< ကမ္ဘာ​ဦး 43 >

1 ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​ပို​၍​ဆိုး​ရွား​လာ​လေ​၏။-
וְהָרָעָ֖ב כָּבֵ֥ד בָּאָֽרֶץ׃
2 ယာ​ကုပ်​၏​မိသား​စု​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ဝယ် ယူ​ခဲ့​သော​စ​ပါး​ကို စား​သုံး​၍​ကုန်​သော​အ​ခါ ယာ​ကုပ်​က​သား​တို့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် သွား​၍​ရိက္ခာ​ဝယ်​ကြ​ဦး'' ဟု​စေ​ခိုင်း​လေ​၏။
וַיְהִ֗י כַּאֲשֶׁ֤ר כִּלּוּ֙ לֶאֱכֹ֣ל אֶת־הַשֶּׁ֔בֶר אֲשֶׁ֥ר הֵבִ֖יאוּ מִמִּצְרָ֑יִם וַיֹּ֤אמֶר אֲלֵיהֶם֙ אֲבִיהֶ֔ם שֻׁ֖בוּ שִׁבְרוּ־לָ֥נוּ מְעַט־אֹֽכֶל׃
3 ယု​ဒ​က​ယာ​ကုပ်​အား``အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​က ကျွန်​တော်​တို့​၏​ညီ​ကို​မ​ခေါ်​ဆောင်​နိုင်​ခဲ့​လျှင် သူ​၏​ရှေ့​တော်​မှောက်​သို့​မ​ဝင်​ရ​ဟူ​၍​အ​တိ အ​လင်း​သ​တိ​ပေး​ပါ​သည်။-
וַיֹּ֧אמֶר אֵלָ֛יו יְהוּדָ֖ה לֵאמֹ֑ר הָעֵ֣ד הֵעִד֩ בָּ֨נוּ הָאִ֤ישׁ לֵאמֹר֙ לֹֽא־תִרְא֣וּ פָנַ֔י בִּלְתִּ֖י אֲחִיכֶ֥ם אִתְּכֶֽם׃
4 အ​ဖ​က​ညီ​ကို​ကျွန်​တော်​တို့​နှင့်​အ​တူ​သွား ခွင့်​ပြု​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​၍​အဖ အ​တွက်​ရိက္ခာ​ဝယ်​ယူ​ပါ​မည်။-
אִם־יֶשְׁךָ֛ מְשַׁלֵּ֥חַ אֶת־אָחִ֖ינוּ אִתָּ֑נוּ נֵרְדָ֕ה וְנִשְׁבְּרָ֥ה לְךָ֖ אֹֽכֶל׃
5 အ​ဖ​က​ကျွန်​တော်​တို့​နှင့်​အ​တူ​ညီ​ကို​သွား​ခွင့် မ​ပေး​လျှင် သင်​တို့​၏​ညီ​မ​ပါ​ခဲ့​လျှင်​ငါ​၏​ရှေ့ မှောက်​သို့​မ​ဝင်​ရ​ဟု​ဘု​ရင်​ခံ​က​အ​မိန့်​ရှိ​သ​ဖြင့် ကျွန်​တော်​တို့​မ​သွား​ဝံ့​ပါ'' ဟု​ပြော​လေ​၏။
וְאִם־אֵינְךָ֥ מְשַׁלֵּ֖חַ לֹ֣א נֵרֵ֑ד כִּֽי־הָאִ֞ישׁ אָמַ֤ר אֵלֵ֙ינוּ֙ לֹֽא־תִרְא֣וּ פָנַ֔י בִּלְתִּ֖י אֲחִיכֶ֥ם אִתְּכֶֽם׃
6 ထို​အ​ခါ​ယာ​ကုပ်​က``သင်​တို့​တွင်​ညီ​တစ်​ယောက် ရှိ​သေး​သည်​ဟု ထို​သူ​အား​အ​ဘယ်​ကြောင့်​ပြော ရ​သ​နည်း။ ငါ့​ကို​ဤ​မျှ​စိတ်​ဆင်း​ရဲ​အောင်​အ​ဘယ် ကြောင့်​ပြု​လုပ်​ရ​သ​နည်း'' ဟု​ဆို​၏။
וַיֹּ֙אמֶר֙ יִשְׂרָאֵ֔ל לָמָ֥ה הֲרֵעֹתֶ֖ם לִ֑י לְהַגִּ֣יד לָאִ֔ישׁ הַעֹ֥וד לָכֶ֖ם אָֽח׃
7 သူ​တို့​က``ထို​သူ​သည်​ကျွန်​တော်​တို့​၏​မိ​သား စု​အ​ကြောင်း​ကို စေ့​စေ့​စပ်​စပ်​မေး​မြန်း​ပါ​သည်။ သူ​က`သင်​တို့​၏​အဖ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော။ သင်​တို့​တွင်​ညီ​ရှိ​သေး​သ​လော' ဟု မေး​ပါ​သည်။ ကျွန်​တော်​တို့​က​သူ​၏​မေး​ခွန်း များ​ကို​ဖြေ​ရ​ပါ​သည်။ သူ​က​ကျွန်​တော်​တို့ ၏​ညီ​ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​စေ ခိုင်း​လိမ့်​မည်​ဟု​ကျွန်​တော်​တို့​အ​ဘယ်​သို့​သိ နိုင်​မည်​နည်း'' ဟု​ဖြေ​ကြား​ကြ​၏။
וַיֹּאמְר֡וּ שָׁאֹ֣ול שָֽׁאַל־הָ֠אִישׁ לָ֣נוּ וּלְמֹֽולַדְתֵּ֜נוּ לֵאמֹ֗ר הַעֹ֨וד אֲבִיכֶ֥ם חַי֙ הֲיֵ֣שׁ לָכֶ֣ם אָ֔ח וַנַ֨גֶּד־לֹ֔ו עַל־פִּ֖י הַדְּבָרִ֣ים הָאֵ֑לֶּה הֲיָדֹ֣ועַ נֵדַ֔ע כִּ֣י יֹאמַ֔ר הֹורִ֖ידוּ אֶת־אֲחִיכֶֽם׃
8 ယု​ဒ​က​အ​ဖ​အား``သူ​ငယ်​ကို​ကျွန်​တော်​နှင့် အ​တူ​ထည့်​လိုက်​ပါ။ ယ​ခု​ပင်​ခ​ရီး​စ​ထွက် ကြ​ပါ​မည်။ သို့​မှ​သာ​ကျွန်​တော်​တို့​အား​လုံး အ​စာ​မ​ငတ်​ဘဲ​အ​သက်​ချမ်း​သာ​ရာ​ရ ကြ​ပါ​မည်။-
וַיֹּ֨אמֶר יְהוּדָ֜ה אֶל־יִשְׂרָאֵ֣ל אָבִ֗יו שִׁלְחָ֥ה הַנַּ֛עַר אִתִּ֖י וְנָק֣וּמָה וְנֵלֵ֑כָה וְנִֽחְיֶה֙ וְלֹ֣א נָמ֔וּת גַּם־אֲנַ֥חְנוּ גַם־אַתָּ֖ה גַּם־טַפֵּֽנוּ׃
9 ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​အာ​မ​ခံ​ပါ မည်။ သူ့​အ​တွက်​တာ​ဝန်​ယူ​ပါ​မည်။ သူ​ငယ် ကို​အ​ဖ​ထံ​သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​၍ မ​ခေါ်​ဆောင်​ခဲ့​လျှင် ကျွန်​တော်​သည်​တစ်​သက် လုံး​အ​ပြစ်​တင်​ခံ​ရ​ပါ​စေ။-
אָֽנֹכִי֙ אֽ͏ֶעֶרְבֶ֔נּוּ מִיָּדִ֖י תְּבַקְשֶׁ֑נּוּ אִם־לֹ֨א הֲבִיאֹתִ֤יו אֵלֶ֙יךָ֙ וְהִצַּגְתִּ֣יו לְפָנֶ֔יךָ וְחָטָ֥אתִֽי לְךָ֖ כָּל־הַיָּמִֽים׃
10 ၁၀ ကျွန်​တော်​တို့​သည်​ဤ​မျှ​လောက်​မ​နှောင့်​နှေး မ​ဆိုင်း​တွ​ခဲ့​လျှင် အီ​ဂျစ်​ပြည်​သို့​အ​သွား အ​ပြန်​ခ​ရီး​နှစ်​ခေါက်​ရ​နိုင်​ပါ​ပြီ'' ဟု​ဆို လေ​၏။
כִּ֖י לוּלֵ֣א הִתְמַהְמָ֑הְנוּ כִּֽי־עַתָּ֥ה שַׁ֖בְנוּ זֶ֥ה פַעֲמָֽיִם׃
11 ၁၁ ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-
וַיֹּ֨אמֶר אֲלֵהֶ֜ם יִשְׂרָאֵ֣ל אֲבִיהֶ֗ם אִם־כֵּ֣ן ׀ אֵפֹוא֮ זֹ֣את עֲשׂוּ֒ קְח֞וּ מִזִּמְרַ֤ת הָאָ֙רֶץ֙ בִּכְלֵיכֶ֔ם וְהֹורִ֥ידוּ לָאִ֖ישׁ מִנְחָ֑ה מְעַ֤ט צֳרִי֙ וּמְעַ֣ט דְּבַ֔שׁ נְכֹ֣את וָלֹ֔ט בָּטְנִ֖ים וּשְׁקֵדִֽים׃
12 ၁၂ သင်​တို့​၏​စ​ပါး​အိတ်​ဝ​များ​၌​ထည့်​ပေး​လိုက် သော​ငွေ​ကို​ပြန်​ပေး​ရ​မည်​ဖြစ်​၍ ငွေ​ကို​နှစ်​ဆ ယူ​သွား​ကြ​လော့။ ပြန်​ထည့်​ပေး​လိုက်​သော​ငွေ မှာ​မှား​ပြီး​ပြန်​ထည့်​ပေး​လိုက်​ဟန်​တူ​သည်။-
וְכֶ֥סֶף מִשְׁנֶ֖ה קְח֣וּ בְיֶדְכֶ֑ם וְאֶת־הַכֶּ֜סֶף הַמּוּשָׁ֨ב בְּפִ֤י אַמְתְּחֹֽתֵיכֶם֙ תָּשִׁ֣יבוּ בְיֶדְכֶ֔ם אוּלַ֥י מִשְׁגֶּ֖ה הֽוּא׃
13 ၁၃ သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-
וְאֶת־אֲחִיכֶ֖ם קָ֑חוּ וְק֖וּמוּ שׁ֥וּבוּ אֶל־הָאִֽישׁ׃
14 ၁၄ ထို​သူ​သည်​ဗင်္ယာ​မိန်​နှင့်​ရှိ​မောင်​တို့​ကို​သင်​တို့ အား​ပြန်​အပ်​စေ​ရန် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​၏​စိတ်​ကို​ပြု​ပြင်​ပေး​တော် မူ​ပါ​စေ​သော။ အ​ကယ်​၍​ငါ​သည်​သား​တို့ ကို​ဆုံး​ရှုံး​ရ​မည်​ဆို​လျှင်​ဆုံး​ရှုံး​ရ​မည်​သာ ဖြစ်​သည်'' ဟု​ဆို​၏။
וְאֵ֣ל שַׁדַּ֗י יִתֵּ֨ן לָכֶ֤ם רַחֲמִים֙ לִפְנֵ֣י הָאִ֔ישׁ וְשִׁלַּ֥ח לָכֶ֛ם אֶת־אֲחִיכֶ֥ם אַחֵ֖ר וְאֶת־בִּנְיָמִ֑ין וַאֲנִ֕י כַּאֲשֶׁ֥ר שָׁכֹ֖לְתִּי שָׁכָֽלְתִּי׃
15 ၁၅ သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့​သည်​လက်​ဆောင်​များ နှင့်​ငွေ​နှစ်​ဆ​ကို​ယူ​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ သွား​ကြ​လေ​သည်။ သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန် လည်း​လိုက်​ပါ​သွား​လေ​၏။ ထို​ပြည်​သို့​ရောက် သော​အ​ခါ​သူ​တို့​သည်​ယော​သပ်​ထံ​သို့​ဝင် ၍​ခ​စား​ကြ​၏။-
וַיִּקְח֤וּ הָֽאֲנָשִׁים֙ אֶת־הַמִּנְחָ֣ה הַזֹּ֔את וּמִשְׁנֶה־כֶּ֛סֶף לָקְח֥וּ בְיָדָ֖ם וְאֶת־בִּנְיָמִ֑ן וַיָּקֻ֙מוּ֙ וַיֵּרְד֣וּ מִצְרַ֔יִם וַיַּֽעַמְד֖וּ לִפְנֵ֥י יֹוסֵֽף׃
16 ၁၆ ယော​သပ်​သည်​သူ​တို့​နှင့်​အ​တူ​ဗင်္ယာ​မိန်​ပါ လာ​သည်​ကို​မြင်​လျှင် သူ​၏​အိမ်​တော်​ဝန်​အား``ဤ သူ​တို့​ကို​ငါ့​အိမ်​သို့​ခေါ်​ဆောင်​သွား​လော့။ သား ကောင်​တစ်​ကောင်​ကို​သတ်​၍​ဟင်း​လျာ​ပြင်​လော့။ ငါ​သည်​သူ​တို့​နှင့်​နေ့​လည်​စာ​ကို​သုံး​ဆောင် မည်'' ဟု​စေ​ခိုင်း​လေ​၏။-
וַיַּ֨רְא יֹוסֵ֣ף אִתָּם֮ אֶת־בִּנְיָמִין֒ וַיֹּ֙אמֶר֙ לַֽאֲשֶׁ֣ר עַל־בֵּיתֹ֔ו הָבֵ֥א אֶת־הָאֲנָשִׁ֖ים הַבָּ֑יְתָה וּטְבֹ֤חַ טֶ֙בַח֙ וְהָכֵ֔ן כִּ֥י אִתִּ֛י יֹאכְל֥וּ הָאֲנָשִׁ֖ים בַּֽצָּהֳרָֽיִם׃
17 ၁၇ အိမ်​တော်​ဝန်​သည်​စေ​ခိုင်း​သည့်​အ​တိုင်း​ထို သူ​တို့​ကို​ယော​သပ်​၏​အိမ်​သို့​ခေါ်​ဆောင်​ခဲ့ လေ​၏။
וַיַּ֣עַשׂ הָאִ֔ישׁ כַּֽאֲשֶׁ֖ר אָמַ֣ר יֹוסֵ֑ף וַיָּבֵ֥א הָאִ֛ישׁ אֶת־הָאֲנָשִׁ֖ים בֵּ֥יתָה יֹוסֵֽף׃
18 ၁၈ ညီ​အစ်​ကို​တို့​သည်​ယော​သပ်​အိမ်​သို့​လိုက်​ပါ လာ​ကြ​စဉ်``ပ​ထ​မ​အ​ခေါက်​တွင်​ငါ​တို့​၏ စပါး​အိတ်​များ​၌​ငွေ​များ​ပြန်​ထည့်​ပေး​လိုက် သည့်​ကိစ္စ​ကို​အ​ကြောင်း​ပြု​ပြီး​လျှင် သူ​တို့ သည်​ငါ​တို့​အား​ဖမ်း​ဆီး​လျက်​မြည်း​များ​ကို သိမ်း​ယူ​၍​သူ့​ထံ​၌​ကျွန်​ခံ​စေ​လိမ့်​မည်'' ဟု တွေး​တော​ကာ​စိုး​ရိမ်​ကြောက်​ရွံ့​ကြ​၏။-
וַיִּֽירְא֣וּ הָֽאֲנָשִׁ֗ים כִּ֣י הֽוּבְאוּ֮ בֵּ֣ית יֹוסֵף֒ וַיֹּאמְר֗וּ עַל־דְּבַ֤ר הַכֶּ֙סֶף֙ הַשָּׁ֤ב בְּאַמְתְּחֹתֵ֙ינוּ֙ בַּתְּחִלָּ֔ה אֲנַ֖חְנוּ מֽוּבָאִ֑ים לְהִתְגֹּלֵ֤ל עָלֵ֙ינוּ֙ וּלְהִתְנַפֵּ֣ל עָלֵ֔ינוּ וְלָקַ֧חַת אֹתָ֛נוּ לַעֲבָדִ֖ים וְאֶת־חֲמֹרֵֽינוּ׃
19 ၁၉ သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-
וַֽיִּגְּשׁוּ֙ אֶל־הָאִ֔ישׁ אֲשֶׁ֖ר עַל־בֵּ֣ית יֹוסֵ֑ף וַיְדַבְּר֥וּ אֵלָ֖יו פֶּ֥תַח הַבָּֽיִת׃
20 ၂၀ ``အ​ရှင်၊ ကျွန်​တော်​တို့​သည်​ဤ​ပြည်​သို့​ရိက္ခာ ဝယ်​ရန် ယ​ခင်​က​တစ်​ခေါက်​ရောက်​ခဲ့​ပါ​သည်။-
וַיֹּאמְר֖וּ בִּ֣י אֲדֹנִ֑י יָרֹ֥ד יָרַ֛דְנוּ בַּתְּחִלָּ֖ה לִשְׁבָּר־אֹֽכֶל׃
21 ၂၁ အိမ်​ပြန်​ခရီး​တွင်​စ​ခန်း​ချ​၍​စပါး​အိတ်​များ ကို​ဖွင့်​လိုက်​ရာ တစ်​ယောက်​စီ​၏​အိတ်​ဝ​တွင် မိ​မိ​၏​စပါး​ဖိုး​ငွေ​မ​လျော့​ဘဲ​တွေ့​ရ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ထို​ငွေ​ကို​ယ​ခု​ပြန်​၍ ယူ​ခဲ့​ကြ​ပါ​သည်။-
וַֽיְהִ֞י כִּי־בָ֣אנוּ אֶל־הַמָּלֹ֗ון וַֽנִּפְתְּחָה֙ אֶת־אַמְתְּחֹתֵ֔ינוּ וְהִנֵּ֤ה כֶֽסֶף־אִישׁ֙ בְּפִ֣י אַמְתַּחְתֹּ֔ו כַּסְפֵּ֖נוּ בְּמִשְׁקָלֹ֑ו וַנָּ֥שֶׁב אֹתֹ֖ו בְּיָדֵֽנוּ׃
22 ၂၂ ရိက္ခာ​ထပ်​၍​ဝယ်​ရန်​ငွေ​ပို​လည်း​ယူ​ခဲ့​ပါ​သည်။ ကျွန်​တော်​တို့​၏​စပါး​အိတ်​များ​တွင်​မည်​သူ က​ငွေ​ကို​ပြန်​ထည့်​ထား​သည်​ကို​မ​သိ​ရ​ပါ'' ဟု​ပြော​ပြ​လေ​၏။
וְכֶ֧סֶף אַחֵ֛ר הֹורַ֥דְנוּ בְיָדֵ֖נוּ לִשְׁבָּר־אֹ֑כֶל לֹ֣א יָדַ֔עְנוּ מִי־שָׂ֥ם כַּסְפֵּ֖נוּ בְּאַמְתְּחֹתֵֽינוּ׃
23 ၂၃ အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။
וַיֹּאמֶר֩ שָׁלֹ֨ום לָכֶ֜ם אַל־תִּירָ֗אוּ אֱלֹ֨הֵיכֶ֜ם וֽ͏ֵאלֹהֵ֤י אֲבִיכֶם֙ נָתַ֨ן לָכֶ֤ם מַטְמֹון֙ בְּאַמְתְּחֹ֣תֵיכֶ֔ם כַּסְפְּכֶ֖ם בָּ֣א אֵלָ֑י וַיֹּוצֵ֥א אֲלֵהֶ֖ם אֶת־שִׁמְעֹֽון׃
24 ၂၄ အိမ်​တော်​ဝန်​သည်​သူ​တို့​ကို​အိမ်​ထဲ​သို့​ဝင်​စေ ၏။ သူ​တို့​၏​ခြေ​များ​ကို​ဆေး​ကြော​ရန်​ရေ​ကို ပေး​၍​သူ​တို့​၏​မြည်း​များ​ကို​အ​စာ​ကျွေး ၏။-
וַיָּבֵ֥א הָאִ֛ישׁ אֶת־הָאֲנָשִׁ֖ים בֵּ֣יתָה יֹוסֵ֑ף וַיִּתֶּן־מַ֙יִם֙ וַיִּרְחֲצ֣וּ רַגְלֵיהֶ֔ם וַיִּתֵּ֥ן מִסְפֹּ֖וא לַחֲמֹֽרֵיהֶֽם׃
25 ၂၅ မွန်း​တည့်​အ​ချိန်​၌​ယော​သပ်​သည်​သူ​တို့​နှင့် အ​တူ​စား​သောက်​မည်​ဟု​ကြား​သိ​ရ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​၏​လက်​ဆောင်​များ​ကို အ​သင့်​ပြင်​ထား​ကြ​၏။-
וַיָּכִ֙ינוּ֙ אֶת־הַמִּנְחָ֔ה עַד־בֹּ֥וא יֹוסֵ֖ף בַּֽצָּהֳרָ֑יִם כִּ֣י שָֽׁמְע֔וּ כִּי־שָׁ֖ם יֹ֥אכְלוּ לָֽחֶם׃
26 ၂၆ ယော​သပ်​အိမ်​သို့​ပြန်​လာ​သော​အ​ခါ​သူ​တို့ သည် မိ​မိ​တို့​နှင့်​ပါ​လာ​သော​လက်​ဆောင်​များ ကို​အိမ်​ထဲ​သို့​ယူ​ဆောင်​လာ​ပြီး​လျှင် ယော​သပ် အား​ဆက်​သ​၍​သူ​၏​ရှေ့​တွင်​ပျပ်​ဝပ်​ကြ လေ​သည်။-
וַיָּבֹ֤א יֹוסֵף֙ הַבַּ֔יְתָה וַיָּבִ֥יאּוּ לֹ֛ו אֶת־הַמִּנְחָ֥ה אֲשֶׁר־בְּיָדָ֖ם הַבָּ֑יְתָה וַיִּשְׁתַּחֲווּ־לֹ֖ו אָֽרְצָה׃
27 ၂၇ ယော​သပ်​သည်​သူ​တို့​အား​နှုတ်​ခွန်း​ဆက်​ပြီး နောက်``သင်​တို့​ပြော​သော​သင်​တို့​၏​ဖခင်​အို သည်​ကျန်း​မာ​ပါ​၏​လော။ သူ​အသက်​ရှင်​လျက် ရှိ​ပါ​သေး​သ​လော'' ဟု​မေး​မြန်း​လေ​၏။
וַיִּשְׁאַ֤ל לָהֶם֙ לְשָׁלֹ֔ום וַיֹּ֗אמֶר הֲשָׁלֹ֛ום אֲבִיכֶ֥ם הַזָּקֵ֖ן אֲשֶׁ֣ר אֲמַרְתֶּ֑ם הַעֹודֶ֖נּוּ חָֽי׃
28 ၂၈ သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။
וַיֹּאמְר֗וּ שָׁלֹ֛ום לְעַבְדְּךָ֥ לְאָבִ֖ינוּ עֹודֶ֣נּוּ חָ֑י וַֽיִּקְּד֖וּ וַיִּשְׁתַּחוּ (וַיִּֽשְׁתַּחֲוּֽוּ)׃
29 ၂၉ ယော​သပ်​သည်​မိ​မိ​အ​မိ​၏​သား​မိ​မိ​၏​ညီ ဗင်္ယာ​မိန်​ကို​မြင်​သော​အ​ခါ``ဤ​သူ​ငယ်​သည် သင်​တို့​၏​ညီ​အ​ငယ်​ဆုံး​ဆို​သူ​ဖြစ်​ပါ​သ လော။ လူ​က​လေး​သင့်​အား​ဘု​ရား​ကောင်း​ချီး ပေး​ပါ​စေ​သော'' ဟု​ဆို​လေ​၏။-
וַיִּשָּׂ֣א עֵינָ֗יו וַיַּ֞רְא אֶת־בִּנְיָמִ֣ין אָחִיו֮ בֶּן־אִמֹּו֒ וַיֹּ֗אמֶר הֲזֶה֙ אֲחִיכֶ֣ם הַקָּטֹ֔ן אֲשֶׁ֥ר אֲמַרְתֶּ֖ם אֵלָ֑י וַיֹּאמַ֕ר אֱלֹהִ֥ים יָחְנְךָ֖ בְּנִֽי׃
30 ၃၀ ယော​သပ်​သည်​ညီ​ကို​မြင်​ရ​သ​ဖြင့်​ကြင်​နာ သော​စိတ်​ရှိ​၍ မျက်​ရည်​မ​ဆည်​နိုင်​သော​ကြောင့် မိ​မိ​၏​အ​ခန်း​တွင်း​သို့​ဝင်​၍​ငို​ကြွေး​လေ​၏။-
וַיְמַהֵ֣ר יֹוסֵ֗ף כִּֽי־נִכְמְר֤וּ רַחֲמָיו֙ אֶל־אָחִ֔יו וַיְבַקֵּ֖שׁ לִבְכֹּ֑ות וַיָּבֹ֥א הַחַ֖דְרָה וַיֵּ֥בְךְּ שָֽׁמָּה׃
31 ၃၁ ထို​နောက်​သူ​သည်​မျက်​နှာ​သစ်​ပြီး​လျှင်​အ​ပြင် သို့​ထွက်​လာ​၍ မိ​မိ​၏​စိတ်​ကို​ထိန်း​လျက်​စား သောက်​ပွဲ​ကို​ပြင်​ရန်​အ​မိန့်​ပေး​လေ​သည်။-
וַיִּרְחַ֥ץ פָּנָ֖יו וַיֵּצֵ֑א וַיִּ֨תְאַפַּ֔ק וַיֹּ֖אמֶר שִׂ֥ימוּ לָֽחֶם׃
32 ၃၂ ယော​သပ်​အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ သူ​၏​အစ်​ကို​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ၊ အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ဖို့​စား​ပွဲ​တစ်​ပွဲ​တည်​ခင်း​ကြ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည်​ဟေ​ဗြဲ​အ​မျိုး​သား​တို့ နှင့်​အ​တူ​စား​သောက်​လျှင် ဂုဏ်​သိမ်​သည်​ဟု ယူ​ဆ​ကြ​သော​ကြောင့်​ဟေ​ဗြဲ​အ​မျိုး​သား တို့​နှင့်​အ​တူ​တူ​မ​စား​ကြ။-
וַיָּשִׂ֥ימוּ לֹ֛ו לְבַדֹּ֖ו וְלָהֶ֣ם לְבַדָּ֑ם וְלַמִּצְרִ֞ים הָאֹכְלִ֤ים אִתֹּו֙ לְבַדָּ֔ם כִּי֩ לֹ֨א יוּכְל֜וּן הַמִּצְרִ֗ים לֶאֱכֹ֤ל אֶת־הָֽעִבְרִים֙ לֶ֔חֶם כִּי־תֹועֵבָ֥ה הִ֖וא לְמִצְרָֽיִם׃
33 ၃၃ ညီ​အစ်​ကို​တို့​သည်​အ​သက်​ကြီး​စဉ်​ငယ်​လိုက် ယော​သပ်​၏​ရှေ့​တွင်​ထိုင်​ရ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​အား​နေ​ရာ​ချ​ထား​ပုံ​ကို​မြင်​ကြ သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​၍​အံ့​အား​သင့်​လျက်​ရှိ​ကြ​၏။-
וַיֵּשְׁב֣וּ לְפָנָ֔יו הַבְּכֹר֙ כִּבְכֹ֣רָתֹ֔ו וְהַצָּעִ֖יר כִּצְעִרָתֹ֑ו וַיִּתְמְה֥וּ הָאֲנָשִׁ֖ים אִ֥ישׁ אֶל־רֵעֵֽהוּ׃
34 ၃၄ ယော​သပ်​သည်​မိ​မိ​စား​ပွဲ​မှ​အ​စား​အ​စာ များ​ကို​သူ​တို့​ထံ​သို့​ပို့​ပေး​၏။ ဗင်္ယာ​မိန်​သည် အ​ခြား​သူ​များ​ထက်​ငါး​ဆ​ပို​၍​ရ​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ယော​သပ်​နှင့်​အ​တူ စား​သောက်​ပျော်​မြူး​ကြ​လေ​၏။
וַיִּשָּׂ֨א מַשְׂאֹ֜ת מֵאֵ֣ת פָּנָיו֮ אֲלֵהֶם֒ וַתֵּ֜רֶב מַשְׂאַ֧ת בִּנְיָמִ֛ן מִמַּשְׂאֹ֥ת כֻּלָּ֖ם חָמֵ֣שׁ יָדֹ֑ות וַיִּשְׁתּ֥וּ וַֽיִּשְׁכְּר֖וּ עִמֹּֽו׃

< ကမ္ဘာ​ဦး 43 >