< ကမ္ဘာ​ဦး 46 >

1 ယာ​ကုပ်​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ထုပ်​ပိုး​၍ ခ​ရီး​ထွက်​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​အရပ် သို့​ရောက်​လျှင် သူ​၏​အ​ဖ​ဣ​ဇာက်​၏​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​လေ​၏။-
And Israel took his journey with all that he had, and came to Beer-sheba; and he offered sacrifices to the God of his father Isaac.
2 ည​အ​ချိန်​၌​သူ​မြင်​ရ​သော​ရူ​ပါ​ရုံ​တွင် ဘု​ရား​သ​ခင်​က``ယာ​ကုပ်၊ ယာ​ကုပ်'' ဟု​ခေါ် တော်​မူ​၏။ ``အ​ကျွန်ုပ်​ရှိ​ပါ​သည်​အ​ရှင်​ဘု​ရား'' ဟု ယာ​ကုပ်​ထူး​လေ​၏။
And God spoke to Israel in the visions of the night and said, Jacob, Jacob! And he said, Here am I.
3 ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-
And he said, I am God, the God of thy father: fear not to go down to Egypt; for I will there make of thee a great nation.
4 ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
I will go down with thee to Egypt, and I will also certainly bring thee up; and Joseph shall put his hand on thine eyes.
5 ထို​နောက်​ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ ထွက်​လာ​ခဲ့​လေ​သည်။ သူ​၏​သား​တို့​သည်​မိ​မိ တို့​၏​အ​ဖ​ယာ​ကုပ်၊ သူ​တို့​၏​မ​ယား​များ၊ သား သ​မီး​ငယ်​များ​အား​ဖာ​ရော​ဘု​ရင်​ပို့​လိုက် သော​လှည်း​များ​ကို​စီး​စေ​ကြ​၏။-
And Jacob rose up from Beer-sheba; and the sons of Israel carried Jacob their father, and their little ones, and their wives, on the waggons that Pharaoh had sent to carry him.
6 သူ​တို့​သည်​ခါ​နာန်​ပြည်​တွင်​စု​ဆောင်း​ရ​ရှိ​ခဲ့ သော​ပစ္စည်း​များ​နှင့် သိုး​ဆိတ်​စ​သော​တိ​ရစ္ဆာန် များ​ကို​ယူ​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​လာ ခဲ့​ကြ​၏။ ယာ​ကုပ်​သည်​သား​သ​မီး၊ မြေး၊ မြစ် များ​မှ​စ​သော​သူ​၏​မိ​သား​စု​အား​လုံး​တို့ ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​လေ​၏။
And they took their cattle, and their goods which they had acquired in the land of Canaan, and came to Egypt, Jacob and all his seed with him;
7
his sons and his sons' sons with him, his daughters and his sons' daughters and all his seed he brought with him to Egypt.
8 ယာ​ကုပ်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် ကြ​သော မိ​သား​စု​တို့​၏​နာ​မည်​စာ​ရင်း​ကို ဖော်​ပြ​ပေ​အံ့။ သား​ဦး​ရု​ဗင်​နှင့်၊-
And these are the names of the sons of Israel who came into Egypt: Jacob and his sons. Jacob's firstborn, Reuben.
9 ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-
And the sons of Reuben: Enoch, and Phallu, and Hezron, and Carmi.
10 ၁၀ ရှိ​မောင်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ယေ မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန် အ​မျိုး​သ​မီး​နှင့်​ရ​သော​သား​ရှော​လ။-
— And the sons of Simeon: Jemuel, and Jamin, and Ohad, and Jachin, and Zohar, and Saul the son of a Canaanitish woman.
11 ၁၁ လေ​ဝိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။-
— And the sons of Levi: Gershon, Kohath, and Merari.
12 ၁၂ ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-
— And the sons of Judah: Er, and Onan, and Shelah, and Pherez, and Zerah; but Er and Onan died in the land of Canaan. And the sons of Pherez were Hezron and Hamul.
13 ၁၃ ဣ​သ​ခါ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။-
— And the sons of Issachar: Tola, and Puah, and Job, and Shimron.
14 ၁၄ ဇာ​ဗု​လုန်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။-
— And the sons of Zebulun: Sered, and Elon, and Jahleel.
15 ၁၅ ဤ​သူ​တို့​သည်​ယာ​ကုပ်​နှင့်​မ​ယား​လေ​အာ တို့​မှ​မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း တွင်​ပေါက်​ဖွား​သော​သား​နှင့်​မြေး​များ​ဖြစ် ကြ​သည်။ ထို​သား​တို့​အ​ပြင်​သ​မီး​ဒိ​န​ရှိ သေး​၏။ ထို့​ကြောင့်​လေ​အာ​မှ​ပေါက်​ဖွား​သော သား​မြေး​စု​စု​ပေါင်း​မှာ​သုံး​ဆယ့်​သုံး​ယောက် ရှိ​သ​တည်း။
— These are the sons of Leah, whom she bore to Jacob in Padan-Aram; and his daughter, Dinah. All the souls of his sons and his daughters were thirty-three.
16 ၁၆ ဂဒ်​နှင့်​သူ​၏​သား​ဖြစ်​ကြ​သော​ဇိ​ဖျုန်၊ ဟ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။-
And the sons of Gad: Ziphion and Haggi, Shuni and Ezbon, Eri, and Arodi, and Areli.
17 ၁၇ အာ​ရှာ​နှင့်​သူ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​နှင့်​သူ​တို့​၏​နှ​မ စေ​ရ။ ဗေ​ရိ​ယ​၏​သား​များ​ဖြစ်​ကြ​သော​ဟေ​ဗာ နှင့်​မာ​လ​ချေ​လ။-
— And the sons of Asher: Jimnah, and Jishvah, and Jishvi, and Beriah; and Serah their sister; and the sons of Beriah: Heber and Malchiel.
18 ၁၈ ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။
— These are the sons of Zilpah, whom Laban gave to Leah his daughter; and she bore these to Jacob: sixteen souls.
19 ၁၉ ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-
The sons of Rachel Jacob's wife: Joseph and Benjamin.
20 ၂၀ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-
And to Joseph in the land of Egypt were born Manasseh and Ephraim, whom Asnath bore to him, the daughter of Potipherah the priest in On.
21 ၂၁ ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-
— And the sons of Benjamin: Belah, and Becher, and Ashbel, Gera and Naaman, Ehi and Rosh, Muppim, and Huppim, and Ard.
22 ၂၂ ဤ​သူ​တစ်​ဆယ့်​လေး​ယောက်​တို့​သည်​ယာ​ကုပ် နှင့်​ရာ​ခေ​လ​တို့​မှ​ပေါက်​ဖွား​သော​သား​မြေး များ​ဖြစ်​ကြ​သ​တည်း။
— These are the sons of Rachel who were born to Jacob: all the souls were fourteen.
23 ၂၃ ဒန်​နှင့်​သူ​၏​သား​ဟု​ရှိမ်၊-
And the sons of Dan: Hushim.
24 ၂၄ န​ဿ​လိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။-
— And the sons of Naphtali: Jahzeel, and Guni, and Jezer, and Shillem.
25 ၂၅ ဤ​သူ​ခု​နစ်​ယောက်​တို့​သည်​လာ​ဗန်​က​သူ့ သ​မီး​ရာ​ခေ​လ​အား​ပေး​အပ်​သော​အ​ထိန်း ဗိ​လ​ဟာ​နှင့်​ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။
— These are the sons of Bilhah, whom Laban gave to Rachel his daughter; and she bore these to Jacob: all the souls were seven.
26 ၂၆ ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-
All the souls that came with Jacob to Egypt, that had come out of his loins, besides Jacob's sons' wives: all the souls were sixty-six.
27 ၂၇ အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။
And the sons of Joseph who were born to him in Egypt, were two souls. All the souls of the house of Jacob that came to Egypt were seventy.
28 ၂၈ ယာ​ကုပ်​သည်​ဂေါ​ရှင်​အ​ရပ်​၌​မိ​မိ​နှင့်​တွေ့ ဆုံ​ရန်​ယု​ဒ​ကို​ကြို​တင်​စေ​လွှတ်​၍ ယော​သပ် အား​ပြော​စေ​၏။ သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ် သို့​ရောက်​ရှိ​ကြ​၏။-
And he sent Judah before him to Joseph, to give notice before he came to Goshen. And they came into the land of Goshen.
29 ၂၉ ယော​သပ်​သည်​အ​ဖ​ဣ​သ​ရေ​လ​အား​ကြို​ဆို ရန်​ဂေါ​ရှင်​အ​ရပ်​သို့​ရ​ထား​ဖြင့်​သွား​လေ​၏။ ဖ​ခင်​ရှေ့​သို့​ရောက်​သော​အ​ခါ​ဖ​ခင်​ကို​ဖက် ၍​ကြာ​ရှည်​စွာ​ငို​ကြွေး​လေ​၏။-
Then Joseph yoked his chariot, and went up to meet Israel his father, to Goshen, and he presented himself to him; and he fell on his neck, and wept on his neck a good while.
30 ၃၀ ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​မျက်​နှာ ကို​မြင်​ရ​၍​သင်​အ​သက်​ရှင်​လျက်​ရှိ​သေး​သည် ကို​သိ​ရ​သ​ဖြင့်​သေ​ပျော်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
And Israel said to Joseph, Now let me die, after I have seen thy face, since thou still livest.
31 ၃၁ ထို​နောက်​ယော​သပ်​က​သူ​၏​အစ်​ကို​တို့​နှင့် အ​ခြား​သား​ချင်း​တို့​အား``ကျွန်ုပ်​သည်​ဖာ​ရော ဘု​ရင်​ထံ​သို့​သွား​၍​ခါ​နာန်​ပြည်​မှ​ကျွန်​တော် မျိုး​၏​အ​ဖ​နှင့်​ညီ​အစ်​ကို​တို့​သည်​ကျွန်​တော် မျိုး​ထံ​သို့​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။-
And Joseph said to his brethren and to his father's house, I will go up, and tell Pharaoh, and say to him, My brethren and my father's house, who were in the land of Canaan, are come to me;
32 ၃၂ သူ​တို့​သည်​သိုး​ထိန်း​များ​ဖြစ်​၍​တိ​ရစ္ဆာန်​များ ကို​ထိန်း​ကျောင်း​ရ​ပါ​သည်။ သူ​တို့​သည်​သိုး ဆိတ်​နှင့်​ရှိ​သ​မျှ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့ ကြ​ပါ​ပြီ​ဟု​လျှောက်​ထား​ပါ​မည်။-
and the men are shepherds, for they have been occupied with cattle; and they have brought their sheep, and their cattle, and all that they have.
33 ၃၃ ဖာ​ရော​ဘု​ရင်​က​သင်​တို့​ကို​ဆင့်​ခေါ်​၍ သင်​တို့​၏​အ​လုပ်​အ​ကိုင်​ကို​မေး​လျှင်၊-
And it shall come to pass that when Pharaoh shall call you and say, What is your occupation?
34 ၃၄ ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။
then ye shall say, Thy servants are men that have been occupied with cattle from our youth even until now, both we and our fathers; in order that ye may dwell in the land of Goshen; for every shepherd is an abomination to the Egyptians.

< ကမ္ဘာ​ဦး 46 >