< ကမ္ဘာဦး 8 >
1 ၁ ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
Asi Mwari akarangarira Noa nemhuka dzose dzesango nezvipfuwo zvakanga zvinaye muareka, uye akatuma mhepo pamusoro penyika, uye mvura zhinji ikaserera.
2 ၂ သမုဒ္ဒရာစမ်းပေါက်များနှင့်မိုးကောင်းကင်ရေ တံခါးများသည်လည်းပိတ်လေ၏။ မိုးစဲ၍၊-
Zvino zvitubu zvepakadzika uye masuo amafashamu okudenga zvakanga zvazarirwa, uye mvura yakanga yaguma kunaya kubva kudenga.
3 ၃ ရေသည်ရက်ပေါင်းတစ်ရာ့ငါးဆယ်ကြာ အောင်တဖြည်းဖြည်းကျဆင်းလေ၏။-
Mvura yakaserera zvishoma nezvishoma kubva panyika. Pakupera kwamazuva zana namakumi mashanu mvura yakanga yadzika,
4 ၄ သင်္ဘောသည်သတ္တမလတစ်ဆယ့်ခုနစ်ရက် နေ့တွင် အာရရတ်တောင်တစ်ခုပေါ်တွင်တင် နေလေ၏။-
uye pazuva regumi namanomwe romwedzi wechinomwe, areka yakagara pamakomo eArarati.
5 ၅ ရေသည်ဆက်၍ကျဆင်းသဖြင့်ဒသမလ တစ်ရက်နေ့တွင် တောင်ထိပ်များပေါ်လာကုန်၏။
Mvura yakaramba ichiserera kusvikira pamwedzi wegumi, uye pazuva rokutanga romwedzi wegumi misoro yamakomo yakatanga kuonekwa.
6 ၆ အရက်လေးဆယ်လွန်သော်နောဧသည်ပြူတင်း ပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကိုလွှတ် လိုက်၏။-
Shure kwamazuva makumi mana, Noa akazarura windo raakanga aita muareka,
7 ၇ ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။-
uye akatuma gunguo, uye rakaramba richibhururuka kuno nokoko kusvikira mvura yapwa panyika.
8 ၈ တစ်ဖန်နောဧသည်ရေကျသည်မကျသည်ကို သိရှိရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လိုက်၏။-
Ipapo akatuma njiva kuti aone kana mvura yakanga yaserera kubva pamusoro penyika.
9 ၉ မြေပြင်တစ်ခုလုံးရေလွှမ်းလျက်ရှိသေးသဖြင့် ချိုးငှက်သည်နားစရာနေရာမတွေ့ရချေ။ ထို့ ကြောင့်သင်္ဘောသို့ပြန်လာခဲ့ရာနောဧသည် လက် ဆန့်၍ချိုးကိုဖမ်းယူပြီးလျှင်သင်္ဘောထဲသို့ ပြန်သွင်းထားလေ၏။-
Asi njiva haina kuwana nzvimbo yokumhara nokuti mvura yakanga iri pose pose; saka yakadzokera kuna Noa muareka. Akatambanudza ruoko rwake akadzorera njiva muareka maaiva.
10 ၁၀ ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။-
Akarindira kwamamwezve mazuva manomwe uye akabudisazve njiva muareka.
11 ၁၁ ညနေချမ်းအချိန်တွင်ချိုးငှက်သည်နှုတ်သီးဖြင့် သံလွင်ရွက်စိမ်းကိုကိုက်ချီလျက်နောဧထံသို့ ပြန်လာ၏။ ထို့ကြောင့်ရေကျပြီဖြစ်ကြောင်း နောဧသိရှိရလေ၏။-
Njiva yakati yadzokera kwaari panguva yamanheru, onei heyo mumuromo mayo yakaruma shizha nyoro rakatanhwa pamuorivhi! Ipapo Noa akaziva kuti mvura yakanga yaserera panyika.
12 ၁၂ နောဧသည်ခုနစ်ရက်ထပ်၍စောင့်ဆိုင်းနေပြီး နောက် ထိုချိုးငှက်ကိုအပြင်သို့လွှတ်လိုက်ပြန် ရာဤတစ်ကြိမ်တွင်ပြန်၍မလာတော့ချေ။
Akamirirazve kwamamwe mazuva manomwe uye akabudisazve njiva, asi panguva iyi haina kuzodzoka kwaari.
13 ၁၃ နောဧအသက်ခြောက်ရာတစ်နှစ်ရှိသောအခါ ပထမလတစ်ရက်နေ့တွင်မြေပြင်ပေါ်၌ရေ ခန်းလေ၏။ နောဧသည်သင်္ဘောအမိုးကိုဖွင့်၍ အပြင်ဘက်သို့မျှော်ကြည့်သည့်အခါမြေ ပြင်မှာခြောက်သွေ့စရှိကြောင်းတွေ့မြင်ရ၏။-
Pazuva rokutanga romwedzi wokutanga wegore ramazana matanhatu nerimwe aNoa, mvura yakanga yapwa panyika. Ipapo Noa akabvisa chifukidziro cheareka akaona kuti pamusoro penyika pakanga paoma.
14 ၁၄ ဒုတိယလနှစ်ဆယ့်ခုနစ်ရက်နေ့တွင်မြေပြင် သည်လုံးဝခြောက်သွေ့လေ၏။
Pazuva ramakumi maviri namanomwe romwedzi wechipiri nyika yakanga yaoma kwazvo.
15 ၁၅ ဘုရားသခင်ကနောဧအား၊
Ipapo Mwari akati kuna Noa,
16 ၁၆ ``သင်သည်သင်၏မယား၊ သားများ၊ ချွေးမများ နှင့်တကွသင်္ဘောထဲမှထွက်ကြလော့။-
“Budai muareka, iwe nomukadzi wako navanakomana vako navakadzi vavo.
17 ၁၇ ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့သည်ကမ္ဘာမြေကြီး ပေါ်မှာမျိုးပွားစေရန် ယင်းတို့ကိုသင်နှင့်အတူ ထုတ်ဆောင်လော့'' ဟုမိန့်တော်မူ၏။-
Budisa mhando dzose dzezvisikwa zvipenyu zvaunazvo, shiri, mhuka nezvisikwa zvose zvinokambaira panyika, kuitira kuti zvibereke uye zvive zvizhinji pamusoro payo.”
18 ၁၈ ထို့ကြောင့်နောဧသည် သူ၏မယား၊ သားများ၊ ချွေးမများနှင့်အတူသင်္ဘောထဲမှထွက်လာ ၏။-
Saka Noa akabuda, pamwe chete navanakomana vake nomukadzi wake uye navakadzi vavanakomana vake.
19 ၁၉ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့သည်လည်း ယင်းတို့ အမျိုးအလိုက်သင်္ဘောထဲမှထွက်လာကြလေ ၏။
Mhuka dzose nezvisikwa zvose zvinokambaira panyika neshiri dzose, zvinhu zvose zvinofamba panyika, zvakabuda muareka, rudzi ruchitevera rumwe.
20 ၂၀ နောဧသည်ထာဝရဘုရားအားပူဇော်ရန်ယဇ် ပလ္လင်ကိုတည်၍ သန့်စင်သောတိရစ္ဆာန်နှင့်ငှက်အမျိုး မျိုးထဲမှတစ်ကောင်ကျစီယူလျက် ပလ္လင်ထက်တွင် အကောင်လိုက်မီးရှို့ပူဇော်လေ၏။-
Ipapo Noa akavakira Jehovha aritari, uye akatora dzimwe dzemhuka dzose dzakanaka neshiri dzakanaka, akabayira zvipiriso zvinopiswa pamusoro payo.
21 ၂၁ ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
Jehovha akanzwa kunhuhwira kwakanaka akati mumwoyo make, “Handichazotukazve nyika nokuda kwomunhu, kunyange hazvo kufunga kwomwoyo wake kwakaipa kubva pakuberekwa kwake. Uye handichazoparadzazve zvisikwa zvipenyu zvose, sezvandakaita.
22 ၂၂ ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
“Kana nyika ichingovapo, nguva dzokudyara nedzokukohwa, kutonhora nokupisa, zhizha nechando, masikati nousiku hazvingatongogumi.”