း သော ဗိမာန် တော်၌ ရှိတော်မူ၏။ မြေကြီး သားအပေါင်း တို့၊ ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။