< ကမ္ဘာဦး 43 >
1 ၁ ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းကပ် သည်ပို၍ဆိုးရွားလာလေ၏။-
Али глад беше врло велика у оној земљи.
2 ၂ ယာကုပ်၏မိသားစုတို့သည်အီဂျစ်ပြည်မှဝယ် ယူခဲ့သောစပါးကို စားသုံး၍ကုန်သောအခါ ယာကုပ်ကသားတို့အား``အီဂျစ်ပြည်သို့ပြန် သွား၍ရိက္ခာဝယ်ကြဦး'' ဟုစေခိုင်းလေ၏။
Па кад поједоше жито које беху донели из Мисира, рече им отац: Идите опет, и купите нам мало хране.
3 ၃ ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
А Јуда му проговори и рече: Тврдо нам се зарекао онај човек говорећи: Нећете видети лице моје, ако не буде с вама брат ваш.
4 ၄ အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
Ако ћеш пустити с нама брата нашег, ићи ћемо и купићемо ти хране.
5 ၅ အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။
Ако ли нећеш пустити, нећемо ићи, јер нам је рекао онај човек: Нећете видети лице моје, ако не буде с вама брат ваш.
6 ၆ ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။
А Израиљ рече: Што ми то зло учинисте и казасте човеку да имате још једног брата?
7 ၇ သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
А они рекоше: Човек је потанко распитивао за нас и за род наш говорећи: Је ли вам јоште жив отац? Имате ли још браће? А ми му одговорисмо како нас питаше. Јесмо ли могли како знати да ће казати: Доведите брата свог?
8 ၈ ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။-
И рече Јуда Израиљу оцу свом: Пусти дете са мном, па ћемо се подигнути и отићи, да останемо живи и не помремо и ми и ти и наша деца.
9 ၉ ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
Ја ти се јамчим за њ, из моје га руке ишти; ако ти га не доведем натраг и преда те не ставим, да сам ти крив до века.
10 ၁၀ ကျွန်တော်တို့သည်ဤမျှလောက်မနှောင့်နှေး မဆိုင်းတွခဲ့လျှင် အီဂျစ်ပြည်သို့အသွား အပြန်ခရီးနှစ်ခေါက်ရနိုင်ပါပြီ'' ဟုဆို လေ၏။
Да нисмо толико оклевали, до сада бисмо се два пута вратили.
11 ၁၁ ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
Онда рече Израиљ отац њихов: Кад је тако, учините ово: узмите шта најлепше има у овој земљи у своје вреће, и понесите човеку оном дар: мало тамјана и мало меда, мирисавог корења и смирне, урме и бадема.
12 ၁၂ သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
А новаца понесите двојином, и узмите новце што беху озго у врећама вашим и однесите натраг, може бити да је погрешка.
13 ၁၃ သင်တို့ညီကိုခေါ်ဆောင်လျက်ထိုသူထံသို့ သွားကြလော့။-
И узмите брата свог, па устаните и идите опет к оном човеку.
14 ၁၄ ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
А Бог Свемогући да вам да да нађете милост у оног човека, да вам пусти брата вашег другог и Венијамина; ако ли останем без деце, нек останем без деце.
15 ၁၅ သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
Тада узевши даре и новаца двојином, узевши и Венијамина, подигоше се и отидоше у Мисир, и изађоше пред Јосифа.
16 ၁၆ ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
А Јосиф кад виде с њима Венијамина, рече човеку који управљаше кућом његовом: Одведи ове људе у кућу, па накољи меса и зготови, јер ће у подне са мном јести ови људи.
17 ၁၇ အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
И учини човек како Јосиф рече, и уведе људе у кућу Јосифову.
18 ၁၈ ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။-
А они се бојаху кад их човек вођаше у кућу Јосифову, и рекоше: За новце који пре беху метнути у вреће наше води нас, докле смисли како ће нас окривити, да нас зароби и узме наше магарце.
19 ၁၉ သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
Па приступивши к човеку који управљаше кућом Јосифовом, проговорише му на вратима кућним,
20 ၂၀ ``အရှင်၊ ကျွန်တော်တို့သည်ဤပြည်သို့ရိက္ခာ ဝယ်ရန် ယခင်ကတစ်ခေါက်ရောက်ခဲ့ပါသည်။-
И рекоше: Чуј, господару; дошли смо били и пре, и куписмо хране;
21 ၂၁ အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
Па кад дођосмо у једну гостионицу и отворисмо вреће, а то новци сваког нас беху озго у врећи његовој, новци наши на меру; и ево смо их донели натраг;
22 ၂၂ ရိက္ခာထပ်၍ဝယ်ရန်ငွေပိုလည်းယူခဲ့ပါသည်။ ကျွန်တော်တို့၏စပါးအိတ်များတွင်မည်သူ ကငွေကိုပြန်ထည့်ထားသည်ကိုမသိရပါ'' ဟုပြောပြလေ၏။
А друге смо новце донели да купимо хране; не знамо ко нам метну новце наше у вреће.
23 ၂၃ အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။
А он им рече: Будите мирни, не бојте се; Бог ваш и Бог оца вашег метнуо је благо у вреће ваше; новци су ваши били у мене. И изведе им Симеуна.
24 ၂၄ အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
И уведе их човек у кућу Јосифову, и донесе им воде те опраше ноге, и магарцима њиховим положи.
25 ၂၅ မွန်းတည့်အချိန်၌ယောသပ်သည်သူတို့နှင့် အတူစားသောက်မည်ဟုကြားသိရသဖြင့် သူတို့သည်မိမိတို့၏လက်ဆောင်များကို အသင့်ပြင်ထားကြ၏။-
И приправише дар чекајући докле дође Јосиф у подне, јер чуше да ће они онде јести.
26 ၂၆ ယောသပ်အိမ်သို့ပြန်လာသောအခါသူတို့ သည် မိမိတို့နှင့်ပါလာသောလက်ဆောင်များ ကိုအိမ်ထဲသို့ယူဆောင်လာပြီးလျှင် ယောသပ် အားဆက်သ၍သူ၏ရှေ့တွင်ပျပ်ဝပ်ကြ လေသည်။-
И кад Јосиф дође кући, изнесоше му дар који имаху код себе, и поклонише му се до земље.
27 ၂၇ ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
А он их запита како су, и рече: Како је отац ваш стари, за кога ми говористе? Је ли јоште жив?
28 ၂၈ သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။
А они рекоше: Добро је слуга твој, отац наш; још је жив. И поклонише му се.
29 ၂၉ ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။-
А он погледавши виде Венијамина брата свог, сина матере своје, и рече: Је ли вам то најмлађи брат ваш за ког ми говористе? И рече: Бог да ти буде милостив, синко!
30 ၃၀ ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
А Јосифу гораше срце од љубави према брату свом, те брже потражи где ће плакати, и ушавши у једну собу плака онде.
31 ၃၁ ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။-
После умив се изађе, и устежући се рече: Дајте јело.
32 ၃၂ ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။-
И донесоше њему најпосле и Мисирцима који обедоваху у њега, јер не могаху Мисирци јести с Јеврејима, јер је то нечисто Мисирцима.
33 ၃၃ ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
А сеђаху пред њим старији по старештву свом а млађи по младости својој. И згледаху се од чуда.
34 ၃၄ ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။
И узимајући јела испред себе слаше њима, и Венијамину допаде пет пута више него другима. И пише и напише се с њим.