< ကမ္ဘာ​ဦး 44 >

1 ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-
Joseph donna cet ordre à l’intendant de sa maison "Remplis de vivres les sacs de ces hommes, autant qu’ils en peuvent contenir et dépose l’argent de chacun à l’entrée de son sac.
2 အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
Et ma coupe, la coupe d’argent, tu la mettras à l’entrée du sac du plus jeune, avec le prix de son blé." Ce que Joseph avait dit fut exécuté.
3 နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-
Le matin venu, on laissa repartir ces hommes, eux et leurs ânes.
4 သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-
Or, ils venaient de quitter la ville, ils en étaient à peu de distance, lorsque Joseph dit à l’intendant de sa maison: "Va, cours après ces hommes et, aussitôt atteints, dis leur: "Pourquoi avez-vous rendu le mal pour le bien?
5 ငါ့​သ​ခင်​၏​ငွေ​ဖ​လား​ကို​အ​ဘယ်​ကြောင့်​ခိုး​ရ သ​နည်း။ ထို​ဖ​လား​သည်​ငါ့​သ​ခင်​သောက်​သော ဖ​လား၊ နိ​မိတ်​ဖတ်​သော​ဖ​လား​ဖြစ်​၏။ သင်​တို့ သည်​ကြီး​လေး​သော​ပြစ်​မှု​ကို​ကူး​လွန်​လေ ပြီ' ဟု​ပြော​လော့'' ဟူ​၍​စေ​ခိုင်း​လေ​၏။
N’Est ce pas dans cette coupe que boit mon maître et ne lui sert elle pas pour la divination? C’Est une mauvaise action que la vôtre!"
6 အိမ်​တော်​ဝန်​သည်​ထို​သူ​တို့​နောက်​သို့​လိုက်​၍ မီ​သော​အ​ခါ ယော​သပ်​မှာ​ကြား​လိုက်​သည့် အ​တိုင်း​သူ​တို့​အား​ပြော​လေ​၏။-
II les atteignit et leur adressa ces mêmes paroles.
7 ထို​အ​ခါ​သူ​တို့​က``အ​ရှင်၊ ကျွန်​တော်​တို့​ကို ဤ​သို့​မစွပ်​စွဲ​ပါ​နှင့်။ ကျွန်​တော်​တို့​သည်​ထို သို့​သော​ပြစ်​မှု​ကို​မ​ကူး​လွန်​ကြောင်း​ကျိန် ဆို​ပါ​သည်။-
Ils lui répondirent: "Pourquoi mon seigneur tient il de pareils discours? Dieu préserve tes serviteurs d’avoir commis une telle action!
8 ကျွန်​တော်​တို့​၏​အိတ်​ဝ​များ​၌​တွေ့​ရှိ​သော ငွေ​ကို​ပင် ခါ​နာန်​ပြည်​မှ​ပြန်​၍​ယူ​ခဲ့​ကြောင်း အ​ရှင်​သိ​ပါ​သည်။ သို့​ဖြစ်​၍​ကျွန်​တော်​တို့ သည်​ဘု​ရင်​ခံ​၏​အိမ်​မှ​ရွှေ​ငွေ​ကို​အ​ဘယ် ကြောင့်​ခိုး​ယူ​ရ​ပါ​မည်​နည်း။-
Quoi! L’Argent que nous avons trouvé à l’entrée de nos sacs, nous te l’avons rapporté du pays de Canaan; et nous déroberions, dans la maison de ton maître, de l’argent ou de l’or!
9 ကျွန်​တော်​တို့​အ​နက်​တစ်​ယောက်​ယောက်​ထံ ၌​ထို​ဖ​လား​ကို​တွေ့​လျှင် ထို​သူ​သည်​သေ ဒဏ်​သင့်​ပါ​စေ။ ကျန်​သော​ကျွန်​တော်​တို့​သည် လည်း​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​ဆို လေ​၏။
Celui de tes serviteurs qui l’aura en sa possession, qu’il meure; et nous-mêmes, nous serons les esclaves de mon seigneur."
10 ၁၀ အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။-
Il répliqua: "Oui certes, ce que vous dites est juste. Seulement celui qui en sera trouvé possesseur sera mon esclave et vous serez quittes."
11 ၁၁ ထို​ကြောင့်​သူ​တို့​သည်​အ​သီး​သီး​မိ​မိ​တို့ ၏​အိတ်​များ​ကို​မြေ​ပေါ်​သို့​အ​လျင်​အ​မြန် ချ​၍​ဖွင့်​ပြ​ကြ​၏။-
Ils se hâtèrent, chacun, de descendre leurs sacs à terre et chacun ouvrit le sien.
12 ၁၂ အိမ်​တော်​ဝန်​သည်​ညီ​အစ်​ကို​တို့​တွင်​အ​သက် အ​ကြီး​ဆုံး​မှ​အ​ငယ်​ဆုံး​အ​ထိ အ​စဉ်​လိုက် တစ်​ဦး​စီ​၏​အိတ်​ကို​ရှာ​ဖွေ​ရာ​ဗင်္ယာ​မိန် အိတ်​တွင်​ဖ​လား​ကို​တွေ့​ရ​လေ​၏။-
L’Intendant fouilla, commençant par le plus âgé, finissant par le plus jeune. La coupe fut trouvée dans le sac de Benjamin.
13 ၁၃ ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။
Ils déchirèrent leurs vêtements; chacun rechargea son âne et ils retournèrent à la ville.
14 ၁၄ ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-
Juda entra avec ses frères dans la demeure de Joseph, lequel s’y trouvait encore; et ils se jetèrent à ses pieds contre terre.
15 ၁၅ ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။
Joseph leur dit "Quelle action venez vous de commettre! Ne savez vous pas qu’un homme tel que moi devine les mystères?"
16 ၁၆ ယု​ဒ​က``ကျွန်​တော်​တို့​သည် အ​ရှင်​အား​မည်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ မည်​ကဲ့​သို့​ဆင်​ခြေ တက်​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​တို့​မ​ကူး​လွန် ကြောင်း မည်​ကဲ့​သို့​သက်​သေ​အ​ထောက်​အ​ထား ပြ​နိုင်​ပါ​အံ့​နည်း။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် က​ကျွန်​တော်​တို့​၏​အ​ပြစ်​ကို​ဖော်​ထုတ်​တော် မူ​ပါ​ပြီ။ ဖ​လား​နှင့်​တွေ့​ရ​သူ​တစ်​ဦး​သာ​မ​က ကျွန်​တော်​တို့​အား​လုံး​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ မည်'' ဟု​လျှောက်​ထား​လေ​၏။
Juda répondit: "Que dirons-nous à mon seigneur? Comment parler et comment nous justifier? Le Tout Puissant a su atteindre l’iniquité de tes serviteurs. Nous sommes maintenant les esclaves de mon seigneur et nous et celui aux mains duquel s’est trouvée la coupe."
17 ၁၇ ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။
II répliqua: "Loin de moi d’agir ainsi! L’Homme aux mains duquel la coupe s’est trouvée, sera mon esclave; pour vous, retournez en paix auprès de votre père."
18 ၁၈ ထို​နောက်​ယု​ဒ​သည်​ယော​သပ်​ထံ​သို့​ချဉ်း​ကပ် ၍``အ​ရှင်​အား​စ​ကား​တစ်​ခွန်း​ကို​လျှောက်​တင် ပါ​ရ​စေ။ ကျွန်​တော်​အား​အ​မျက်​ထွက်​တော်​မ မူ​ပါ​နှင့်။ အ​ရှင်​သည်​ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ပင်​ကြီး​မြတ်​တော်​မူ​ပါ​၏။-
Alors Juda s’avança vers lui, en disant: "De grâce, seigneur! que ton serviteur fasse entendre une parole aux oreilles de mon seigneur et que ta colère n’éclate pas contre ton serviteur! Car tu es l’égal de Pharaon.
19 ၁၉ အ​ရှင်​က`သင်​တို့​တွင်​ဖ​ခင်​ရှိ​သေး​သ​လော။ ညီ​ရှိ သေး​သ​လော' ဟု​မေး​ပါ​သည်။-
Mon seigneur avait interrogé ses serviteurs, disant: ‘Vous reste-t-il un père, un frère?’
20 ၂၀ ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-
Nous répondîmes à mon seigneur: ‘Nous avons un père âgé et un jeune frère enfant de sa vieillesse: son frère est mort et lui, resté seul des enfants de sa mère, son père le chérit.’
21 ၂၁ အ​ရှင်​က`ထို​သူ​ငယ်​ကို​ခေါ်​ဆောင်​ခဲ့​ကြ၊ ငါ တွေ့​မြင်​လို​သည်' ဟု​မိန့်​ကြား​ပါ​သည်။-
Tu dis alors à tes serviteurs: ‘Amenez-le moi, que je l’examine.’
22 ၂၂ ကျွန်​တော်​တို့​က`သူ​ငယ်​သည်​အ​ဖ​နှင့်​မ​ခွဲ​နိုင် ပါ။ အ​ဖ​နှင့်​ခွဲ​ခွာ​ခဲ့​လျှင်​အ​ဖ​သေ​ပါ​လိမ့် မည်' ဟု​ပြော​ပါ​သည်။-
Et nous répondîmes à mon seigneur: ‘Le jeune homme ne saurait quitter son père; s’il quittait son père, il en mourrait.’
23 ၂၃ ထို​အ​ခါ​အ​ရှင်​က`သင်​တို့​၏​ညီ​မ​ပါ​လာ​လျှင် ငါ့​ထံ​သို့​နောက်​တစ်​ဖန်​မ​ဝင်​ရ' ဟု​မိန့်​ကြား ပါ​သည်။
Mais tu dis à tes serviteurs: ‘Si votre jeune frère ne vous accompagne, ne reparaissez point devant moi.’
24 ၂၄ ``ကျွန်​တော်​တို့​အ​ဖ​ထံ​သို့​ပြန်​ရောက်​ကြ​သော အ​ခါ အ​ရှင်​မိန့်​ကြား​သ​မျှ​ကို​အဖ​အား​ပြန် ကြား​ပါ​သည်။-
Or, de retour auprès de ton serviteur, notre père, nous lui rapportâmes les paroles de mon seigneur.
25 ၂၅ ထို​နောက်​အ​ဖ​က`သင်​တို့​သွား​၍​ငါ​တို့​အ​တွက် ရိက္ခာ​ဝယ်​ဦး​လော့' ဟု​စေ​ခိုင်း​ပါ​သည်။-
Notre père nous dit: ‘Retournez acheter pour nous quelques provisions.’
26 ၂၆ ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​မ​သွား​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​၏​ညီ​အ​ငယ်​ဆုံး​မ​လိုက်​ပါ​ခဲ့​လျှင် ဘု​ရင်​ခံ​ထံ​သို့​ဝင်​ရ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် တို့​၏​ညီ​အ​ငယ်​ဆုံး​လိုက်​ပါ​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​ပါ​မည်' ဟု​ဖ​ခင်​အား​ပြန် ပြော​ပါ​သည်။-
Nous répondîmes: ‘Nous ne saurions partir. Si notre jeune frère nous accompagne, nous irons; car nous ne pouvons paraître devant ce personnage, notre jeune frère n’étant point avec nous.’
27 ၂၇ ဖ​ခင်​က`သင်​တို့​သိ​သည့်​အ​တိုင်း​ရာ​ခေ​လ​သည် သား​နှစ်​ယောက်​တည်း​ဖွား​မြင်​၍၊-
Ton serviteur, notre père, nous dit: ‘Vous savez que ma femme m’a donné deux enfants.
28 ၂၈ သား​တစ်​ယောက်​မှာ​မ​ရှိ​တော့​ပြီ။ သူ​သည်​သား​ရဲ တိ​ရစ္ဆာန်​တို့​၏​ကိုက်​ဖြတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့​ကြောင့်​ငါ​သည်​ယ​နေ့​ထက်​တိုင်​သူ့​ကို​မ​မြင်​ရ။-
L’Un a disparu d’auprès de moi et j’ai dit: ‘Assurément il a été dévoré!’ et je ne l’ai point revu jusqu’ici.
29 ၂၉ ယ​ခု​ဤ​သား​ကို​သင်​တို့​ခေါ်​ဆောင်​သွား​၍​သူ​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ​သော် သင်​တို့​အ​ဖေ​အို ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ​ရ​ပါ​မည်' ဟု​ဆို​ပါ​သည်။ (Sheol h7585)
Que vous m’arrachiez encore celui ci, qu’il lui arrive malheur et vous aurez précipité cruellement ma vieillesse dans la tombe.’ (Sheol h7585)
30 ၃၀ ``သို့​ဖြစ်​၍​ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​နှင့် အ​ဖ​ထံ​သို့​ပြန်​ရောက်​လျှင် အ​ဖ​က​ကျွန်​တော် တို့​နှင့်​အ​တူ​သူ​ငယ်​မ​ပါ​လာ​ကြောင်း​သိ​ရ​သော် သူ​သည်​မု​ချ​သေ​ရ​ပါ​လိမ့်​မည်။
Et maintenant, en retournant chez ton serviteur, mon père, nous ne serions point accompagnés du jeune homme et sa vie est attachée à la sienne!
31 ၃၁ ဖ​ခင်​သည်​ဤ သူ​ငယ်​ကြောင့်​သာ​အ​သက်​ရှင်​လျက်​ရှိ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ဖ​ခင်​အို​အား​ယူကြုံး​မ​ရ ဝမ်း​နည်း​လျက်​သေ​စေ​အောင်​ပြု​လုပ်​ရာ​ရောက် ပါ​မည်။- (Sheol h7585)
Certes, ne voyant point paraître le jeune homme, il mourra; et tes serviteurs auront fait descendre les cheveux blancs de ton serviteur, notre père, douloureusement dans la tombe. (Sheol h7585)
32 ၃၂ ထို့​အ​ပြင်​ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​ဖ​ခင် ထံ​၌​အာ​မ​ခံ​ခဲ့​သူ​ပင်​ဖြစ်​ပါ​သည်။ ကျွန်​တော် က`သူ​ငယ်​ကို​ဖ​ခင်​ထံ​သို့​ပြန်​၍​မ​ခေါ်​ဆောင်​ခဲ့ လျှင်​ကျွန်​တော်​သည်​တစ်​သက်​လုံး​အ​ပြစ်​ခံ ပါ​ရ​စေ' ဟု​ဖ​ခင်​အား​ကတိ​ပေး​ခဲ့​ပါ​သည်။-
Car ton serviteur a répondu de cet enfant à son père, en disant: ‘Si je ne te le ramène, je serai coupable à jamais envers mon père.’
33 ၃၃ ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-
Donc, de grâce, que ton serviteur, à la place du jeune homme, reste esclave de mon seigneur et que le jeune homme reparte avec ses frères.
34 ၃၄ ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​ဖခင်​ထံ​သို့​မည် သို့​ပြန်​နိုင်​ပါ​မည်​နည်း။ ဖ​ခင်​ခံ​ရ​မည့်​စိတ်​ဆင်း ရဲ​ခြင်း​ကို​ကျွန်​တော်​မ​မြင်​ရက်​နိုင်​ပါ'' ဟု လျှောက်​ထား​လေ​၏။
Car comment retournerais-je près de mon père sans ramener son enfant? Pourrais-je voir la douleur qui accablerait mon père?"

< ကမ္ဘာ​ဦး 44 >