< ကမ္ဘာ​ဦး 40 >

1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-
Kò pẹ́ lẹ́yìn èyí, ni agbọ́tí ọba àti alásè rẹ̀ ṣẹ̀ ọba Ejibiti, olúwa wọn.
2 ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-
Farao sì bínú sí méjì nínú àwọn ìjòyè rẹ̀, olórí agbọ́tí àti olórí alásè,
3 ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-
Ó sì fi wọ́n sí ìhámọ́ ní ilé olórí ẹ̀ṣọ́, ní inú ẹ̀wọ̀n ibi tí Josẹfu pẹ̀lú wà.
4 သူ​တို့​သည်​ကာ​လ​အ​တန်​ကြာ​မျှ​အ​ကျဉ်း ခံ​နေ​ကြ​၏။ ကိုယ်​ရံ​တော်​မှူး​သည်​ထို​သူ​တို့ အား​ပြု​စု​ရန်​ယော​သပ်​ကို​တာ​ဝန်​ပေး​ထား လေ​၏။
Olórí ẹ̀ṣọ́ sì yan Josẹfu láti máa ṣe ìránṣẹ́ wọn. Lẹ́yìn ìgbà tí wọ́n ti wà ní ìhámọ́ fún ìgbà díẹ̀.
5 တစ်​ည​၌​ထောင်​ထဲ​တွင်​ဖ​လား​တော်​ဆက်​ဝန် နှင့်​စား​တော်​ဆက်​ဝန်​တို့​သည် သီး​ခြား​အ​နက် ပါ​ရှိ​သော​အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လေ သည်။-
Ni ọ̀kọ̀ọ̀kan àwọn ọkùnrin méjèèjì náà—olórí agbọ́tí àti olórí alásè ọba Ejibiti, tí a dè sínú túbú, lá àlá ní òru kan náà, àlá kọ̀ọ̀kan sì ní ìtumọ̀ tirẹ̀.
6 နံ​နက်​ချိန်​၌​ယောသပ်​သည်​သူ​တို့​ထံ​သွား သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​ကြ သည်​ကို​တွေ့​မြင်​ရ​သ​ဖြင့်၊-
Nígbà tí Josẹfu dé ọ̀dọ̀ wọn ní òwúrọ̀ ọjọ́ kejì, ó ṣe àkíyèsí pé, inú wọn kò dùn.
7 ယော​သပ်​က``သင်​တို့​သည်​ယ​နေ့​အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​နေ​ကြ​ပါ​သ​နည်း'' ဟု​သူ​တို့ အား​မေး​လေ​၏။
Ó sì bi àwọn ìjòyè Farao tí ó wà pẹ̀lú rẹ̀ nínú ìhámọ́, nínú ilé olúwa rẹ̀ léèrè pé, “Èéṣe tí ojú yín fi fàro bẹ́ẹ̀ ní òní, tí inú yín kò sì dùn?”
8 သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။
Wọ́n wí pé, “Àwa méjèèjì ni a lá àlá, kò sì sí ẹni tí yóò túmọ̀ rẹ̀.” Josẹfu sì wí fún wọn pé, “Ọlọ́run nìkan ni ó ni ìtumọ̀. Ẹ sọ àwọn àlá yín fún mi.”
9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က``ငါ​၏ အိပ်​မက်​ထဲ​တွင်​ငါ့​ရှေ့​၌​စပျစ်​နွယ်​ရှိ​ပါ​သည်။-
Olórí agbọ́tí sì ṣọ́ àlá rẹ̀ fún Josẹfu, wí pé, “Ní ojú àlá mi, mo rí àjàrà kan (tí wọn ń fi èso rẹ̀ ṣe wáìnì) níwájú mi,
10 ၁၀ ထို​စ​ပျစ်​နွယ်​တွင်​အ​ကိုင်း​သုံး​ကိုင်း​ရှိ​သည်။ အ​ကိုင်း​များ​မှ​အ​ရွက်​များ​ထွက်​လာ​သည်​နှင့် တစ်​ပြိုင်​နက်​အ​ပွင့်​များ​ပွင့်​၍​စပျစ်​သီး​များ မှည့်​လာ​သည်။-
mo sì rí ẹ̀ka mẹ́ta lórí àjàrà náà, ó yọ ẹ̀ka tuntun, ó sì tanná, láìpẹ́, ó bẹ̀rẹ̀ sí ní í ní èso tí ó ti pọ́n.
11 ၁၁ ငါ​သည်​ဖာ​ရော​ဘု​ရင်​၏​ဖ​လား​တော်​ကို​ကိုင် လျက်​စ​ပျစ်​သီး​များ​ကို​ယူ​၍ ဖ​လား​တော်​ထဲ သို့​အ​ရည်​ကို​ညှစ်​ထည့်​ပြီး​လျှင်​ဘု​ရင်​၏​လက် တော်​သို့​ဆက်​ရ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
Ife Farao sì wà lọ́wọ́ mi, mo sì mú àwọn èso àjàrà náà, mo sì fún un sínú ife Farao, mo sì gbé ife náà fún Farao.”
12 ၁၂ ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-
Josẹfu wí fún un pé, “Èyí ni ìtumọ̀ àlá rẹ. Ẹ̀ka mẹ́ta náà dúró fún ọjọ́ mẹ́ta.
13 ၁၃ သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-
Láàrín ọjọ́ mẹ́ta Farao yóò mú ọ jáde nínú ẹ̀wọ̀n padà sí ipò rẹ, ìwọ yóò sì tún máa gbé ọtí fún un, gẹ́gẹ́ bí ìṣe rẹ àtẹ̀yìnwá.
14 ၁၄ သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-
Ṣùgbọ́n nígbà tí ohun gbogbo bá dára fún ọ, rántí mi kí o sì fi àánú hàn sí mi. Dárúkọ mi fún Farao, kí o sì mú mi jáde kúrò ní ìhín.
15 ၁၅ စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။
Nítorí á jí mi gbé tà kúrò ní ilẹ̀ àwọn Heberu ni, àti pé níhìn-ín èmi kò ṣe ohunkóhun tí ó fi yẹ kí èmi wà ní ìhámọ́ bí mo ti wà yìí.”
16 ၁၆ စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-
Nígbà tí olórí alásè rí i wí pé ìtumọ̀ tí Josẹfu fún àlá náà dára, ó wí fún Josẹfu pé, “Èmi pẹ̀lú lá àlá, mo ru agbọ̀n oúnjẹ mẹ́ta lórí.
17 ၁၇ အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။
Nínú agbọ̀n tí ó wà lókè, onírúurú oúnjẹ ló wà níbẹ̀ fún Farao, ṣùgbọ́n àwọn ẹyẹ sì ń ṣà wọ́n jẹ láti inú apẹ̀rẹ̀ náà tí ó wà lórí mi.”
18 ၁၈ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-
Josẹfu dáhùn, “Èyí ni ìtumọ̀ àlá rẹ. Agbọ̀n mẹ́ta náà túmọ̀ sí ọjọ́ mẹ́ta.
19 ၁၉ သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။
Láàrín ọjọ́ mẹ́ta, Farao yóò tú ọ sílẹ̀, yóò sì bẹ́ orí rẹ, yóò sì gbé ara rẹ kọ́ sí orí igi. Àwọn ẹyẹ yóò sì jẹ ara rẹ.”
20 ၂၀ ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-
Ọjọ́ kẹta sì jẹ́ ọjọ́ ìbí Farao, ó sì ṣe àsè fún gbogbo àwọn ìjòyè e rẹ̀. Ó sì mú olórí agbọ́tí àti olórí alásè jáde kúrò nínú ẹ̀wọ̀n.
21 ၂၁ ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-
Ó dá olórí agbọ́tí padà sí ipò tí ó wà tẹ́lẹ̀, kí ó ba à le máa fi ago lé Farao ní ọwọ́,
22 ၂၂ စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-
ṣùgbọ́n, ó so olórí alásè kọ́ sórí igi, gẹ́gẹ́ bí Josẹfu ti sọ fún wọn nínú ìtumọ̀ rẹ̀ sí àlá wọn.
23 ၂၃ သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။
Ṣùgbọ́n, olórí agbọ́tí kò rántí Josẹfu mọ́, kò tilẹ̀ ronú nípa rẹ̀.

< ကမ္ဘာ​ဦး 40 >