< ကမ္ဘာဦး 49 >
1 ၁ ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။
И призвал Иаков сыновей своих и сказал: соберитесь, и я возвещу вам, что будет с вами в грядущие дни;
2 ၂ ``ယာကုပ်၏သားများတို့သင်တို့သည် ငါ့အနီးတွင် စုရုံးလာကြ၍၊ သင်တို့၏အဖဣသရေလ၏စကားကို နားထောင်ကြလော့။
сойдитесь и послушайте, сыны Иакова, послушайте Израиля, отца вашего.
3 ၃ ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
Рувим, первенец мой! ты крепость моя и начаток силы моей, верх достоинства и верх могущества;
4 ၄ သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
но ты бушевал, как вода, - не будешь преимуществовать, ибо ты взошел на ложе отца твоего, ты осквернил постель мою, на которую взошел.
5 ၅ ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
Симеон и Левий братья, орудия жестокости мечи их;
6 ၆ သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
в совет их да не войдет душа моя, и к собранию их да не приобщится слава моя, ибо они во гневе своем убили мужа и по прихоти своей перерезали жилы тельца;
7 ၇ သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
проклят гнев их, ибо жесток, и ярость их, ибо свирепа; разделю их в Иакове и рассею их в Израиле.
8 ၈ ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။ သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။ သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။
Иуда! тебя восхвалят братья твои. Рука твоя на хребте врагов твоих; поклонятся тебе сыны отца твоего.
9 ၉ ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
Молодой лев Иуда, с добычи, сын мой, поднимается. Преклонился он, лег, как лев и как львица: кто поднимет его?
10 ၁၀ ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Не отойдет скипетр от Иуды и законодатель от чресл его, доколе не приидет Примиритель, и Ему покорность народов.
11 ၁၁ သူသည်သူ၏မြည်းပေါက်ကလေးကိုအကောင်း ဆုံး စပျစ်နွယ်၌ချည်နှောင်ထား၏။ သူသည်မိမိ၏အဝတ်များကိုပတ္တမြားသွေး စပျစ်ရည်တွင်ဖွပ်လျှော်၏။
Он привязывает к виноградной лозе осленка своего и к лозе лучшего винограда сына ослицы своей; моет в вине одежду свою и в крови гроздов одеяние свое;
12 ၁၂ စပျစ်ရည်ကြောင့်သူ၏မျက်လုံးများသည် နီရဲနေ၏။ နို့သောက်၍သူ၏သွားများသည်ဖြူဖွေးနေ၏။
блестящи очи его от вина, и белы зубы его от молока.
13 ၁၃ ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
Завулон при береге морском будет жить и у пристани корабельной, и предел его до Сидона.
14 ၁၄ ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
Иссахар осел крепкий, лежащий между протоками вод;
15 ၁၅ သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
и увидел он, что покой хорош, и что земля приятна: и преклонил плечи свои для ношения бремени и стал работать в уплату дани.
16 ၁၆ ဒန်သည်အခြားသောဣသရေလအနွယ်တို့ ကဲ့သို့ မိမိ၏လူတို့ကိုအုပ်စိုးရလိမ့်မည်။
Дан будет судить народ свой, как одно из колен Израиля;
17 ၁၇ ဒန်သည်လမ်းဘေး၌ခွေသောမြွေ၊လမ်းအနီး၌ ခိုသောမြွေဆိုးဖြစ်၍ မြင်း၏ဖနောင့်ကိုကိုက်သဖြင့်မြင်းစီးသူ ကို နောက်ပြန်လိမ့်ကျစေလိမ့်မည်။
Дан будет змеем на дороге, аспидом на пути, уязвляющим ногу коня, так что всадник его упадет назад.
18 ၁၈ ``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
На помощь твою надеюсь, Господи!
19 ၁၉ ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။
Гад, - толпа будет теснить его, но он оттеснит ее по пятам.
20 ၂၀ အာရှာ၏မြေမှစားကောင်းသောက်ဖွယ်ထွက် လိမ့်မည်။ သူ့ထံမှဘုရင်ပွဲတော်နှင့်ထိုက်သော အစားအစာကိုရရှိလိမ့်မည်။
Для Асира - слишком тучен хлеб его, и он будет доставлять царские яства.
21 ၂၁ နဿလိသည်လွတ်လပ်စွာခုန်ပေါက် ပြေးလွှားသောသမင်ဖြစ်၍ ချစ်ဖွယ်ကောင်းသောသမင်သားငယ်များ ကိုမွေးဖွား၏။
Неффалим - теревинф рослый, распускающий прекрасные ветви.
22 ၂၂ ယောသပ်သည်စမ်းရေပေါက်နားမှာ ကျက်စားသောမြည်းရိုင်း တောင်စောင်းပေါ်တွင်ကျက်စားသော မြည်းရိုင်းကလေးနှင့်တူ၏။
Иосиф - отрасль плодоносного дерева, отрасль плодоносного дерева над источником; ветви его простираются над стеною;
23 ၂၃ သူ၏ရန်သူတို့သည်သူ့အားလေးမြား လက်နက်တို့ဖြင့် ပြင်းထန်စွာလိုက်လံတိုက်ခိုက်ကြ၏။
огорчали его, и стреляли и враждовали на него стрельцы,
24 ၂၄ သို့ရာတွင်ယာကုပ်၏အနန္တတန်ခိုးရှင်ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ ဣသရေလ၏ကာကွယ်ရာကျောက်ဖြစ်တော်မူသော သိုးထိန်းရှင်၏စောင်မခြင်းအားဖြင့်လည်းကောင်း၊ သူ၏လေးသည်တည်ငြိမ်၍သူ၏လက်တို့သည် အားသန်လျက်ရှိ၏။
но тверд остался лук его, и крепки мышцы рук его, от рук мощного Бога Иаковлева. Оттуда Пастырь и твердыня Израилева,
25 ၂၅ သင့်အဖ၏ဘုရားသခင်သည်သင့်ကိုကူမလျက် ရှိတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်အား ကောင်းကင်မှကျသောမိုးရေ၊မြေအောက်မှ စီးထွက်သောရေကိုလည်းကောင်း၊ သိုးနွားများနှင့်သားသမီးရတနာကို လည်းကောင်း ပေးတော်မူပါစေ၊
от Бога отца твоего, Который и да поможет тебе, и от Всемогущего, Который и да благословит тебя благословениями небесными свыше, благословениями бездны, лежащей долу, благословениями сосцов и утробы,
26 ၂၆ အသီးအနှံနှင့်ပန်းမာလ်ကိုလည်းကောင်း ပေးတော်မူပါစေသော။ အမြဲတည်သောတောင်ကုန်းများမှ နှစ်သက်ဖွယ်ရာကောင်းချီးမင်္ဂလာများကိုလည်း သင့်အားပေးတော်မူပါစေသော။ ဤကောင်းချီးအပေါင်းတို့သည်မိမိ ညီအစ်ကိုတို့ထက်ထူးကဲသောယောသပ် ၏ ဦးခေါင်းပေါ်သို့သက်ရောက်ပါစေသော။
благословениями отца твоего, которые превышают благословения гор древних и приятности холмов вечных; да будут они на голове Иосифа и на темени избранного между братьями своими.
27 ၂၇ ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။
Вениамин, хищный волк, утром будет есть ловитву и вечером будет делить добычу.
28 ၂၈ ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
Вот все двенадцать колен Израилевых; и вот что сказал им отец их; и благословил их, и дал им благословение, каждому свое.
29 ၂၉ ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
И заповедал он им и сказал им: я прилагаюсь к народу моему; похороните меня с отцами моими в пещере, которая на поле Ефрона Хеттеянина,
в пещере, которая на поле Махпела, что пред Мамре, в земле Ханаанской, которую пещеру купил Авраам с полем у Ефрона Хеттеянина в собственность для погребения;
31 ၃၁ ထိုသင်္ချိုင်းတွင်ငါ့အဘိုးအာဗြဟံနှင့် အဘွား စာရာတို့ကိုသင်္ဂြိုဟ်ခဲ့ကြ၏။ အဖဣဇာက်နှင့် အမိရေဗက္ကတို့ကိုလည်းသင်္ဂြိုဟ်ခဲ့ကြ၏။ ထိုသင်္ချိုင်းတွင်ငါသည်လေအာကိုသင်္ဂြိုဟ် ခဲ့၏။-
там похоронили Авраама и Сарру, жену его; там похоронили Исаака и Ревекку, жену его; и там похоронил я Лию;
32 ၃၂ ထိုမြေနှင့်ငါ့သင်္ချိုင်းကို ဟိတ္တိအမျိုးသား တို့ထံမှဝယ်ယူခဲ့၏။ ထိုသင်္ချိုင်းတွင်ငါ့ကို သင်္ဂြိုဟ်ကြလော့'' ဟုမှာကြားလေ၏။-
это поле и пещера, которая на нем, куплена у сынов Хеттеевых.
33 ၃၃ ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။
И окончил Иаков завещание сыновьям своим, и положил ноги свои на постель, и скончался, и приложился к народу своему.