< ကမ္ဘာဦး 8 >
1 ၁ ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
2 ၂ သမုဒ္ဒရာစမ်းပေါက်များနှင့်မိုးကောင်းကင်ရေ တံခါးများသည်လည်းပိတ်လေ၏။ မိုးစဲ၍၊-
3 ၃ ရေသည်ရက်ပေါင်းတစ်ရာ့ငါးဆယ်ကြာ အောင်တဖြည်းဖြည်းကျဆင်းလေ၏။-
4 ၄ သင်္ဘောသည်သတ္တမလတစ်ဆယ့်ခုနစ်ရက် နေ့တွင် အာရရတ်တောင်တစ်ခုပေါ်တွင်တင် နေလေ၏။-
5 ၅ ရေသည်ဆက်၍ကျဆင်းသဖြင့်ဒသမလ တစ်ရက်နေ့တွင် တောင်ထိပ်များပေါ်လာကုန်၏။
6 ၆ အရက်လေးဆယ်လွန်သော်နောဧသည်ပြူတင်း ပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကိုလွှတ် လိုက်၏။-
7 ၇ ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။-
8 ၈ တစ်ဖန်နောဧသည်ရေကျသည်မကျသည်ကို သိရှိရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လိုက်၏။-
9 ၉ မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။-
10 ၁၀ ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။-
11 ၁၁ ညနေချမ်းအချိန်တွင်ချိုးငှက်သည်နှုတ်သီးဖြင့် သံလွင်ရွက်စိမ်းကိုကိုက်ချီလျက်နောဧထံသို့ ပြန်လာ၏။ ထို့ကြောင့်ရေကျပြီဖြစ်ကြောင်း နောဧသိရှိရလေ၏။-
12 ၁၂ နောဧသည်ခုနစ်ရက်ထပ်၍စောင့်ဆိုင်းနေပြီး နောက် ထိုချိုးငှက်ကိုအပြင်သို့လွှတ်လိုက်ပြန် ရာဤတစ်ကြိမ်တွင်ပြန်၍မလာတော့ချေ။
13 ၁၃ နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။-
14 ၁၄ ဒုတိယလနှစ်ဆယ့်ခုနစ်ရက်နေ့တွင်မြေပြင် သည်လုံးဝခြောက်သွေ့လေ၏။
15 ၁၅ ဘုရားသခင်ကနောဧအား၊
16 ၁၆ ``သင်သည်သင်၏မယား၊ သားများ၊ ချွေးမများ နှင့်တကွသင်္ဘောထဲမှထွက်ကြလော့။-
17 ၁၇ ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့သည်ကမ္ဘာမြေကြီး ပေါ်မှာမျိုးပွားစေရန် ယင်းတို့ကိုသင်နှင့်အတူ ထုတ်ဆောင်လော့'' ဟုမိန့်တော်မူ၏။-
18 ၁၈ ထို့ကြောင့်နောဧသည် သူ၏မယား၊ သားများ၊ ချွေးမများနှင့်အတူသင်္ဘောထဲမှထွက်လာ ၏။-
19 ၁၉ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့သည်လည်း ယင်းတို့ အမျိုးအလိုက်သင်္ဘောထဲမှထွက်လာကြလေ ၏။
20 ၂၀ နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
21 ၂၁ ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
22 ၂၂ ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
A Dove is Sent Forth from the Ark