< ဟဗက္ကုတ် 1 >

1 ဤ​သ​တင်း​စ​ကား​သည်​ပ​ရော​ဖက်​ဟ​ဗက္ကုတ်​အား ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။
선지자 하박국의 묵시로 받은 경고라
2 ကျွန်​တော်​မျိုး​အား​အ​ကြမ်း​ဖက်​ခံ​ရ​မှု​မှ​ကယ်​တော်​မူ​သည့်​တိုင်​အောင် ကိုယ်​တော်​ရှင်​မ​ကြား​မ​ချင်း``ကူ​မ​တော်​မူ​ပါ'' ဟု​အ​ဘယ်​မျှ​ကြာ​အောင်​ဟစ်​အော်​တောင်း​လျှောက်​ရ​ပါ​မည်​နည်း။-
여호와여 내가 부르짖어도 주께서 듣지 아니하시니 어느 때까지리이까 내가 강포를 인하여 외쳐도 주께서 구원치 아니하시나이다
3 ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ဆိုး​ညစ်​မှု​ကို​ကြုံ​တွေ့​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့​နှင့်​ရင်​ဆိုင်​၍​နေ​ရ​ပါ​၏။ နေ​ရာ​တ​ကာ​တွင်​ခိုက်​ရန်​ဖြစ်​ပွား​မှု၊ ငြင်း​ခုံ​မှု​များ​ကို​လည်း​တွေ့​မြင်​ရ​ပါ​၏။-
어찌하여 나로 간악을 보게 하시며 패역을 목도하게 하시나이까 대저 겁탈과 강포가 내 앞에 있고 변론과 분쟁이 일어났나이다
4 တ​ရား​ဥ​ပ​ဒေ​သည်​ပျော့​ညံ့​၍​အ​သုံး​မ​ဝင်​သ​ဖြင့် အ​ဘယ်​အ​ခါ​၌​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ်​မှု​မ​ပြု​နိုင်​ကြ​ပါ။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​များ​ကို​အ​နိုင်​ရ​ကြ​သည်​ဖြစ်​၍ တ​ရား​စီ​ရင်​မှု​သည်​အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ်​လျက်​ရှိ​ပါ​တော့​၏။
이러므로 율법이 해이하고 공의가 아주 시행되지 못하오니 이는 악인이 의인을 에워쌌으므로 공의가 굽게 행함이니이다
5 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​လူ​မျိုး​တော်​အား``သင်​တို့​သည်​မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​ကို ဆက်​လက်​စောင့်​ဆိုင်း​ကြည့်​ရှု​နေ​ကြ​လော့။ ထို​အ​ခါ​သင်​တို့​တွေ့​မြင်​ရ​သည့်​အ​မှု​အ​တွက်​အံ့​သြ​သွား​လိမ့်​မည်။ ငါ​သည်​သင်​တို့​ကြား​၍​ပင်​မ​ယုံ​နိုင်​မည့်​အ​မှု​တစ်​ခု​ကို​ပြု​မည်။-
여호와께서 가라사대 너희는 열국을 보고 또 보고 놀라고 또 놀랄지어다 너희 생전에 내가 한 일을 행할 것이라 혹이 너희에게 고할지라도 너희가 믿지 아니하리라
6 ငါ​သည်​ကြောက်​မက်​ဖွယ်​ကောင်း​၍​အ​ငြိမ်​မ​နေ​တတ်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​တန်​ခိုး​ကြီး​မား​လာ​စေ​မည်။ သူ​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကို​နှိမ်​နင်း​ရန် ကမ္ဘာ​မြေ​ပြင်​ကို​ဖြတ်​၍​ချီ​တက်​လာ​ကြ​လိမ့်​မည်။-
보라 내가 사납고 성급한 백성 곧 땅의 넓은 곳으로 다니며 자기의 소유 아닌 거할 곳들을 점령하는 갈대아 사람을 일으켰나니
7 လူ​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​လျက် မာန်​မာ​န​ထောင်​လွှား​ကာ​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​လိမ့်​မည်။
그들은 두렵고 무서우며 심판과 위령이 자기로 말미암으며
8 ``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။
그 말은 표범보다 빠르고 저녁 이리보다 사나우며 그 기병은 원방에서부터 빨리 달려오는 기병이라 마치 식물을 움키려하는 독수리의 날음과 같으니라
9 ``သူ​တို့​၏​တပ်​များ​သည်​အ​ပြင်း​အ​ထန်​ရှေ့​သို့​ချီ​တက်​လျက်​တိုက်​ခိုက်​အောင်​မြင်​ကြ​ကုန်​၏။ သူ​တို့​ဖမ်း​ဆီး​ရ​မိ​သည့်​သုံ့​ပန်း​များ​မှာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပေ​သည်။-
그들은 다 강포를 행하러 오는데 앞을 향하여 나아가며 사람을 사로잡아 모으기를 모래 같이 많이 할 것이요
10 ၁၀ သူ​တို့​သည်​ပြည့်​ရှင်​မင်း​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏။ မှူး​ကြီး​မတ်​ရာ​တို့​ကို​ပြက်​ရယ်​ပြု​ကြ​၏။ သူ​တို့​အား​အ​ဘယ်​ခံ​တပ်​မျှ​မ​တား​မ​ဆီး​နိုင်။ သူ​တို့​သည်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​၍​ခံ​တပ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကြ​လေ​သည်။-
열왕을 멸시하며 방백을 치소하며 모든 견고한 성을 비웃고 흉벽을 쌓아 그것을 취할 것이라
11 ၁၁ ထို​နောက်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​ကို ဘု​ရား​အ​မှတ်​ဖြင့်​ကိုး​ကွယ်​ကြ​ကုန်​သော​ထို​သူ​တို့​သည် လေ​ကဲ့​သို့​တ​ဟုန်​တည်း​ပြင်း​စွာ​ဖြတ်​ကျော်​ထွက်​ခွာ​သွား​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
그들은 그 힘으로 자기 신을 삼는 자라 이에 바람 같이 급히 몰아 지나치게 행하여 득죄하리라
12 ၁၂ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-
선지자가 가로되 여호와 나의 하나님 나의 거룩한 자시여 주께서는 만세 전부터 계시지 아니하시니이까 우리가 사망에 이르지 아니하리이다 여호와여 주께서 심판하기 위하여 그를 두셨나이다 반석이시여 주께서 경계하기 위하여 그를 세우셨나이다
13 ၁၃ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။
주께서는 눈이 정결하시므로 악을 참아 보지 못하시며 패역을 참아 보지 못하시거늘 어찌하여 궤휼한 자들을 방관하시며 악인이 자기보다 의로운 사람을 삼키되 잠잠하시나이까
14 ၁၄ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ငါး​များ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အား​အုပ်​ချုပ်​လမ်း​ညွှန်​မည့်​သူ​မ​ရှိ​သည့်​ပိုး​အုံ​မွှား​အုံ​ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ​သ​နည်း။-
주께서 어찌하여 사람으로 바다의 어족 같게 하시며 주권자 없는 곤충 같게 하시나이까
15 ၁၅ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​လူ​တို့​အား​ငါး​များ​သ​ဖွယ် သံ​ချိပ်​များ​ဖြင့်​ဖမ်း​ဆီး​ကြ​ပါ​၏။ ပိုက်​ကွန်​များ​ဖြင့်​အုပ်​ဖမ်း​ဆွဲ​ထုတ်​နိုင်​သ​ဖြင့်​ဝမ်း​မြောက်​ဝမ်း​သာ​ဟစ်​အော်​ကြွေး​ကြော်​ကြ​ပါ​၏။-
그가 낚시로 모두 취하며 그물로 잡으며 초망으로 모으고 인하여 기뻐하고 즐거워하여
16 ၁၆ သူ​တို့​သည်​မိ​မိ​တို့​ပိုက်​ကွန်​များ​ကြောင့်​စား​ဝတ်​နေ​ရေး​အ​တွက်​အ​လွန်​ချောင်​လည်​ကြ​သ​ဖြင့် ထို​ပိုက်​ကွန်​များ​အား​ရှိ​ခိုး​ဝတ်​ပြု​ကာ​ယဇ်​များ​ကို​ပင်​ပူ​ဇော်​ကြ​ပါ​၏။
그물에 제사하며 초망 앞에 분향하오니 이는 그것을 힘입어 소득이 풍부하고 식물이 풍성케 됨이니이다
17 ၁၇ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား​ကို​ထာ​ဝ​စဉ်​အ​သုံး​ပြု​လျက် လူ​မျိုး​တ​ကာ​တို့​ကို​ရက်​စက်​စွာ​သုတ်​သင်​ဖျက်​ဆီး​လျက်​နေ​ကြ​ပါ​မည်​လော။
그가 그물을 떨고는 연하여 늘 열국을 살륙함이 옳으니이까

< ဟဗက္ကုတ် 1 >