< ကမ္ဘာ​ဦး 49 >

1 ယာ​ကုပ်​သည်​သား​များ​ကို​မိ​မိ​ထံ​သို့​ခေါ် ပြီး​လျှင်``ငါ့​အ​နား​သို့​ချဉ်း​ကပ်​လာ​ကြ လော့။ သင်​တို့​၏​နောင်​ရေး​ကို​ငါ​ဖော်​ပြ​ပေ အံ့။
KAHEA aku la o Iakoba i kana mau keikikane, i aku la, E houluulu mai ia oukou iho i hai aku ai au ia oukou i na mea e hiki mai ana io oukou la i na la mahope.
2 ``ယာ​ကုပ်​၏​သား​များ​တို့​သင်​တို့​သည် ငါ့​အ​နီး​တွင် စု​ရုံး​လာ​ကြ​၍၊ သင်​တို့​၏​အ​ဖ​ဣ​သ​ရေ​လ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။
E houluulu mai ia oukou iho, e lohe, e na keiki a Iakoba; e hoolohe mai ia Iseraela i ko oukou makuakane.
3 ရု​ဗင်၊သင်​သည်​ငါ​၏​သား​ဦး၊​ငါ​၏​စွမ်း​အား ငါ​ပျို​ရွယ်​ချိန်​၌​ရ​သော​သား​ဦး​ရှိ​သ​မျှ တို့​တွင် အ​ရေး​ပါ​အ​ရာ​ရောက်​ဆုံး​ခွန်​အား​အ​ကြီး ဆုံး​ဖြစ်​၏။
E Reubena e, o oe no ka'u hiapo, o ko'u ikaika, a me ka hoomaka ana o ka ui o'u; ke kela ana i ka hanohano, ke kela ana i ka mana:
4 သင်​သည်​ရေ​ကြီး​ချိန်​၌​စီး​သော​ရေ​သ​ဖွယ် ဖြစ်​၏။ သို့​ရာ​တွင်​သင်​သည်​သင့်​အ​ဖ​၏​မ​ယား​ငယ် နှင့်​အိပ်​၍၊ သင့်​အ​ဖ​၏​အိပ်​ရာ​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် သင်​သည်​သား​တို့​တွင်​အ​ကြီး​အ​ကဲ​မ ဖြစ်​နိုင်။
He hu wale me he wai la, aole oe e kela aku, no ka mea, pii aku la oe i ka moe o kou makuakane: alaila oe i hoohaumia iho ai: pii aka la ia i kuu wahi moe.
5 ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ညီ​အစ်​ကို​ဖြစ် ကြ​၏။ သူ​တို့​သည်​လက်​နက်​များ​ကို​အ​သုံး​ပြု ကာ အ​ကြမ်း​ဖက်​မှု​ပြု​ခဲ့​ကြ​လေ​ပြီ။
O Simeona laua o Levi, he mau hoahanau laua: aia na mea hoomainoino ma ko laua hoolimalima.
6 သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက် နွား​ထီး​များ​၏​ခြေ​တို့​ကို​အ​ပျော်​သက်​သက် ရိုက်​ချိုး​ခဲ့​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​၌ ပါ​ဝင်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​စည်း​အ​ဝေး​သို့​လည်း တက်​ရောက်​မည်​မ​ဟုတ်။
Ma ko laua wahi ohumu aole e hele aku kuu uhane, ma ko laua halawai aole e hui pu ia'ku ko'u naui: no ka mea, no ko laua inaina pepehi iho la laua i ke kanaka, a no ko laua makemake oki iho la laua i ke olona wawae o ka bipi.
7 သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။ မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။
E hoinoia ka laua inaina, no ka mea, he ino ia, a me ko laua huhu, no ka mea, he koikoi ia: e mahelehele au ia laua iloko o ka Iakoba, a e hoopuehu au in laua iloko o ka Iseraela.
8 ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။ သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။
E Iuda e, o oe ka mea a na hoahanau ou e hoomaikai ai: o kou lima, aia no ia ma ka a-i o kou poe enemi; e kulou iho hoi na keiki a kou makuakane imua on.
9 ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍ သား​ရဲ​တွင်း​သို့​ပြန်​လာ​သော​ခြင်္သေ့​ကဲ့​သို့ ကိုယ်​ကို​စန့်​လျက်​ဝပ်​လျက်​ရှိ​၏။ မည်​သူ​က​မျှ​သူ့​အား​မ​နှောင့်​ယှက်​ဝံ့။
He keiki a ka liona o Iuda, ua pii ae oe, e kuu keiki, mai ke pio ae: kukuli iho la ia, a moe iho la me he liona kane la, a me ka liona wahine; nawai ia e hoala ae?
10 ၁၀ ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။
Aole e lilo aku ke kookeo alii mai o Iuda aku, aole hoi ka mea webewehe kanawai maiwaena aku o kona mau wawae, a hiki mai ai o Silo; a ia ia ke akoakoa ana ae o na kanaka.
11 ၁၁ သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။ သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။
E hikii ana i kana keikihoki i ke kumuwaina, a me ke keiki a ka hokiwahine i ke kumuwaina maikai, holoi iho la ia i kona kapa i ka waina, a me kona aahu i ke koko o ka huawaina.
12 ၁၂ စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။ နို့​သောက်​၍​သူ​၏​သွား​များ​သည်​ဖြူ​ဖွေး​နေ​၏။
E ulaula kona mau maka i ka waina, e keokeo hoi kona mau niho i ka waiu.
13 ၁၃ ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍ သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။ သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။
E noho auanei o Zebuluna ma ke kahakai; oia no ke kahakai no na moku; a e hiki aku kona palena i Sidona.
14 ၁၄ ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။
He hoki ikaika no o Isakara e moe ana mawaena o na halemalumalu:
15 ၁၅ သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။
Ike iho la ia i ka maha he maikai ia, a i ka aina he oluolu ia, kulon iho la ia i kona hokua i ka ukana, a lilo iho la ia i kauwn e auhauia'i.
16 ၁၆ ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။
E hooponopono o Dana i kona hanauna a kanaka, e like me kekahi o na ohana o Iseraela.
17 ၁၇ ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍ မြင်း​၏​ဖ​နောင့်​ကို​ကိုက်​သ​ဖြင့်​မြင်း​စီး​သူ ကို နောက်​ပြန်​လိမ့်​ကျ​စေ​လိမ့်​မည်။
He nahesa o Dana ma kapa alanui, he moolele ma ke ala; nana e nahu aku na kuekuewawae o ka lio, a e haule hope iho ka mea e hooholo ana ia ia.
18 ၁၈ ``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။
Ua kali au i kou hoola ana, e Iehova.
19 ၁၉ ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​ကို​တိုက်​ခိုက်​သူ​တို့ အား ပြန်​၍​လိုက်​လံ​တိုက်​ခိုက်​လိမ့်​မည်။
O Gada, e lanakila mai ka poe kaua maluna ona, aka, e lanakila aku oia ma ka hope.
20 ၂၀ အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။ သူ့​ထံ​မှ​ဘု​ရင်​ပွဲ​တော်​နှင့်​ထိုက်​သော အ​စား​အ​စာ​ကို​ရ​ရှိ​လိမ့်​မည်။
Mai Asera mai kana ai momona, a e haawi aku ia i na mea ono na na'lii.
21 ၂၁ န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။
O Napetali, he diawahine ia i kalaia'ku; ke hua mai nei ia i na huaolelo maikai.
22 ၂၂ ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်း တောင်​စောင်း​ပေါ်​တွင်​ကျက်​စား​သော မြည်း​ရိုင်း​က​လေး​နှင့်​တူ​၏။
He lala hua o Iosepa, he lala hua ma ka punawai: ke kolo ae nei na lala ona maluna o ka pa.
23 ၂၃ သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။
Ua hooeha nui mai, a ua pana mai hoi na mea pana ia ia, a ua inaina mai lakou ia ia.
24 ၂၄ သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။
Aka, ua mau no kona kakaka i ka ikaika, a ua hooikaikaia kona mau lima e na lima o ka Mea mana o Iakoba; (nolaila mai ke kahuhipa, ka pohaku no Iseraela; )
25 ၂၅ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​အား ကောင်း​ကင်​မှ​ကျ​သော​မိုး​ရေ၊မြေ​အောက်​မှ စီး​ထွက်​သော​ရေ​ကို​လည်း​ကောင်း၊ သိုး​နွား​များ​နှင့်​သား​သ​မီး​ရ​တ​နာ​ကို လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ၊
E ke Akua o kou makua, nana oe e kokua mai; e ka Mea mana loa hoi, nana oe e hoomaikai mai i na mea maikai o ka lani iluna, a o ka hohonu ilalo, i na mea maikai o ka u, a o ka opu.
26 ၂၆ အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။ အ​မြဲ​တည်​သော​တောင်​ကုန်း​များ​မှ နှစ်​သက်​ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​လည်း သင့်​အား​ပေး​တော်​မူ​ပါ​စေ​သော။ ဤ​ကောင်း​ချီး​အ​ပေါင်း​တို့​သည်​မိ​မိ ညီ​အစ်​ကို​တို့​ထက်​ထူး​ကဲ​သော​ယော​သပ် ၏ ဦး​ခေါင်း​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။
Ua oi aku ka hoomaikai ana o kou makuakane maluna o na hoomaikai ana o na mauna mau, a hiki aku hoi i na mokuna o na puu kahiko loa: maluna no auanei ia o ke poo o Iosepa, a maluna hoi o ka piko o ke poo o ka mea i hookaawaleia ae mai koua poe hanauna aku.
27 ၂၇ ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။ နံ​နက်​နှင့်​ည​နေ​အ​ချိန်​၌​သား​ကောင်​ကို ကိုက်​ဖြတ်​၍​စား​တတ်​၏'' ဟု​မြွက်​ဆို​၏။
E haehae o Beniamina me he iliohae la, i ke kakahiaka e ai iho ia i ke pio, a i ke ahiahi e puunaue ia i ka waiwai pio.
28 ၂၈ ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။
O keia poe a pau, o ka poe ohana ia a Iseraela he umikumamalua: a oia ka mea a ko lakou makuakane i olelo mai ai ia lakou, a i hoomaikai mai ai ia lakou; i kela kanaka keia kanaka e like me ka hoomaikai ana, ana i hoomaikai mai ai ia lakou.
29 ၂၉ ထို​နောက်​ယာ​ကုပ်​က​သူ​၏​သား​တို့​အား``ငါ ၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ငါ​သွား​ရ​မည်။ ခါ နာန်​ပြည်​မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ ဟိတ္တိ​အ​မျိုး သား​ဧ​ဖ​ရုန်​၏​မြေ​၌​ငါ့​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း တွင်​သင်္ဂြိုဟ်​ကြ​လော့။ အာ​ဗြ​ဟံ​သည်​ခါ​နာန် ပြည်​မံ​ရေ​မြို့​ရှိ​မပ္ပေလ​လယ် လယ်​ပြင်​၌​ထို​မြေ နှင့်​သင်္ချိုင်း​ကို​ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​ထံ​မှ သင်္ချိုင်း​မြေ​အ​ဖြစ်​ဝယ်​ယူ​ခဲ့​၏။-
Kauoha aku la oia ia lakou, i aku la, E huipu ana au me ko'u poe makua: e kanu pu hoi oukou la'u me na makua o'u ma ke ana maloko o ke kula o Eperona, no ka Heta,
30 ၃၀
Ma ke ana iloko o ke kula ma Makepela, ma ke alo o Mamere, ma ka aina o Kanaana, o ke kula a Aberahama i kuai ai me Eperona, no ka Heta, i wahi ilina kupapau nona.
31 ၃၁ ထို​သင်္ချိုင်း​တွင်​ငါ့​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဘွား စာ​ရာ​တို့​ကို​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ အ​ဖ​ဣ​ဇာက်​နှင့် အ​မိ​ရေ​ဗက္က​တို့​ကို​လည်း​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ ထို​သင်္ချိုင်း​တွင်​ငါ​သည်​လေ​အာ​ကို​သင်္ဂြိုဟ် ခဲ့​၏။-
Malaila lakou i kanu ai ia Aberahama, a me kana wahine me Sara, a malaila lakou i kanu ai ia Isaaka a me kana wahine mo Rebeka, a malaila hoi au i kanu ai ia Lea.
32 ၃၂ ထို​မြေ​နှင့်​ငါ့​သင်္ချိုင်း​ကို ဟိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ဝယ်​ယူ​ခဲ့​၏။ ထို​သင်္ချိုင်း​တွင်​ငါ့​ကို သင်္ဂြိုဟ်​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။-
Ua kuaiia ke kula, a me ke ana iloko me na mamo a Heta.
33 ၃၃ ယာ​ကုပ်​သည်​သား​တို့​အား​ယင်း​သို့​မှာ​ကြား ပြီး​နောက်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​၍​ကွယ် လွန်​လေ​၏။
A pau ka Iakoba kauoha ana i kana poe keiki, opili ae la ia i kona mau wawae maluna o kahi moe, kaili aku la ke aho, a huipu ia iho la ia me kona poe makua.

< ကမ္ဘာ​ဦး 49 >