< ကမ္ဘာဦး 47 >
1 ၁ သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။-
Yusuf gidip firavuna, “Babamla kardeşlerim davarları, sığırları ve bütün eşyalarıyla Kenan ülkesinden geldiler” diye haber verdi, “Şu anda Goşen bölgesindeler.”
2 ၂ ထိုနောက်သူသည်အစ်ကိုငါးယောက်ကိုရွေး ယူ၍ ဘုရင်ထံသို့ဝင်ရောက်ခစားစေသည်။-
Sonra kardeşlerinden beşini seçerek firavunun huzuruna çıkardı.
3 ၃ ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။-
Firavun Yusuf'un kardeşlerine, “Ne iş yapıyorsunuz?” diye sordu. “Biz kulların atalarımız gibi çobanız” diye yanıtladılar,
4 ၄ ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး အလွန်ဆိုးရွားလျက်ရှိသဖြင့် သိုးနွားတို့ အတွက်စားကျက်မရှိပါ။ သို့ဖြစ်၍ကျွန်တော် မျိုးတို့သည်ဤပြည်တွင်နေထိုင်ရန်ရောက်လာ ကြပါသည်။ ကျွန်တော်မျိုးတို့အားဂေါရှင် အရပ်၌နေထိုင်ခွင့်ပေးတော်မူပါ'' ဟုလျှောက် ထားကြလေ၏။-
“Bu ülkeye geçici bir süre için geldik. Çünkü Kenan ülkesinde şiddetli kıtlık var. Davarlarımız için otlak bulamıyoruz. İzin ver, Goşen bölgesine yerleşelim.”
5 ၅ ဖာရောဘုရင်ကယောသပ်အား``သင်၏အဖ နှင့်အစ်ကိုတို့သည် သင့်ထံသို့ယခုရောက်ရှိ လာကြပြီဖြစ်၍၊-
Firavun Yusuf'a, “Babanla kardeşlerin yanına geldiler” dedi,
6 ၆ အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
“Mısır ülkesi senin sayılır. Onları ülkenin en iyi yerine yerleştir. Goşen bölgesine yerleşsinler. Sence aralarında becerikli olanlar varsa, davarlarıma bakmakla görevlendir.”
7 ၇ ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။-
Yusuf babası Yakup'u getirip firavunun huzuruna çıkardı. Yakup firavunu kutsadı.
8 ၈ ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။
Firavun, Yakup'a, “Kaç yaşındasın?” diye sordu.
9 ၉ ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
Yakup, “Gurbet yıllarım yüz otuz yılı buldu” diye yanıtladı, “Ama yıllar çabuk ve zorlu geçti. Atalarımın gurbet yılları kadar uzun sürmedi.”
10 ၁၀ ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။-
Sonra firavunu kutsayıp huzurundan ayrıldı.
11 ၁၁ ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
Yusuf babasıyla kardeşlerini Mısır'a yerleştirdi; firavunun buyruğu uyarınca onlara ülkenin en iyi yerinde, Ramses bölgesinde mülk verdi.
12 ၁၂ ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။
Ayrıca babasıyla kardeşlerine ve babasının ev halkına, sahip oldukları çocukların sayısına göre yiyecek sağladı.
13 ၁၃ အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
Kıtlık öyle şiddetlendi ki, hiçbir ülkede yiyecek bulunmaz oldu. Mısır ve Kenan ülkeleri kıtlıktan kırılıyordu.
14 ၁၄ ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။-
Yusuf sattığı buğdaya karşılık Mısır ve Kenan'daki bütün paraları toplayıp firavunun sarayına götürdü.
15 ၁၅ အီဂျစ်ပြည်သားနှင့်ခါနာန်ပြည်သားတို့ တွင်စပါးဝယ်ရန်ငွေကုန်သောအခါ အီဂျစ် ပြည်သားတို့သည်ယောသပ်ထံသို့လာ၍``ကျွန် တော်တို့အားစားစရာပေးပါ။ ငတ်၍မသေ ပါရစေနှင့်။ ကျွန်တော်တို့တွင်ရိက္ခာဝယ်ရန် ငွေမကျန်တော့ပါ'' ဟုလျှောက်ကြလေ သည်။
Mısır ve Kenan'da para tükenince Mısırlılar Yusuf'a giderek, “Bize yiyecek ver” dediler, “Gözünün önünde ölelim mi? Paramız bitti.”
16 ၁၆ ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။-
Yusuf, “Paranız bittiyse, davarlarınızı getirin” dedi, “Onlara karşılık size yiyecek vereyim.”
17 ၁၇ သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။
Böylece davarlarını Yusuf'a getirdiler. Yusuf atlara, davar ve sığır sürülerine, eşeklere karşılık onlara yiyecek verdi. Bir yıl boyunca hayvanlarına karşılık onlara yiyecek sağladı.
18 ၁၈ ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။-
O yıl geçince, ikinci yıl yine geldiler. Yusuf'a, “Efendim, gerçeği senden saklayacak değiliz” dediler, “Paramız tükendi, davarlarımızı da sana verdik. Canımızdan ve toprağımızdan başka verecek bir şeyimiz kalmadı.
19 ၁၉ ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။
Gözünün önünde ölelim mi? Toprağımız çöle mi dönsün? Canımıza ve toprağımıza karşılık bize yiyecek sat. Toprağımızla birlikte firavunun kölesi olalım. Bize tohum ver ki ölmeyelim, yaşayalım; toprak da çöle dönmesin.”
20 ၂၀ သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်ရှိလယ် မြေအားလုံးကို ဖာရောဘုရင်အတွက်ဝယ် ယူလေ၏။ အစာခေါင်းပါးခြင်းကပ်ဆိုးရွား ခြင်းကြောင့်အီဂျစ်ပြည်သားတိုင်း မိမိ၏ လယ်မြေကိုရောင်းရသဖြင့်လယ်မြေအား လုံးတို့သည်ဘုရင့်ဘဏ္ဍာတော်ဖြစ်လာ၏။-
Böylece Yusuf Mısır'daki bütün toprakları firavun için satın aldı. Mısırlılar'ın hepsi tarlalarını sattılar, çünkü kıtlık onları buna zorluyordu. Toprakların tümü firavunun oldu.
21 ၂၁ အီဂျစ်ပြည်တစ်စွန်းမှတစ်စွန်းအထိနေ ထိုင်သူအပေါင်းတို့သည်လည်း ဘုရင်၏ ကျွန်ဖြစ်လာကြ၏။-
Yusuf Mısır'ın bir ucundan öbür ucuna kadar bütün halkı köleleştirdi.
22 ၂၂ ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။-
Yalnız kâhinlerin toprağını satın almadı. Çünkü onlar firavundan aylık alıyor, firavunun bağladığı aylıkla geçiniyorlardı. Bu yüzden topraklarını satmadılar.
23 ၂၃ ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။-
Yusuf halka, “Sizi de toprağınızı da firavun için satın aldım” dedi, “İşte size tohum, toprağı ekin.
24 ၂၄ စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
Ürün devşirdiğinizde, beşte birini firavuna vereceksiniz. Beşte dördünü ise tohumluk olarak kullanacak ve ailelerinizle, çocuklarınızla yiyeceksiniz.”
25 ၂၅ ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။-
“Canımızı kurtardın” diye karşılık verdiler, “Efendimizin gözünde lütuf bulalım. Firavunun kölesi oluruz.”
26 ၂၆ သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။
Yusuf ürünün beşte birinin firavuna verilmesini Mısır'da toprak yasası yaptı. Bu yasa bugün de yürürlüktedir. Yalnız kâhinlerin toprağı firavuna verilmedi.
27 ၂၇ ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။-
İsrail Mısır'da Goşen bölgesine yerleşti. Orada mülk sahibi oldular, çoğalıp arttılar.
28 ၂၈ ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။-
Yakup Mısır'da on yedi yıl yaşadı. Ömrü toplam yüz kırk yedi yıl sürdü.
29 ၂၉ သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
Ölümü yaklaşınca, oğlu Yusuf'u çağırıp, “Eğer benden hoşnut kaldınsa, lütfen elini uyluğumun altına koy” dedi, “Bana sevgi ve sadakat göstereceğine söz ver. Lütfen beni Mısır'da gömme.
30 ၃၀ အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။
Atalarıma kavuştuğum zaman beni Mısır'dan çıkarıp onların yanına göm.” Yusuf, “Dediğin gibi yapacağım” diye karşılık verdi.
31 ၃၁ သို့ရာတွင်ယာကုပ်က``ဆောင်ရွက်ပေးပါမည်ဟု ကျိန်ဆိုလော့'' ဟုဆိုသော်ယောသပ်သည်ကျိန်ဆို လေ၏။ ထိုနောက်ယာကုပ်သည်အိပ်ရာ၏ခေါင်း ရင်းတွင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
İsrail, “Ant iç” dedi. Yusuf ant içti. İsrail yatağının başı ucunda eğilip RAB'be tapındı.