< ကမ္ဘာ​ဦး 8 >

1 ဘု​ရား​သ​ခင်​သည်​နော​ဧ​နှင့်​တ​ကွ​သင်္ဘော​ပေါ် တွင် ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​ကို​မေ့ တော်​မ​မူ။ သို့​ဖြစ်​၍​လေ​ကို​တိုက်​စေ​သ​ဖြင့် ရေ​သည်​စ​၍​ကျ​ဆင်း​လေ​၏။-
God remembered Noah, all the animals, and all the livestock that were with him in the ship; and God made a wind to pass over the earth. The waters subsided.
2 သ​မုဒ္ဒ​ရာ​စမ်း​ပေါက်​များ​နှင့်​မိုးကောင်း​ကင်​ရေ တံ​ခါး​များ​သည်​လည်း​ပိတ်​လေ​၏။ မိုး​စဲ​၍၊-
The deep’s fountains and the sky’s windows were also stopped, and the rain from the sky was restrained.
3 ရေ​သည်​ရက်​ပေါင်း​တစ်​ရာ့​ငါး​ဆယ်​ကြာ အောင်​တ​ဖြည်း​ဖြည်း​ကျ​ဆင်း​လေ​၏။-
The waters continually receded from the earth. After the end of one hundred fifty days the waters receded.
4 သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-
The ship rested in the seventh month, on the seventeenth day of the month, on Ararat’s mountains.
5 ရေ​သည်​ဆက်​၍​ကျ​ဆင်း​သ​ဖြင့်​ဒ​သ​မ​လ တစ်​ရက်​နေ့​တွင် တောင်​ထိပ်​များ​ပေါ်​လာ​ကုန်​၏။
The waters receded continually until the tenth month. In the tenth month, on the first day of the month, the tops of the mountains were visible.
6 အ​ရက်​လေး​ဆယ်​လွန်​သော်​နော​ဧ​သည်​ပြူ​တင်း ပေါက်​ကို​ဖွင့်​၍ ကျီး​အ​တစ်​ကောင်​ကို​လွှတ် လိုက်​၏။-
At the end of forty days, Noah opened the window of the ship which he had made,
7 ကျီး​အ​လည်း​ပြန်​မ​လာ​တော့​ချေ။ မြေ​ကြီး ပေါ်​တွင်​ရေ​ခန်း​ခြောက်​သည့်​တိုင်​အောင်​လူး လာ​ပျံ​သန်း​လျက်​သာ​နေ​၏။-
and he sent out a raven. It went back and forth, until the waters were dried up from the earth.
8 တစ်​ဖန်​နော​ဧ​သည်​ရေ​ကျ​သည်​မကျ​သည်​ကို သိ​ရှိ​ရန် ချိုး​ငှက်​တစ်​ကောင်​ကို​လွှတ်​လိုက်​၏။-
He himself sent out a dove to see if the waters were abated from the surface of the ground,
9 မြေ​ပြင်​တစ်​ခု​လုံး​ရေ​လွှမ်း​လျက်​ရှိ​သေး​သ​ဖြင့် ချိုး​ငှက်​သည်​နား​စ​ရာ​နေ​ရာ​မ​တွေ့​ရ​ချေ။ ထို့ ကြောင့်​သင်္ဘော​သို့​ပြန်​လာ​ခဲ့​ရာ​နော​ဧ​သည် လက် ဆန့်​၍​ချိုး​ကို​ဖမ်း​ယူ​ပြီး​လျှင်​သင်္ဘော​ထဲ​သို့ ပြန်​သွင်း​ထား​လေ​၏။-
but the dove found no place to rest her foot, and she returned into the ship to him, for the waters were on the surface of the whole earth. He put out his hand, and took her, and brought her to him into the ship.
10 ၁၀ ခု​နစ်​ရက်​စောင့်​ဆိုင်း​နေ​ပြီး​လျှင်​ထို​ချိုး​ငှက် ကို​အ​ပြင်​သို့​တစ်​ဖန်​လွှတ်​လိုက်​၏။-
He waited yet another seven days; and again he sent the dove out of the ship.
11 ၁၁ ည​နေ​ချမ်း​အ​ချိန်​တွင်​ချိုး​ငှက်​သည်​နှုတ်​သီး​ဖြင့် သံ​လွင်​ရွက်​စိမ်း​ကို​ကိုက်​ချီ​လျက်​နော​ဧ​ထံ​သို့ ပြန်​လာ​၏။ ထို့​ကြောင့်​ရေ​ကျ​ပြီ​ဖြစ်​ကြောင်း နော​ဧ​သိ​ရှိ​ရ​လေ​၏။-
The dove came back to him at evening and, behold, in her mouth was a freshly plucked olive leaf. So Noah knew that the waters were abated from the earth.
12 ၁၂ နော​ဧ​သည်​ခု​နစ်​ရက်​ထပ်​၍​စောင့်​ဆိုင်း​နေ​ပြီး နောက် ထို​ချိုး​ငှက်​ကို​အ​ပြင်​သို့​လွှတ်​လိုက်​ပြန် ရာ​ဤ​တစ်​ကြိမ်​တွင်​ပြန်​၍​မ​လာ​တော့​ချေ။
He waited yet another seven days, and sent out the dove; and she didn’t return to him any more.
13 ၁၃ နော​ဧ​အ​သက်​ခြောက်​ရာ​တစ်​နှစ်​ရှိ​သော​အ​ခါ ပ​ထ​မ​လ​တစ်​ရက်​နေ့​တွင်​မြေ​ပြင်​ပေါ်​၌​ရေ ခန်း​လေ​၏။ နော​ဧ​သည်​သင်္ဘော​အ​မိုး​ကို​ဖွင့်​၍ အ​ပြင်​ဘက်​သို့​မျှော်​ကြည့်​သည့်​အ​ခါ​မြေ ပြင်​မှာ​ခြောက်​သွေ့​စ​ရှိ​ကြောင်း​တွေ့​မြင်​ရ​၏။-
In the six hundred first year, in the first month, the first day of the month, the waters were dried up from the earth. Noah removed the covering of the ship, and looked. He saw that the surface of the ground was dry.
14 ၁၄ ဒု​တိ​ယ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​တွင်​မြေ​ပြင် သည်​လုံး​ဝ​ခြောက်​သွေ့​လေ​၏။
In the second month, on the twenty-seventh day of the month, the earth was dry.
15 ၁၅ ဘု​ရား​သ​ခင်​က​နော​ဧ​အား၊
God spoke to Noah, saying,
16 ၁၆ ``သင်​သည်​သင်​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ နှင့်​တ​ကွ​သင်္ဘော​ထဲ​မှ​ထွက်​ကြ​လော့။-
“Go out of the ship, you, your wife, your sons, and your sons’ wives with you.
17 ၁၇ ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-
Bring out with you every living thing that is with you of all flesh, including birds, livestock, and every creeping thing that creeps on the earth, that they may breed abundantly in the earth, and be fruitful, and multiply on the earth.”
18 ၁၈ ထို့​ကြောင့်​နော​ဧ​သည် သူ​၏​မ​ယား၊ သား​များ၊ ချွေး​မ​များ​နှင့်​အ​တူ​သ​င်္ဘော​ထဲ​မှ​ထွက်​လာ ၏။-
Noah went out, with his sons, his wife, and his sons’ wives with him.
19 ၁၉ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။
Every animal, every creeping thing, and every bird, whatever moves on the earth, after their families, went out of the ship.
20 ၂၀ နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-
Noah built an altar to the LORD, and took of every clean animal, and of every clean bird, and offered burnt offerings on the altar.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-
The LORD smelled the pleasant aroma. The LORD said in his heart, “I will not again curse the ground any more for man’s sake because the imagination of man’s heart is evil from his youth. I will never again strike every living thing, as I have done.
22 ၂၂ ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။
While the earth remains, seed time and harvest, and cold and heat, and summer and winter, and day and night will not cease.”

< ကမ္ဘာ​ဦး 8 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark