< ကမ္ဘာဦး 44 >
1 ၁ ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-
2 ၂ အငယ်ဆုံးသောသူ၏အိတ်ဝတွင်ငါ၏ဖလားနှင့် သူ၏စပါးဖိုးငွေကိုထည့်ပေးလော့'' ဟုအမိန့် ပေး၏။ အိမ်တော်ဝန်သည်ယောသပ်မိန့်မှာသည့် အတိုင်းဆောင်ရွက်လေ၏။-
3 ၃ နံနက်မိုးလင်းသောအခါသူတို့သည်မြည်း များနှင့်တကွထွက်သွားကြလေ၏။-
4 ၄ သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။-
5 ၅ ငါ့သခင်၏ငွေဖလားကိုအဘယ်ကြောင့်ခိုးရ သနည်း။ ထိုဖလားသည်ငါ့သခင်သောက်သော ဖလား၊ နိမိတ်ဖတ်သောဖလားဖြစ်၏။ သင်တို့ သည်ကြီးလေးသောပြစ်မှုကိုကူးလွန်လေ ပြီ' ဟုပြောလော့'' ဟူ၍စေခိုင်းလေ၏။
6 ၆ အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
7 ၇ ထိုအခါသူတို့က``အရှင်၊ ကျွန်တော်တို့ကို ဤသို့မစွပ်စွဲပါနှင့်။ ကျွန်တော်တို့သည်ထို သို့သောပြစ်မှုကိုမကူးလွန်ကြောင်းကျိန် ဆိုပါသည်။-
8 ၈ ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။-
9 ၉ ကျွန်တော်တို့အနက်တစ်ယောက်ယောက်ထံ ၌ထိုဖလားကိုတွေ့လျှင် ထိုသူသည်သေ ဒဏ်သင့်ပါစေ။ ကျန်သောကျွန်တော်တို့သည် လည်းအရှင့်ထံ၌ကျွန်ခံပါမည်'' ဟုဆို လေ၏။
10 ၁၀ အိမ်တော်ဝန်က``သင်တို့ပြောသည့်အတိုင်း ဖြစ်ပါစေ။ သို့ရာတွင်ဖလားကိုခိုးသောသူ သာလျှင်ငါ၏ကျွန်ဖြစ်စေမည်။ ကျန်သော သူတို့သည်ချမ်းသာခွင့်ရစေမည်'' ဟုဆို၏။-
11 ၁၁ ထိုကြောင့်သူတို့သည်အသီးသီးမိမိတို့ ၏အိတ်များကိုမြေပေါ်သို့အလျင်အမြန် ချ၍ဖွင့်ပြကြ၏။-
12 ၁၂ အိမ်တော်ဝန်သည်ညီအစ်ကိုတို့တွင်အသက် အကြီးဆုံးမှအငယ်ဆုံးအထိ အစဉ်လိုက် တစ်ဦးစီ၏အိတ်ကိုရှာဖွေရာဗင်္ယာမိန် အိတ်တွင်ဖလားကိုတွေ့ရလေ၏။-
13 ၁၃ ထိုအခါသူတို့သည်စိတ်ပျက်ဝမ်းနည်းလျက် မိမိတို့၏အဝတ်ကိုဆုတ်ဖြဲကြ၏။ ထိုနောက် မြည်းများပေါ်သို့စပါးအိတ်များကိုတင်ပြီး လျှင်မြို့ထဲသို့ပြန်၍လိုက်လာကြလေသည်။
14 ၁၄ ယုဒနှင့်ညီများတို့သည် ယောသပ်၏အိမ်သို့ ရောက်ရှိကြသောအခါ ယောသပ်သည်အိမ်၌ ရှိနေသေး၏။ သူတို့သည်ယောသပ်၏ရှေ့တွင် ပျပ်ဝပ်ကြ၏။-
15 ၁၅ ယောသပ်က``သင်တို့အဘယ်ကြောင့်ဤသို့ပြု ဘိသနည်း။ ငါသည်သင်တို့ပြုသမျှတို့ကို နိမိတ်ဖတ်ခြင်းဖြင့်သိနိုင်စွမ်းရှိကြောင်း သင်တို့မသိကြသလော'' ဟုဆိုလေ၏။
16 ၁၆ ယုဒက``ကျွန်တော်တို့သည် အရှင်အားမည်သို့ လျှောက်ထားနိုင်ပါမည်နည်း။ မည်ကဲ့သို့ဆင်ခြေ တက်နိုင်ပါမည်နည်း။ ကျွန်တော်တို့မကူးလွန် ကြောင်း မည်ကဲ့သို့သက်သေအထောက်အထား ပြနိုင်ပါအံ့နည်း။ ဘုရားသခင်ကိုယ်တော်တိုင် ကကျွန်တော်တို့၏အပြစ်ကိုဖော်ထုတ်တော် မူပါပြီ။ ဖလားနှင့်တွေ့ရသူတစ်ဦးသာမက ကျွန်တော်တို့အားလုံးအရှင့်ထံ၌ကျွန်ခံပါ မည်'' ဟုလျှောက်ထားလေ၏။
17 ၁၇ ယောသပ်က``ထိုသို့ငါမပြုလုပ်နိုင်။ ဖလား နှင့်တွေ့ရသူကိုသာလျှင်ငါ၏ကျွန်ဖြစ်စေ မည်။ ကျန်သောသူတို့သည်သင်တို့၏အဖထံ သို့ဘေးကင်းလုံခြုံစွာပြန်သွားကြလော့''ဟု ဆိုလေ၏။
18 ၁၈ ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
19 ၁၉ အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။-
20 ၂၀ ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
21 ၂၁ အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
22 ၂၂ ကျွန်တော်တို့က`သူငယ်သည်အဖနှင့်မခွဲနိုင် ပါ။ အဖနှင့်ခွဲခွာခဲ့လျှင်အဖသေပါလိမ့် မည်' ဟုပြောပါသည်။-
23 ၂၃ ထိုအခါအရှင်က`သင်တို့၏ညီမပါလာလျှင် ငါ့ထံသို့နောက်တစ်ဖန်မဝင်ရ' ဟုမိန့်ကြား ပါသည်။
24 ၂၄ ``ကျွန်တော်တို့အဖထံသို့ပြန်ရောက်ကြသော အခါ အရှင်မိန့်ကြားသမျှကိုအဖအားပြန် ကြားပါသည်။-
25 ၂၅ ထိုနောက်အဖက`သင်တို့သွား၍ငါတို့အတွက် ရိက္ခာဝယ်ဦးလော့' ဟုစေခိုင်းပါသည်။-
26 ၂၆ ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
27 ၂၇ ဖခင်က`သင်တို့သိသည့်အတိုင်းရာခေလသည် သားနှစ်ယောက်တည်းဖွားမြင်၍၊-
28 ၂၈ သားတစ်ယောက်မှာမရှိတော့ပြီ။ သူသည်သားရဲ တိရစ္ဆာန်တို့၏ကိုက်ဖြတ်ခြင်းကိုခံခဲ့ရလေပြီ။ ထို့ကြောင့်ငါသည်ယနေ့ထက်တိုင်သူ့ကိုမမြင်ရ။-
29 ၂၉ ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။ (Sheol )
30 ၃၀ ``သို့ဖြစ်၍ကျွန်တော်သည်သူငယ်မပါဘဲနှင့် အဖထံသို့ပြန်ရောက်လျှင် အဖကကျွန်တော် တို့နှင့်အတူသူငယ်မပါလာကြောင်းသိရသော် သူသည်မုချသေရပါလိမ့်မည်။
31 ၃၁ ဖခင်သည်ဤ သူငယ်ကြောင့်သာအသက်ရှင်လျက်ရှိပါသည်။ ကျွန်တော်တို့သည်ဖခင်အိုအားယူကြုံးမရ ဝမ်းနည်းလျက်သေစေအောင်ပြုလုပ်ရာရောက် ပါမည်။- (Sheol )
32 ၃၂ ထို့အပြင်ကျွန်တော်သည်သူငယ်အတွက်ဖခင် ထံ၌အာမခံခဲ့သူပင်ဖြစ်ပါသည်။ ကျွန်တော် က`သူငယ်ကိုဖခင်ထံသို့ပြန်၍မခေါ်ဆောင်ခဲ့ လျှင်ကျွန်တော်သည်တစ်သက်လုံးအပြစ်ခံ ပါရစေ' ဟုဖခင်အားကတိပေးခဲ့ပါသည်။-
33 ၃၃ ထို့ကြောင့်သူငယ်၏ကိုယ်စားကျွန်တော်သည် အရှင့်ထံ၌ကျွန်ခံနေရစ်ပါရစေ။ သူငယ် ကိုသူ၏အစ်ကိုများနှင့်ပြန်ခွင့်ပြုရန်တောင်း ပန်ပါသည်။-
34 ၃၄ ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။