< ကမ္ဘာ​ဦး 6 >

1 ထို​အ​ချိန်​ကာ​လ​၌​ကမ္ဘာ​အ​ရပ်​ရပ်​တွင် လူ​ဦး ရေ​များ​ပြား​လာ​၏။ လူ​တို့​၌​သ​မီး​များ​ဖွား မြင်​လာ​ကြ​၏။-
當人在地上開始繁殖,生養女兒時,
2 အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-
天主的兒子見人的女兒美麗,就隨意選取,作為妻子。
3 ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။-
上主於是說:「因為人既屬於血肉,我的神不能常在他內;他的壽數只可到一百二十歲。」
4 ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။
當天主的兒子與人的兒女結合生子時,在地上已有一些巨人,(以後也有,)他們就是古代的英雄,著名的人物。
5 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-
上主見人在地上的罪惡重大,人心天天所思念的無非是邪惡;
6 လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-
上主遂後悔在地上造了人,心中很是悲痛。
7 ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-
上主於是說:「我要將我所造的人,連人帶野獸、爬蟲和天空的飛鳥,都由地面上消滅,因為我後悔造了他們。」
8 နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။
惟有諾厄在上主眼中蒙受恩愛。
9 နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-
以下是諾厄的小史:諾厄是他同時代惟一正義齊全的人,常同天主往來。
10 ၁၀
他生了三個兒子:就是閃、含、和耶斐特。
11 ၁၁ အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။-
大地已在天主面前敗壞,到處充滿了強暴。
12 ၁၂ ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။
天主見大地已敗壞,因為凡有血肉的人,品行在地上全敗壞了,
13 ၁၃ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။-
天主遂對諾厄說:「我已決定要結果一切有血肉的人,因為他們使大地充滿了強暴,我要將他們由大地上消滅。
14 ၁၄ သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။-
你要用柏木造一隻方舟,舟內建造一些艙房,內外都塗上瀝青。
15 ၁၅ သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-
你要這樣建造:方舟要有三百肘長,五十肘寬,三十肘高。
16 ၁၆ သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-
方舟上層四面做上窗戶,高一肘,門要安在側面;方舟要分為上中下三層。
17 ၁၇ သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-
看我要使洪水在地上氾濫,消滅天下一切有生氣的血肉;凡地上所有的都要滅亡。
18 ၁၈ သို့​ရာ​တွင်​ငါ​သည်​သင်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ သင် နှင့်​တ​ကွ​သင်​၏​မ​ယား၊ သား​များ​နှင့်​သူ​တို့ ၏​မ​ယား​တို့​အား​သင်္ဘော​ပေါ်​သို့​တက်​စေ​လော့။-
但我要與你立約,你以及你的兒子、妻子和兒媳,要與你一同進入方舟。
19 ၁၉ အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန်​တိရစ္ဆာန်​နှင့်​ငှက် အ​မျိုး​မျိုး​မှ အ​ဖို​နှင့်​အ​မ​တစ်​စုံ​စီ​တို့​ကို သင်​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​စေ​လော့။-
你要由一切有血肉的生物中,各帶一對,即一公一母,進入方舟,與你一同生活;
20 ၂၀
各種飛鳥、各種牲畜、地上所有的各種爬蟲,皆取一對同你進去,得以保存生命。
21 ၂၁ သင်​တို့​နှင့်​တိရစ္ဆာန်​များ​အ​တွက်​အ​စား အ​စာ​အ​မျိုး​မျိုး​ကို​ယူ​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။-
此外,你還帶上各種吃用的食物,貯存起來,作你和他們的食物。」
22 ၂၂ နော​ဧ​သည်​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။
諾厄全照辦了;天主怎樣吩咐了他,他就怎樣做了。

< ကမ္ဘာ​ဦး 6 >

The World is Destroyed by Water
The World is Destroyed by Water