< ကမ္ဘာ​ဦး 47 >

1 သို့​ဖြစ်​၍​ယော​သပ်​သည်​ဖာ​ရော​ဘု​ရင်​ထံ သို့​သွား​လေ​၏။ ယော​သပ်​သည်​ဘု​ရင့်​ထံ​သို့ အ​ခ​စား​ဝင်​၍``ကျွန်​တော်​မျိုး​၏​အ​ဖ​နှင့် အစ်​ကို​တို့​သည်​သိုး​နွား​များ​နှင့်​တ​ကွ သူ တို့​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ကာ ခါ​နာန်​ပြည်​မှ​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။ ယ​ခု သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ်​တွင်​ရှိ​ပါ​သည်'' ဟု လျှောက်​လေ​၏။-
Entonces José fue al Faraón y le dijo: Mi padre y mis hermanos, con sus rebaños y sus vacas y todo lo que tienen, han venido de Canaán, y ahora están en la tierra de Gosén.
2 ထို​နောက်​သူ​သည်​အစ်​ကို​ငါး​ယောက်​ကို​ရွေး ယူ​၍ ဘု​ရင်​ထံ​သို့​ဝင်​ရောက်​ခ​စား​စေ​သည်။-
Y tomó cinco de sus hermanos a Faraón.
3 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​၏​အစ်​ကို​တို့ အား``သင်​တို့​မည်​သည့်​အ​လုပ်​ကို​လုပ်​ကိုင် ကြ​သ​နည်း'' ဟု​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး များ​ကဲ့​သို့​သိုး​ထိန်း​များ​ဖြစ်​ကြ​ပါ​သည်။-
Y Faraón les dijo: ¿Cuál es tu negocio? Y ellos respondieron: Tus siervos son guardianes de las ovejas, como nuestros padres fueron antes que nosotros.
4 ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး အ​လွန်​ဆိုး​ရွား​လျက်​ရှိ​သ​ဖြင့် သိုး​နွား​တို့ အ​တွက်​စား​ကျက်​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကျွန်​တော် မျိုး​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​ရန်​ရောက်​လာ ကြ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​အား​ဂေါ​ရှင် အရပ်​၌​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက် ထား​ကြ​လေ​၏။-
y dijeron a Faraón: Hemos venido a vivir en esta tierra, porque no tenemos pasto para nuestros rebaños en la tierra de Canaán; Así que ahora deja que tus siervos se hagan un lugar en la tierra de Gosen.
5 ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``သင်​၏​အ​ဖ နှင့်​အစ်​ကို​တို့​သည် သင့်​ထံ​သို့​ယ​ခု​ရောက်​ရှိ လာ​ကြ​ပြီ​ဖြစ်​၍၊-
Y Faraón dijo a José: Déjenlos tener la tierra de Gosén; y si hay hombres capaces entre ellos, ponlos sobre mi ganado.
6 အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။
Y Jacob y sus hijos vinieron a José en Egipto, y cuando la noticia llegó a oídos de Faraón, rey de Egipto, dijo a José: Tu padre y tus hermanos han venido a ti; toda la tierra de Egipto está delante de ti; deja que tu padre y tus hermanos tengan lo mejor de la tierra para su lugar de descanso y si tienes hombres capaces ponlos a cargo de mi ganado.
7 ထို​နောက်​ယော​သပ်​သည်​မိ​မိ​၏​အ​ဖ​ကို​ဘု​ရင် ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​၏။ ယာ​ကုပ်​သည်​ဖာ​ရော ဘု​ရင်​အား​ကောင်း​ချီး​ပေး​လေ​၏။-
Entonces José hizo que su padre Jacob viniera delante de Faraón, y Jacob le bendijo.
8 ဘု​ရင်​က​ယာ​ကုပ်​အား``အ​သက်​အ​ရွယ်​မည် မျှ​ရှိ​ပါ​သ​နည်း'' ဟု​မေး​၏။
Y Faraón le dijo: ¿Cuántos años tienes?
9 ယာ​ကုပ်​က``ကျွန်​တော်​မျိုး​သည်​လော​က​တွင် ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှစ်​ပေါင်း​တစ်​ရာ့​သုံး ဆယ်​နေ​ထိုင်​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​ဘိုး​ဘေး တို့​၏​သက်​တမ်း​ကို​မ​မီ​ပါ။ ကျွန်​တော်​မျိုး အ​သက်​ရှင်​ခဲ့​သော​နှစ်​များ​မှာ​တို​၍​ကြမ်း တမ်း​လှ​ပါ​၏'' ဟု​လျှောက်​လေ​၏။-
Y Jacob dijo: Los años de mis andanzas han sido ciento treinta; pequeño en número y lleno de tristeza han sido los años de mi vida, y menos que los años de las andanzas de mis padres.
10 ၁၀ ထို​နောက်​ယာ​ကုပ်​သည်​ဖာ​ရော​ဘု​ရင်​ကို​နှုတ် ဆက်​ကောင်း​ချီး​ပေး​ပြီး​လျှင် ဘု​ရင့်​ထံ​တော် မှ​ထွက်​လာ​ခဲ့​လေ​၏။-
Y Jacob dio a Faraón su bendición, y salió de delante de él.
11 ၁၁ ယော​သပ်​သည်​ဖာ​ရော​ဘုရင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း​သူ​၏​အ​ဖ​နှင့်​အစ်​ကို​တို့​အား အီ​ဂျစ် ပြည်​ရာ​မ​သက်​မြို့​အ​နီး​ရှိ​အ​ကောင်း​ဆုံး အ​ရပ်​တွင်​မြေ​အ​ပိုင်​ပေး​၍​နေ​ထိုင်​စေ​၏။-
Y José hizo un lugar para su padre y sus hermanos, y les dio una herencia en la tierra de Egipto, en lo mejor de la tierra, la tierra de Ramsés, como Faraón había dado órdenes.
12 ၁၂ ယော​သပ်​သည်​အ​ဖ​နှင့်​အစ်​ကို​များ​အ​ပါ အ​ဝင် ယာ​ကုပ်​၏​မိ​သား​စု​အား​လုံး​တို့ အား​စား​နပ်​ရိက္ခာ​ထောက်​ပံ့​လေ​၏။
Y José se hizo cargo de su padre, de sus hermanos y de todo el pueblo de su padre, y les dio alimentos para las necesidades de sus familias.
13 ၁၃ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အ​လွန်​ဆိုး​ရွား ရ​ကား​စား​နပ်​ရိက္ခာ​ပြတ်​လပ်​ကုန်​သ​ဖြင့် အီ​ဂျစ် ပြည်​နှင့်​ခါ​နာန်​ပြည်​ရှိ​လူ​အ​ပေါင်း​တို့​သည် အစာ​ငတ်​မွတ်​သည့်​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ ကြ​၏။-
Ahora bien, no había comida en toda la tierra, por lo que todo Egipto y Canaán se estaban muriendo de hambre.
14 ၁၄ ယော​သပ်​သည်​စ​ပါး​ရောင်း​ရာ​မှ​ရ​သော​ငွေ များ​ကို​စု​သိမ်း​၍ နန်း​တော်​ငွေ​တိုက်​သို့​ပေး သွင်း​လေ​၏။-
Y todo el dinero en Egipto y en la tierra de Canaán que se había dado por el grano, vino a manos de José, y lo puso en la casa de Faraón.
15 ၁၅ အီ​ဂျစ်​ပြည်​သား​နှင့်​ခါ​နာန်​ပြည်​သား​တို့ တွင်​စ​ပါး​ဝယ်​ရန်​ငွေ​ကုန်​သော​အ​ခါ အီ​ဂျစ် ပြည်​သား​တို့​သည်​ယော​သပ်​ထံ​သို့​လာ​၍``ကျွန် တော်​တို့​အား​စား​စ​ရာ​ပေး​ပါ။ ငတ်​၍​မ​သေ ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​တွင်​ရိက္ခာ​ဝယ်​ရန် ငွေ​မ​ကျန်​တော့​ပါ'' ဟု​လျှောက်​ကြ​လေ သည်။
Y cuando se fue todo el dinero en Egipto y en Canaán, vinieron los Egipcios a José, y le dijeron: Danos pan; ¿Nos dejarías morir ante tus ojos? porque no tenemos más dinero.
16 ၁၆ ယော​သပ်​က``သင်​တို့​တွင်​ငွေ​ကုန်​လျှင် သင်​တို့ ၏​သိုး​နွား​တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ကြ​လော့။ တိ​ရစ္ဆာန်​များ​ကို​စပါး​နှင့်​လဲ​လှယ်​ပေး​မည်'' ဟု​ဆို​လေ​၏။-
Y dijo José: Dame tu ganado; Te daré grano a cambio de tu ganado si tu dinero se ha ido.
17 ၁၇ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ယော​သပ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍​ယော​သပ်​သည်​သူ့​တို့​၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း​များ​ကို​စား​နပ်​ရိက္ခာ​နှင့်​လဲ လှယ်​ပေး​လေ​၏။ ထို​နှစ်​၌​ပြည်​သူ​ပြည်​သား တို့​သည် မိ​မိ​တို့​၏​တိ​ရစ္ဆာန်​ရှိ​သ​မျှ​ကို​စား နပ်​ရိက္ခာ​နှင့်​လဲ​လှယ်​ကြ​လေ​သည်။
Entonces llevaron su ganado a José, y él les dio pan a cambio de sus caballos, sus ovejas y sus vacas, sus rebaños y sus asnos, por lo que todo el año les dio comida a cambio de su ganado.
18 ၁၈ ထို​နှစ်​ကုန်​၍​နောက်​တစ်​နှစ်​သို့​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ယော​သပ်​ထံ​သို့​လာ ကြ​ပြန်​၍``ကျွန်​တော်​တို့​လက်​တွင်​ငွေ​လည်း ကုန်​ကြောင်း၊ တိ​ရစ္ဆာန်​များ​လည်း​ကိုယ်​တော်​၏ လက်​ဝယ်​သို့​ရောက်​ရှိ​ကြောင်း ကိုယ်​တော်​အ​သိ ပင်​ဖြစ်​ပါ​သည်။ ယ​ခု​ကျွန်​တော်​တို့​၏​ကိုယ် နှင့်​ကျွန်​တော်​တို့​၏​လယ်​မြေ​များ​မှ​လွဲ​၍ ကိုယ်​တော်​အား​ပေး​ရန်​အ​ဘယ်​အ​ရာ​မျှ မ​ရှိ​တော့​ပါ။-
Y cuando aquel año terminó, vinieron a él en el segundo año, y le dijeron: No podemos ocultar a nuestro señor que todo nuestro dinero se ha ido, y todas las manadas de ganado son de mi señor; no hay nada más que darle a mi señor, sino nuestros cuerpos y nuestra tierra;
19 ၁၉ ကျွန်​တော်​တို့​အစာ​ငတ်​၍​မ​သေ​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​လယ်​များ​လည်း​ပျက်​ပြုန်း​ခြင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကျွန်​တော်​တို့​အား​ရိက္ခာ​ပေး သည့်​အ​တွက် ကျွန်​တော်​တို့​နှင့်​ကျွန်​တော်​တို့​၏ လယ်​မြေ​များ​ကို​ဝယ်​တော်​မူ​ပါ။ ကျွန်​တော်​တို့ သည်​ဖာရော​ဘုရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်။ လယ်​မြေ များ​ကို​လည်း​ဘုရင်​လက်​သို့​အပ်​ပါ​မည်။ ကျွန် တော်​တို့​အ​သက်​မ​သေ​စေ​ရန်​လည်း​ကောင်း၊ လယ် များ​တွင်​စိုက်​ပျိုး​နိုင်​ရန်​လည်း​ကောင်း​စ​ပါး ကို​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​လေ​၏။
¿Hemos de morir ante tus ojos, nosotros y nuestra tierra? llévanos a nosotros y a nuestra tierra y danos pan; y nosotros y nuestra tierra seremos siervos de Faraón; y danos semilla para que podamos tener vida y la tierra no se convierta en desperdicio.
20 ၂၀ သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​လယ် မြေ​အား​လုံး​ကို ဖာ​ရော​ဘု​ရင်​အ​တွက်​ဝယ် ယူ​လေ​၏။ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုး​ရွား ခြင်း​ကြောင့်​အီ​ဂျစ်​ပြည်​သား​တိုင်း မိ​မိ​၏ လယ်​မြေ​ကို​ရောင်း​ရ​သ​ဖြင့်​လယ်​မြေ​အား လုံး​တို့​သည်​ဘု​ရင့်​ဘဏ္ဍာ​တော်​ဖြစ်​လာ​၏။-
Y tomó José toda la tierra de Egipto para Faraón; porque cada egipcio renunció a su tierra a cambio de alimento, debido a su gran necesidad; así que toda la tierra se convirtió en la de Faraón.
21 ၂၁ အီ​ဂျစ်​ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​နေ ထိုင်​သူ​အ​ပေါင်း​တို့​သည်​လည်း ဘု​ရင်​၏ ကျွန်​ဖြစ်​လာ​ကြ​၏။-
Y en cuanto al pueblo, los hizo siervos de ellos, pueblo por pueblo, desde un extremo de Egipto hasta el otro.
22 ၂၂ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘု​ရင်​ထံ​မှ​ရိက္ခာ အ​ထောက်​အ​ပံ့​ရ​သူ​များ​ဖြစ်​သော​ကြောင့် မိ​မိ တို့​လယ်​မြေ​များ​ကို​ရောင်း​ချ​ရန်​မ​လို။ ထို့ ကြောင့်​ယော​သပ်​သည်​သူ​တို့​၏​လယ်​မြေ​များ ကို​မ​ဝယ်​ယူ​ဘဲ​ချန်​လှပ်​ထား​လေ​သည်။-
Solamente que él no tomó la tierra de los sacerdotes, porque a los sacerdotes les había dado su alimento por medio de Faraón, y teniendo lo que Faraón les dio, no tuvieron necesidad de entregar su tierra.
23 ၂၃ ယော​သပ်​က​ပြည်​သား​တို့​အား``ယ​ခု​ငါ​သည် သင်​တို့​နှင့်​သင်​တို့​၏​လယ်​မြေ​များ​ကို​ဘု​ရင့် အ​တွက်​ဝယ်​ယူ​ပြီး​ပြီ။ သင်​တို့​၏​လယ်​များ တွင်​စိုက်​ပျိုး​ရန်​မျိုး​စ​ပါး​ကို​ယူ​ကြ​လော့။-
Entonces José dijo al pueblo: Yo te he hecho a ti y a tu tierra hoy propiedad de Faraón; aquí hay semilla para que pongas en tus campos.
24 ၂၄ စ​ပါး​ရိတ်​သိမ်း​သည့်​အ​ခါ​ငါး​ပုံ​တစ်​ပုံ​ကို ဘု​ရင့်​ထံ​ဆက်​ရ​မည်။ ကျန်​သော​စပါး​ကို​မျိုး စပါး​အ​တွက်​နှင့်​သင်​တို့​နှင့်​မိ​သား​စု​စား​သုံး ရန်​အ​တွက်​အ​သုံး​ပြု​ကြ​လော့'' ဟု​ဆို​လေ​၏။
Y cuando se corte el grano, le darás la quinta parte a Faraón, y cuatro partes serán tuyas para la simiente y alimento, y para sus familias y tus pequeños.
25 ၂၅ ပြည်​သား​တို့​က``ကိုယ်​တော်​သည်​ကျွန်​တော်​တို့ ၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ​ပြီ။ ကျွန်​တော် တို့​သည်​ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ​ပါ စေ​သော၊ သ​နား​ညှာ​တာ​တော်​မူ​ပါ​ပြီ။ ကျွန် တော်​တို့​သည်​ဘု​ရင်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။-
Y le dijeron: En verdad nos has guardado de la muerte; que tengamos gracia en tus ojos, y seremos siervos de Faraón.
26 ၂၆ သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။
Entonces José promulgó una ley que está vigente hasta el día de hoy: que Faraón debía tener la quinta parte; solo la tierra de los sacerdotes no se hizo suya.
27 ၂၇ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-
Y así Israel estaba viviendo entre los egipcios en la tierra de Gosén; y obtuvieron propiedades allí, y se hicieron muy grandes en número y riqueza.
28 ၂၈ ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​တစ်​ဆယ့် ခု​နစ်​နှစ်​နေ​ထိုင်​ခဲ့​၏။ သို့​ဖြစ်​၍​ယာ​ကုပ် ၏​သက်​တမ်း​မှာ​တစ်​ရာ့​လေး​ဆယ်​ခု​နစ် နှစ်​ဖြစ်​သ​တည်း။-
Y vivió Jacob en la tierra de Gosén por diecisiete años; así que los años de su vida fueron ciento cuarenta y siete.
29 ၂၉ သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-
Y al acercarse el tiempo de su muerte, envió a buscar a su hijo José y le dijo: Si he tenido favor a tus ojos, pon tu mano debajo de mi pierna y jura que no me pondrás a descansar en Egipto;
30 ၃၀ အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။
Pero cuando vaya a mis padres, me sacarás de Egipto y me dejarás en su último lugar de descanso. Y él dijo, lo haré.
31 ၃၁ သို့​ရာ​တွင်​ယာ​ကုပ်​က``ဆောင်​ရွက်​ပေး​ပါ​မည်​ဟု ကျိန်​ဆို​လော့'' ဟု​ဆို​သော်​ယော​သပ်​သည်​ကျိန်​ဆို လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​၏​ခေါင်း ရင်း​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။
Y dijo: Júramelo; y él le hizo un juramento; e Israel rindió culto sobre la cabecera de su cama.

< ကမ္ဘာ​ဦး 47 >