< ကမ္ဘာ​ဦး 40 >

1 ကာ​လ​အ​တန်​ကြာ​ပြီး​နောက်​အီ​ဂျစ်​ပြည့်​ရှင် ၏​ဖ​လား​တော်​ဝန်​နှင့်​စား​တော်​ဆက်​ဝန်​တို့ သည်​ဘု​ရင့်​အ​မျက်​သင့်​ကြ​၏။-
После сего виночерпий царя Египетского и хлебодар провинились пред господином своим, царем Египетским.
2 ဘု​ရင်​သည်​ထို​အ​ရာ​ရှိ​နှစ်​ဦး​တို့​ကို​အ​မျက် ထွက်​၍၊-
И прогневался фараон на двух царедворцев своих, на главного виночерпия и на главного хлебодара,
3 ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-
и отдал их под стражу в дом начальника телохранителей, в темницу, в место, где заключен был Иосиф.
4 သူ​တို့​သည်​ကာ​လ​အ​တန်​ကြာ​မျှ​အ​ကျဉ်း ခံ​နေ​ကြ​၏။ ကိုယ်​ရံ​တော်​မှူး​သည်​ထို​သူ​တို့ အား​ပြု​စု​ရန်​ယော​သပ်​ကို​တာ​ဝန်​ပေး​ထား လေ​၏။
Начальник телохранителей приставил к ним Иосифа, и он служил им. И пробыли они под стражею несколько времени.
5 တစ်​ည​၌​ထောင်​ထဲ​တွင်​ဖ​လား​တော်​ဆက်​ဝန် နှင့်​စား​တော်​ဆက်​ဝန်​တို့​သည် သီး​ခြား​အ​နက် ပါ​ရှိ​သော​အိပ်​မက်​များ​ကို​မြင်​မက်​ကြ​လေ သည်။-
Однажды виночерпию и хлебодару царя Египетского, заключенным в темнице, виделись сны, каждому свой сон, обоим в одну ночь, каждому сон особенного значения.
6 နံ​နက်​ချိန်​၌​ယောသပ်​သည်​သူ​တို့​ထံ​သွား သော​အ​ခါ မျက်​နှာ​ညှိုး​ငယ်​လျက်​ရှိ​ကြ သည်​ကို​တွေ့​မြင်​ရ​သ​ဖြင့်၊-
И пришел к ним Иосиф поутру, увидел их, и вот, они в смущении.
7 ယော​သပ်​က``သင်​တို့​သည်​ယ​နေ့​အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​နေ​ကြ​ပါ​သ​နည်း'' ဟု​သူ​တို့ အား​မေး​လေ​၏။
И спросил он царедворцев фараоновых, находившихся с ним в доме господина его под стражею, говоря: отчего у вас сегодня печальные лица?
8 သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။
Они сказали ему: нам виделись сны; а истолковать их некому. Иосиф сказал им: не от Бога ли истолкования? расскажите мне.
9 ထို​အ​ခါ​ဖ​လား​တော်​ဆက်​ဝန်​က``ငါ​၏ အိပ်​မက်​ထဲ​တွင်​ငါ့​ရှေ့​၌​စပျစ်​နွယ်​ရှိ​ပါ​သည်။-
И рассказал главный виночерпий Иосифу сон свой и сказал ему: мне снилось, вот виноградная лоза предо мною;
10 ၁၀ ထို​စ​ပျစ်​နွယ်​တွင်​အ​ကိုင်း​သုံး​ကိုင်း​ရှိ​သည်။ အ​ကိုင်း​များ​မှ​အ​ရွက်​များ​ထွက်​လာ​သည်​နှင့် တစ်​ပြိုင်​နက်​အ​ပွင့်​များ​ပွင့်​၍​စပျစ်​သီး​များ မှည့်​လာ​သည်။-
на лозе три ветви; она развилась, показался на ней цвет, выросли и созрели на ней ягоды;
11 ၁၁ ငါ​သည်​ဖာ​ရော​ဘု​ရင်​၏​ဖ​လား​တော်​ကို​ကိုင် လျက်​စ​ပျစ်​သီး​များ​ကို​ယူ​၍ ဖ​လား​တော်​ထဲ သို့​အ​ရည်​ကို​ညှစ်​ထည့်​ပြီး​လျှင်​ဘု​ရင်​၏​လက် တော်​သို့​ဆက်​ရ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။
и чаша фараонова в руке у меня; я взял ягод, выжал их в чашу фараонову и подал чашу в руку фараону.
12 ၁၂ ယော​သပ်​က``သင်​၏​အိပ်မက်​အ​နက်​သည်​ကား ဤ​သို့​တည်း။ အ​ကိုင်း​သုံး​ကိုင်း​သည်​သုံး​ရက် ကို​ဆို​လို​သည်။-
И сказал ему Иосиф: вот истолкование его: три ветви - это три дня;
13 ၁၃ သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​၍ သင်​၏​ရာ​ထူး​ကို​ပြန် ပေး​တော်​မူ​သ​ဖြင့် သင်​သည်​ယခင်​က​ဖလား တော်​ဆက်​ခဲ့​ရ​သည့်​နည်း​တူ​ယ​ခု​တစ်​ဖန် ပြန်​ဆက်​ရ​လိမ့်​မည်။-
через три дня фараон вознесет главу твою и возвратит тебя на место твое, и ты подашь чашу фараонову в руку его, по прежнему обыкновению, когда ты был у него виночерпием;
14 ၁၄ သင်​ပြန်​၍​ကောင်း​စား​လာ​သော​အ​ခါ​ကျွန်​တော် ကို​မ​မေ့​ပါ​နှင့်။ ဘု​ရင့်​ထံ​ကျွန်​တော်​အ​တွက် သံ​တော်​ဦး​တင်​၍​ဤ​ထောင်​ထဲ​မှ​လွတ်​မြောက် ရန်​ကူ​ညီ​ပေး​ပါ။-
вспомни же меня, когда хорошо тебе будет, и сделай мне благодеяние, и упомяни обо мне фараону, и выведи меня из этого дома,
15 ၁၅ စင်​စစ်​အား​ဖြင့်​ကျွန်​တော်​သည်​ဟေ​ဗြဲ​အ​မျိုး သား​တို့​၏​နိုင်​ငံ​မှ​ခိုး​ထုတ်​ခြင်း​ကို​ခံ​ခဲ့​ရ​ပါ သည်။ ဤ​ပြည်​၌​လည်း​ကျွန်​တော်​သည်​အ​ကျဉ်း​ခံ ထိုက်​သည့်​အ​ဘယ်​ပြစ်​မှု​ကို​မျှ​မ​ကူး​လွန်​ခဲ့ ရ​ပါ'' ဟု​ဖလား​တော်​ဆက်​ဝန်​အား​ပြော​လေ​၏။
ибо я украден из земли Евреев; а также и здесь ничего не сделал, за что бы бросить меня в темницу.
16 ၁၆ စား​တော်​ဆက်​ဝန်​သည်​ဖလား​တော်​ဆက်​ဝန်​၏ အိပ်​မက်​အ​နက်​ကောင်း​သည်​ကို​သိ​မြင်​လျှင် ယော​သပ်​အား``ငါ​လည်း​အိပ်​မက်​မြင်​မက်​သည်။ အိပ်​မက်​ထဲ​၌​ငါ​သည်​မုန့်​တောင်း​သုံး​လုံး​ကို ဦး​ခေါင်း​ပေါ်​တွင်​ရွက်​လာ​၏။-
Главный хлебодар увидел, что истолковал он хорошо, и сказал Иосифу: мне также снилось: вот на голове у меня три корзины решетчатых;
17 ၁၇ အ​ပေါ်​ဆုံး​တောင်း​ထဲ​တွင်​ဘု​ရင်​အား​ဆက်​သ ရ​သော​မုန့်​မျိုး​စုံ​ပါ​ရှိ​၍ ငှက်​များ​သည်​ထို တောင်း​ထဲ​မှ​မုန့်​များ​ကို​စား​ကြ​၏'' ဟု​ပြော ပြ​လေ​သည်။
в верхней корзине всякая пища фараонова, изделие пекаря, и птицы небесные клевали ее из корзины на голове моей.
18 ၁၈ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့ တည်း။ တောင်း​သုံး​လုံး​သည်​သုံး​ရက်​ကို​ဆို လို​သည်။-
И отвечал Иосиф и сказал ему: вот истолкование его: три корзины - это три дня;
19 ၁၉ သုံး​ရက်​အ​တွင်း​ဘု​ရင်​သည်​သင့်​အား​ထောင်​ထဲ မှ​လွှတ်​၍​သင်​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​စေ​လိမ့် မည်။ ထို​နောက်​သင်​၏​ကိုယ်​ခန္ဓာ​ကို​တိုင်​ပေါ်​မှာ ဆွဲ​ထား​၍​ငှက်​တို့​သည်​သင်​၏​အ​သား​ကို​စား ကြ​လိမ့်​မည်'' ဟု​စား​တော်​ဆက်​ဝန်​အား​ပြော လေ​၏။
через три дня фараон снимет с тебя голову твою и повесит тебя на дереве, и птицы небесные будут клевать плоть твою с тебя.
20 ၂၀ ထို​နောက်​တ​တိ​ယ​နေ့​၌​ဖာ​ရော​ဘု​ရင်​၏​မွေး နေ့​ကျ​ရောက်​သ​ဖြင့် မင်း​မှု​ထမ်း​အား​လုံး​တို့ အား​စား​သောက်​ပွဲ​ဖြင့်​ဧည့်​ခံ​တော်​မူ​၏။ ဘု​ရင် သည်​ဖ​လား​တော်​ဆက်​ဝန်​နှင့်​စား​တော်​ဆက်​ဝန် တို့​ကို​ထောင်​မှ​လွှတ်​၍​မင်း​ပရိသတ်​ရှေ့​သို့​ခေါ် ဆောင်​ခဲ့​စေ​တော်​မူ​၏။-
На третий день, день рождения фараонова, сделал он пир для всех слуг своих и вспомнил о главном виночерпии и главном хлебодаре среди слуг своих;
21 ၂၁ ဘု​ရင်​သည်​ဖ​လား​တော်​ဆက်​ဝန်​ကို​ယ​ခင် ရာ​ထူး​တွင်​ပြန်​ခန့်​ထား​၍၊-
и возвратил главного виночерпия на прежнее место, и он подал чашу в руку фараону,
22 ၂၂ စား​တော်​ဆက်​ဝန်​ကို​မူ​ကား​ကွပ်​မျက်​စေ တော်​မူ​၏။ သို့​ဖြစ်​၍​ယော​သပ်​အ​နက်​ဖွင့်​သည့် အ​တိုင်း​ဖြစ်​ပျက်​လေ​၏။-
а главного хлебодара повесил на дереве, как истолковал им Иосиф.
23 ၂၃ သို့​သော်​လည်း​ဖ​လား​တော်​ဆက်​ဝန်​သည်​ယော​သပ် ကို​သတိ​မ​ရ​ဘဲ​မေ့​လျော့​လျက်​နေ​လေ​၏။
И не вспомнил главный виночерпий об Иосифе, но забыл его.

< ကမ္ဘာ​ဦး 40 >