< ကမ္ဘာဦး 42 >
1 ၁ ယာကုပ်သည်အီဂျစ်ပြည်တွင်စပါးရှိ ကြောင်းကြားသိရသောအခါ သူ၏သားတို့ အား``သင်တို့အဘယ်ကြောင့်မှိုင်တွေနေကြ သနည်း။-
Da Jakob hørte, at der var Korn at få i Ægypten, sagde han til sine Sønner: "Hvad venter I efter?"
2 ၂ အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
Og han sagde: "Jeg hører, at der er Korn at få i Ægypten; drag ned og køb os noget, at vi kan blive i Live og undgå Døden!"
3 ၃ ထိုကြောင့်ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးဝယ်ရန်အီဂျစ်ပြည်သို့ထွက်ခွာသွားကြ၏။-
Så drog de ti af Josefs Brødre ned for at købe Korn i Ægypten;
4 ၄ ယာကုပ်သည်ယောသပ်၏ညီရင်းဗင်္ယာမိန်ကို ကား ဘေးရောက်မည်စိုးရိမ်သောကြောင့်အစ်ကို များနှင့်အတူမစေလွှတ်ချေ။
men Jakob sendte ikke Josefs Broder Benjamin med hans Brødre, thi han tænkte, der kunde tilstøde ham en Ulykke.
5 ၅ ခါနာန်ပြည်တစ်ပြည်လုံးတွင်အစာခေါင်းပါးခြင်း ကပ်ဆိုက်လျက်ရှိသဖြင့် ယာကုပ်၏သားတို့သည် အခြားသောစပါးဝယ်ရန်သွားသူတို့နှင့်အတူ အီဂျစ်ပြည်သို့သွားကြ၏။-
Blandt dem, der kom for at købe Korn, var også Israels Sønner; thi der var Hungersnød i Kana'ans Land.
6 ၆ အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
Og da Josef var Hersker i Landet, og han var den, der solgte Korn til alt Folket i Landet, så kom Josefs Brødre og kastede sig til Jorden for ham.
7 ၇ ယောသပ်သည်သူ၏အစ်ကိုတို့ကိုမြင်၍မှတ် မိသော်လည်း အစ်ကိုတို့ကိုမသိဟန်ဆောင် လျက်``သင်တို့အဘယ်အရပ်မှလာကြသနည်း'' ဟုခက်ထန်စွာမေးလေ၏။ သူတို့က``ကျွန်တော်တို့သည်ရိက္ခာဝယ်ရန် ခါနာန်ပြည်မှလာပါသည်'' ဟုဖြေကြ၏။
Da Josef så sine Brødre, kendte han dem; men han lod fremmed over for dem, talte dem hårdt til og sagde til dem: "Hvorfra kommer I?" De svarede: "Fra Kana'ans Land for at købe Føde!"
8 ၈ ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။-
Josef kendte sine Brødre, men de kendte ikke ham.
9 ၉ သူသည်သူတို့အကြောင်းနှင့်ပတ်သက်သော အိပ်မက်ကိုသတိရ၍``သင်တို့သည်သူလျှိုများ ဖြစ်၏။ ဤတိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာကြသူများဖြစ်သည်'' ဟုစွပ်စွဲ လိုက်လေ၏။
Da kom Josef de Drømme i Hu. han havde drømt om dem; og han sagde til dem; "I er Spejdere, I kommer for at se, hvor Landet er åbent!"
10 ၁၀ သူတို့က``မဟုတ်ပါအရှင်၊ ကိုယ်တော်၏ကျွန် တို့သည်ရိက္ခာဝယ်ယူရန်လာကြပါသည်။-
De svarede: "Nej, Herre, dine Trælle kommer for at købe Føde!
11 ၁၁ ကျွန်တော်တို့သည်ဖခင်တစ်ဦးတည်းမှပေါက် ဖွားသောညီအစ်ကိုများဖြစ်ကြပါသည်။ ကိုယ်တော်ကျွန်တို့သည်သူလျှိုများမဟုတ် ပါ။ ရိုးသားသူများဖြစ်ကြပါသည်'' ဟု ပြန်လည်လျှောက်ထားကြ၏။
Vi er alle Sønner af en og samme Mand; vi er ærlige Folk. dine Trælle er ikke Spejdere!"
12 ၁၂ ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။
Men han sagde: "Jo vist så! I kommer for at se, hvor Landet er åbent!"
13 ၁၃ ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
De svarede: "Vi, dine Trælle. var tolv Brødre, Sønner af en og samme Mand i Kana'ans Land; den yngste er for Tiden hjemme hos vor Fader, og een er ikke mere!"
14 ၁၄ တစ်ဖန်ယောသပ်က``ငါဆိုခဲ့သည့်အတိုင်း သင် တို့သည်သူလျှိုဖြစ်ကြ၏။-
Men Josef sagde til dem: "Det er, som jeg siger eder: I er Spejdere!
15 ၁၅ သင်တို့ပြောသမျှမှန်သည်မမှန်သည်ကိုဤသို့ စစ်ဆေးမည်။ ဖာရောဘုရင်၏အမိန့်အာဏာ အရအသက်ရှင်တော်မူသည်အတိုင်း သင်တို့ ၏ညီအငယ်ဆုံးကိုဤအရပ်သို့မခေါ်ဆောင်ခဲ့ လျှင်သင်တို့သည်ဤတိုင်းပြည်မှမထွက်ခွာရ။-
Men nu skal I sættes på Prøve: Så sandt Farao lever, slipper I ikke herfra, uden at eders yngste Broder kommer hid!
16 ၁၆ သင်တို့အနက်တစ်ယောက်ယောက်ကိုစေလွှတ်၍ သင်တို့၏ညီကိုခေါ်ဆောင်ခဲ့ရမည်။ သင်တို့၏ စကားမှန်သည်မမှန်သည်ကိုသိနိုင်သည့်တိုင် အောင် ကျန်ရစ်သောသင်တို့ကိုအကျဉ်းချထား မည်။ သင်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သင်တို့သည်ဖာရောဘုရင်အသက်ရှင်တော် မူသည်အတိုင်းသူလျှိုများမုချဖြစ်ရမည်'' ဟုဆိုပြီးလျှင်၊-
Lad en af eder rejse hjem for at hente eders Broder, og imedens holdes I andre fangne; så vil det. vise sig, om eders Ord er Sandhed; og hvis ikke, så er I, så sandt, Farao lever, Spejdere!"
17 ၁၇ သူတို့အားလုံးကိုသုံးရက်ချုပ်ထားလေ၏။
Derpå holdt han dem i Forvaring tre Dage.
18 ၁၈ တတိယနေ့၌ ယောသပ်ကသူတို့အား``ငါ ဘုရားကိုကြောက်ရွံ့ရိုသေသောသူဖြစ်၏။ သင် တို့အသက်ချမ်းသာစေရန် ဤသို့ပြုလုပ်လော့။-
Men Tredjedagen sagde Josef til dem: "Vil I beholde Livet, så skal I gøre således, thi jeg er en Mand, der frygter Gud:
19 ၁၉ သင်တို့ရိုးသားကြောင်းကိုသက်သေပြရန်သင် တို့အနက်တစ်ယောက်ယောက်သည် ဤအကျဉ်း ထောင်ထဲ၌နေရစ်ခဲ့ရမည်။ ကျန်သောသူတို့ ကရိက္ခာပြတ်နေသောသင်တို့၏မိသားစု အတွက် ဝယ်ယူသောစပါးကိုယူဆောင်သွား ကြလော့။-
Er I virkelig ærlige Folk, lad så en af eder blive tilbage som Fange i det Fængsel, som I sad i, medens I andre drager hjem med Korn til at stille Hungeren i eders Huse;
20 ၂၀ ထိုနောက်သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ထိုသို့ပြုလုပ်လျှင်သင်တို့ ၏စကားမှန်ကန်ကြောင်းသိရမည်။ သင်တို့သည် လည်းအသက်ချမ်းသာရာရလိမ့်မည်'' ဟု ဆိုလေ၏။ သူတို့သည်ယောသပ်ပြောသမျှသဘောတူ ကြ၏။-
og bring så eders yngste Broder til mig, så skal eders Ord stå til Troende, og I skal slippe for at dø!" Og således gjorde de.
21 ၂၁ ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
Da sagde de til hverandre: "Sandelig, nu må vi bøde for, hvad vi forbrød mod vor Broder, da vi så hans Sjælevånde, medens han bønfaldt os, og dog ikke hørte ham; derfor stedes vi nu i denne Vånde!"
22 ၂၂ ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
Men Ruben tog til Orde og sagde til dem: "Sagde jeg eder ikke dengang: Forsynd eder ikke mod Drengen! Men I vilde ikke høre; se, nu kræves hans Blod!"
23 ၂၃ သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။
Således talte de. Men de vidste ikke, at Josef forstod det, thi han forhandlede med dem ved Tolk;
24 ၂၄ ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။
og han vendte sig bort fra dem og græd. Siden vendte han sig til dem og talte med dem; og han tog Simeon fra dem og lod ham fængsle for deres Øjne.
25 ၂၅ ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။-
Så gav Josef Befaling til at fylde deres Sække med Korn og lægge Pengene tilbage i hver enkelts Sæk og give dem Rejsekost; og således skete det.
26 ၂၆ ယောသပ်၏အစ်ကိုတို့သည်မြည်းများပေါ် တွင် စပါးအိတ်များကိုတင်ပြီးနောက်ထွက် ခွာသွားကြလေ၏။-
Så læssede de deres Korn på Æslerne og drog bort.
27 ၂၇ ညအိပ်စခန်းချရန်အရပ်သို့ရောက်ကြသော အခါ သူတို့အထဲမှတစ်ယောက်ကမြည်းကို အစာကျွေးရန် သူ၏အိတ်ကိုဖွင့်လိုက်ရာအိတ် ဝတွင်မိမိ၏ငွေကိုတွေ့ရလေ၏။-
Men da en af dem i Natteherberget åbnede sin Sæk for at give sit Æsel Foder, fik han Øje på sine Penge, der lå oven i Sækken;
28 ၂၈ သူကညီအစ်ကိုတို့အား``ကျွန်ုပ်၏ငွေကိုပြန် ထည့်ပေးလိုက်ပါသည်တကား'' ဟုဆို၍စပါး အိတ်ထဲကငွေကိုပြလေ၏။ ထိုအခါသူတို့ သည်စိတ်တုန်လှုပ်ချောက်ချားလျက်``ဘုရားသခင်သည်ငါတို့အားမည်သို့ပြုတော်မူဘိ သနည်း'' ဟု အချင်းချင်းပြောဆိုကြ၏။
og han sagde til sine Brødre: "Mine Penge er kommet igen; se, de er i min Sæk!" Da sank Hjertet i Livet på dem, og de så forfærdede på hverandre og sagde: "Hvad har Gud dog gjort imod os!"
29 ၂၉ ခါနာန်ပြည်ရှိသူတို့၏အဖယာကုပ်ထံ သို့ရောက်ကြသောအခါ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကိုဖခင်အားပြောပြကြလေ သည်။-
Og da de kom hjem til deres Fader Jakob i Kana'ans Land, fortalte de ham alt, hvad der var hændet dem, og sagde:
30 ၃၀ သူတို့က``အီဂျစ်ပြည်ကိုအစိုးရသူသည် ကျွန် တော်တို့အားခက်ထန်စွာပြောဆိုဆက်ဆံပါ သည်။ ကျွန်တော်တို့သည်သူ၏တိုင်းပြည်ကို ထောက်လှမ်းသောသူလျှိုများဖြစ်သည်ဟု စွပ်စွဲပါသည်။-
"Manden, der er Landets Herre, talte os hårdt til og holdt os i Forvaring, som var vi Folk, der vilde udspejde Landet;
31 ၃၁ ကျွန်တော်တို့က`ကျွန်တော်တို့သည်ရိုးသား သောသူများဖြစ်ပါသည်။ သူလျှိုမဟုတ်ပါ။-
men vi sagde til ham: Vi er ærlige Folk og ikke Spejdere;
32 ၃၂ ဖခင်တစ်ဦးတည်းမှပေါက်ဖွားသောညီအစ်ကို တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါသည်။ တစ်ယောက် သည်သေဆုံး၍ ညီအငယ်ဆုံးသည်အဖနှင့် ခါနာန်ပြည်၌ရှိနေပါသည်' ဟုလျှောက်ကြ ပါသည်။-
vi var tolv Brødre, Sønner af en og samme Fader; een er ikke mere, og den yngste er for Tiden hjemme hos vor Fader i Kana'ans Land.
33 ၃၃ ထိုပြည်ကိုအုပ်စိုးသူက`သင်တို့သည်ရိုးသား သူများဖြစ်ကြောင်းကို ငါသိနိုင်ရန်ဤသို့ပြု လုပ်ရမည်။ သင်တို့အနက်တစ်ယောက်ကိုငါထံ ၌ထားခဲ့ရမည်။ ကျန်သောသူတို့ကရိက္ခာပြတ် နေသောသင်တို့၏မိသားစုထံသို့စပါးယူ ၍ပြန်ကြလော့။-
Så sagde Manden, der er Landets Herre: Derpå vil jeg kende, at I er ærlige Folk: Lad en af eder blive hos mig, og tag I andre Korn til at stille Hungeren i eders Huse og drag hjem!
34 ၃၄ သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။
Siden skal I bringe eders yngste Broder til mig, for at jeg kan kende, at I ikke er Spejdere, men ærlige Folk; så vil jeg udlevere eders Broder til eder, og I kan frit rejse i Landet."
35 ၃၅ သူတို့သည်စပါးအိတ်များကိုသွန်ချကြ သောအခါ လူတိုင်းကမိမိ၏ငွေထုပ်ကိုမိမိ အိတ်ထဲတွင်တွေ့ရလေသော် အဖနှင့်တကွ သားတို့သည်ကြောက်လန့်ကြ၏။-
Da de nu tømte deres Sække, fandt hver sin Pengepose i sin Sæk; og da de og deres Fader så Pengeposerne, blev de forfærdede.
36 ၃၆ သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
Og deres Fader Jakob sagde til dem: "I gør mig barnløs; Josef er ikke mere, og Simeon er ikke mere, og nu vil I tage Benjamin; det går alt sammen ud over mig!"
37 ၃၇ ထိုအခါရုဗင်ကအဖအား``ဗင်္ယာမိန်ကို အဖထံသို့ကျွန်တော်ပြန်၍မခေါ်နိုင်ခဲ့ လျှင် ကျွန်တော်၏သားနှစ်ယောက်သေဒဏ်ခံ ရပါစေ။ သူ့အတွက်ကျွန်တော်တာဝန်ယူ ပါမည်။ အဖထံသို့သူ့ကိုကျွန်တော်အရောက် ပြန်လည်ခေါ်ဆောင်ခဲ့ပါမည်'' ဟုပြောလေ၏။
Så sagde Ruben til sin Fader: "Du må tage mine to Sønners Liv, hvis jeg ikke bringer ham til dig; betro ham til mig, og jeg skal bringe ham tilbage til dig!"
38 ၃၈ သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။ (Sheol )
Men han sagde: "Min Søn skal ikke rejse derned med eder, thi hans Broder er død, og han alene er tilbage; tilstøder der ham en Ulykke på den Rejse, I har for, så bringer I mine grå Hår ned i Dødsriget med Sorg!" (Sheol )