< ကမ္ဘာဦး 50 >
1 ၁ ယောသပ်သည်သူ၏အဖကိုယ်ပေါ်သို့လှဲချ ပြီးလျှင် ပါးကိုနမ်းလျက်ငိုကြွေးလေ၏။-
Da faldt Josef over sin Faders Ansigt og græd over ham og kyssede ham.
2 ၂ ထိုနောက်ဆေးသမားတို့အားအဖ၏ အလောင်းကို ဆေးစိမ်ရန်အမိန့်ပေးလေသည်။-
Og Josef befalede sine Tjenere, Lægerne, at balsamere hans Fader; saa balsamerede Lægerne Israel.
3 ၃ ဆေးသမားတို့သည်ထုံးစံရှိသည့်အတိုင်း အလောင်းကိုအရက်လေးဆယ်ကြာအောင်ဆေး စိမ်ကြ၏။ အီဂျစ်အမျိုးသားတို့သည်ယာကုပ် အတွက် ရက်ပေါင်းခုနစ်ဆယ်ကြာမျှငိုကြွေး မြည်တမ်းကြကုန်၏။
Og fyrretyve Dage medgik hertil; thi saa mange Dage medgaa til Balsameringen; og Ægypterne begræd ham halvfjerdsindstyve Dage.
4 ၄ ငိုကြွေးမြည်တမ်းခြင်းရက်များ ကုန်ဆုံးသော အခါယောသပ်ကဖာရောဘုရင်၏အမှုထမ်း တို့အား၊ ဖာရောဘုရင်နားတော်သို့ဤသို့လျှောက် ကြပါလော့။-
Og der Grædedagene over ham vare forbi, da talede Josef til Faraos Hus og sagde: Kære, dersom jeg har fundet Naade for eders Øjne, da taler, kære, for Faraos Øren og siger:
5 ၅ ``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
Min Fader tog en Ed af mig og sagde: Se, jeg dør; i min Grav, som jeg lod mig grave i Kanaans Land, der skal du begrave mig; og nu, kære, vil jeg drage op og begrave min Fader, og jeg vil komme igen.
6 ၆ ယောသပ်မှာကြားသည့်အတိုင်းအမှုထမ်း တို့က ဘုရင်အားတင်လျှောက်ကြသောအခါ ဘုရင်က``သင်၏အဖအားကတိသစ္စာပြု ထားသည့်အတိုင်း သွား၍အဖ၏အလောင်း ကိုသင်္ဂြိုဟ်ပါလော့'' ဟုအခွင့်ပေးလိုက်လေ၏။
Og Farao sagde: Drag op og begrav din Fader, saaledes som han tog Ed af dig.
7 ၇ သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။-
Og Josef drog op for at begrave sin Fader, og alle Faraos Tjenere fore op med ham, de ældste af hans Hus, og alle de ældste af Ægyptens Land,
8 ၈ ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။-
og Josefs ganske Hus og hans Brødre og hans Faders Hus, kun deres smaa Børn og deres Faar og deres Øksne lode de blive i Gosen Land.
9 ၉ ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
Og baade Vogne og Ryttere droge op med ham, og det var en meget stor Hær.
10 ၁၀ သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
Der de kom til den Lade Atad, som ligger paa hin Side Jordan, da holdt de der en stor og saare svar Klage, og han lod holde Sorrig for sin Fader syv Dage.
11 ၁၁ ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
Og Kananiten, som boede i Landet, saa den Sorrig ved den Lade Atad, og de sagde: Denne er en svar Sorrig for Ægypterne; derfor kaldte man det Steds Navn: Ægypternes Sorrig, som er paa hin Side Jordan.
12 ၁၂ ယာကုပ်၏သားတို့သည်အဖမှာခဲ့သည့် အတိုင်း၊-
Og hans Sønner gjorde saaledes med ham, som han havde befalet dem.
13 ၁၃ ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
Og hans Sønner førte ham til Kanaans Land og begrove ham i Hulen paa den Ager Makpela, den Ager, som Abraham havde købt til Begravelses Ejendom af Efron den Hethiter, tvært over for Mamre.
14 ၁၄ ယောသပ်သည်အဖကိုသင်္ဂြိုဟ်ပြီးနောက်သူ ၏ညီအစ်ကိုများမှစ၍ အခြားလိုက်ပါလာ ကြသူအပေါင်းတို့နှင့်တကွအီဂျစ်ပြည် သို့ပြန်ခဲ့လေသည်။
Og Josef kom igen til Ægypten, han og hans Brødre og alle de, som vare dragne op med ham til at begrave hans Fader, efter at han havde begravet sin Fader.
15 ၁၅ ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-
Der Josefs Brødre saa, at deres Fader var død, da sagde de: Maaske Josef hader os, saa han visselig vil betale os igen alt det onde, som vi have gjort imod ham.
16 ၁၆ ထို့ကြောင့်သူတို့သည်ယောသပ်ထံသို့တမန် ကိုစေလွှတ်၍``ကျွန်ုပ်တို့သည်ကိုယ်တော်အား ပြစ်မှားမိခဲ့သည့်အတွက်အပြစ်ကိုလွှတ် တော်မူပါ'' ဟုကိုယ်တော်အားတောင်းပန်ရန် အဖအနိစ္စမရောက်မီကမှာကြားခဲ့ပါ သည်။ ထို့ကြောင့်အဖကိုးကွယ်သည့်ဘုရားသခင်၏ကျွန်များဖြစ်ကြသောကျွန်ုပ်တို့ အားအပြစ်လွှတ်တော်မူပါ'' ဟူ၍လျှောက် စေ၏။ ယောသပ်သည်ထိုလျှောက်ထားချက် ကိုကြားရသောအခါငိုကြွေးလေ၏။
Og de beskikkede nogen at tale til Josef, sigende: Din Fader befalede, før han døde og sagde:
Saa skulle I sige til Josef: Kære, forlad dog dine Brødre deres Overtrædelse og deres Synd, at de gjorde ilde imod dig; kære, saa forlad nu din Faders Guds Tjenere deres Overtrædelse; da græd Josef, der de talede til ham.
18 ၁၈ ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။
Og hans Brødre gik ogsaa selv hen og faldt ned for hans Ansigt og sagde: Se, vi ere dine Tjenere!
19 ၁၉ ထိုအခါယောသပ်ကညီအစ်ကိုတို့အား``အစ် ကိုတို့မစိုးရိမ်ကြပါနှင့်။ ဘုရားသခင်က သာလျှင်တရားစီရင်၍ဒဏ်ပေးပိုင်တော်မူ၏။ ကျွန်ုပ်မူကားထိုသို့မပြုနိုင်ပါ။-
Og Josef sagde til dem: Frygter ikke; thi monne jeg være i Guds Sted?
20 ၂၀ အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။-
Og I tænkte ondt imod mig; Gud tænkte at vende det til det gode, for at gøre, hvad der sker paa denne Dag, at holde meget Folk ved Live.
21 ၂၁ မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
Saa frygter nu ikke, jeg vil opholde eder og eders smaa Børn; saa trøstede han dem og talede kærlig med dem.
22 ၂၂ အီဂျစ်ပြည်တွင်ယောသပ်သည်သူ၏သား ချင်းများနှင့်အတူနေထိုင်၍ အသက်တစ် ရာ့တစ်ဆယ်ရှိသော်ကွယ်လွန်လေသည်။-
Saa boede Josef i Ægypten, han og hans Faders Hus, og Josef levede hundrede og ti Aar.
23 ၂၃ သူသည်ဧဖရိမ်၏သားသမီးနှင့်မြေးတို့ ကိုတွေ့မြင်သွားရ၏။ မနာရှေ၏သားမာခိ ရ၏သားသမီးတို့ကိုလည်းပြုစုခဲ့ရ၏။-
Og Josef saa Efraims Sønner i tredje Led; desligeste Makirs, Manasse Søns, Sønner bleve fødte paa Josefs Knæ.
24 ၂၄ ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
Og Josef sagde til sine Brødre: Jeg dør, og Gud skal visselig besøge eder og føre eder op af dette Land, til det Land, som han har tilsvoret Abraham, Isak og Jakob.
25 ၂၅ ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။-
Og Josef tog en Ed af Israels Børn og sagde: Gud skal visselig besøge eder, og I skulle føre mine Ben op herfra.
26 ၂၆ သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။
Saa døde Josef hundrede og ti Aar gammel; og de balsamerede ham, og man lagde ham i Kiste i Ægypten.