< ကမ္ဘာဦး 45 >
1 ၁ ယောသပ်သည်မိမိ၏စိတ်ခံစားချက်ကိုမချုပ် တီးနိုင်သဖြင့် သူ၏အမှုထမ်းတို့အားလုံးကို အခန်းတွင်းမှထွက်သွားရန်အမိန့်ပေးသည်။ ထို့ ကြောင့်ယောသပ်သည်သူ၏ညီအစ်ကိုတို့အား မိမိ၏ဇာတိကိုထုတ်ဖော်ပြောသည့်အခါ၌ အခြားမည်သူတစ်ယောက်မျှသူနှင့်အတူ မရှိချေ။-
若瑟在眾侍從前不能再抑制自己,就喊說:「叫眾人離開我出去! 」這樣,若瑟使兄弟認出自己來時,沒有別人在場。
2 ၂ သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။-
他便放聲大哭,埃及人都聽到了,法郎朝廷也聽到了。
3 ၃ ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်ယောသပ်ဖြစ်ပါသည်။ ကျွန်ုပ်၏အဖ အသက်ရှင်လျက်ရှိသေးသလော'' ဟုမေး လေ၏။ သို့ရာတွင်သူ၏ညီအစ်ကိုတို့သည် စိုးရိမ်ကြောက်လန့်ကြသဖြင့်ပြန်၍ပင် မဖြေနိုင်ကြချေ။-
若瑟對兄弟們說:「我就是若瑟,我父親還在嗎﹖」他的兄弟們不能回答,因為在他面前都嚇呆了。
4 ၄ ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။-
若瑟又對兄弟們說:「請你們近前來。」他們就上前去。若瑟說:「我就是你們賣到埃及的弟弟若瑟。
5 ၅ သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ရောင်းချ မိသောကြောင့်စိတ်မညှိုးငယ်ကြပါနှင့်။ မိမိ တို့ကိုယ်ကိုလည်းအပြစ်မတင်ကြပါနှင့်။ ဘုရားသခင်သည်လူအပေါင်းတို့၏အသက် ကိုကယ်ဆယ်ခြင်းငှာ သင်တို့အလျင်ကျွန်ုပ် အားစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။-
現在你們不要因為將我賣到這裏便自憂自責;這原是天主派遣我在你們以先來,為保全你們的性命。
6 ၆ တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။-
地方上的饑荒纔過了第二年,還有五年,不能耕種,不能收割。
7 ၇ ဘုရားသခင်သည်သင်တို့နှင့်သင်တို့၏သား မြေးများအသက်ရှင်ကျန်ရစ်စေရန် ဤသို့အံ့သြ ဖွယ်ကောင်းသောနည်းဖြင့် သင်တို့ကိုကယ်ဆယ်စေ ခြင်းငှာကျွန်ုပ်ကိုအလျင်စေလွှတ်တော်မူပြီ။-
天主派遣我在你們以先來,是為給你們在地上留下後裔,給你們保全多人的性命。
8 ၈ သို့ဖြစ်၍သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ စေလွှတ်လိုက်ခြင်းမဟုတ်၊ ဘုရားသခင်ကစေ လွှတ်တော်မူခြင်းပင်ဖြစ်သည်။ ဘုရားသခင် သည်ကျွန်ုပ်ကိုဤတိုင်းပြည်၏ဘုရင်ခံအရာ၌ ခန့်ထားတော်မူပြီ။ ကျွန်ုပ်သည်အီဂျစ်ပြည် တစ်ပြည်လုံးကိုအုပ်ချုပ်ရသူဖြစ်၏။
所以叫我到這裏來的並不是你們,而是天主;是他立我作法郎之父,作他全家的主人,作全埃及地的總理。
9 ၉ ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။-
你們急速上到我父親那裏,對他說:你的兒子若瑟這樣說:天主立我作了全埃及的主人,請你下到我這裏來,不要遲延。
10 ၁၀ ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။-
你和你的兒孫,以及你的羊群牲畜,並你一切所有,都可住在哥笙地,離我不遠,
11 ၁၁ ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
我好在那裏奉養你,免得你和你的眷屬,並你一切所有陷於貧乏,因為尚有五年饑荒。
12 ၁၂ ယောသပ်ကဆက်လက်၍``သင်တို့အားယခုစကား ပြောနေသူသည်ယောသပ်ပင်ဖြစ်ကြောင်း ဗင်္ယာမိန် အပါအဝင်သင်တို့အားလုံးကမျက်စိဖြင့် မြင်နိုင်ပါပြီ။-
看你們和我的弟弟本雅明都親眼見到,是我親口在對你們說話。
13 ၁၃ ကျွန်ုပ်သည်အီဂျစ်ပြည်တွင်မည်မျှလောက်တန်ခိုး ကြီးပုံနှင့် သင်တို့တွေ့မြင်သမျှအကြောင်းကို ဖခင်အားပြောပြကြပါလော့။ ဖခင်ကိုလည်း ဤအရပ်သို့အလျင်အမြန်ခေါ်ဆောင်ခဲ့ကြ ပါလော့'' ဟုထပ်မံမှာကြားလေ၏။
你們要將我在埃及的一切光榮,和你們親見的一切,都告訴我父親,儘速將我父親下到這裏來。」
14 ၁၄ ထိုသို့မှာကြားပြီးနောက်ညီဗင်္ယာမိန်ကိုဖက်၍ ငို၏။ ဗင်္ယာမိန်ကလည်းယောသပ်ကိုဖက်၍ငို၏။-
說畢,便撲在他弟弟本雅明的頸上哭起來了,本雅明也伏在他頸上哭泣。
15 ၁၅ ထိုနောက်အစ်ကိုတစ်ယောက်စီကိုလည်းဖက်နမ်း၍ ငိုလေသည်။ ထိုနောက်ညီအစ်ကိုတို့သည်ယောသပ် နှင့်ရင်းနှီးစွာစကားပြောဆိုကြ၏။
然後與眾兄弟親吻,抱著他們痛哭。這以後,他的兄弟們纔敢與他交談。
16 ၁၆ ယောသပ်၏ညီအစ်ကိုတို့ရောက်ရှိလာသောသတင်း ကိုကြားရသောအခါ ဖာရောဘုရင်နှင့်မှူးမတ် အပေါင်းတို့သည်နှစ်ထောင်းအားရကြ၏။-
法郎朝廷聽說若瑟兄弟來了的消息,法郎和他的臣僕都很高興。
17 ၁၇ ဖာရောဘုရင်ကယောသပ်အား``သင်၏ညီအစ်ကို တို့အား မြည်းများပေါ်တွင်ပစ္စည်းများတင်ဆောင် ၍ခါနာန်ပြည်သို့ပြန်စေပြီးလျှင်၊-
法郎便對若瑟說:「你對你的兄弟們說:你們應這樣做:備好牲口,立即往客納罕地去,
18 ၁၈ သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။-
接你們的父親和家眷到我這裏來,我願賜給你們埃及地最好的出產,使你們享受本地的肥物。
19 ၁၉ သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
你再吩咐他們說:你們應這樣做:從埃及帶些車輛去接你們的子女和妻子,並把你們的父親接來;
20 ၂၀ သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
不要顧惜你們的物品,因為全埃及地最好的出品都歸你們享用。」
21 ၂၁ ယာကုပ်၏သားတို့သည်ဖာရောဘုရင်မိန့်သမျှ အတိုင်းဆောင်ရွက်ကြ၏။ ယောသပ်သည်ဖာရော ဘုရင်အမိန့်အရသူတို့အားလှည်းများနှင့် လမ်းခရီးတွင်စားသုံးရန်ရိက္ခာကိုပေးလေ၏။-
以色列的兒子們就這樣做了。若瑟依照法郎的吩咐,給了他們一些車輛和路上用的食糧;
22 ၂၂ သူသည်ညီအစ်ကိုတစ်ယောက်စီတစ်ယောက် စီတို့အားအဝတ်အထည်တစ်စုံကျပေး၏။ ဗင်္ယာမိန်အတွက်မူကားငွေသားသုံးရာနှင့် အဝတ်အထည်ငါးစုံပေးလေ၏။-
又給了每人一套新衣,至於本雅明,卻給了他三百銀錢和五套新衣;
23 ၂၃ သူ၏အဖအတွက်မြည်းဆယ်ကောင်ပေါ်တွင် အီဂျစ်ပြည်မှအကောင်းဆုံးပစ္စည်းများကို လည်းကောင်း၊ အခြားမြည်းဆယ်ကောင်ပေါ်တွင် အဖလမ်းခရီး၌စားရန်စပါးနှင့်အခြား စားဖွယ်ရာများကိုလည်းကောင်းတင်ပေး လိုက်၏။-
同樣,給他父親送去十匹公驢,滿載埃及最好的出品,十匹母驢,滿載糧食麵餅,和為父親路上用的食品。
24 ၂၄ ထိုနောက်သူသည်ညီအစ်ကိုတို့ကိုလမ်းခရီး တွင် အချင်းချင်းမသင့်မတင့်မဖြစ်ကြရန် မှာကြားပြီးလျှင်ခါနာန်ပြည်သို့ပြန်စေ၏။
隨後打發他的兄弟們走了;當他們離別時,對他們說:「路上不要爭吵! 」
25 ၂၅ သူတို့သည်အီဂျစ်ပြည်မှထွက်ခွာ၍ ခါနာန် ပြည်ရှိအဖထံသို့ရောက်လာကြ၏။-
若瑟的兄弟們由埃及上到客納罕,他們父親雅各伯那裏,
26 ၂၆ သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
告訴他說:「若瑟還活著,而且做了全埃及國的總理。」雅各伯聽了心中淡然,並不相信。
27 ၂၇ သို့ရာတွင်သားတို့ကယောသပ်ပြောသမျှ စကားတို့ကိုသူ့အားပြန်ပြောကြသော အခါနှင့်၊ သူ့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် လာရန်ယောသပ်ကပို့လိုက်သောလှည်းများ ကိုမြင်ရသောအခါ သူသည်အံ့အားသင့် ရာမှပြန်လည်သတိရလျက်၊-
及至他們將若瑟對他們所說的話,全講給他聽,他又看了若瑟打發來接他的車輛,他們的父親雅各伯的心神才甦醒過來。
28 ၂၈ ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။
以色列於是說:「只要我兒若瑟還在,我就心滿意足了;在我未死以前,我該去見他一面。」