< ကမ္ဘာဦး 5 >
1 ၁ အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
Wannan shi ne rubutaccen tarihin zuriyar Adamu. Sa’ad da Allah ya halicci mutum, ya yi shi cikin kamannin Allah.
2 ၂ ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
Ya halicce su namiji da ta mace, ya kuma albarkace su. Sa’ad da kuma aka halicce su, ya kira su “Mutum.”
3 ၃ အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
Sa’ad da Adamu ya yi shekaru 130, sai ya haifi ɗa wanda ya yi kama da shi, ya kuma kira shi Set.
4 ၄ ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။-
Bayan an haifi Set, Adamu ya yi shekaru 800, ya kuma haifi waɗansu’ya’ya maza da mata.
5 ၅ သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
Gaba ɗaya dai, Adamu ya yi shekaru 930, sa’an nan ya mutu.
6 ၆ ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။-
Sa’ad da Set ya yi shekara 105, sai ya haifi Enosh.
7 ၇ ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။-
Bayan ya haifi Enosh, Set ya yi shekara 807, ya kuma haifi waɗansu’ya’ya maza da mata.
8 ၈ သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
Gaba ɗaya dai, Set ya yi shekaru 912, sa’an nan ya mutu.
9 ၉ ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊-
Sa’ad da Enosh ya yi shekara 90, sai ya haifi Kenan.
10 ၁၀ ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။-
Bayan ya haifi Kenan, Enosh ya yi shekara 815, ya kuma haifi waɗansu’ya’ya maza da mata.
11 ၁၁ အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
Gaba ɗaya dai, Enosh ya yi shekaru 905, sa’an nan ya mutu.
12 ၁၂ ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊-
Sa’ad da Kenan ya yi shekara 70, sai ya haifi Mahalalel.
13 ၁၃ နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
Bayan ya haifi Mahalalel, Kenan ya yi shekara 840, ya kuma haifi waɗansu’ya’ya maza da mata
14 ၁၄ အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
Gaba ɗaya dai, Kenan ya yi shekara 910, sa’an nan ya mutu.
15 ၁၅ မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊-
Sa’ad da Mahalalel ya yi shekara 65, sai ya haifi Yared.
16 ၁၆ နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
Bayan ya haifi Yared, Mahalalel ya yi shekara 830, ya kuma haifi waɗansu’ya’ya maza da mata
17 ၁၇ အသက်ရှစ်ရာကိုးဆယ့်ငါးနှစ်ရှိသော်ကွယ်လွန် လေ၏။
Gaba ɗaya dai, Mahalalel ya yi shekara 895, sa’an nan ya mutu.
18 ၁၈ ယာရက်သည်အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသောအခါသားဧနောက်ကိုရပြီးနောက်၊-
Sa’ad da Yared ya yi shekara 162, sai ya haifi Enok.
19 ၁၉ နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။-
Bayan ya haifi Enok, Yared ya yi shekaru 800, ya kuma haifi waɗansu’ya’ya maza da mata.
20 ၂၀ အသက်ကိုးရာခြောက်ဆယ့်နှစ်နှစ်ရှိသော် ကွယ်လွန်လေ၏။
Gaba ɗaya dai, Yared ya yi shekara 962, sa’an nan ya mutu.
21 ၂၁ ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။-
Sa’ad da Enok ya yi shekara 65, sai ya haifi Metusela.
22 ၂၂ ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။-
Bayan ya haifi Metusela, Enok ya kasance cikin zumunci da Allah shekaru 300, ya kuma haifi waɗansu’ya’ya maza da mata.
23 ၂၃ သူသည်အသက်သုံးရာခြောက်ဆယ့်ငါးနှစ် အထိအသက်ရှည်၏။-
Gaba ɗaya dai, Enok ya yi shekaru 365.
24 ၂၄ သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။
Enok ya kasance cikin zumunci da Allah, sa’an nan ba a ƙara ganinsa ba. Saboda Allah ya ɗauke shi.
25 ၂၅ မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-
Sa’ad da Metusela ya yi shekara 187, sai ya haifi Lamek.
26 ၂၆ ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။-
Bayan ya haifi Lamek, Metusela ya yi shekaru 782, ya kuma haifi waɗansu’ya’ya maza da mata.
27 ၂၇ အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
Gaba ɗaya dai, Metusela ya yi shekaru 969, sa’an nan ya mutu.
28 ၂၈ လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။-
Sa’ad da Lamek ya yi shekara 182, sai ya haifi ɗa.
29 ၂၉ ``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
Ya ba shi suna Nuhu ya kuma ce, “Zai yi mana ta’aziyya a cikin aikinmu da wahalar hannuwanmu a ƙasar da Ubangiji ya la’anta.”
30 ၃၀ သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။-
Bayan an haifi Nuhu, Lamek ya yi shekara 595, yana kuma da’ya’ya maza da mata.
31 ၃၁ အသက်ခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်ရှိသော် ကွယ်လွန်လေသည်။
Gaba ɗaya dai, Lamek ya yi shekaru 777, sa’an nan ya mutu.
32 ၃၂ နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။
Bayan Nuhu ya yi shekara 500, sai ya haifi Shem, Ham da Yafet.