< ကမ္ဘာ​ဦး 50 >

1 ယော​သပ်​သည်​သူ​၏​အ​ဖ​ကိုယ်​ပေါ်​သို့​လှဲ​ချ ပြီး​လျှင် ပါး​ကို​နမ်း​လျက်​ငို​ကြွေး​လေ​၏။-
ထိုအခါ ယောသပ် သည် အဘ ၏မျက်နှာ ပေါ် မှာ ငုံ့ ၍ ၊ ငို လျက် နမ်း လျက်နေ၏။
2 ထို​နောက်​ဆေး​သ​မား​တို့​အား​အ​ဖ​၏ အ​လောင်း​ကို ဆေး​စိမ်​ရန်​အ​မိန့်​ပေး​လေ​သည်။-
အဘ ၏အလောင်း ကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိ ကျွန် ဆေးသမား တို့ကို အမိန့် ရှိ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။
3 ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။
နံ့သာမျိုး နှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံ ရှိသည်အတိုင်း ထား၍၊ အရက် လေးဆယ် လွန်လျှင်၊ အဲဂုတ္တု လူတို့သည် ယာကုပ် ကြောင့်၊ အရက် ခုနစ် ဆယ် ပတ်လုံးငိုကြွေး မြည်တမ်းခြင်းကိုပြုကြ၏။
4 ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။-
ငိုကြွေး မြည်တမ်းသောနေ့ရက် လွန် သောအခါ ၊ ယောသပ် သည် နန်းတော် သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့ သည် ကျွန်ုပ်ကိုစေတနာ စိတ်ရှိ လျှင် ၊ ဖာရော ဘုရင် ထံ တော်သို့သွား၍၊
5 ``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။
ကျွန်တော် အဘ က၊ ငါ သေ တော့မည်။ ခါနာန် ပြည် ၌ ကိုယ် ဘို့ ငါတူး ဘူးသော သင်္ချိုင်း တွင်း၌ ၊ ငါ့ ကို သင်္ဂြိုဟ် ရမည်ဟူ၍ကျွန်တော် ကို ကျိန်ဆို စေပါပြီ။ ထိုကြောင့်ကျွန်တော်သွား ၍ ၊ အဘ ကို သင်္ဂြိုဟ် ပြီးမှ ပြန် လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။
6 ယော​သပ်​မှာ​ကြား​သည့်​အ​တိုင်း​အ​မှု​ထမ်း တို့​က ဘု​ရင်​အား​တင်​လျှောက်​ကြ​သော​အ​ခါ ဘု​ရင်​က``သင်​၏​အ​ဖ​အား​က​တိ​သစ္စာ​ပြု ထား​သည့်​အ​တိုင်း သွား​၍​အ​ဖ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​အ​ခွင့်​ပေး​လိုက်​လေ​၏။
ဖာရော မင်းကလည်း ၊ သင် ၏အဘ ကျိန်ဆို စေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ် လော့ဟု မိန့် တော်မူ၏။
7 သို့​ဖြစ်​၍​ယော​သပ်​သည် သူ​၏​အဖ​ကို​သင်္ဂြိုဟ် ခြင်း​ငှာ​သွား​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​အ​ရာ ရှိ​များ၊ နန်း​တော်​မှ​အ​ကြီး​အ​ကဲ​များ​နှင့် အီ​ဂျစ်​ပြည်​မှ​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယော​သပ်​နှင့်​အ​တူ​လိုက်​ပါ​ပို့​ဆောင်​ကြ​၏။-
ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ခြင်းငှါ ထွက်သွား ၍ ၊ ဖာရော မင်း၏ ကျွန် များတည်းဟူသောနန်းတော် အရာရှိ ၊ အဲဂုတ္တု ပြည် အရာရှိ အပေါင်း တို့နှင့်၊
8 ယော​သပ်​၏​မိ​သား​စု၊ သူ​၏​ညီ​အစ်​ကို​များ နှင့်​သူ​၏​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ခဲ့​ကြ​၏။ သူ တို့​၏​က​လေး​ငယ်​များ၊ သိုး၊ ဆိတ်​နှင့်​နွား အုပ်​များ​သာ​လျှင်​ဂေါ​ရှင်​အ​ရပ်​တွင်​ကျန် ရစ်​ခဲ့​ကြ​၏။-
ယောသပ် အိမ်သား၊ အစ်ကို တို့ အိမ်သား ၊ အဘ အိမ်သား ရှိသမျှ တို့ သည်လိုက်ကြ၏။ သူငယ် တို့နှင့် သိုး နွား များကိုသာ ၊ ဂေါရှင် ပြည် ၌ ကျန်ရစ် စေကြ၏။
9 ရ​ထား​စီး​သူ​ရဲ​နှင့်​မြင်း​စီး​သူ​ရဲ​များ​လည်း လိုက်​ပါ​လာ​ကြ​သ​ဖြင့် အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည်​ယော​သပ်​နှင့်​အ​တူ လိုက်​ပါ​ပို့​ဆောင်​ကြ​၏။
ထိုသို့လျှင် ရထား များ၊ မြင်းစီးသူရဲ များတည်းဟူသောအလွန် များစွာသော အလုံး အရင်းတို့သည် ယောသပ် နှင့်တကွ လိုက်သွား ကြ၏။
10 ၁၀ သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-
၁၀ယော်ဒန် မြစ်နား မှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက် သောအခါ ၊ အလွန် ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်းကို ပြု ကြပြန်၏။ ယောသပ်သည် မိမိ အဘ ကြောင့် ခုနစ် ရက်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်း ကိုပြု လေ၏။
11 ၁၁ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။
၁၁ထိုသို့အာတဒ် ကောက်နယ်တလင်း၌ ပြုသောငိုကြွေးမြည်တမ်းခြင်းကို၊ ထို ပြည်သား ခါနာန် လူတို့သည် မြင် လျှင် ၊ အဲဂုတ္တု လူတို့သည် ပြင်းစွာ ငိုကြွေး မြည်တမ်းပါသည်တကားဟုဆို ကြ၏။ ထိုကြောင့် ယော်ဒန် မြစ်နား မှာ ရှိသော ထို အရပ်ကို၊ အဗေလမိဇရိမ် ဟူ၍သမုတ် ကြသတည်း။
12 ၁၂ ယာ​ကုပ်​၏​သား​တို့​သည်​အ​ဖ​မှာ​ခဲ့​သည့် အ​တိုင်း၊-
၁၂ယာကုပ် သား တို့သည်၊ အဘမှာ ထားသည် အတိုင်း ပြု ကြ၏။
13 ၁၃ ဖ​ခင်​၏​အ​လောင်း​ကို​ခါ​နာန်​ပြည်​သို့​ယူ ဆောင်​ခဲ့​ပြီး​လျှင် ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန် ထံ​မှ​သင်္ချိုင်း​မြေ​အ​ဖြစ်​အာ​ဗြ​ဟံ​ဝယ်​ယူ ထား​သော မံ​ရေ​မြို့​အ​ရှေ့​မပ္ပေလ​မြေ​ကွက်​၌ ရှိ​သည့်​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။-
၁၃ခါနာန် ပြည် သို့ ဆောင်သွား ၍ ၊ အာဗြဟံ သည် ကိုယ်ပိုင် သောသင်္ချိုင်း ဘို့၊ ဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် သော မံရေ မြို့ရှေ့ ၊ မပ္ပေလ လယ်ပြင် တွင်ရှိသောမြေတွင်း ၌ သင်္ဂြိုဟ် ကြ၏။
14 ၁၄ ယော​သပ်​သည်​အ​ဖ​ကို​သင်္ဂြိုဟ်​ပြီး​နောက်​သူ ၏​ညီ​အစ်​ကို​များ​မှ​စ​၍ အ​ခြား​လိုက်​ပါ​လာ ကြ​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ​အီ​ဂျစ်​ပြည် သို့​ပြန်​ခဲ့​လေ​သည်။
၁၄ယောသပ် သည် အဘ ကိုသင်္ဂြိုဟ် ပြီးလျှင် ၊ အစ်ကို များမှစ၍ မသာလိုက် လာသောသူအပေါင်း တို့နှင့်တကွ ၊ အဲဂုတ္တု ပြည်သို့ ပြန် လေ၏။
15 ၁၅ ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-
၁၅ယောသပ် အစ်ကို တို့သည် အဘ သေ သည်ကို သိမြင် လျှင် ၊ ငါ တို့ကို ယောသပ် သည် အငြိုး ထားကောင်း ထားလိမ့်မည်။ ငါ တို့သည် အထက်က သူ့ ကို ညှဉ်းဆဲ သောကြောင့် ၊ ငါ တို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲလိမ့်မည်ဟု စိုးရိမ်လျက်၊
16 ၁၆ ထို့​ကြောင့်​သူ​တို့​သည်​ယော​သပ်​ထံ​သို့​တ​မန် ကို​စေ​လွှတ်​၍``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား ပြစ်​မှား​မိ​ခဲ့​သည့်​အ​တွက်​အ​ပြစ်​ကို​လွှတ် တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား​တောင်း​ပန်​ရန် အ​ဖ​အ​နိစ္စ​မ​ရောက်​မီ​က​မှာ​ကြား​ခဲ့​ပါ သည်။ ထို့​ကြောင့်​အ​ဖ​ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​ကျွန်​များ​ဖြစ်​ကြ​သော​ကျွန်ုပ်​တို့ အား​အ​ပြစ်​လွှတ်​တော်​မူ​ပါ'' ဟူ​၍​လျှောက် စေ​၏။ ယော​သပ်​သည်​ထို​လျှောက်​ထား​ချက် ကို​ကြား​ရ​သော​အ​ခါ​ငို​ကြွေး​လေ​၏။
၁၆သူ့ ထံ သို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကို တို့သည် မကောင်း သောအမှုကို ကိုယ်တော်အား ပြု မိ၍၊
17 ၁၇
၁၇ကိုယ်တော် ကို ပြစ်မှား သောအပြစ် ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြား လျှောက်ရမည် အကြောင်း၊ ခမည်း တော်မသေမှီ ကျွန်တော်တို့ကို မှာ ထားခဲ့သည်ဖြစ်၍၊ ယခု တွင် ခမည်း တော်၏ ဘုရားသခင် ကျွန် တို့၏ အပြစ် ကို လွှတ် တော်မူပါဟု လျှောက်ကြ၏။ ထိုသို့ လျှောက် ကြသောအခါ ၊ ယောသပ် သည် မျက်ရည် ကျလေ၏။
18 ၁၈ ထို​နောက်​ယော​သပ်​၏​ညီ​အစ်​ကို​တို့​သည်​သူ့ ထံ​သို့​ဝင်​ရောက်​၍​ရှေ့​တွင်​ပျပ်​ဝပ်​လျက်``ကိုယ် တော်​၏​ကျွန်​များ​ရှေ့​တော်​သို့​ရောက်​ရှိ​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
၁၈အစ်ကို တို့သည်လည်း ဝင် ၍ ယောသပ် ရှေ့ မှာ ပြပ်ဝပ် လျက် ၊ ကျွန်တော် တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက် ကြ၏။
19 ၁၉ ထို​အ​ခါ​ယော​သပ်​က​ညီ​အစ်​ကို​တို့​အား``အစ် ကို​တို့​မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ဘု​ရား​သ​ခင်​က သာ​လျှင်​တ​ရား​စီ​ရင်​၍​ဒဏ်​ပေး​ပိုင်​တော်​မူ​၏။ ကျွန်ုပ်​မူ​ကား​ထို​သို့​မ​ပြု​နိုင်​ပါ။-
၁၉ယောသပ် ကလည်း ၊ မ စိုးရိမ် ကြနှင့်။ ကျွန်ုပ် သည် ဘုရားသခင် ကိုယ်စား ဖြစ်သလော။
20 ၂၀ အစ်​ကို​တို့​သည်​ကျွန်ုပ်​အား​မ​ကောင်း​ကြံ​ခဲ့ ကြ​ပါ​သော်​လည်း​ဘု​ရား​သ​ခင်​က ကျွန်ုပ် တို့​ယ​နေ့​တွေ့​မြင်​ရ​သည့်​အ​တိုင်း​လူ​များ အ​သက်​ချမ်း​သာ​စေ​ရန်​ထို​မ​ကောင်း​မှု​မှ အ​ကျိုး​တ​ရား​ကို​ဖော်​ခဲ့​တော်​မူ​ပြီ။-
၂၀သင် တို့သည် ကျွန်ုပ် ကို ညှဉ်းဆဲ မည်ကြံ ကြသော်လည်း ၊ ဘုရားသခင် သည် ယနေ့ ဖြစ်သည်အတိုင်း ၊ လူ များ အသက် ချမ်းသာစေခြင်းငှါ ကျေးဇူး ပြု မည် ကြံ တော်မူ၏။
21 ၂၁ မ​စိုး​ရိမ်​ကြ​ပါ​နှင့်။ ကျွန်ုပ်​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​သ​မီး​များ​အား​ကြည့်​ရှု​စောင့် ရှောက်​ထား​ပါ​မည်'' ဟု​ဆို​လေ​၏။ ဤ​နည်း​အား ဖြင့်​ယော​သပ်​သည်​ညီ​အစ်​ကို​တို့​အား​နှစ်​သိမ့် စကား​ပြော​၍​စိတ်​ချမ်း​သာ​ရာ​ရ​စေ​လေ​၏။
၂၁ထိုကြောင့် ၊ မ စိုးရိမ် ကြနှင့်။ သင် တို့နှင့် သူငယ် များကို ကျွန်ုပ် ကျွေးမွေး မည်ဟုဆိုလျက်၊ သူ တို့ကို နှစ်သိမ့် စေ၍ မေတ္တာ စကားကို ပြော လေ၏။
22 ၂၂ အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​သည်​သူ​၏​သား ချင်း​များ​နှင့်​အ​တူ​နေ​ထိုင်​၍ အ​သက်​တစ် ရာ့​တစ်​ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
၂၂ထိုသို့ ယောသပ် သည် မိမိ အဘ ၏ အမျိုးသား တို့နှင့် အဲဂုတ္တု ပြည်၌ နေ ၍ ၊ အသက် တရာ တဆယ် ကိုမှီ ၏။
23 ၂၃ သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-
၂၃ဧဖရိမ် ၏မြေး ကို မြင် ရ၏။ မနာရှေ ၏သား ၊ မာခိရ ၏သားသမီး တို့ကိုလည်း မိမိ ဒူး ပေါ် မှာ မွေးစား ရ၏။
24 ၂၄ ယော​သပ်​က​သူ​၏​ညီ​အစ်​ကို​တို့​အား``ကျွန်ုပ် သည်​သေ​ရ​တော့​အံ့။ ကျွန်ုပ်​မ​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​အ​မှန်​မု​ချ ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သင်​တို့ ကို​ဤ​ပြည်​မှ​ထုတ်​ဆောင်​၍​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု​ကျိန်​ဆို​က​တိ ထား​တော်​မူ​သော​ပြည်​သို့​ခေါ်​ဆောင်​သွား တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
၂၄ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
25 ၂၅ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​ထို ပြည်​သို့​ပို့​ဆောင်​သော​အ​ခါ ငါ​၏​အ​ရိုး တို့​ကို​သင်​တို့​နှင့်​အ​တူ​ဆောင်​သွား​ပါ​မည် ဟု​ငါ့​အား​က​တိ​ပေး​ပါ​လော့'' ဟု​ဆို လျက်​ကျိန်​ဆို​က​တိ​ပေး​စေ​၏။-
၂၅တဖန် တုံ၊ အကယ်စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှုကြွလာတော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျိန်ဆို စေ၏။
26 ၂၆ သို့​ဖြစ်​၍​ယော​သပ်​သည်​အ​သက်​တစ်​ရာ့​တစ် ဆယ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။ သူ​တို့​သည်​သူ ၏​ရုပ်​အ​လောင်း​ကို​ကြာ​ရှည်​ခံ​အောင်​ဆေး​စိမ် ၍ အီ​ဂျစ်​ပြည်​၌​ခေါင်း​သွင်း​ထား​ကြ​သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​ကမ္ဘာ​ဦး​ကျမ်း​ပြီး​၏။
၂၆ထိုသို့ ယောသပ် သည် အသက် တရာ တဆယ် ရှိသော်အနိစ္စ ရောက်လေ၏။ အလောင်း ကိုကား၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တု ပြည်၌ တလား နှင့် ထား ကြလေ၏။

< ကမ္ဘာ​ဦး 50 >