< ကမ္ဘာဦး 41 >
1 ၁ ထိုနောက်နှစ်နှစ်မျှကြာသောအခါ အီဂျစ်ဘုရင် သည်အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဘုရင်သည်နိုင်းမြစ်နား၌ရပ်နေစဉ်၊-
၁ထိုနောက် နှစ် နှစ်လွန် သောအခါ ၊ ဖါရော မင်း သည် အိပ်မက် ကို မြင်မက်သည်ကား၊ မိမိသည် မြစ် နား ၌ ရပ် နေ၏။
2 ၂ ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင်သည် မြစ်ထဲမှတက်လာပြီးလျှင်မြက်စားလျက်နေ ကြ၏။-
၂အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက်၍ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
3 ၃ ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှသော နွားမခုနစ်ကောင်တို့သည်မြစ်ထဲမှတက်လာ ကြပြီးလျှင် မြစ်ကမ်းနားပေါ်သို့ဦးစွာရောက် ရှိနေသောနွားများအနီးသို့သွား၍ရပ်နေ ကြ၏။-
၃ထိုနွားတို့နောက်မှ အဆင်း မ လှ၊ ပိန်သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ အရင်နွား တို့ အနား ၌ ကမ်း ပေါ် မှာ ရပ် နေကြ၏။
4 ၄ ထိုနောက်နွားပိန်တို့ကဝဖြိုးသောနွားမခုနစ် ကောင်ကိုမျိုလိုက်ကြ၏။ ထိုအချိန်၌ဘုရင် အိပ်ရာမှနိုးလေ၏။-
၄အဆင်း မ လှ ပိန် သောနွား တို့သည်၊ အဆင်း လှ ၍ ဝ သောနွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။ ဖါရော မင်းလည်း နိုး လေ၏။
5 ၅ ဘုရင်သည်တစ်ဖန်အိပ်ပျော်၍အိပ်မက်မက် ပြန်၏။ အိပ်မက်ထဲတွင်စပါးပင်တစ်ပင်တည်း မှအဆန်အောင်၍ ဝင်းမှည့်နေသောစပါးနှံ ခုနစ်နှံတို့ထွက်လျက်ရှိ၏။-
၅တဖန် အိပ် ပြန်၍ အိပ်မက် ကို မြင်မက်ပြန်သည် ကား၊ အလုံး ကြီး ၍ ကောင်း သော စပါးခုနစ် နှံတို့သည် စပါး တပင် တည်း၌ ဖြစ်ကြ၏။
6 ၆ ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
၆ထိုနောက်မှ အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
7 ၇ အလုံးသေးသောစပါးနှံတို့ကအဆန် အောင်သောစပါးနှံခုနစ်နှံတို့ကိုမျိုလိုက် ကြ၏။ ဘုရင်သည်အိပ်ရာမှနိုးလာ၍မိမိ အိပ်မက်နေကြောင်းသိရလေ၏။-
၇အလုံး သေးသော စပါး ခုနစ် နှံတို့သည် အလုံး ကြီး၍ ကောင်း သော စပါး ခုနစ်နှံတို့ကို စား ကြ၏။ ဖါရော မင်းလည်း နိုး ၍ အိပ်မက် ဖြစ်သည်ကို သိ လေ၏။
8 ၈ နံနက်အချိန်ရောက်သောအခါဘုရင်သည် စိတ်သောကရောက်သဖြင့် အီဂျစ်ပြည်ရှိမှော် ဆရာနှင့်ပညာရှိအပါင်းတို့အားဆင့်ခေါ် လေ၏။ ဘုရင်သည်မိမိ၏အိပ်မက်ကိုထိုသူ တို့အားပြောပြသော်လည်း တစ်ယောက်မျှ အနက်ကိုဖွင့်မပြနိုင်ချေ။
၈နံနက် အချိန် ရောက် သောအခါ ၊ ဖါရော မင်း သည် စိတ် ပူပန် ၍ ၊ အဲဂုတ္တု ဗေဒင် တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက် တော်ကို ပြန်ကြား တော်မူ၏။ သို့သော်လည်း ရှေ့ တော်၌အနက် ကို ဘတ်နိုင်သောသူ တယောက် မျှမရှိ။
9 ၉ ထိုအခါဖလားတော်ဆက်ဝန်ကဘုရင် အား``ကျွန်တော်မျိုးတွင်လစ်ဟင်းချက်တစ်ခု ရှိကြောင်းဝန်ခံပါ၏။-
၉ထိုအခါ ဖလား တော်ဝန်က ၊ ကျွန်တော် သည် ကိုယ် အပြစ် ကို ယနေ့ အောက်မေ့ ပါ၏။
10 ၁၀ ကိုယ်တော်သည်စားတော်ဆက်ဝန်နှင့်ကျွန်တော် မျိုးအားအမျက်တော်ရှသဖြင့် ကိုယ်ရံတော်မှူး အိမ်တွင်အချုပ်ချထားခဲ့ပါသည်။-
၁၀ဖါရော ဘုရင်သည် ကျွန်တော် နှင့် စား တော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော် မှူးအိမ် ၌ ချုပ် ထားတော်မူ သောအခါ၊
11 ၁၁ တစ်ည၌ကျွန်တော်မျိုးတို့တစ်ဦးစီနှင့်သက် ဆိုင်သောအိပ်မက်ကိုမြင်မက်ကြပါသည်။-
၁၁ကျွန်တော် တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက် နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့် ခြင်း တွင် မြင် မက်ကြပါ၏။
12 ၁၂ ကျွန်တော်မျိုးတို့နှင့်အတူကိုယ်ရံတော်မှူး ၏ကျွန်ဟေဗြဲလူငယ်တစ်ယောက်ရှိပါသည်။ ကျွန်တော်မျိုးတို့၏အိပ်မက်ကိုသူ့အားပြော ပြ၍သူသည်အိပ်မက်၏အနက်ကိုဖွင့်ပြပါ သည်။-
၁၂ကျွန်တော် တို့၌ ကိုယ်ရံတော် မှူး၏ကျွန် ဟေဗြဲ လုလင် တယောက်ရှိ၏။ ထိုသူ အား ကျွန်တော်တို့သည် ကြားပြော ၍ သူ သည် အိပ်မက် ၏အနက် ကို ဘတ်ပါ၏။ တ ယောက်စီမြင် မက်သည်အတိုင်း ဘတ် ပါ၏။
13 ၁၃ သူအနက်ဖွင့်ပြသည့်အတိုင်းကိုယ်တော်သည် ကျွန်တော်မျိုးအားမူလရာထူး၌ပြန်လည် ခန့်အပ်၍စားတော်ဆက်ဝန်အားကွပ်မျက်လိုက် ပါသည်'' ဟုလျှောက်ထားလေ၏။
၁၃ဘတ် သည်အတိုင်း လည်း မှန် ပါ၏။ ကျွန်တော် သည်အရင်အရာ ကိုရ ပြန်၍၊ စား တော်ဝန်မူကား ၊ ဆွဲ ထား ခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။
14 ၁၄ ဘုရင်သည်ယောသပ်ကိုရှေ့တော်သို့သွင်းရန် အမိန့်ပေးတော်မူသဖြင့် သူ့အားအကျဉ်းထောင် မှချက်ချင်းထုတ်ဆောင်ခဲ့ကြလေသည်။ သူသည် မုတ်ဆိတ်ရိတ်၍အဝတ်လဲပြီးနောက်ဘုရင်ထံ သို့အခစားဝင်လေ၏။-
၁၄ထိုအခါ ဖါရော မင်းသည် လူကိုစေလွှတ် ၍ ယောသပ် ကို ခေါ် တော်မူ၏။ ယောသပ်သည် ထောင် ထဲ က အလျင် အမြန်ထွက်ရ၍ ၊ မုတ်ဆိတ် ညှပ်ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီး မှ အထံ တော်သို့ ဝင် ရ၏။
15 ၁၅ ဘုရင်ကယောသပ်အား``ငါသည်အိပ်မက်ကို မြင်မက်၏။ သို့ရာတွင်မည်သူမျှအနက်ကိုဖွင့် မပြနိုင်။ သင်သည်အိပ်မက်အနက်ကိုဖွင့်ပြ နိုင်စွမ်းရှိကြောင်းငါကြားသိရသည်'' ဟု မိန့်တော်မူ၏။
၁၅ဖါရော မင်းကလည်း ၊ ငါသည်အိပ်မက် ကို မြင် မက်ပြီ။ အနက်ကို အဘယ် သူမျှမဘတ် နိုင်။ သင် သည် အိပ်မက် ကို နားလည် သော ဉာဏ်နှင့် အနက် ဘတ်နိုင် သည်ကို ငါကြား ရပြီဟုဆို ၏။
16 ၁၆ ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
၁၆ယောသပ် ကလည်း ၊ ကျွန်တော် သည် အလို အလျောက်မ တတ်နိုင်ပါ။ ဘုရားသခင် သည် မင်္ဂလာ အဖြေ စကားကို ဖါရော ဘုရင်အား ပေး တော်မူပါစေသော ဟု လျှောက် လေ၏။
17 ၁၇ ဘုရင်က``ငါသည်အိပ်မက်ထဲတွင်နိုင်းမြစ် ကမ်းပေါ်၌ရပ်နေစဉ်၊-
၁၇ဖါရော မင်းကလည်း ၊ ငါ မြင် မက်သည်မှာ ၊ မြစ် နား ၌ ငါ ရပ် နေ၏။
18 ၁၈ ဝဖြိုး၍အဆင်းလှသောနွားမခုနစ်ကောင် သည် မြစ်တွင်းမှတက်လာပြီးလျှင်မြက်စား လျက်နေကြ၏။-
၁၈အဆင်း လှ ၍ ဝ သော နွား ခုနစ် ကောင်တို့သည် မြစ် ထဲ ကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင် ကို စား လျက် နေကြ၏။
19 ၁၉ ထိုနွားတို့နောက်မှပိန်လှီ၍အဆင်းမလှ သောနွားမခုနစ်ကောင်တို့လည်းကမ်းပေါ်သို့ တက်လာကြ၏။ ထိုမျှလောက်အရုပ်ဆိုးသော နွားများကိုအီဂျစ်ပြည်တွင်ငါသည်တစ်ခါ မျှမမြင်ဘူးချေ။-
၁၉ထိုနွားတို့နောက်မှ၊ အဆင်း မ လှ ပိန် ကြုံသော နွား ခုနစ် ကောင်တို့သည် ထွက် လာကြ၏။ ထိုမျှလောက် အရုပ် ဆိုးသော နွားတို့ကို အဲဂုတ္တု ပြည် တရှောက်လုံး တွင် တခါမျှ မမြင် ရစဖူး။
20 ၂၀ နွားပိန်တို့ကဝဖြိုးသောနွားများကိုမျို လိုက်ကြ၏။
၂၀အဆင်းမ လှ ပိန် သောနွား တို့သည်၊ ဝ သော အရင် နွား ခုနစ် ကောင်တို့ကို ကိုက်စား ကြ၏။
21 ၂၁ သို့ရာတွင်သူတို့သည်ပိန်မြဲပိန်လျက်ရှိသဖြင့် ထိုသို့မျိုလိုက်ကြောင်းကိုမည်သူမျှမသိနိုင် ချေ။ ထိုနောက်ငါသည်နိုးလာ၏။-
၂၁စားပြီးသောနောက်၊ စား မှန်းကို အဘယ်သူမျှမ သိ ရ။ အရင် ကဲ့သို့ အရုပ် ဆိုး သေး၏။ ငါလည်း နိုး ၏။
22 ၂၂ တစ်ဖန်ငါသည်အိပ်မက်မြင်မက်ပြန်၏။ ထိုအိပ် မက်ထဲတွင်အဆန်အောင်၍ ဝင်းမှည့်သောစပါးနှံ ခုနစ်နှံတို့သည် စပါးပင်တစ်ပင်တည်းမှထွက် လျက်ရှိသည်ကိုငါမြင်ရ၏။-
၂၂တဖန် ငါ မြင် မက် ပြန်သည် ကား၊ အလုံး ကြီး၍ ကောင်း သော စပါး ခုနစ် နှံတို့သည် စပါးတပင် တည်း၌ ဖြစ် ကြ၏။
23 ၂၃ ထိုနောက်အလုံးသေး၍သဲကန္တာရ၏လေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့ လည်းထွက်လာကြ၏။-
၂၃ထိုနောက်မှ ညှိုးနွမ်း လျက် အလုံး သေး၍ အရှေ့ လေဖြင့် ပျက် သော စပါး ခုနစ် နှံတို့သည် ပေါက် ကြ၏။
24 ၂၄ အလုံးသေးသောစပါးနှံတို့ကအဆန်အောင် သောစပါးနှံတို့ကိုမျိုလိုက်ကြ၏။ ငါ၏အိပ် မက်ကိုမှော်ဆရာတို့အားပြောပြသော်လည်း မည်သူမျှငါ့အားအနက်ကိုဖွင့်မပြနိုင်'' ဟုမိန့်တော်မူ၏။
၂၄အလုံး သေးသော စပါး နှံတို့သည် ကောင်း သော စပါး ခုနစ် နှံတို့ကို စား ကြ၏။ ထိုအိပ်မက်ကို ဗေဒင် တတ် တို့အား ငါကြား ပြော၍ အနက်ကို အဘယ်သူ မျှမဘတ် နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
25 ၂၅ ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။-
၂၅ယောသပ် ကလည်း၊ ဖါရော ဘုရင် မြင်မက်တော်မူ သောအိပ်မက် ကား တပါးတည်း ဖြစ်ပါ၏။ ဘုရားသခင် ပြု လတံ့သောအမှု ကို ဖါရော ဘုရင်အား ပြ တော်မူပြီ။
26 ၂၆ ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
၂၆ကောင်း သော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ၏။ ကောင်း သောစပါး ခုနစ် နှံတို့သည်လည်း ခုနစ် နှစ် ဖြစ်ပါ၏။ အိပ်မက် တော်ကား တပါး တည်း ဖြစ်ပါ၏။
27 ၂၇ နောက်မှတက်လာသောနွားခုနစ်ကောင်နှင့် အလုံးသေး၍ သဲကန္တာရ၏လေပူဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံတို့သည် အစာခေါင်းပါးသည့်ခုနစ်နှစ်ကိုဆိုလို ပါ၏။-
၂၇ထိုနွားတို့နောက် ထွက် လာသောနွား၊ ပိန် ၍ အရုပ် ဆိုးသော နွား ခုနစ် ကောင်တို့သည် ခုနစ် နှစ် ဖြစ်ပါ ၏။ အရှေ့ လေဖြင့်ပျက် သော စပါး ဖျင်း ခုနစ် နှံတို့သည် လည်း၊ အစာခေါင်းပါး သော ခုနစ် နှစ် ဖြစ် ပါ၏။
28 ၂၈ ကျွန်တော်မျိုးသည်အရှင်မင်းကြီးအား လျှောက်ထားခဲ့သည့်အတိုင်း ဘုရားသခင် ကမိမိပြုတော်မူမည့်အမှုကိုကိုယ်တော် အားအသိပေးခြင်းဖြစ်ပါသည်။-
၂၈ဖါရော ဘုရင်အား ကျွန်တော်လျှောက် လိုသော အရာ ဟူမူကား ၊ ဘုရားသခင် ပြု လတံ့သော အမှုကိုဖါရော ဘုရင်အား ပြ တော်မူ၏။
29 ၂၉ အီဂျစ်ပြည်တစ်ပြည်လုံးတွင်အစားအစာ ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်ရှိပါလိမ့်မည်။-
၂၉အဲဂုတ္တု ပြည် တရှောက်လုံး တွင် ဝ ပြောသောနှစ် ခုနစ် နှစ် ရှိ လိမ့်မည်။
30 ၃၀ ထိုနှစ်များလွန်လျှင်အစာခေါင်းပါးသော နှစ်ခုနစ်နှစ်ဆိုက်ရောက်လာပါလိမ့်မည်။ ထို အခါအစားအစာပေါကြွယ်ဝသောနှစ် များကိုလူတို့သတိရကြလိမ့်မည်မဟုတ်။ အစာခေါင်းပါးခြင်းဘေးကြောင့်တစ်ပြည် လုံးပျက်စီးရလိမ့်မည်။-
၃၀ထိုနောက်မှ အစာခေါင်းပါး သောနှစ် ခုနစ် နှစ် ပေါ် လာ၍ ၊ အဲဂုတ္တု ပြည် ၌ အလုံးစုံ သော ဝ ပြောခြင်းသည် တိမ်မြုပ် လျက် အစာခေါင်းပါး ခြင်းအားဖြင့်တပြည် လုံးပျက်စီး လိမ့်မည်။
31 ၃၁ ရောက်လတ္တံ့သောအစာခေါင်းပါးခြင်းကပ် သည်အလွန်ဆိုးရွားမည်ဖြစ်ရကား လူတို့ သည်ပေါကြွယ်ဝသောနှစ်များကိုလုံးဝမေ့ ပျောက်ကုန်ကြပါလိမ့်မည်။-
၃၁အစာခေါင်းပါး ခြင်းသည် အလွန် အားကြီး သောကြောင့် ၊ အရင် ဝပြောခြင်း၏ လက္ခဏာမ ထင် ရ။
32 ၃၂ ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
၃၂ဖါရော ဘုရင်သည် ထပ်၍ အိပ်မက် မြင်ရသည် အရာမှာ၊ ထိုအမှု ကို ဘုရားသခင် မြဲမြံ ခိုင်ခံ့စေ၍ အလျင်အမြန် စီရင် တော်မူလိမ့်မည်။
33 ၃၃ ``သို့ဖြစ်၍ကိုယ်တော်သည်ဉာဏ်ပညာ အမြော်အမြင်ရှိသူတစ်ဦးကိုရွေး၍ တိုင်း ပြည်ကိုအုပ်ချုပ်စေတော်မူပါ။-
၃၃သို့ဖြစ်၍ ဖါရော ဘုရင်သည် ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ ကို ရွေးချယ် ၍ အဲဂုတ္တု ပြည် ကို အုပ်စိုး စေတော်မူပါ။
34 ၃၄ ပေါကြွယ်ဝသောနှစ်ခုနစ်နှစ်တွင်ထွက်သမျှ သောကောက်ပဲသီးနှံထဲမှ ငါးပုံတစ်ပုံကို ကောက်ယူသိမ်းဆည်းရန် တစ်ပြည်လုံး၌ကြီး ကြပ်ရေးမှူးများကိုခန့်ထားတော်မူပါ။-
၃၄ခန့်ထားတော်မူသောသူသည်လည်း တပြည် လုံး၌ အကြီး အကြပ်တို့ကို ခန့် ထား၍ ၊ ဝပြော သောနှစ် ခုနစ် နှစ် ပတ်လုံး တပြည် လုံးတွင် ငါး ဘို့တဘို့ကောက်ယူကြ ပါစေ။
35 ၃၅ ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။-
၃၅ထို သူတို့သည်ဖြစ် လတံ့သော မင်္ဂလာ နှစ် တို့တွင် ရိက္ခါ ရှိသမျှ ကို စုရုံး ၍ ဖါရော ဘုရင်ထံ တော်၌ စပါး များ ကို ဆည်းဘူး ကြပါစေ။ မြို့ များ၌ လည်း ရိက္ခါ ကို သို ထား ကြပါစေ။
36 ၃၆ အီဂျစ်ပြည်တွင်အစာခေါင်းပါးသောခုနစ် နှစ်အတွက် ထိုရိက္ခာကိုသိုလှောင်ထားသော အားဖြင့် အီဂျစ်ပြည်သူပြည်သားတို့သည် အစာငတ်သည့်ဘေးမှလွတ်မြောက်နိုင်ပါ လိမ့်မည်'' ဟုဖာရောဘုရင်အားလျှောက်ထား လေ၏။
၃၆သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ အစာခေါင်းပါး သောနှစ် ခုနစ် နှစ်ရောက် သောအခါ ၊ ပြည် သူပြည်သားစားစရာ ဘို့ သို ထားလျက် ရှိ နှင့်၍ အစာခေါင်းပါး သော ကာလတွင် ပြည် တော်မ ပျက် ရဟု ဖါရောမင်းအား လျှောက်လေ၏။
37 ၃၇ ဖာရောဘုရင်နှင့်မှူးမတ်အပေါင်းတို့သည် ယောသပ်တင်ပြသောစီမံချက်ကိုနှစ်သက် လက်ခံကြ၏။-
၃၇ထိုသို့ ယောသပ်လျှောက်သောစကား ကို ဖါရော မင်းအစရှိသော ကျွန် တော်မျိုးအပေါင်း တို့သည် နှစ်သက် ကြ၍၊
38 ၃၈ ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။-
၃၈ဖါရော မင်းက ၊ ဘုရားသခင် ၏ ဝိညာဉ် တော်ကို ရ၍ ဤ ကဲ့သို့ သောသူ ကို အဘယ်မှာ ရှာ ၍ တွေ့မည်နည်း ဟု ကျွန် တော်မျိုးတို့အား မိန့် တော်မူ၏။
39 ၃၉ ဘုရင်ကယောသပ်အား``ဘုရားကသင့်အား ဤအမှုအရာတို့ကိုဖွင့်ပြတော်မူသည်ဖြစ် ၍ သင့်ထက်ဉာဏ်ပညာအမြော်အမြင်သာ သူမရှိနိုင်။-
၃၉ယောသပ် အား လည်း ၊ ဘုရားသခင် သည် ဤအမှု အလုံးစုံ တို့ကို သင့် အား ပြု တော်မူသည်ဖြစ်၍သင် ကဲ့သို့ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူ မရှိ။
40 ၄၀ ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
၄၀သင် သည် နန်းတော် အုပ် ဖြစ် ရမည်။ သင် ၏ စကား အတိုင်း ငါ ၏ပြည်သား အပေါင်း တို့ကို ငါစီရင် စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့် ထက် ကြီးမြတ် မည်ဟု မိန့်တော်မူ၏။
41 ၄၁ ယခုငါသည်သင့်အားအီဂျစ်တစ်ပြည်လုံး ကိုအုပ်စိုးရသောဘုရင်ခံအဖြစ်ခန့်အပ်သည်'' ဟုမိန့်မြွက်လေ၏။-
၄၁တဖန် ကြည့် ပါ၊ အဲဂုတ္တု ပြည် တပြည်လုံး ကို သင် အုပ်စိုး စေခြင်းငှါ ငါခန့် ထားပြီဟု ယောသပ် အား မိန့် တော်မူလျက်၊
42 ၄၂ ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
၄၂လက်စွပ် တော်ကိုချွတ် ၍ ယောသပ် လက် ၌ စွပ် စေတော်မူ၏။ ပိတ်ချော အဝတ် ကိုလည်း ဝတ် စေ၍ ၊ လည်ပင်း ၌ ရွှေ စလွယ် ကိုဆွဲ ပြီးလျှင်၊
43 ၄၃ ထို့နောက်ဒုတိယရထားတော်ကိုယောသပ်စီး ၍ သူ၏ကိုယ်ရံတော်တို့ကရထားရှေ့ကသွား လျက်``လမ်းဖယ်ကြ၊ လမ်းဖယ်ကြ'' ဟုအော်ဟစ် ကြ၏။ ထိုသို့ဖြင့်ယောသပ်သည်အီဂျစ်တစ် ပြည်လုံးကိုအုပ်ချုပ်ရသောဘုရင်ခံအဖြစ် ခန့်အပ်ခြင်းကိုခံရလေသည်။-
၄၃ဒုတိယ ရထား တော်ကို စီး စေတော်မူ၏။ ပြပ်ဝပ် ၍ နေကြဟု သူ့ ရှေ့ မှာ ဟစ် ကြ၏။ ထိုသို့လျှင် အဲဂုတ္တု ပြည် တပြည်လုံး ကို အုပ်စိုး စေတော်မူ၏။
44 ၄၄ ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
၄၄ဖါရော မင်းကလည်း၊ ငါ သည် ဖါရော ဘုရင် မှန်၏။ သို့ဖြစ်၍ သင် ၏အခွင့် မရှိလျှင် အဲဂုတ္တု ပြည် တရှောက်လုံး တွင် အဘယ်သူမျှမိမိ လက် ခြေ ကိုမ ကြွ ရဟု မိန့် တော်မူ၏။
45 ၄၅ ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
၄၅ဖါရောမင်းသည်လည်း၊ ဇာဖဏာသဖါဏ တည်း ဟူသောဘွဲ့ နာမနှင့်ယောသပ် ကို ချီးမြှောက် ၍ ဩန မြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏သမီး အာသနတ် နှင့် စုံဘက် စေတော်မူ၏။ ထိုသို့ယောသပ် သည် အဲဂုတ္တု နိုင်ငံ အုပ်အရာနှင့် အထံ တော်ကထွက် လေ၏။
၄၆ယောသပ် သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်း ထံ ၌ အခွင့် ရသောအခါ ၊ အသက် အနှစ်သုံးဆယ် ရှိသတည်း။ အထံတော်ကထွက် ၍ အဲဂုတ္တု ပြည် တရှောက်လုံး သို့ သွား လေ၏။
47 ၄၇ ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။-
၄၇ဝပြော နှစ် ခုနစ် နှစ်ပတ်လုံးမြေ အသီးအနှံတို့ သည် အလွန် များပြားကြ၏။
48 ၄၈ ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။-
၄၈ခုနစ်နှစ်ပတ်လုံးအဲဂုတ္တု ပြည် တွင် ရှိသမျှ သော ရိက္ခါ ကိုစုရုံး ၍ မြို့ တို့၌ သို ထားလေ၏။ မြို့ ပတ်ဝန်းကျင် လယ်တို့၌ရသောရိက္ခါကိုမြို့အသီးအသီးတို့တွင် သိုထား လေ၏။
49 ၄၉ သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
၄၉စပါး ကိုကား သမုဒ္ဒရာ သဲ လုံးနှင့်အမျှ အလွန် များ စွာစု ထား၍ မ ရေတွက် နိုင်အောင် များသောကြောင့် မ ရေတွက် ဘဲနေသတည်း။
50 ၅၀ အစာခေါင်းပါးခြင်းနှစ်များမဆိုက်ရောက်မီ ယောသပ်သည် မယားအာသနတ်နှင့်သားနှစ် ယောက်ရရှိလေသည်။-
၅၀အစာခေါင်းပါး သောနှစ် မ ရောက် မှီ၊ ယောသပ် သည် ဩန မြို့၏ယဇ် ပုရောဟိတ်ပေါတိဖေရ ၏သမီး အာသနတ် တွင် သား နှစ် ယောက်တို့ကို မြင် ရ၏။
51 ၅၁ ယောသပ်က``ဘုရားသခင်သည်ငါခံရသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ အဖ၏အိမ်သား အပေါင်းတို့ကိုလည်းကောင်းမေ့ပျောက်စေတော် မူပြီ'' ဟုဆို၍သူ၏သားဦးကိုမနာရှေဟု နာမည်မှည့်လေ၏။-
၅၁သား ဦးကိုကား မနာရှေ အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ငါ ခံရသမျှ သော ပင်ပန်း ခြင်းနှင့် ငါ့ အဘ ၏ အိမ်သား အပေါင်း တို့ကို ငါ မေ့ စေခြင်းငှါ ဘုရားသခင် ပြုတော်မူပြီဟု ဆိုသတည်း။
52 ၅၂ ဒုတိယသားရသောအခါ``ဘုရားသခင် သည်ငါဆင်းရဲဒုက္ခခံရသောပြည်တွင် ငါ့အား သားသမီးရတနာထွန်းကားစေတော်မူပြီ'' ဟုဆို၍ထိုသားကိုဧဖရိမ်ဟုနာမည်မှည့် လေ၏။
၅၂နောက် ရသောသားကိုကား၊ ဧဖရိမ် အမည် ဖြင့် မှည့် လေ၏။ အကြောင်း မူကား၊ ဘုရားသခင် သည် ငါ ဆင်းရဲ ခံရသောပြည် ၌ ငါ့ ကိုပွါး များ စေတော်မူပြီဟု ဆိုသတည်း။
53 ၅၃ အီဂျစ်ပြည်တွင်ရိက္ခာပေါကြွယ်ဝသော ခုနစ်နှစ်ကာလကုန်ဆုံးလေ၏။-
၅၃ထိုနောက် အဲဂုတ္တု ပြည် ၌ ဝပြော သောနှစ် ခုနစ် နှစ် ကုန် လေ၏။
54 ၅၄ ထိုနောက်ယောသပ်ပြောခဲ့သည့်အတိုင်းအစာ ခေါင်းပါးသောခုနစ်နှစ်ကပ်ဆိုက်ရောက်လာလေ ၏။ အခြားသောတိုင်းပြည်အသီးသီးတို့တွင် လည်းအစာခေါင်းပါးခြင်းကပ်ကျရောက်လျက် ရှိသည်။ သို့ရာတွင်အီဂျစ်ပြည်၌ရိက္ခာရှိလျက် ပင်။-
၅၄ယောသပ် ပြော သည်အတိုင်း အစာခေါင်းပါး သော နှစ် တို့သည် ရောက် စ ရှိ၏။ ထိုအခါ ခပ်သိမ်း သော ပြည် တို့၌ အစာခေါင်းပါး ခြင်းရှိ သော်လည်း အဲဂုတ္တု ပြည် ၌ ဆန် စပါးရှိ သေး၏။
55 ၅၅ အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
၅၅နောက်တဖန် အဲဂုတ္တု ပြည် သူပြည်သားအပေါင်း တို့သည် မွတ်သိပ် သောအခါ စား စရာကိုရပါ မည်အကြောင်း ဖါရော မင်းထံ ၌ ကြွေးကြော် ကြ၏။ ဖါရော မင်းကလည်း ၊ ယောသပ် ထံ သို့သွား ကြ၊ သူစီရင် သည်အတိုင်း ပြု ကြဟု အဲဂုတ္တု ပြည်သူ ပြည်သားအပေါင်း တို့ကို မိန့် တော်မူ၏။
56 ၅၆ အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
၅၆မြေပြင် တရှောက်လုံး ၌ အစာခေါင်းပါး သောအခါ ၊ ယောသပ် သည် စပါးကျီရှိသမျှ တို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်း လေ၏။ ထိုအခါ အဲဂုတ္တု ပြည် ၌ အစဉ်အတိုင်း အစာခေါင်းပါး သတည်း။
57 ၅၇ ကမ္ဘာအရပ်ရပ်တွင်လည်းအစာခေါင်းပါး ခြင်းကပ်ဆိုက်လျက်ရှိသဖြင့် အပြည်ပြည် မှလူတို့သည်ယောသပ်ထံသို့စပါးဝယ်ရန် လာရောက်ကြကုန်၏။
၅၇ခပ်သိမ်းသော ပြည် တို့၌ လည်း အလွန်အစာ ခေါင်းပါး သောကြောင့် ၊ အသီးသီး သောပြည် သားတို့သည် စပါးကိုဝယ် ခြင်းငှါ အဲဂုတ္တု ပြည် ယောသပ် ထံ သို့လာ ရောက်ကြ၏။