< ကမ္ဘာဦး 40 >
1 ၁ ကာလအတန်ကြာပြီးနောက်အီဂျစ်ပြည့်ရှင် ၏ဖလားတော်ဝန်နှင့်စားတော်ဆက်ဝန်တို့ သည်ဘုရင့်အမျက်သင့်ကြ၏။-
这事以后,埃及王的酒政和膳长得罪了他们的主—埃及王,
2 ၂ ဘုရင်သည်ထိုအရာရှိနှစ်ဦးတို့ကိုအမျက် ထွက်၍၊-
法老就恼怒酒政和膳长这二臣,
3 ၃ ယောသပ်အကျဉ်းခံရာကိုယ်ရံတော်မှူးအိမ် ၌အကျဉ်းချထားလေ၏။-
把他们下在护卫长府内的监里,就是约瑟被囚的地方。
4 ၄ သူတို့သည်ကာလအတန်ကြာမျှအကျဉ်း ခံနေကြ၏။ ကိုယ်ရံတော်မှူးသည်ထိုသူတို့ အားပြုစုရန်ယောသပ်ကိုတာဝန်ပေးထား လေ၏။
护卫长把他们交给约瑟,约瑟便伺候他们;他们有些日子在监里。
5 ၅ တစ်ည၌ထောင်ထဲတွင်ဖလားတော်ဆက်ဝန် နှင့်စားတော်ဆက်ဝန်တို့သည် သီးခြားအနက် ပါရှိသောအိပ်မက်များကိုမြင်မက်ကြလေ သည်။-
被囚在监之埃及王的酒政和膳长二人同夜各做一梦,各梦都有讲解。
6 ၆ နံနက်ချိန်၌ယောသပ်သည်သူတို့ထံသွား သောအခါ မျက်နှာညှိုးငယ်လျက်ရှိကြ သည်ကိုတွေ့မြင်ရသဖြင့်၊-
到了早晨,约瑟进到他们那里,见他们有愁闷的样子。
7 ၇ ယောသပ်က``သင်တို့သည်ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်နေကြပါသနည်း'' ဟုသူတို့ အားမေးလေ၏။
他便问法老的二臣,就是与他同囚在他主人府里的,说:“你们今日为什么面带愁容呢?”
8 ၈ သူတို့က``ငါတို့တစ်ယောက်စီအိပ်မက်မြင်မက် ကြပါသည်။ သို့ရာတွင်အိပ်မက်၏အနက်ကို ဖွင့်ပြနိုင်သူမရှိပါ'' ဟုဖြေကြ၏။ ယောသပ်က``အိပ်မက်၏အနက်ဖွင့်ပြနိုင်စွမ်း ကိုထာဝရဘုရားသာပေးပါသည်။ သင်တို့ ၏အိပ်မက်များကိုကျွန်တော်အားပြောပြ ပါ'' ဟုဆိုလေ၏။
他们对他说:“我们各人做了一梦,没有人能解。”约瑟说:“解梦不是出于 神吗?请你们将梦告诉我。”
9 ၉ ထိုအခါဖလားတော်ဆက်ဝန်က``ငါ၏ အိပ်မက်ထဲတွင်ငါ့ရှေ့၌စပျစ်နွယ်ရှိပါသည်။-
酒政便将他的梦告诉约瑟说:“我梦见在我面前有一棵葡萄树,
10 ၁၀ ထိုစပျစ်နွယ်တွင်အကိုင်းသုံးကိုင်းရှိသည်။ အကိုင်းများမှအရွက်များထွက်လာသည်နှင့် တစ်ပြိုင်နက်အပွင့်များပွင့်၍စပျစ်သီးများ မှည့်လာသည်။-
树上有三根枝子,好像发了芽,开了花,上头的葡萄都成熟了。
11 ၁၁ ငါသည်ဖာရောဘုရင်၏ဖလားတော်ကိုကိုင် လျက်စပျစ်သီးများကိုယူ၍ ဖလားတော်ထဲ သို့အရည်ကိုညှစ်ထည့်ပြီးလျှင်ဘုရင်၏လက် တော်သို့ဆက်ရပါသည်'' ဟုပြောပြလေ၏။
法老的杯在我手中,我就拿葡萄挤在法老的杯里,将杯递在他手中。”
12 ၁၂ ယောသပ်က``သင်၏အိပ်မက်အနက်သည်ကား ဤသို့တည်း။ အကိုင်းသုံးကိုင်းသည်သုံးရက် ကိုဆိုလိုသည်။-
约瑟对他说:“你所做的梦是这样解:三根枝子就是三天;
13 ၁၃ သုံးရက်အတွင်းဘုရင်သည်သင့်အားလွတ် ငြိမ်းချမ်းသာခွင့်ပေး၍ သင်၏ရာထူးကိုပြန် ပေးတော်မူသဖြင့် သင်သည်ယခင်ကဖလား တော်ဆက်ခဲ့ရသည့်နည်းတူယခုတစ်ဖန် ပြန်ဆက်ရလိမ့်မည်။-
三天之内,法老必提你出监,叫你官复原职,你仍要递杯在法老的手中,和先前作他的酒政一样。
14 ၁၄ သင်ပြန်၍ကောင်းစားလာသောအခါကျွန်တော် ကိုမမေ့ပါနှင့်။ ဘုရင့်ထံကျွန်တော်အတွက် သံတော်ဦးတင်၍ဤထောင်ထဲမှလွတ်မြောက် ရန်ကူညီပေးပါ။-
但你得好处的时候,求你记念我,施恩与我,在法老面前提说我,救我出这监牢。
15 ၁၅ စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
我实在是从希伯来人之地被拐来的;我在这里也没有做过什么,叫他们把我下在监里。”
16 ၁၆ စားတော်ဆက်ဝန်သည်ဖလားတော်ဆက်ဝန်၏ အိပ်မက်အနက်ကောင်းသည်ကိုသိမြင်လျှင် ယောသပ်အား``ငါလည်းအိပ်မက်မြင်မက်သည်။ အိပ်မက်ထဲ၌ငါသည်မုန့်တောင်းသုံးလုံးကို ဦးခေါင်းပေါ်တွင်ရွက်လာ၏။-
膳长见梦解得好,就对约瑟说:“我在梦中见我头上顶着三筐白饼;
17 ၁၇ အပေါ်ဆုံးတောင်းထဲတွင်ဘုရင်အားဆက်သ ရသောမုန့်မျိုးစုံပါရှိ၍ ငှက်များသည်ထို တောင်းထဲမှမုန့်များကိုစားကြ၏'' ဟုပြော ပြလေသည်။
极上的筐子里有为法老烤的各样食物,有飞鸟来吃我头上筐子里的食物。”
18 ၁၈ ယောသပ်က``အိပ်မက်၏အနက်ကားဤသို့ တည်း။ တောင်းသုံးလုံးသည်သုံးရက်ကိုဆို လိုသည်။-
约瑟说:“你的梦是这样解:三个筐子就是三天;
19 ၁၉ သုံးရက်အတွင်းဘုရင်သည်သင့်အားထောင်ထဲ မှလွှတ်၍သင်၏ဦးခေါင်းကိုဖြတ်ပစ်စေလိမ့် မည်။ ထိုနောက်သင်၏ကိုယ်ခန္ဓာကိုတိုင်ပေါ်မှာ ဆွဲထား၍ငှက်တို့သည်သင်၏အသားကိုစား ကြလိမ့်မည်'' ဟုစားတော်ဆက်ဝန်အားပြော လေ၏။
三天之内,法老必斩断你的头,把你挂在木头上,必有飞鸟来吃你身上的肉。”
20 ၂၀ ထိုနောက်တတိယနေ့၌ဖာရောဘုရင်၏မွေး နေ့ကျရောက်သဖြင့် မင်းမှုထမ်းအားလုံးတို့ အားစားသောက်ပွဲဖြင့်ဧည့်ခံတော်မူ၏။ ဘုရင် သည်ဖလားတော်ဆက်ဝန်နှင့်စားတော်ဆက်ဝန် တို့ကိုထောင်မှလွှတ်၍မင်းပရိသတ်ရှေ့သို့ခေါ် ဆောင်ခဲ့စေတော်မူ၏။-
到了第三天,是法老的生日,他为众臣仆设摆筵席,把酒政和膳长提出监来,
21 ၂၁ ဘုရင်သည်ဖလားတော်ဆက်ဝန်ကိုယခင် ရာထူးတွင်ပြန်ခန့်ထား၍၊-
使酒政官复原职,他仍旧递杯在法老手中;
22 ၂၂ စားတော်ဆက်ဝန်ကိုမူကားကွပ်မျက်စေ တော်မူ၏။ သို့ဖြစ်၍ယောသပ်အနက်ဖွင့်သည့် အတိုင်းဖြစ်ပျက်လေ၏။-
但把膳长挂起来,正如约瑟向他们所解的话。
23 ၂၃ သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
酒政却不记念约瑟,竟忘了他。