< ကမ္ဘာ​ဦး 41 >

1 ထို​နောက်​နှစ်​နှစ်​မျှ​ကြာ​သော​အ​ခါ အီ​ဂျစ်​ဘု​ရင် သည်​အိပ်​မက်​မြင်​မက်​လေ​၏။ အိပ်​မက်​ထဲ​တွင် ဘု​ရင်​သည်​နိုင်း​မြစ်​နား​၌​ရပ်​နေ​စဉ်၊-
Hai năm sau, vua Pha-ra-ôn nằm mơ và thấy mình đang đứng bên bờ sông Nin.
2 ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင်​သည် မြစ်​ထဲ​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား​လျက်​နေ ကြ​၏။-
Từ dưới sông, bảy con bò béo tốt đẹp đẽ lên bờ ăn cỏ.
3 ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ​သော နွား​မ​ခု​နစ်​ကောင်​တို့​သည်​မြစ်​ထဲ​မှ​တက်​လာ ကြ​ပြီး​လျှင် မြစ်​ကမ်း​နား​ပေါ်​သို့​ဦး​စွာ​ရောက် ရှိ​နေ​သော​နွား​များ​အ​နီး​သို့​သွား​၍​ရပ်​နေ ကြ​၏။-
Tiếp đó, bảy con bò khác, gầy guộc xấu xí, từ sông Nin đi lên, đứng cạnh bảy con kia bên bờ sông.
4 ထို​နောက်​နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွားမ​ခု​နစ် ကောင်​ကို​မျို​လိုက်​ကြ​၏။ ထို​အ​ချိန်​၌​ဘုရင် အိပ်​ရာ​မှ​နိုး​လေ​၏။-
Bảy con bò gầy gò xấu xí nuốt bảy con bò béo tốt đẹp đẽ. Sau đó, vua Pha-ra-ôn thức giấc.
5 ဘု​ရင်​သည်​တစ်​ဖန်​အိပ်​ပျော်​၍​အိပ်​မက်​မက် ပြန်​၏။ အိပ်​မက်​ထဲ​တွင်​စ​ပါး​ပင်​တစ်​ပင်​တည်း မှ​အ​ဆန်​အောင်​၍ ဝင်း​မှည့်​နေ​သော​စပါး​နှံ ခု​နစ်​နှံ​တို့​ထွက်​လျက်​ရှိ​၏။-
Vua ngủ lại và mơ lần thứ hai. Này, bảy bông lúa rắn chắc trổ ra từ một cây lúa.
6 ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာ​ရ​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ တို့​လည်း​ထွက်​လာ​ကြ​၏။-
Kế đó, bảy bông lúa lép mọc tiếp, bị gió đông thổi héo khô.
7 အ​လုံး​သေး​သော​စ​ပါး​နှံ​တို့​က​အ​ဆန် အောင်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​ကို​မျို​လိုက် ကြ​၏။ ဘု​ရင်​သည်​အိပ်ရာ​မှ​နိုး​လာ​၍​မိ​မိ အိပ်​မက်​နေ​ကြောင်း​သိ​ရ​လေ​၏။-
Bảy bông lúa lép khô nuốt bảy bông lúa rắn chắc. Vua Pha-ra-ôn thức giấc, biết mình nằm mơ.
8 နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ​ဘု​ရင်​သည် စိတ်​သော​က​ရောက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မှော် ဆ​ရာ​နှင့်​ပ​ညာ​ရှိ​အ​ပါင်း​တို့​အား​ဆင့်​ခေါ် လေ​၏။ ဘု​ရင်​သည်​မိ​မိ​၏​အိပ်​မက်​ကို​ထို​သူ တို့​အား​ပြော​ပြ​သော်​လည်း တစ်​ယောက်​မျှ အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်​ချေ။
Sáng hôm sau, tinh thần xao động, vua sai mời tất cả thuật sĩ và học giả Ai Cập vào hoàng cung. Vua Pha-ra-ôn thuật lại giấc mơ, nhưng chẳng ai giải nghĩa được.
9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က​ဘု​ရင် အား``ကျွန်​တော်​မျိုး​တွင်​လစ်​ဟင်း​ချက်​တစ်​ခု ရှိ​ကြောင်း​ဝန်​ခံ​ပါ​၏။-
Quan chước tửu tâu với vua Pha-ra-ôn: “Hôm nay tôi mới nhớ ra, tôi thật có lỗi.
10 ၁၀ ကိုယ်​တော်​သည်​စား​တော်​ဆက်​ဝန်​နှင့်​ကျွန်​တော် မျိုး​အား​အ​မျက်​တော်​ရှ​သ​ဖြင့် ကိုယ်​ရံ​တော်​မှူး အိမ်​တွင်​အ​ချုပ်​ချ​ထား​ခဲ့​ပါ​သည်။-
Trước đây, lúc vua Pha-ra-ôn giận quan hỏa đầu và tôi, vua đã tống giam chúng tôi vào trong dinh chỉ huy trưởng ngự lâm quân.
11 ၁၁ တစ်​ည​၌​ကျွန်​တော်​မျိုး​တို့​တစ်​ဦး​စီ​နှင့်​သက် ဆိုင်​သော​အိပ်​မက်​ကို​မြင်​မက်​ကြ​ပါ​သည်။-
Một đêm kia, chúng tôi đều nằm mơ, giấc mơ mỗi người một khác.
12 ၁၂ ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ကိုယ်​ရံ​တော်​မှူး ၏​ကျွန်​ဟေ​ဗြဲ​လူ​ငယ်​တစ်​ယောက်​ရှိ​ပါ​သည်။ ကျွန်​တော်​မျိုး​တို့​၏​အိပ်​မက်​ကို​သူ့​အား​ပြော ပြ​၍​သူ​သည်​အိပ်​မက်​၏​အနက်​ကို​ဖွင့်​ပြ​ပါ သည်။-
Có một thanh niên Hê-bơ-rơ bị giam chung với chúng tôi, tên nô lệ của chỉ huy trưởng ngự lâm quân. Khi nghe thuật chiêm bao, anh ấy giải thích ý nghĩa theo giấc mơ mỗi người.
13 ၁၃ သူ​အ​နက်​ဖွင့်​ပြ​သည့်​အ​တိုင်း​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​အား​မူ​လ​ရာ​ထူး​၌​ပြန်​လည် ခန့်​အပ်​၍​စား​တော်​ဆက်​ဝန်​အား​ကွပ်​မျက်​လိုက် ပါ​သည်'' ဟု​လျှောက်​ထား​လေ​၏။
Quả nhiên, việc xảy ra đúng như lời anh ấy nói. Vua phục chức cho tôi và treo cổ viên hỏa đầu.”
14 ၁၄ ဘု​ရင်​သည်​ယော​သပ်​ကို​ရှေ့​တော်​သို့​သွင်း​ရန် အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် သူ့​အား​အ​ကျဉ်း​ထောင် မှ​ချက်​ချင်း​ထုတ်​ဆောင်​ခဲ့​ကြ​လေ​သည်။ သူ​သည် မုတ်​ဆိတ်​ရိတ်​၍​အ​ဝတ်​လဲ​ပြီး​နောက်​ဘုရင်​ထံ သို့​အ​ခ​စား​ဝင်​လေ​၏။-
Vua sai người gọi Giô-sép. Họ vội vã đem ông ra khỏi ngục. Sau khi cạo râu và thay áo, ông vào chầu vua Pha-ra-ôn.
15 ၁၅ ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။
Vua Pha-ra-ôn nói cùng Giô-sép: “Ta thấy chiêm bao, nhưng chẳng ai giải nghĩa được. Ta nghe nói ngươi có tài đoán mộng, nên ta cho gọi đến đây.”
16 ၁၆ ယော​သပ်​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော်​မျိုး​၌ ထို​အ​စွမ်း​မ​ရှိ​ပါ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​အား သင့်​မြတ်​သော​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဖွင့်​ပြ​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
Giô-sép đáp: “Không phải tôi có tài gì, nhưng Đức Chúa Trời sẽ giải đáp thắc mắc cho vua.”
17 ၁၇ ဘု​ရင်​က``ငါ​သည်​အိပ်​မက်​ထဲ​တွင်​နိုင်း​မြစ် ကမ်း​ပေါ်​၌​ရပ်​နေ​စဉ်၊-
Vua Pha-ra-ôn liền kể cùng Giô-sép: “Ta mơ thấy mình đứng bên bờ sông Nin.
18 ၁၈ ဝ​ဖြိုး​၍​အ​ဆင်း​လှ​သော​နွား​မ​ခု​နစ်​ကောင် သည် မြစ်​တွင်း​မှ​တက်​လာ​ပြီး​လျှင်​မြက်​စား လျက်​နေ​ကြ​၏။-
Này, dưới sông, bảy con bò béo tốt đẹp đẽ lên bờ ăn cỏ.
19 ၁၉ ထို​နွား​တို့​နောက်​မှ​ပိန်​လှီ​၍​အ​ဆင်း​မ​လှ သော​နွား​မ​ခု​နစ်​ကောင်​တို့​လည်း​ကမ်း​ပေါ်​သို့ တက်​လာ​ကြ​၏။ ထို​မျှ​လောက်​အ​ရုပ်​ဆိုး​သော နွား​များ​ကို​အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​တစ်​ခါ မျှ​မ​မြင်​ဘူး​ချေ။-
Lại có bảy con bò khác hết sức xấu xí gầy guộc lên theo bảy con trước. Ta chưa hề thấy trong xứ Ai Cập có con bò nào xấu xí như thế.
20 ၂၀ နွား​ပိန်​တို့​က​ဝ​ဖြိုး​သော​နွား​များ​ကို​မျို လိုက်​ကြ​၏။
Bảy con bò gầy guộc xấu xí liền nuốt bảy con béo tốt.
21 ၂၁ သို့​ရာ​တွင်​သူ​တို့​သည်​ပိန်​မြဲ​ပိန်​လျက်​ရှိ​သ​ဖြင့် ထို​သို့​မျို​လိုက်​ကြောင်း​ကို​မည်​သူ​မျှ​မ​သိ​နိုင် ချေ။ ထို​နောက်​ငါ​သည်​နိုး​လာ​၏။-
Ăn vào bụng rồi mà cũng như không vì vẫn gầy ốm như trước. Sau đó, ta thức giấc.
22 ၂၂ တစ်​ဖန်​ငါ​သည်​အိပ်​မက်​မြင်​မက်​ပြန်​၏။ ထို​အိပ် မက်​ထဲ​တွင်​အ​ဆန်​အောင်​၍ ဝင်း​မှည့်​သော​စပါး​နှံ ခုနစ်​နှံ​တို့​သည် စ​ပါး​ပင်​တစ်​ပင်​တည်း​မှ​ထွက် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။-
Ta lại mơ thấy bảy bông lúa chắc mọc lên từ một cây lúa.
23 ၂၃ ထို​နောက်​အ​လုံး​သေး​၍​သဲ​ကန္တာရ​၏​လေ​ပူ ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စပါး​နှံ​ခုနစ်​နှံ​တို့ လည်း​ထွက်​လာ​ကြ​၏။-
Kế theo đó, bảy bông lúa lép xấu xí cũng mọc lên; chúng bị gió đông thổi héo.
24 ၂၄ အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။
Các bông lúa lép nuốt các bông lúa tốt. Ta đã kể cho các thuật sĩ nghe, nhưng chẳng ai giải được ý nghĩa.”
25 ၂၅ ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-
Giô-sép tâu: “Hai giấc mộng của vua Pha-ra-ôn có cùng một ý nghĩa. Đức Chúa Trời cho vua biết những việc Ngài sắp thực hiện:
26 ၂၆ ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-
Bảy con bò béo tốt—cũng như bảy bông lúa chắc—là bảy năm thịnh vượng được mùa.
27 ၂၇ နောက်​မှ​တက်​လာ​သော​နွား​ခု​နစ်​ကောင်​နှင့် အ​လုံး​သေး​၍ သဲ​ကန္တာရ​၏​လေ​ပူ​ဒဏ်​ကြောင့် ညှိုး​ခြောက်​သော​စ​ပါး​နှံ​ခု​နစ်​နှံ​တို့​သည် အ​စာ​ခေါင်း​ပါး​သည့်​ခု​နစ်​နှစ်​ကို​ဆို​လို ပါ​၏။-
Bảy con bò gầy gò lên sau—cũng như bảy bông lúa lép bị gió đông thổi héo—là bảy năm đói kém.
28 ၂၈ ကျွန်​တော်​မျိုး​သည်​အ​ရှင်​မင်း​ကြီး​အား လျှောက်​ထား​ခဲ့​သည့်​အ​တိုင်း ဘု​ရား​သ​ခင် က​မိ​မိ​ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော် အား​အ​သိ​ပေး​ခြင်း​ဖြစ်​ပါ​သည်။-
Như tôi đã tâu, Đức Chúa Trời cho vua biết những việc Ngài sắp làm.
29 ၂၉ အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​တွင်​အ​စား​အ​စာ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​ရှိ​ပါ​လိမ့်​မည်။-
Khắp xứ Ai Cập sẽ thịnh vượng dư dật suốt bảy năm.
30 ၃၀ ထို​နှစ်​များ​လွန်​လျှင်​အ​စာ​ခေါင်း​ပါး​သော နှစ်​ခု​နစ်​နှစ်​ဆိုက်​ရောက်​လာ​ပါ​လိမ့်​မည်။ ထို အ​ခါ​အ​စား​အ​စာ​ပေါ​ကြွယ်​ဝ​သော​နှစ် များ​ကို​လူ​တို့​သ​တိ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကြောင့်​တစ်​ပြည် လုံး​ပျက်​စီး​ရ​လိမ့်​မည်။-
Sau đó là bảy năm đói kém, mọi cảnh phồn thịnh trước kia của Ai Cập đều rơi vào quên lãng. Nạn đói sẽ làm cả xứ kiệt quệ.
31 ၃၁ ရောက်​လတ္တံ့​သော​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ် သည်​အ​လွန်​ဆိုး​ရွား​မည်​ဖြစ်​ရ​ကား လူ​တို့ သည်​ပေါ​ကြွယ်​ဝ​သော​နှစ်​များ​ကို​လုံးဝ​မေ့ ပျောက်​ကုန်​ကြ​ပါ​လိမ့်​မည်။-
Vì tai họa quá khủng khiếp, chẳng ai còn nhớ thời kỳ vàng son thịnh vượng nữa.
32 ၃၂ ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။
Vua thấy chiêm bao hai lần, vì ý Đức Chúa Trời đã quyết định, Ngài sẽ sớm thực hiện việc này.
33 ၃၃ ``သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ အ​မြော်​အ​မြင်​ရှိ​သူ​တစ်​ဦး​ကို​ရွေး​၍ တိုင်း ပြည်​ကို​အုပ်​ချုပ်​စေ​တော်​မူ​ပါ။-
Bây giờ, vua Pha-ra-ôn nên chọn một người khôn ngoan sáng suốt làm tể tướng nước Ai Cập.
34 ၃၄ ပေါ​ကြွယ်​ဝ​သော​နှစ်​ခု​နစ်​နှစ်​တွင်​ထွက်​သ​မျှ သော​ကောက်​ပဲ​သီး​နှံ​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ကောက်​ယူ​သိမ်း​ဆည်း​ရန် တစ်​ပြည်​လုံး​၌​ကြီး ကြပ်​ရေး​မှူး​များ​ကို​ခန့်​ထား​တော်​မူ​ပါ။-
Vua Pha-ra-ôn cũng nên bổ nhiệm các viên chức trên khắp nước, để thu thập một phần năm hoa lợi trong bảy năm được mùa.
35 ၃၅ ထို​သူ​တို့​အား​လာ​မည့်​ပေါ​ကြွယ်​ဝ​သော​နှစ် များ​အ​တွင်း​ရိက္ခာ​စု​ဆောင်း​စေ​၍ မြို့​များ​၌ သို​လှောင်​စေ​ပြီး​လျှင်​စောင့်​ရှောက်​စေ​တော် မူ​ပါ။-
Lúa thu góp trong những năm được mùa sẽ tồn trữ trong kho của Vua Pha-ra-ôn tại các thành phố,
36 ၃၆ အီ​ဂျစ်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​သော​ခု​နစ် နှစ်​အ​တွက် ထို​ရိက္ခာ​ကို​သို​လှောင်​ထား​သော အား​ဖြင့် အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​သည် အ​စာ​ငတ်​သည့်​ဘေး​မှ​လွတ်​မြောက်​နိုင်​ပါ လိမ့်​မည်'' ဟု​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား လေ​၏။
dùng làm lương thực cho dân chúng trong bảy năm đói kém. Có thế, nước Ai Cập mới khỏi bị nạn đói tiêu diệt.”
37 ၃၇ ဖာ​ရော​ဘု​ရင်​နှင့်​မှူး​မတ်​အ​ပေါင်း​တို့​သည် ယော​သပ်​တင်​ပြ​သော​စီ​မံ​ချက်​ကို​နှစ်​သက် လက်​ခံ​ကြ​၏။-
Vua Pha-ra-ôn và quần thần hài lòng về lời giải của Giô-sép.
38 ၃၈ ထို​နောက်​ဘု​ရင်​က​မှူး​မတ်​တို့​အား``ယော​သပ် သည်​ဘု​ရား​ထံ​မှ​ဉာဏ်​ပ​ညာ​ကို​ရ​ရှိ​သူ​ဖြစ် ၏။ သူ့​ထက်​သာ​သော​သူ​ကို​ငါ​တို့​ရှာ​၍​မ တွေ့​နိုင်'' ဟု​မိန့်​တော်​မူ​၏။-
Vua Pha-ra-ôn bảo họ: “Còn ai hơn Giô-sép, người có Thần Linh của Đức Chúa Trời?”
39 ၃၉ ဘု​ရင်​က​ယော​သပ်​အား``ဘု​ရား​က​သင့်​အား ဤ​အ​မှု​အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​သည်​ဖြစ် ၍ သင့်​ထက်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​သာ သူ​မ​ရှိ​နိုင်။-
Vua Pha-ra-ôn quay lại Giô-sép: “Đức Chúa Trời đã dạy cho ngươi biết mọi việc này, còn ai khôn ngoan sáng suốt hơn ngươi nữa?
40 ၄၀ ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-
Ngươi sẽ lãnh đạo cả nước, toàn dân sẽ vâng theo mệnh lệnh ngươi. Chỉ một mình ta lớn hơn ngươi mà thôi.”
41 ၄၁ ယ​ခု​ငါ​သည်​သင့်​အား​အီ​ဂျစ်​တစ်​ပြည်​လုံး ကို​အုပ်​စိုး​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​အပ်​သည်'' ဟု​မိန့်​မြွက်​လေ​၏။-
Pha-ra-ôn lại nói với Giô-sép: “Này, ta lập ngươi cai trị toàn cõi Ai Cập.”
42 ၄၂ ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-
Vua Pha-ra-ôn tháo nhẫn của mình đeo vào tay Giô-sép, cho mặc cẩm bào, đeo dây chuyền vàng lên cổ, và bảo: “Này! Ta lập ngươi làm tể tướng nước Ai Cập.”
43 ၄၃ ထို့​နောက်​ဒု​တိ​ယ​ရ​ထား​တော်​ကို​ယော​သပ်​စီး ၍ သူ​၏​ကိုယ်​ရံ​တော်​တို့​က​ရ​ထား​ရှေ့​က​သွား လျက်``လမ်း​ဖယ်​ကြ၊ လမ်း​ဖယ်​ကြ'' ဟု​အော်​ဟစ် ကြ​၏။ ထို​သို့​ဖြင့်​ယော​သပ်​သည်​အီ​ဂျစ်​တစ် ပြည်​လုံး​ကို​အုပ်​ချုပ်​ရ​သော​ဘု​ရင်​ခံ​အ​ဖြစ် ခန့်​အပ်​ခြင်း​ကို​ခံ​ရ​လေ​သည်။-
Vua cho chàng ngồi xe thứ hai của vua; phía trước có người hô lớn: “Hãy quỳ xuống.” Như thế, vua tấn phong Giô-sép làm tễ tướng Ai Cập.
44 ၄၄ ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-
Vua bảo Giô-sép: “Ta làm vua Pha-ra-ôn, nhưng ngươi có toàn quyền điều hành mọi việc trong nước Ai Cập.”
45 ၄၅ ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။-
Vua Pha-ra-ôn đặt tên cho Giô-sép là “Người Cứu Mạng” và gả A-sê-na (con gái của Phô-ti-phê, thầy trưởng tế thành Ôn) cho chàng. Vậy, Giô-sép nổi tiếng khắp nước Ai Cập.
46 ၄၆
Giô-sép được ba mươi tuổi khi nhậm chức. Từ cung vua Pha-ra-ôn nước Ai Cập, ông ra đi kinh lý khắp nước.
47 ၄၇ ရိက္ခာ​ပေါ​ကြွယ်​ဝ​သော​ခု​နစ်​နှစ်​အ​တွင်း တွင် တိုင်း​ပြည်​သည်​သီး​နှံ​ထွက်​အ​လွန်​ကောင်း​၏။-
Trong bảy năm được mùa, lúa gạo sản xuất đầy dẫy mọi nơi.
48 ၄၈ ယော​သပ်​သည်​ခု​နစ်​နှစ်​အ​တွင်း​လယ်​များ မှ​ထွက်​သ​မျှ​သော​စ​ပါး​သီး​နှံ​များ​ကို စု​သိမ်း​၍ မြို့​များ​၌​သို​လှောင်​ထား​လေ​သည်။ လယ်​များ​မှ​ထွက်​သော​စ​ပါး​သီး​နှံ​ကို​နီး စပ်​ရာ​မြို့​အ​သီး​သီး​တွင်​သို​လှောင်​စေ​သည်။-
Giô-sép thu góp lương thực từ các đồng ruộng nước Ai Cập, chở về các thành phố trung tâm của các vùng đó. Lúa gạo vùng nào đều trữ ở thành phố vùng đó.
49 ၄၉ သူ​စု​ဆောင်း​ရ​ရှိ​သော​စ​ပါး​သီး​နှံ​တို့​သည် ပင်​လယ်​သဲ​လုံး​တစ်​မျှ​များ​လှ​သော​ကြောင့် မ​ချင်​တွယ်​ဘဲ​ထား​ရ​လေ​သည်။
Giô-sép thu lúa nhiều như cát trên bờ biển, nhiều đến nỗi không thể cân lường được.
50 ၅၀ အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-
Trước những năm đói kém, A-sê-na (vợ Giô-sép, con gái Phô-ti-phê, thầy trưởng tế thành Ôn) sinh hai con trai.
51 ၅၁ ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-
Giô-sép đặt tên con đầu lòng là Ma-na-se, vì ông nói: “Đức Chúa Trời cho ta quên mọi nỗi gian khổ tha hương.”
52 ၅၂ ဒု​တိ​ယ​သား​ရ​သော​အ​ခါ``ဘု​ရား​သ​ခင် သည်​ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သော​ပြည်​တွင် ငါ့​အား သား​သ​မီး​ရ​တ​နာ​ထွန်း​ကား​စေ​တော်​မူ​ပြီ'' ဟု​ဆို​၍​ထို​သား​ကို​ဧ​ဖ​ရိမ်​ဟု​နာ​မည်​မှည့် လေ​၏။
Con thứ hai tên là Ép-ra-im, vì ông nói: “Đức Chúa Trời cho ta thịnh đạt trong nơi khốn khổ.”
53 ၅၃ အီ​ဂျစ်​ပြည်​တွင်​ရိက္ခာ​ပေါ​ကြွယ်​ဝ​သော ခု​နစ်​နှစ်​ကာ​လ​ကုန်​ဆုံး​လေ​၏။-
Sau bảy năm được mùa tại Ai Cập,
54 ၅၄ ထို​နောက်​ယော​သပ်​ပြော​ခဲ့​သည့်​အ​တိုင်း​အ​စာ ခေါင်း​ပါး​သော​ခု​နစ်​နှစ်​ကပ်​ဆိုက်​ရောက်​လာ​လေ ၏။ အ​ခြား​သော​တိုင်း​ပြည်​အ​သီး​သီး​တို့​တွင် လည်း​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ကျ​ရောက်​လျက် ရှိ​သည်။ သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​၌​ရိက္ခာ​ရှိ​လျက် ပင်။-
đến bảy năm đói kém, đúng như lời Giô-sép đoán trước. Mọi quốc gia chung quanh đều đói; chỉ riêng Ai Cập vẫn còn lương thực.
55 ၅၅ အီ​ဂျစ်​ပြည်​သား​တို့​သည်​အ​စာ​ခေါင်း​ပါး ခြင်း​ဒဏ်​ကို​ခံ​ရ​ကြ​သော​အ​ခါ ဖာ​ရော​ဘုရင် အား​ရိက္ခာ​ပေး​ရန်​တောင်း​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​က``ယော​သပ်​ထံ​သို့​သွား​ကြ။ သူ​ပြော​သည့်​အ​တိုင်း​ပြု​ကြ​လော့''ဟု​မိန့် တော်​မူ​လေ​၏။-
Khi người Ai Cập bị đói, họ kéo đến hoàng cung xin vua cấp gạo. Vua bảo: “Cứ hỏi Giô-sép và làm mọi điều Giô-sép chỉ dạy.”
56 ၅၆ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​သည်​အီ​ဂျစ်​ပြည် အ​ရပ်​ရပ်​သို့​ဆိုက်​ရောက်​၍​အ​လွန်​ဆိုး​ရွား လာ​သ​ဖြင့် ယော​သပ်​သည်​စပါး​ကျီ​ရှိ​သ​မျှ တို့​ကို​ဖွင့်​၍​အီ​ဂျစ်​ပြည်​သား​တို့​အား​စပါး ရောင်း​ချ​လေ​၏။-
Khi nạn đói lan rộng khắp nước, Giô-sép mở kho bán lúa cho dân, vì nạn đói thật trầm trọng trong cả nước Ai Cập.
57 ၅၇ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လည်း​အ​စာ​ခေါင်း​ပါး ခြင်း​ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် အ​ပြည်​ပြည် မှ​လူ​တို့​သည်​ယော​သပ်​ထံ​သို့​စပါး​ဝယ်​ရန် လာ​ရောက်​ကြ​ကုန်​၏။
Khi các nước bị đói lớn, tất cả các dân tộc đều đến Ai Cập mua lúa từ Giô-sép.

< ကမ္ဘာ​ဦး 41 >